ညေန႐ုံးဆင္းခ်ိန္၊ ေက်ာင္းဆင္းခ်ိန္ေတြ ေရာက္ၿပီဆိုတာနဲ႔မိုးက အညႇိဳးတႀကီးနဲ႔႐ြာလာတတ္တယ္။ ဒီလိုမိုး႐ြာၿပီဆိုရင္ေတာ့ ေရႀကီးျခင္း၊ ကားလမ္းပိတ္ျခင္း နဲ႔ဘတ္စ္ကားေတြ က်ပ္ျခင္းဆိုတာေတြ က အလိုေလ်ာက္တြဲဖက္ပါလာေတာ့တာပါပဲ။ ဒီေတာ့ ႐ုံးသူ႐ုံးသားေက်ာင္းသူေက်ာင္းသားေတြဟာ နီးစပ္ရာ လမ္းေဘးမုန္႔ဆိုင္ေလးေတြမွာထိုင္၊ အဆာေျပတစ္ခုခုစားၿပီးအိမ္ျပန္မယ့္ ကားကိုေစာင့္ၾကရတာေပါ့။

မိုးက႐ြာ၊ ဗိုက္ကဆာ နဲ႔ဆိုေတာ့ ကိုယ္ထိုင္မိတဲ့ ဆိုင္မွာ အစားအေသာက္ေတြကို လုံလုံၿခဳံၿခဳံ အုပ္ထားရဲ႕လား၊ ယင္ေကာင္ေတြရွိေနလားဆိုတာမ်ိဳးကို ဘယ္သူမွသတိထားၿပီးၾကည့္မေနေတာ့ပါဘူး။ ႀကဳံရာကိုပဲ အဆင္ေျပသလိုစားသုံးလိုက္ေတာ့တာပါပဲ။ ဘယ္အခ်ိန္အိမ္ျပန္ေရာက္မယ္ဆိုတာမသိတဲ့ အတြက္အနည္းဆုံးေတာ့ ဗိုက္ျပည့္ေနဖို႔အေရးႀကီးတယ္ေလ။

ဒီလို ႀကဳံရင္ႀကဳံသလို စားလိုက္မိတဲ့မစားအေသာက္ေတြဟာ မသန္႔ရွင္းဘူး၊ ယင္ေကာင္ေတြနားထားတယ္ဆိုရင္ေတာ့ ဝမ္းေရာဂါေတြျဖစ္ၾကရေတာ့တာေပါ့။ ဒါေၾကာင့္ WE ရဲ႕ ပရိတ္သတ္ႀကီးအေနနဲ႔ မိုးရာသီမွာျဖစ္တတ္တဲ့ ဝမ္းေရာဂါအေၾကာင္းကို သိရွိ ႀကိဳတင္ကာကြယ္လို႔ ရေအာင္ မိုးရာသီ၊ ယင္ေကာင္မ်ား ႏွင့္ ဝမ္းေရာဂါ အေၾကာင္းကိုတင္ျပလိုက္တာပါ။

ဝမ္းေရာဂါကို အဂၤလိပ္အမည္အရ Cholera လို႔ေခၚပါတယ္။ ဒီေရာဂါဘာေၾကာင့္ျဖစ္ရတာလဲလို႔ေမးရင္ေတာ့ Vibrio cholera လို႔ ေခၚတဲ့ ဘက္တီးရီးယားပိုးတစ္မ်ိဳးကူးစက္ခံရလို႔ပါ။

ဒီပိုးဟာ အူေတြထဲကိုေရာက္တဲ့အခါမွာအဆိပ္တစ္မ်ိဳးကိုထုတ္ေပးၿပီး အူထဲကေရေတြ အလြန္အကြၽံထြက္လာေအာင္ လႈံ႕ေဆာ္ေပးတဲ့အတြက္ ေအာ့အန္ျခင္းနဲ႔ဝမ္းေလွ်ာျခင္းေတြျဖစ္ေပၚလာတာပါ။ ဒီဘက္တီးရီးယားပိုးေတြ အဓိကကူးစက္ႏိုင္တဲ့ အရာကေတာ့ ေရနဲ႔ အစားေသာက္ေတြပါ။ ေရလို႔ေျပာတဲ့ေနရာမွာေတာ့ ေသာက္ေရကလည္းကူးႏိုင္သလို အစားအေသာက္ေတြကို ေဆးေၾကာ၊ ခ်က္ျပဳတ္တဲ့ ေရေတြကေနတစ္ဆင့္လည္းကူးစက္ႏိုင္ပါတယ္။ မိုးရာသီမွာေတာ့ အမႈိက္သ႐ိုက္ေတြ၊ အညစ္အေၾကးေတြ ေပၚမွာနားလိုက္၊ အစားအေသာက္ေတြေပၚမွာ နားလိုက္လုပ္ေနတတ္တဲ့ ယင္ေကာင္ေတြဟာ ဘက္တီးရီးယားေတြကို အဓိကသယ္ေဆာင္လာတဲ့သူေတြပါ။

 ေရလႊမ္းမိုးမႈေတြဟာလည္း ဝမ္းေရာဂါကိုသယ္ေဆာင္ႏိုင္တာပါပဲ။ ေရလႊမ္းမိုးမႈေတြေၾကာင့္ ေရတြင္းေရကန္ေတြထဲကို မသန္႔ရွင္းတဲ့ေရေတြဝင္မယ္၊ အဲ့ဒီေရေတြကို ေသာက္မိတယ္၊ အစားအေသာက္ေတြခ်က္ျပဳတ္၊ ေဆးေၾကာရာမွာသုံးတယ္ဆိုရင္လည္း ဘက္တီးရီးယားေတြကူးစက္ၿပီးဝမ္းေရာဂါျဖစ္တတ္ပါတယ္။ မစင္ေတြကို ေျမၾသဇာအျဖစ္ အသုံးျပဳၿပီး စိုက္ပ်ိဳးထားတဲ့ ဟင္းသီးဟင္း႐ြက္ေတြ နဲ႔က်က္ေအာင္ခ်က္ျပဳတ္ မထားတဲ့ပင္လယ္စာေတြကို စားသုံးျခင္းဟာလည္း ဝမ္းေရာဂါ ျဖစ္ေစႏိုင္ပါတယ္။

ဒါေပမယ့္ ဝမ္းေရာဂါဟာ အူထဲမွာျဖစ္တဲ့ေရာဂါျဖစ္တဲ့အတြက္ အဆုတ္မွာျဖစ္တဲ့ေရာဂါ၊ အေရျပားမွာျဖစ္တဲ့ေရာဂါေတြလိုမ်ိဳး လူနာသတင္းေမး႐ုံ၊ အသားခ်င္းထိ႐ုံနဲ႔ေတာ့မကူးႏိုင္ပါဘူး။

ဝမ္းေရာဂါျဖစ္ၿပီဆိုရင္ ပိုးကူးစက္ခံရၿပီး နာရီပိုင္းအတြင္းမွာေရာဂါလကၡဏာေတြျဖစ္တတ္သလို တခါတရံမွာေတာ့ ပိုးကူးစက္ခံရၿပီး ၅ ရက္အတြင္းမွသာ ေရာဂါလကၡဏာေတြျပတတ္ပါတယ္။ ေရာဂါလကၡဏာေတြဟာလည္းတခါတရံမွာ အနည္းငယ္ဝမ္းသြားျခင္း ေလာက္သာျဖစ္တတ္ေပမယ့္ တခါတရံမွာေတာ့ အျပင္းအထန္ဝမ္းေလွ်ာျခင္း၊ ေအာ့အန္ျခင္းေတြကေနတစ္ဆင့္ ေရဓာတ္ခမ္းေျခာက္ၿပီး အသက္အႏၲရာယ္ကိုၿခိမ္းေျခာက္ႏိုင္တဲ့အထိျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရဓာတ္ခမ္းေျခာက္ျခင္းရဲ႕ လကၡဏာေတြကိုလည္း သိရွိၿပီးကာကြယ္ႏိုင္ေအာင္တင္ျပေပးလိုက္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ျခင္းရဲ႕လကၡဏာေတြကေတာ့. . .

1. အလြန္ အကြၽံေရငတ္ျခင္း

2. ပါးစပ္၊ အေရျပားႏွင့္ မ်က္လုံးမ်ားေျခာက္လာျခင္း၊

3. ႏွလုံးခုန္ႏႈန္းမ်ား ျမန္လာျခင္း၊

4. ဆီးမသြားျခင္း သို႔မဟုတ္ ပုံမွန္ထက္ မဲေသာဆီးမ်ားသြားျခင္း

5. အသက္ရွဴသံျမန္လာျခင္း၊

6. ေသြးေပါင္ခ်ိန္ေလ်ာ့က်လာျခင္း၊

7. ငိုေသာအခါမ်က္ရည္မက်ျခင္း

8. ကိုယ္အပူခ်ိန္ျမင့္တက္လာျခင္း

9. ႂကြက္တက္ျခင္း ႏွင့္

10. သတိလစ္ေမ့ေမ်ာျခင္းတို႔ျဖစ္ပါတယ္။

(ေရဓာတ္ခမ္းေျခာက္ျခင္းေတြကို အခ်ိန္မွီမကုသရင္ေတာ့ အသက္ေသဆုံးသည္အထိျဖစ္တတ္ပါတယ္။ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

ညနေရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်တွေ ရောက်ပြီဆိုတာနဲ့မိုးက အညှိုးတကြီးနဲ့ရွာလာတတ်တယ်။ ဒီလိုမိုးရွာပြီဆိုရင်တော့ ရေကြီးခြင်း၊ ကားလမ်းပိတ်ခြင်း နဲ့ဘတ်စ်ကားတွေ ကျပ်ခြင်းဆိုတာတွေ က အလိုလျောက်တွဲဖက်ပါလာတော့တာပါပဲ။ ဒီတော့ ရုံးသူရုံးသားကျောင်းသူကျောင်းသားတွေဟာ နီးစပ်ရာ လမ်းဘေးမုန့်ဆိုင်လေးတွေမှာထိုင်၊ အဆာပြေတစ်ခုခုစားပြီးအိမ်ပြန်မယ့် ကားကိုစောင့်ကြရတာပေါ့။

မိုးကရွာ၊ ဗိုက်ကဆာ နဲ့ဆိုတော့ ကိုယ်ထိုင်မိတဲ့ ဆိုင်မှာ အစားအသောက်တွေကို လုံလုံခြုံခြုံ အုပ်ထားရဲ့လား၊ ယင်ကောင်တွေရှိနေလားဆိုတာမျိုးကို ဘယ်သူမှသတိထားပြီးကြည့်မနေတော့ပါဘူး။ ကြုံရာကိုပဲ အဆင်ပြေသလိုစားသုံးလိုက်တော့တာပါပဲ။ ဘယ်အချိန်အိမ်ပြန်ရောက်မယ်ဆိုတာမသိတဲ့ အတွက်အနည်းဆုံးတော့ ဗိုက်ပြည့်နေဖို့အရေးကြီးတယ်လေ။ ဒီလို ကြုံရင်ကြုံသလို စားလိုက်မိတဲ့မစားအသောက်တွေဟာ မသန့်ရှင်းဘူး၊ ယင်ကောင်တွေနားထားတယ်ဆိုရင်တော့ ဝမ်းရောဂါတွေဖြစ်ကြရတော့တာပေါ့။ ဒါကြောင့် WE ရဲ့ ပရိတ်သတ်ကြီးအနေနဲ့ မိုးရာသီမှာဖြစ်တတ်တဲ့ ဝမ်းရောဂါအကြောင်းကို သိရှိ ကြိုတင်ကာကွယ်လို့ ရအောင် မိုးရာသီ၊ ယင်ကောင်များ နှင့် ဝမ်းရောဂါ အကြောင်းကိုတင်ပြလိုက်တာပါ။

ဝမ်းရောဂါကို အင်္ဂလိပ်အမည်အရ Cholera လို့ခေါ်ပါတယ်။ ဒီရောဂါဘာကြောင့်ဖြစ်ရတာလဲလို့မေးရင်တော့ Vibrio cholera လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်ခံရလို့ပါ။ ဒီပိုးဟာ အူတွေထဲကိုရောက်တဲ့အခါမှာအဆိပ်တစ်မျိုးကိုထုတ်ပေးပြီး အူထဲကရေတွေ အလွန်အကျွံထွက်လာအောင် လှုံ့ဆော်ပေးတဲ့အတွက် အော့အန်ခြင်းနဲ့ဝမ်းလျှောခြင်းတွေဖြစ်ပေါ်လာတာပါ။ ဒီဘက်တီးရီးယားပိုးတွေ အဓိကကူးစက်နိုင်တဲ့ အရာကတော့ ရေနဲ့ အစားသောက်တွေပါ။ ရေလို့ပြောတဲ့နေရာမှာတော့ သောက်ရေကလည်းကူးနိုင်သလို အစားအသောက်တွေကို ဆေးကြော၊ ချက်ပြုတ်တဲ့ ရေတွေကနေတစ်ဆင့်လည်းကူးစက်နိုင်ပါတယ်။ မိုးရာသီမှာတော့ အမှိုက်သရိုက်တွေ၊ အညစ်အကြေးတွေ ပေါ်မှာနားလိုက်၊ အစားအသောက်တွေပေါ်မှာ နားလိုက်လုပ်နေတတ်တဲ့ ယင်ကောင်တွေဟာ ဘက်တီးရီးယားတွေကို အဓိကသယ်ဆောင်လာတဲ့သူတွေပါ။ ရေလွှမ်းမိုးမှုတွေဟာလည်း ဝမ်းရောဂါကိုသယ်ဆောင်နိုင်တာပါပဲ။ ရေလွှမ်းမိုးမှုတွေကြောင့် ရေတွင်းရေကန်တွေထဲကို မသန့်ရှင်းတဲ့ရေတွေဝင်မယ်၊ အဲ့ဒီရေတွေကို သောက်မိတယ်၊ အစားအသောက်တွေချက်ပြုတ်၊ ဆေးကြောရာမှာသုံးတယ်ဆိုရင်လည်း ဘက်တီးရီးယားတွေကူးစက်ပြီးဝမ်းရောဂါဖြစ်တတ်ပါတယ်။ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီး စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ကျက်အောင်ချက်ပြုတ် မထားတဲ့ပင်လယ်စာတွေကို စားသုံးခြင်းဟာလည်း ဝမ်းရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းရောဂါဟာ အူထဲမှာဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် အဆုတ်မှာဖြစ်တဲ့ရောဂါ၊ အရေပြားမှာဖြစ်တဲ့ရောဂါတွေလိုမျိုး လူနာသတင်းမေးရုံ၊ အသားချင်းထိရုံနဲ့တော့မကူးနိုင်ပါဘူး။

ဝမ်းရောဂါဖြစ်ပြီဆိုရင် ပိုးကူးစက်ခံရပြီး နာရီပိုင်းအတွင်းမှာရောဂါလက္ခဏာတွေဖြစ်တတ်သလို တခါတရံမှာတော့ ပိုးကူးစက်ခံရပြီး ၅ ရက်အတွင်းမှသာ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေဟာလည်းတခါတရံမှာ အနည်းငယ်ဝမ်းသွားခြင်း လောက်သာဖြစ်တတ်ပေမယ့် တခါတရံမှာတော့ အပြင်းအထန်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတွေကနေတစ်ဆင့် ရေဓာတ်ခမ်းခြောက်ပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကိုလည်း သိရှိပြီးကာကွယ်နိုင်အောင်တင်ပြပေးလိုက်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့လက္ခဏာတွေကတော့. . .

1. အလွန် အကျွံရေငတ်ခြင်း

2. ပါးစပ်၊ အရေပြားနှင့် မျက်လုံးများခြောက်လာခြင်း၊

3. နှလုံးခုန်နှုန်းများ မြန်လာခြင်း၊

4. ဆီးမသွားခြင်း သို့မဟုတ် ပုံမှန်ထက် မဲသောဆီးများသွားခြင်း

5. အသက်ရှူသံမြန်လာခြင်း၊

6. သွေးပေါင်ချိန်လျော့ကျလာခြင်း၊

7. ငိုသောအခါမျက်ရည်မကျခြင်း

8. ကိုယ်အပူချိန်မြင့်တက်လာခြင်း

9. ကြွက်တက်ခြင်း နှင့်

10. သတိလစ်မေ့မျောခြင်းတို့ဖြစ်ပါတယ်။

(ရေဓာတ်ခမ်းခြောက်ခြင်းတွေကို အချိန်မှီမကုသရင်တော့ အသက်သေဆုံးသည်အထိဖြစ်တတ်ပါတယ်။ )

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top