“ဗ်ာ…တ…တကယ္ ! အမေလး…ကြ်န္ေတာ္ျဖင့္ ၾကားတာနဲ႔ေတာင္ ၾကက္သီးထတယ္ ဆရာရယ္ ။ ဆရာေကာ နည္းနည္း မွ မေၾကာက္ဘူးလား ။”“ ဟိတ္ေကာင္ ေက်ာ္ဦး ဆရာက မင္းလို ငေၾကာက္မွမဟုတ္တာ ။ ဆရာက ေၾကာက္ေသြးကို မပါတာ…ဟုတ္တယ္ မဟုတ္လား ဆရာ ။”“ ဟိတ္ေကာင္ေတြ မင္းတို႔ကလည္း ဘာမဟုတ္တာေလးကို တစ္ေယာက္ တစ္လွည့္ ဝိုင္းေျမႇာက္မေနၾကနဲ႔ေတာ့။ မင္းတို႔ကို ငါ ေဒါသထြက္ေနတာေနာ္။ တိတ္တိတ္ေနၾက…ကဲ…ဘယ္မလဲ ငါ ထြက္ေမွ်ာ္ေနရတဲ့ထန္းရည္အိုး ။ ခ်ေတာ့…ေသာက္ၾကစို႔ ။”

ေျပာေျပာဆိုဆိုနဲ႔ ကြ်န္ေတာ္- ထန္းရည္အိုးထဲက ထန္းရည္ကို ဖန္ခြက္ထဲ ေလာင္းထည့္လိုက္ျပီး တစ္က်ိဳက္တည္း ေမာ့ေသာက္ရင္း တစ္ခြက္ျပီးတစ္ခြက္ ဆင့္ေသာက္ပစ္လိုက္တယ္ ။ မေသာက္လို႔လည္း မျဖစ္ဘူးေလ… ဒီလိုမ်ိဳးမွ မေသာက္ရင္ ကြ်န္ေတာ့္ရင္ထဲက ကတုန္ကယင္ျဖစ္ေနတာေတြက ေတာ္ေတာ္နဲ႔ ေပ်ာက္ေတာ့မွာ မဟုတ္ဘူး ။ တပည့္ ေတြ ေရွ႕မွာမို႔လို႔ ဆရာဆိုတဲ့ ဂုဏ္သိကၡာအရခပ္တည္တည္ေနရင္း ဘာမဟုတ္တဲ့ ကိစၥေလးပါကြာ …ဘာညာဆိုျပီး ျဖီးျဖန္း ေနရေပမဲ့ ကြ်န္ေတာ္ ဘယ္ေလာက္ေၾကာက္လန္႔တုန္လွဳပ္ေနရသလဲဆိုတာ ကြ်န္ေတာ့္ဘာသာကြ်န္ေတာ္ အသိဆံုး…။

ေဟာ…ဒီမွာၾကည့္ ကြ်န္ေတာ့ လက္ႏွစ္ဖက္လံုး ေၾကာက္စိတ္ေၾကာင့္ ခုထက္ထိ ေအးစက္ထံုက်င္ေနတုန္း…။ မေၾကာက္ ခံႏိုင္ရိုးလား…အမေလး…ျပန္ေတြးတာနဲ႔ ၾကက္သီးထတယ္ဆိုတဲ့အေၾကာင္းသာ တပည့္ေတြမ်ားသိသြားခဲ့ရင္ ဟား…ဟား တို႔ဆရာေတာ့ သနားပါတယ္ကြာဆုိျပီး ဟားတိုက္ရယ္ၾကမွာျမင္ေယာင္ေသး ။ အင္း…ကြ်န္ေတာ္ ၾကံဳခဲ့ပံုကလည္း ေတာ္ရံု လူဆို ေသြးပ်က္သြားႏိုင္မယ့္ အျဖစ္မ်ိဳး ။ဘယ္သူဘယ္ဝါ မသိေသာေၾကာင့္သာ ေတာ္ပါေသးေတာ့တယ္ ။ ျဖစ္ပံုက ဒီလိုဗ်ာ့ ။

လမိုက္ည မဟုတ္ေသာ္ျငားလည္း မိုးရည္စက္မ်ားက ပ်ိဳ႕အန္ခ်ေတာ့မည့္ တိမ္ညိဳတိမ္မည္း တိမ္စိုင္ခဲေတြက ေကာင္းကင္ ယံ တစ္ခြင္လံုး ျပည့္ႏွက္အုပ္စိုးလို႔ ။ ေလျပည္တစ္ခ်က္ ေဝွ႔ဝိုက္တိုက္ခတ္လိုက္ခ်ိန္ ေၾကြလြင့္က်ဆင္း လာေသာ သစ္ရြက္ ေျခာက္ ေတြကလည္းေျမျပင္တလင္းတြင္ အလူးလူးအလိမ့္လိမ့္ ။ မိုးရြာသြန္းမည္ကို တင္ၾကိဳမွန္းဆေပ်ာ္ရႊင္ေနၾကေသာ ကိုေရႊေခ်ာဖားတစ္သိုက္ကလည္း ေတးသံသာသာတို႔ျဖင့္ တအုမ္အုမ္တအြမ္အြမ္…။

မိုးကား သည္းသည္းမည္းမည္း ရြာသြန္းျဖိဳးရန္ ဟန္ျပင္ေနခိုက္ ကြ်န္ေတာ္ မေအာင့္အီးႏိုင္ေတာ့၍ ဆရာေတာ္ဘုရား တားသည့္ ၾကားကပင္ ရြာထိပ္ဆီသို႔ စက္ဘီးတစ္စီးျဖင့္ နင္းထြက္လာခဲ့သည္ ။စိတ္ထဲကလည္း ရြာထဲသို႔ ထန္းရည္သြား ဝယ္ၾကေသာ တပည့္တစ္သိုက္ကို ဆူပူက်ိန္ဆဲေနမိ၏။- ဘုန္းၾကီးေက်ာင္းမွ ကားလမ္းမသို႔ ေရာက္ရန္ လယ္ကြင္း လယ္ကန္ သင္းေတြကို ျဖတ္ေက်ာ္ကာ မိုင္ဝက္ခန္႔ ခရီးႏွင္ရသည္ ။ ျမင္ျမင္သမွ် သစ္ပင္ခ်ဳံႏြယ္တို႕၏ ယိမ္းႏြဲ႕လွဳပ္ရမ္း ေနပံုက တစ္ကိုယ္တည္း စက္ဘီးစီးလာသူ ကြ်န္ေတာ့္အဖို႔ထိတ္လန္႔ေျခာက္ျခားဖြယ္ရာ ျဖစ္လို႔ေနေပမဲ့ ကြ်န္ေတာ့္အာရံု ထဲတြင္ ေဒါသႏွင့္ေလာဘတရားေတြ ျပည့္ႏွက္ေနသည္မို႔ ေၾကာက္လန္႔ဖို႔ သတိမရ ။

ညေနေလးနာရီခြဲကတည္းက ထြက္သြားလိုက္ၾကတာ ယခုခ်ိန္ထိ ျပန္မေရာက္ၾကေသးေသာ ကြ်န္ေတာ့္တပည့္ သံုးေယာက္ကို ေဒါသထြက္ရင္း ထန္းရည္ေသာက္ရရန္အတြက္ ေလာဘတက္ေနမိသည္ ။ အခ်ိန္က ေျခာက္နာရီခြဲ ေက်ာ္ေက်ာ္ေလာက္သာရွိေသးေသာ္လည္း တိမ္ညိဳတိမ္မည္းမ်ားေၾကာင့္ပတ္ဝန္းက်င္တစ္ခုလံုး ေမွာင္ႏွင့္မည္းမည္း ။- ဘုန္းၾကီးေက်ာင္း၏ ေတာင္ဘက္ျခမ္းကို မၾကည့္ပါဘူးဟု စိတ္ပိုင္းျဖတ္ထားျပီးမွ ထိန္းမရတဲ့မ်က္လံုးမ်ားက ေရာက္ရွိ သြားေသာအခါ ျမင္ေတြ႕လိုက္ရတဲ့အုတ္ဂူျဖဴျဖဴေဖြးေဖြး ထိုးထိုးေထာင္ေထာင္ေတြက ကြ်န္ေတာ့္စိတ္ကို လွဳပ္ရွားသြားေစ တာေၾကာင့္ ကြ်န္ေတာ္ စက္ဘီးကို ျမန္ႏုိင္သမွ် ျမန္ေစရန္ ကသုတ္ကရုိက္ နင္းပစ္လိုက္သည္ ။

ရြာရွိသျဖင့္ ဘုန္းၾကီးေက်ာင္းရွိသလို ဘုန္းၾကီးေက်ာင္းေဘးတြင္ သိခၤ် ိဳင္းရွိသည္မွာလည္း အမွန္ေတာ့ မဆန္းၾကယ္ပါေပ။ သို႔ေသာ္ ေၾကာက္လန္႔တတ္သည့္ လူ႔သဘာဝအရ အုတ္ဂူျဖဴျဖဴေဖြးေဖြးေတြျဖင့္ ျပည့္ႏွက္ေနေသာ သိခၤ် ိဳင္းေျမကို ျမင္ေတြ႕ လိုက္ရသည့္အခိုက္ကြ်န္ေတာ္ ေျခာက္ျခားတုန္လွဳပ္စြာႏွင့္ စက္ဘီးကို ကမန္းကတန္း နင္းသြားလိုက္ရာ မုိင္ဝက္ဆိုေသာ အကြာအေဝးကိုခဏေလးျဖင့္ ေရာက္ရွိသြားေတာ့သည္ ။

ဘုန္းၾကီးေက်ာင္းႏွင့္ အေရွ႕ေပါက္ေတာရြာသည္ လမ္းမၾကီး၏ တစ္ဖက္တစ္ခ်က္တြင္ တည္ရွိသည္ ။ အေရွ႕ေပါက္ေတာ ရြာ သည္ ျပည္-ေပါက္ေခါင္းကားလမ္းမေဘး ေပါင္းတလယ္ျမိဳ႕မွ ခုနစ္မိုင္အကြာတြင္တည္ရွိျပီး စည္ပင္သာယာေသာ ရြာကေလးတစ္ရြာျဖစ္သည္ ။ ရြာကေလးသည္ ဆိတ္ျငိမ္ေအးခ်မ္းသလိုသာသာယာယာျဖင့္ ၾကည္ႏူးေပ်ာ္ရႊင္ဖြယ္လည္း ေကာင္းလွ၏ ။ ကြ်န္ေတာ္တို႔ ဆရာတပည့္ တစ္သိုက္ ေပါင္းတလယ္ျမိဳ႕သို႔ အလုပ္ကိစၥျဖင့္လာၾကရင္း တပည့္ တစ္ေယာက္ ျဖစ္သူေက်ာ္စိုး၏ သူ႔ရြာေလးကို အလည္ဝင္ေရာက္ၾကပါဦးဟူေသာဖိတ္ေခၚမွဳေၾကာင့္ အေရွ႕ေပါက္ေတာရြာ ေလးသို႔ ကြ်န္ေတာ္တို႔ေတြ ေရာက္ရွိခဲ့ရျခင္းျဖစ္သည္ ။

အလည္ေခၚခဲ့စဥ္ကပင္တပည့္ေက်ာ္စိုးက မက္လံုးတစ္ခု ေပးခဲ့သည္ ။ သူတို႔ရြာ၏ထန္းရည္က ခ်ိဳစူးစူး ျပင္းရွရွ အရသာႏွင့္ အလြန္ ေသာက္၍ေကာင္းသည္…တဲ့ ။ ရြာေလးက ကားလမ္းမ နေဘးတြင္ေမးတင္လ်က္ တည္ရွိေသာ္လည္း ကြ်န္ေတာ္တို႔ က ရြာတြင္မတည္းခို…ရြာႏွင့္ ကားလမ္းမျခားလ်က္ရွိေသာ အတြင္းသို႔မိုင္ဝက္ခန္႔ ဝင္ေရာက္ရသည့္ ဘုန္းေတာ္ၾကီး ေက်ာင္းတြင္တည္းခိုၾကသည္ ။ အေၾကာင္းက ဤရြာ၌ ေက်ာ္စိုး၏ေဆြမ်ိဳးရင္းျခာဆိုလို႔ ထိုဘုန္းေတာ္ၾကီး ေက်ာင္းမွ ကပၸိယဦးသာေမာင္တစ္ေယာက္သာ ရွိေတာ့ေသာေၾကာင့္ ။

ေၾသာ္…ကြ်န္ေတာ့္ကိုကြ်န္ေတာ္လည္း မိတ္ဆက္ရဦးမည္ ။ကြ်န္ေတာ့္နာမည္က ကိုစၾကၤာ…သို႔ေပမဲ့ လုပ္ေဖာ္ကိုင္ဖက္ အားလံုးက ကြ်န္ေတာ့္ကို ကုိမွဳန္ၾကီးဟု ေခၚၾကသည္ ။ကုိမွဳန္ၾကီးဟု ေခၚရေလာက္ေအာင္လည္း ကြ်န္ေတာ့္မ်က္လံုးမ်ားက မွဳန္ဝါးေနျခင္းမဟုတ္…ခပ္ထူထူပါဝါမ်က္မွန္ တစ္လက္ကို အျမဲမျပတ္ တပ္ထားရရံုေလာက္သာ…သို႔ေပမဲ့ ကြ်န္ေတာ့္ မ်က္ႏွာ ထား က မွဳန္ကုတ္ကုတ္ရွဴတင္းတင္း ျဖစ္ေနေသာေၾကာင့္ကုိမွဳန္ၾကီးဟု ခ်စ္စႏိုးေခၚေဝၚၾကျခင္း ျဖစ္မည္ ။ ကြ်န္ေတာ္က မ်က္ႏွာထားတင္းတင္း ေနတတ္ေသာ္လည္း တပည့္မ်ားကိုေတာ့ကိုယ့္ညီငယ္မ်ားလိုသေဘာထားကာ ပြင့္ပြင့္လင္းလင္းေျပာဆိုလုပ္ကိုင္ခြင့္ ျပဳထားသည္။

သို႔ေပမဲ့ ယခုလို ျပန္လာသင့္ခ်ိန္ထိျပန္မလာၾကေသးဘဲ အထက္လူၾကီးကြ်န္ေတာ့္အေပၚမွာ မေလးမစားျပဳမူသည္ကိုေတာ့ ကြ်န္ေတာ္ နည္းနည္းမွ ခြင့္မလႊတ္ႏိုင္…။ ျပန္လာမွ ေကာင္းေကာင္းၾကီး ဆူပူၾကိမ္းေမာင္းပစ္မည္ဟု ကြ်န္ေတာ့္ရင္ထဲ၌ ေတးထားလိုက္သည္ ။- ကားလမ္းမနေဘးသို႔ ေရာက္ေတာ့ ကြ်န္ေတာ္ နင္းလက္စ စက္ဘီးကို ရပ္ကာ ျဖည္းျဖည္းခ်င္း တြန္းလာလိုက္သည္ ။ကြ်န္ေတာ္ လမ္းမတစ္ဖက္ျခမ္းသို႔ ကူးကာ ရြာထဲသို႔လိုက္သြားရေကာင္းမလား…မျဖစ္ေခ် ။ ဒီေကာင္ေတြ ဘယ္သြားလို႔ဘယ္လာမွန္း ကြ်န္ေတာ္ မသိ…။ထြက္လာခါစက ေဒါသစိတ္ျဖင့္ ထြက္လာမိေပမဲ့တကယ့္ တကယ္တမ္းေတာ့ ဘယ္သြားလို႔ဘယ္လာရမည္မွန္း ကြ်န္ေတာ္ မသိေပ ။

ဤရြာသို႔ ေရာက္သည္မွာလည္း ႏွစ္ရက္သာ ရွိေသးျပီး ကြ်န္ေတာ္ေရာက္ဖူးသည္မွာ သူၾကီးအိမ္ႏွင့္ ေဆးဆရာကုိျမယာ အိမ္ တို႔သာ ရွိသည္ ။ ညေနအခ်ိန္မေတာ္ၾကီး တပည့္သံုးေယာက္က ထန္းရည္ေသာက္သြားၾကရင္း ျပန္မေရာက္ၾကေသး သည္ကို လူၾကီးအိမ္သို႔ သြားေမးျမန္းရန္ မသင့္ေတာ္ေၾကာင္း ကြ်န္ေတာ္ နားလည္သည္ ။ ထို႔ေၾကာင့္တစ္ေနရာရာတြင္ မိုးခိုရင္း ရြာထိပ္မွ တပည့္သံုးေယာက္ထြက္လာမည့္အခ်ိန္ကို ေစာင့္ၾကည့္မည္ဟူေသာအေတြးျဖင့္ ေဘးပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္လိုက္ေတာ့ ကားလမ္းမနေဘးလမ္းေကြ႕ေလးအနီး သစ္ပင္ၾကီး တစ္ပင္ေအာက္ရွိ ဇရပ္တစ္ေဆာင္ကို ကြ်န္ေတာ္ သတိျပဳလိုက္မိ၏ ။

“ဟာ…ဟုိမွာ ဇရပ္ေလးပဲ ။”ကြ်န္ေတာ့္ တစ္ကိုယ္ၾကား တီးတိုးေရရြတ္ ေျပာဆိုရင္းထိုဇရပ္ ရွိရာ ဆီသို႔ စက္ဘီးကို တြန္းသြား လိုက္သည္ ။ မိုးကား ခ်ိန္သားကုိက္စြာပင္ ကြ်န္ေတာ္ ဇရပ္အနားေရာက္သည္ႏွင့္ ျဗဳန္းစားၾကီး ရြာခ်လိုက္ သည္မွာ ဝုန္းဝုန္းဒုိင္းဒုိင္း ။ကြ်န္ေတာ္ ဇရပ္အမိုးေအာက္သို႔ဝင္ခိုရင္း ဇရပ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္ရွဳလိုက္ေတာ့ ဇရပ္ပံု သ႑ာန္က သြပ္ျပားအမိုးပ်ဥ္ျပားအခင္းကို ဒူးဆစ္ေလာက္ျမင့္ေသာ သစ္သားေျခေထာက္ေလးေခ်ာင္းႏွင့္ ေထာက္မထား ျပီး ေရွ႕မ်က္ႏွာစာကုိသစ္သားေခ်ာင္းေလးမ်ားျဖင့္ ကာရံထား၏ ။ သာမန္ ျမင္ေနေတြ႕ေနက် ဇရပ္ပံုစံမ်ိဳးပါပဲ ။- ကြ်န္ေတာ္ လည္း ထိုသစ္သားေခ်ာင္းေလးမ်ားကို ေျခေထာက္တစ္ဖက္ျဖင့္ ကန္ေထာက္ထိန္းရင္း စက္ဘီးထိုင္ခံုတြင္ ထိုင္ကာ ရြာထိပ္ ဆီသို႔ တစ္ခ်က္ လွမ္းၾကည့္လိုက္သည္ ။

“ဟူး…ဒီေကာင္ေတြ ဘယ္သြား ကေလရိုက္ေနၾကလဲမသိဘူး ။ ေတြ႕မယ္…လာရင္ေတာ့လား…ေကာင္းေကာင္းကို ၾကိမ္းပစ္လိုက္မယ္ ။”ကြ်န္ေတာ္ ေဒါသစိတ္ျဖင့္ ခပ္က်ယ္က်ယ္ေရရြတ္က်ံဳးဝါးပစ္လိုက္ရင္း ရြာထိပ္ဆီသို႔ ေမွ်ာ္ၾကည့္ ေနေသာ ကြ်န္ေတာ့္အၾကည့္ေတြကို ဇရပ္ေပၚသို႔ လႊဲေျပာင္းရွဳၾကည့္လိုက္စဥ္…“ဟင္…” ဟုတ္မွဟုတ္ပါ့မလားဟူေသာ အေတြးႏွင့္ မ်က္လံုးႏွစ္ဖက္ကုိလက္ျဖင့္ ခပ္နာနာပြတ္သပ္ျပီး ျပန္ၾကည့္လိုက္ေတာ့လည္း ျမင္ကြင္းက ေျပာင္းလဲမသြား…။ မ်က္မွန္ပါမလာ၍ဝါးတားတားျဖစ္ေနေပမဲ့ အျမင္အာရံုကေတာ့ ဦးေႏွာက္ကုိမွားယြင္းစြာ သတင္းပို႔လိမ့္မည္ မဟုတ္ ။ ဝါးတားတားအၾကည့္ေတြကို အတန္ငယ္ထင္ရွားသြားေစရန္ မ်က္လံုးႏွစ္ဖက္ကုိဖ်စ္ညႇစ္မွိတ္ပစ္လိုက္ျပီး မ်က္ခံုးေၾကာေတြ ကို လည္း ဆြဲဆန္႔ေျဖေလ်ာ့လိုက္သည္ ။ထို႔ေနာက္ မ်က္ေတာင္ႏွစ္ဖက္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ျပီး ဇရပ္ေပၚသို႔ ျပန္ၾကည့္ျပန္ေတာ့ ဇရပ္ေပၚတြင္လူတစ္ေယာက္ လဲေလ်ာင္းေန၏ ။

ဝတ္ထားေသာလံုခ်ည္ကအကြက္က်ဲက်ဲျဖစ္သျဖင့္ ေယာက္်ားတစ္ေယာက္ဟု ခန္႔မွန္းမိသည္ ။ မ်က္ႏွာကိုေတာ့ ဝါးတားတားသာ ျမင္ရသည္ ။ရြာထဲက ရြာသား တစ္ေယာက္ေယာက္မ်ား ျဖစ္ေလမလား…။ ကြ်န္ေတာ္ တစ္ကိုယ္တည္း လည္း ပ်င္းရိညည္းေငြ႕မိတာေၾကာင့္ထိုအမ်ိဳးသားႏွင့္ ေရာက္တတ္ရာရာေျပာဆိုရန္ဟူေသာအေတြးျဖင့္…“ မိုးကလည္း သည္းလိုက္တာဗ်ာ ။ ဒီပံုနဲ႔ဆို ေတာ္ေတာ္နဲ႔တိတ္မွာမဟုတ္ဘူး ထင္တယ္ေနာ္ ။ ဒီက အကုိ ကေရာဒီရြာကပဲလား။” ဘယ္အရြယ္ ရွိမည္မွန္း ခန္႔မွန္းမရ၍ အကိုဟုသာ နာမ္စားသံုးလိုက္၏ ။စကားေျပာရင္း လက္အမူအရာပါသြား၍ စက္ဘီး ပင္ အနည္းငယ္ ယိမ္းယိုင္သြားေသးသည္ ။ ကြ်န္ေတာ္စက္ဘီးကို ျပန္လည္ထိန္းမတ္ရင္း ထိုသူကိုၾကည့္လိုက္ေတာ့ ထိုသူ က တုတ္တုတ္မွ် မလွဳပ္…။

ကြ်န္ေတာ့္ကို ျမိဳ႕က ျမိဳ႕သားမို႔လို႔ ၾကည့္မရ၍ အဖက္မလုပ္သည္လား…သို႔မဟုတ္အမွန္ပင္ အရက္မူးကာ အိပ္ေပ်ာ္ေန ေလ သလား မသိ။ရုတ္တရက္ အရက္ဟူေသာအေတြးေၾကာင့္ ကြ်န္ေတာ့္တပည့္သံုးေကာင္ကို သတိရသြားမိသည္ ။ ဒီေကာင္ေတြေကာဘယ္မွာမ်ား မူးေပလွဲအိပ္ေနၾကသလဲ မေျပာတတ္ ။မိုးကား ရြာရင္းရြာရင္း ေလၾကမ္းေတြပါ တိုက္ခတ္ လာကာ ဟိုဟိုသည္သည္မွ သစ္ရြက္ေတြက ဖ်စ္ဖ်စ္ဖ်စ္ဖ်စ္ ဖလပ္ဖလပ္…စသည့္အသံမ်ိဳးစံုျဖင့္ ေၾကြလြင့္က်ဆင္းကုန္ သည္ ။ကြ်န္ေတာ္ ေရာက္ရွိေနသည္က ကုန္းျမင့္ေလးတြင္ျဖစ္၍ကားလမ္းနေဘးမွ ရြာသားမ်ား၏ ေကာင္းမွဳေပလား ၊ ေရတိုက္စားမွဳေၾကာင့္ အလိုအေလာက္ျဖစ္တည္ေနျခင္းလားမသိေသာ ေျမာင္းေလးတစ္ေလွ်ာက္၌ မိုးက်ေရမ်ား တေဝါေဝါစီးဆင္းသြားသည္ကို အတိုင္းသား ျမင္ေတြ႕ေနရ၏ ။

ပတ္ဝန္းက်င္က ေမွာင္ေမွာင္မည္းမည္း မိုးေတြကလည္းအုန္းအုန္းသည္းသည္းတြင္ ကြ်န္ေတာ္ တစ္ကိုယ္တည္းသာ ျဖစ္ေနခဲ့ပါလွ်င္ အားငယ္တုန္လွဳပ္မိမည္မွာ အမွန္ ။ယခုေတာ့ ကြ်န္ေတာ့္ကို အဖက္မတန္ေသာ ရြာသားကုိငမူး တစ္ေယာက္ လည္း ဇရပ္ေပၚတြင္ လွဲအိပ္ေနသည္မဟုတ္လား ။- အလင္းစက္ေလး တစ္စု… ပိုးစုန္းၾကဴးေလးမ်ား ကဲ့သို႔ လင္းလက္စုေဝးကာ ရြာထဲမွ ထြက္လာသည္ကုိ ကြ်န္ေတာ္ျမင္ေတြ႕လိုက္ရ၍ ြ်န္ေတာ့္တပည့္ေတြမ်ားလားဟု ေတြးကာ ျပဴးျပဲၾကည့္ေနလိုက္မိသည္ ။ အလင္းစက္ေလးတစ္စုကတျဖည္းျဖည္း နီးကပ္လာပါမွ ရြာထဲမွ ကာလသား တစ္စု ျဖစ္ေၾကာင္း ကုိ ကြ်န္ေတာ္ သိရွိလုိက္ရ၏ ။

သူတို႔လက္ထဲမွလက္ႏွိပ္ဓါတ္မီးေတြက ပတ္ဝန္းက်င္ေမွာင္ေမွာင္မည္းမည္းတြင္ တဝင္းဝင္းတလက္လက္ ။ ထိုလူစု ကားလမ္းမတစ္ဖက္ရြာထိပ္ဆီသို႔ ေရာက္ပါမွ ကြ်န္ေတာ္ အနည္းငယ္ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရေတာ့သည္ ။ ဟင္… သူတို႔ေတြ ထမ္းလာတာဘာၾကီးပါလိမ့္…။ ေသတၱာရွည္ရွည္ၾကီး တစ္လံုးကို လူႏွစ္ေယာက္က ေရွ႕ေနာက္ထမ္းလို႔ ။ က်န္လူ သံုးေယာက္က လက္ႏွိပ္ဓါတ္မီးထိုးျပကာ တက္ညီလက္ညီျဖင့္ ကားလမ္းကူးလာၾကသည္ ။ေဟာ…တအံ့တၾသ ေငးၾကည့္ေနစဥ္မွာပင္ ထိုလူတစ္စုကြ်န္ေတာ့္အနားသို႔ ေရာက္ရွိလာေသာေၾကာင့္ သစ္သားေခ်ာင္းမ်ားကို ကန္ေၾကာက္ ထားေသာ ကြ်န္ေတာ့္ေျခေထာက္တစ္ဖက္ကို ေျမျပင္ေပၚသို႔ ေလ်ွာဆင္းခ်လိုက္ေတာ့သည္ ။

“ ဟင္…ဆ…ဆရာ ။ ဆရာတစ္ေယာက္တည္း ဒီမွာဘာလုပ္ေနတာလဲ ။”သူတို႔ ကြ်န္ေတာ္ႏွင့္ လက္တစ္ကမ္းအကြာသို႔ ေရာက္တာေတာင္ ပတ္ဝန္းက်င္က ေမွာင္မည္းေနသည္မို႔ ကြ်န္ေတာ္ရွင္းရွင္းလင္းလင္း မျမင္ရေသး ။ အသံကို ၾကားပါမွ ကြ်န္ေတာ့တပည့္ေက်ာ္စိုးမွန္း ကြ်န္ေတာ္ က်က္မိလိုက္သည္ ။“ ဟိတ္ေကာင္ ေက်ာ္စိုး မင္းတို႔ ဘယ္ေတြသေဝထိုး ေနၾကတာလဲ…ဟင္…ငါ့ကုိ ဆရာတစ္ေယာက္လို႔ေရာ သတ္မွတ္ၾကေသးရဲ႕လား ။ဘယ့္ႏွယ့္ကြာ ။ ေလးနာရီကတည္းက ထြက္သြားလိုက္ၾကတာ ။ ဟိုေကာင္ေတြေကာ ဘယ္မွာတုံး ။ ဒါကေရာဘာေတြလဲ ။”ကြ်န္ေတာ္ မ်ိဳသိပ္ထားတဲ့ေဒါသ ေတြရဲ႕ ပြိဳင့္ရာခိုင္ႏွဳန္းေလာက္ကုိ ပြင့္အန္ထုတ္ျပီး ေက်ာ္စိုးကုိ ဆူဆဲပစ္လိုက္ေတာ့ ေက်ာ္စိုးခမ်ာ ကြ်န္ေတာ့္ကို ေၾကာက္လို႔ ခပ္ကုပ္ကုပ္ေလး ျငိမ္ေနရွာသည္ ။

ေဘးမွ ရြာသားေလးဦးကလည္းကြ်န္ေတာ္တို႔တပည့္ႏွစ္ေယာက္ကို ၾကည့္ကာ ျပဴးျပဴးေၾကာင္ေၾကာင္။ ကြ်န္ေတာ့္ စကားဆံုးမွ ေက်ာ္စိုးက ေလသံခပ္တိုးတိုးျဖင့္…“ ဟိုေကာင္ေတြ ဆရာ့အတြက္ ထန္းရည္သြားဝယ္ေနတာ ေနာက္မွာ ပါလာပါတယ္ ။ ဒါ…ဒါက အေခါင္းၾကီးပါ ။”ေက်ာ္စိုးရဲ႕ပထမအေျဖကေတာ့ စိတ္ေက်နပ္စရာေကာင္းေပမဲ့ ဒုတိယအေျဖ ေၾကာင့္ ကြ်န္ေတာ္ မ်က္လံုးျပဴးသြားမိသည္ ။“ ေဟ…အေခါင္း ဟုတ္လား ။ ဘာလုပ္ဖို႔လဲဟ ။”“ ဟာ…ဆရာကလည္း အေခါင္းဆိုမွေတာ့ လူေသထည့္ဖို႔ေပါ့ ။ ဘယ္သူက အိမ္မွာ ဝင္အိပ္ဖို႔ဆုိျပီး ဝယ္လာမွာလဲ ။”ေက်ာ္စိုးက ဘုေတာ ေျပာလာ ေတာ့ ကြ်န္ေတာ္ သူ႔ကိုတစ္ခ်က္ ျပဴးၾကည့္ပစ္လိုက္သည္ ။ မင္း ငါ့ကို မေလးမစား ေျပာစရာလားဟူေသာ အၾကည့္မ်ိဳးမွန္း ေက်ာ္စိုးသေဘာေပါက္သျဖင့္ ဘာမွ ထပ္မေျပာေတာ့ဘဲ ေခါင္းကို ငံု႔ထားလိုက္သည္ ။

“ အေခါင္းက လူေသထည့္ဖို႔ ဝယ္ရမွန္း ငါ သိတာေပါ့ ။ဒီ လူေသထည့္တဲ့အေခါင္းၾကီးကို မင္းက ငါ့ဆီ ယူလာတယ္ ဆိုေတာ့ မင္းက ငါ့ကို မေလးမစား လုပ္တဲ့သေဘာေပါ့ဟုတ္လား ။ ေက်ာ္စိုး ငါ့ကို မင္းရဲ႕ရြာကို ေခၚလာျပီး ေကာင္းေကာင္း ၾကီး ေစာ္ကားေနတာေပါ့ေလ ။”“ အာ…မဟုတ္ရပါဘူး ဆရာရယ္ ။ ဒုကၡပါပဲ…ဒါကဆရာ့ဆီကို ယူလာတာ မဟုတ္ဘူး ။ ဒီဇရပ္ကို သယ္လာတာ ။ ဒါနဲ႔ ဆရာကေရာ တစ္ေယာက္တည္း ဒီဇရပ္မွာဘာလုပ္ေနတာလဲ ။”ကြ်န္ေတာ္ ကေတာ့ ေက်ာ္စိုး ဘယ္လိုေျပာေျပာ မယံုေသး ။ဘယ့္ႏွယ့္…အေခါင္းၾကီးကို လမ္းမေဘးက ဇရပ္ေပၚကိုသယ္လာျပီး သူတို႔က ဘာလုပ္ၾကမလို႔တုံး ။ ထပ္ျပီးဆူဆဲေနလွ်င္လည္း ရြာသားေတြေရွ႕ ကြ်န္ေတာ့္ အလြန္ပဲ ျဖစ္ေနမည္ စိုးေသာ ေၾကာင့္ ကြ်န္ေတာ္ ေဒါသစိတ္ကို ေအာင့္အီးမ်ိဳခ်ထားရင္း…“ မင္းတို႔ကို ေစာင့္ေနတာေပါ့ ။ ဘာျဖစ္လို႔လဲ ။ ဒီဇရပ္မွာ တစ္ေယာက္တည္း မေနရဘူးလား ။ ကြင္းပိုင္ေတာင္ပုိင္ေတြကိုင္တတ္လို႔လား ။

”ကြ်န္ေတာ့္ရဲ႕ခပ္ရြဲ႕ရြဲ႕စကားအဆံုးမွာေတာ့…“ မင္းဆရာကေတာ့ အာဂပဲေဟ့ ။ ျမိဳ႕စကားနဲ႔ ေျပာရရင္မိုက္တယ္ေပါ့ကြာ ။”ကြ်န္ေတာ့္အေမးကို ေက်ာ္စိုးက မေျဖရေသးခင္ ရြာသားေလးေယာက္ထဲက အသက္ၾကီးၾကီး တစ္ေယာက္က ဝင္ေအာ္ ေျပာလိုက္၍ ကြ်န္ေတာ္ နားရွဳပ္သြားမိသည္ ။“ ဘာျဖစ္လို႔လဲ အဘရဲ႕ ။”“ ဘာျဖစ္ရမတုံး…ဒီေကာင္သံုးေကာင္ကုိ အဘ ရြာထဲကသုဘရာဇာဆီမွာ အေခါင္းသြားဝယ္မလို႔ ခဏေနရစ္ခဲ့ၾကပါဆိုတာ သံုးေယာက္လံုး မေနရစ္ရဲဘူးတဲ့ေလ ။ ဆရာတို႔မ်ား က်ေတာ့ တစ္ေယာက္တည္း ။”

“ အို႔…အဘကလည္း မ်ိဳးလွိဳင္ရဲ႕မ်က္ႏွာကိုလည္း ၾကည့္ဦးေလ ။ လည္ပင္းၾကီးက ရွည္ ၊ လွ်ာၾကီးကလည္း တစ္ေတာင္ ေလာက္ ထြက္ေနတာ ။ ဒီမ်က္ခြက္ၾကီးၾကည့္ျပီးဘယ္လုိလုပ္ ေနရစ္ရဲမွာလဲ ။ အေခါင္းထဲ ျမန္ျမန္ထည့္မွပါအဘရယ္ ။ ကြ်န္ေတာ္ျဖင့္ ျမင္တိုင္း ေၾကာက္လြန္းလို႔ ။”အဘစကားဆံုးလို႔ ကြ်န္ေတာ္ ေမးခြန္းထုတ္မည္ မၾကံရေသးရြာသားတစ္ဦးက ဝင္ေျပာလိုက္တာေၾကာင့္ ပို၍ပင္ေခါင္းရွဳပ္ေထြးသြားမိသည္ ။“ အဘ မ်ိဳးလွိဳင္ဆိုတာ ဘယ္သူလဲ ။ ကြ်န္ေတာ္က ဧည့္သည္ ဆိုေတာ့ ရြာသားေတြနာမည္ကို သိပ္မသိဘူး ။”“ မ်ိဳးလွိဳင္ဆိုတာ ဇရပ္ေပၚက လူေသရဲ႕နာမည္ေလ ။ညေနက တင္ ေသသြားတာ ။ ေသတာကလည္း ဒီနားတင္ ။ေဟာ ဟိုက သစ္ပင္ ေတြ႕လား ။ အဲ့ဒီ့သစ္ပင္ကိုင္းမွာဆြဲၾကိဳးခ်ျပီး သတ္ေသသြားတာ ။ သူ႔ခ်စ္သူမိန္းကေလးအိမ္ေထာင္ျပဳသြားလို႔တဲ့ကြယ္ ။ လူေတြမ်ား ကိုယ့္အသက္တစ္ေခ်ာင္းကို ႏွေျမာရ ေကာင္းမွန္း မသိၾကဘူး ။

”ဘယ္…ဘယ္လို ။ အဲ့ဒါ လူေသ လူေသအေလာင္းၾကီးဟုတ္လား ။ကြ်န္ေတာ္ ေအာ္ေမးလိုက္ခ်င္ေပမဲ့ အသံက ထြက္မလာ…ၾကားလိုက္ရတဲ့စကားေၾကာင့္ ကြ်န္ေတာ့္ႏွလံုးခုန္သံေတြဝုန္းခနဲ ေဆာင့္တက္သြားသည္ ။မိုးသည္းသည္းတြင္ က်န္လူငါးေယာက္လံုး မိုးေရေၾကာင့္စိုရႊဲေနရျခင္း ျဖစ္ေသာ္လည္း ကြ်န္ေတာ္ကေတာ့ေခြ်းတို႔ျဖင့္ ရႊဲနစ္ေနေလ၏ ။ မယံုႏိုင္ ေသး၍ ဇရပ္ေပၚသို႔ကြ်န္ေတာ္ ဖ်တ္ခနဲ လွမ္းၾကည့္လိုက္ေတာ့ ပုဆိုးကြက္က်ဲႏွင့္လူတစ္ေယာက္ လွဲေလ်ာင္း ျငိမ္သက္ လို႔…။ မွဳန္ဝါးဝါးကြ်န္ေတာ့္ အျမင္အာရံုမ်ားကို အတတ္ႏိုင္ဆံုး အားအင္စိုက္ထုတ္ကာ ထိုလူ၏ မ်က္ႏွာကို အသည္းအသန္ စူးစုိက္ၾကည့္ပစ္လိုက္သည့္အခါ…အမေလး…မ်က္လံုးၾကီး ႏွစ္ဖက္က ျပဴးက်ယ္ စူထြက္ကာပါးစပ္အတြင္းမွ လွ်ာကလည္း အျပင္သို႔ တြဲက် ရွည္ထြက္လို႔ ။

ေၾကာက္စရာ ထိုမ်က္ႏွာၾကီးေၾကာင့္ ကြ်န္ေတာ္ အနည္းငယ္အိေျႏၵပ်က္သြားေပမဲ့ ေမွာင္ၾကီး မည္းၾကီးထဲမွာမို႔ ေက်ာ္စိုး အပါအဝင္ ရြာသားတစ္ဦးတစ္ေယာက္မွ် သတိမျပဳမိလိုက္ၾက။မ်က္ႏွာကို ေက်ာ္စိုး ဘက္ သို႔ျပန္လွည့္ၾကည့္လိုက္ျပီး ေၾကာက္စိတ္ကို ေျဖေဖ်ာက္ရန္ ဒူးတစ္ဖက္ကုိ နန္႔ကာဟန္မပ်က္ေနရင္း…“ ေၾသာ္…ဒီသူငယ္ေလးႏွယ္ ငယ္ငယ္ ရြယ္ရြယ္ နဲ႔ သတ္ေသသြားတာကိုး ။ ခုနကတည္းက ကြ်န္ေတာ္ထင္ေတာ့ထင္သား ။ မ်က္လံုးကျပဴး လ်ွာကထြက္ေန ဆိုေတာ့ ဆြဲၾကိဳးခ်ေသတာလား လည္ပင္းညႇစ္ခံရတာလားလို႔ ။ အဖန္ငါးရာငါးကမာၻ မေၾကာက္ရွာဘူး ထင္ပါရဲ႕။”

ကြ်န္ေတာ့္၏ ဟန္ကိုယ္ဖို႔ စကားလံုးေတြကို နားေထာင္ရင္း ရြာသားၾကီးကေတာ့ ေခါင္းတညိတ္ညိတ္ျဖင့္ေထာက္ခံေန၏ ။ ရြာသား တစ္ေယာက္ကေတာ့ ေယာင္ယမ္းကာ မ်ိဳးလွဳိင္ဆိုေသာလူေသ၏ မ်က္ႏွာကို တစ္ခ်က္လွမ္းၾကည့္လိုက္မိျပီးမွ အလ်င္အျမန္အၾကည့္လႊဲလိုက္ျပီး ၾကက္သီးထသြားဟန္ျဖင့္ တြန္႔ခနဲ ျဖစ္သြားသည္ ။“ ဆရာ့ႏွယ္ သတၱိေကာင္းလိုက္တာ ။ ကြ်န္ေတာ္တို႔မ်ားႏွစ္ေယာက္ေတာင္ မေစာင့္ရဲဘူး ။ေနာက္ျပီး သူက ဒီညေနတင္ဒီနားမွာ သတ္ေသသြားတာဆိုေတာ့ သူ႔ဝိညာဥ္က ဒီအနီးတစ္ဝွိဳက္မွာ ေလွ်ာက္သြားေနမလား မေျပာတတ္ဘူး ။ ကြ်န္ေတာ္ဆိုဟိုခ်ံဳၾကည့္လိုက္လည္း ဒီလွ်ာထြက္ေနတဲ့ မ်က္ႏွာၾကီးပဲ ျမင္ေယာင္ျပီး ေၾကာက္ေနတာ ။”ရြာသားတစ္ဦးက ကြ်န္ေတာ့္ကို ေလးစားအားက် သည့္အၾကည့္မ်ိဳးႏွင့္ ၾကည့္ရင္း သူ႔ခံစားခ်က္ကို ရင္ဖြင့္ေျပာျပ၏ ။

ထိုစဥ္…“ ဟာ…ဟိုမွာ ဆရာ ။”ကြ်န္ေတာ္ လွမ္းၾကည့္လိုက္ေတာ့ ေျမအိုးေလး ႏွစ္အိုးကိုလက္ကဆဲြရင္း ကားလမ္း ျဖတ္ကူးလာေသာ ကြ်န္ေတာ့္တပည့္ႏွစ္ေယာက္ ။“ ဆရာ ကြ်န္ေတာ္တို႔ ေၾကာက္လို႔ ရဲေဆးနည္းနည္းတင္လာခဲ့တယ္ ။ ဒါက ဆရာဖို႔ ။”တပည့္ျဖိဳးကိုက လက္ထဲမွ ေျမအိုးကို ေျမႇာက္ျပရင္းဆိုလိုက္သည္ ။“ ကဲ…ေက်ာ္စိုး မင္းလည္း ဆရာနဲ႔ ျပန္လုိက္သြားေတာ့ ။ မင္းတို႔ နက္ျဖန္ ျပန္ရမွာ မဟုတ္လား ။”“ ဟုတ္ကဲ့ ဘၾကီးအိုးေဝ ။ ဒါဆိုလည္း ကြ်န္ေတာ္ျပန္လိုက္ ဦးမယ္ ။ ဒီမွာဆိုလည္း မ်ိဳးလွိဳင္ကို ျမင္ရရင္ကြ်န္ေတာ္ စိတ္မခ်မ္းသာဘူး ။ သူနဲ႔ကြ်န္ေတာ္ကသူငယ္ခ်င္းေတြ မဟုတ္လား ။”ေက်ာ္စိုးက အမွန္ပင္ စိတ္မခ်မ္းသာ၍လား ေၾကာက္၍လားမေျပာတတ္ ။ အဘၾကီး ႏွစ္ခါ မႏွင္ရဘဲ ခ်က္ခ်င္း ျပန္လိုက္သြားဖို႔ သေဘာတူလိုက္၏ ။

“အဘ ကြ်န္ေတာ္တို႔ သြားျပီေနာ္ ။”“ေအး ေအး ။”ကြ်န္ေတာ္တို႔ အဘအိုးေဝကို ႏွဳတ္ဆက္ထြက္ခြာလာစဥ္ ရြာသား ႏွစ္ေယာက္က အေခါင္းၾကီးကုိ ထမ္းကာဇရပ္ေပၚသို႔ တက္သြားေလသည္ ။ သူတို႔ ဟုိမ်ိဳးလွိဳင္ဆိုေသာ အေလာင္းေကာင္ ၾကီး ကုိ အေခါင္းထဲသို႔ ထည့္ေတာ့မည္လား…ရြာ၌ မသာအလွျပင္သူ ရွိေကာရွိပါ့မလား…ရွိမည္ မထင္ ။ ထုိသို႔ဆိုလွ်င္ မနက္ျဖန္ မသာပို႔သြားေသာလူတစ္သိုက္ ေဆြမ်ိဳးတစ္စုအတြက္ ကြ်န္ေတာ္ ရတက္မေအးျဖစ္မိသည္ ။ ေမွာင္ေမွာင္ မည္းမည္း၌ပင္ ဤမွ်ထိတ္လန္႔ေျခာက္ျခားစရာေကာင္းေသာအေလာင္းေကာင္ၾကီးကိုလင္းလင္းခ်င္းခ်င္းတြင္ ျမင္ေတြ႕ရ သူ အဖို႔ မည္မွ် စိတ္ညစ္ညဴးဖြယ္ ေကာင္းမည္နည္း ။

ေက်ာ္စိုးကေတာ့ ဟိုရီေဝေဝႏွစ္ေယာက္ကို ကြ်န္ေတာ့္၏ရဲစြမ္းသတၱိရွိခဲ့ပံုအေၾကာင္းအစအဆံုး ဇာတ္စံုခင္းလ်က္ရွိ၏ ။ ထိုသူ ႏွစ္ေယာက္ကလည္း ဟယ္ ဟုတ္လားဟင္ တစ္ေယာက္တည္းအမေလး ေၾကာက္စရာၾကီးစေသာ အာေမဋိတ္ စကားလံုးမ်ားကို သံုးကာ ကြ်န္ေတာ့္ကို ေျမႇာက္ပင့္ခ်ီးက်ဴးလ်က္ ရွိသည္ ။ ကြ်န္ေတာ့္အေတြးထဲတြင္ေတာ့ မျငိမ္မသက္ ။ စက္ဘီးကို တပည့္တစ္ဦးက တြန္းလာေသာေၾကာင့္ လက္ဗလာ လမ္းေလွ်ာက္လာရေပမဲ့ ေပါ့ေပါ့ပါးပါး မရွိ ။ ထုိေၾကာက္ စရာ လ်ွာတန္းလန္းမ်က္ႏွာၾကီးကို ျပန္လည္ျမင္ေယာင္ကာ ထုိဇရပ္သို႔ ပထမဆံုး တစ္ကိုယ္တည္း ေရာက္ရွိသြားခ်ိန္ကို ျပန္လည္ေတြးေတာရင္း ၾကက္သီးတျဖန္းျဖန္းထေနမိသည္ ။

အကယ္၍ ထုိစဥ္က ဇရပ္ေပၚမွလူကို လူေသမွန္းသာ သိသြားခဲ့လွ်င္ ကြ်န္ေတာ္ေၾကာက္လန္႔တၾကားျဖင့္ ဘုန္းၾကီးေက်ာင္း သို႔ေအာ္ဟစ္ ျပန္ေျပးလာမိမွာအေသအခ်ာ ။ တပည့္ေတြ၏အရိုအေသတန္ျခင္း ေလွာင္ေျပာင္ရယ္ေမာျခင္း ထုိမွတစ္ဆင့္ ရြာသူၾကီးဆီသို႔ ပ်ံ႕လြင့္ကာ ျမိဳ႕သား ကိုလူေၾကာက္ဟုေျပာစမွတ္တြင္မည္ မလြဲ ။ လူေတြ၏အက်င့္ကကိုယ္ေၾကာက္စဥ္က အျပစ္ မရွိေသာ္လည္း သူမ်ားေၾကာက္လန္႔လွ်င္ ေလွာင္ေျပာင္ ရယ္ေမာခ်င္ၾကသည္မဟုတ္ပါလား ။ယခုေတာ့ ဘယ္သူဘ ယ္ဝါ မသိေသာေၾကာင့္သာ လူေသအေလာင္းေကာင္ၾကီးကို အေဖာ္ျပဳရင္း ထုိမိုးသည္းညကို ကြ်န္ေတာ္ တစ္ေယာက္ တည္း ရဲရဲဝံ့ဝံ့ျဖတ္သန္းခဲ့ဖူးသည့္အေၾကာင္း ကြ်န္ေတာ္အိမ္ျပန္ေရာက္သည့္အခါ စာေရးဝါသနာပါေသာ ကြ်န္ေတာ့္ သမီးငယ္ေလးကို ရယ္စရာဟာသတစ္ပုဒ္ပမာ ေျပာျပရေပဦးေတာ့မည္ ။(ဖခင္ၾကီးေျပာျပေသာျဖစ္ရပ္မွန္ဇာတ္လမ္းကို ဆီေလ်ာ္သလိုေရးသားထားပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂါဦးႏြန္း

#Unicode Version# ျဖင့္ဖတ္ပါ ။

“ဗျာ…တ…တကယ် ! အမလေး…ကျွန်တော်ဖြင့် ကြားတာနဲ့တောင် ကြက်သီးထတယ် ဆရာရယ် ။ ဆရာကော နည်းနည်း မှ မကြောက်ဘူးလား ။”“ ဟိတ်ကောင် ကျော်ဦး ဆရာက မင်းလို ငကြောက်မှမဟုတ်တာ ။ ဆရာက ကြောက်သွေးကို မပါတာ…ဟုတ်တယ် မဟုတ်လား ဆရာ ။”“ ဟိတ်ကောင်တွေ မင်းတို့ကလည်း ဘာမဟုတ်တာလေးကို တစ်ယောက် တစ်လှည့် ဝိုင်းမြှောက်မနေကြနဲ့တော့။ မင်းတို့ကို ငါ ဒေါသထွက်နေတာနော်။ တိတ်တိတ်နေကြ…ကဲ…ဘယ်မလဲ ငါ ထွက်မျှော်နေရတဲ့ထန်းရည်အိုး ။ ချတော့…သောက်ကြစို့ ။”

ပြောပြောဆိုဆိုနဲ့ ကျွန်တော်- ထန်းရည်အိုးထဲက ထန်းရည်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်ရင်း တစ်ခွက်ပြီးတစ်ခွက် ဆင့်သောက်ပစ်လိုက်တယ် ။ မသောက်လို့လည်း မဖြစ်ဘူးလေ… ဒီလိုမျိုးမှ မသောက်ရင် ကျွန်တော့်ရင်ထဲက ကတုန်ကယင်ဖြစ်နေတာတွေက တော်တော်နဲ့ ပျောက်တော့မှာ မဟုတ်ဘူး ။ တပည့် တွေ ရှေ့မှာမို့လို့ ဆရာဆိုတဲ့ ဂုဏ်သိက္ခာအရခပ်တည်တည်နေရင်း ဘာမဟုတ်တဲ့ ကိစ္စလေးပါကွာ …ဘာညာဆိုပြီး ဖြီးဖြန်း နေရပေမဲ့ ကျွန်တော် ဘယ်လောက်ကြောက်လန့်တုန်လှုပ်နေရသလဲဆိုတာ ကျွန်တော့်ဘာသာကျွန်တော် အသိဆုံး…။

ဟော…ဒီမှာကြည့် ကျွန်တော့ လက်နှစ်ဖက်လုံး ကြောက်စိတ်ကြောင့် ခုထက်ထိ အေးစက်ထုံကျင်နေတုန်း…။ မကြောက် ခံနိုင်ရိုးလား…အမလေး…ပြန်တွေးတာနဲ့ ကြက်သီးထတယ်ဆိုတဲ့အကြောင်းသာ တပည့်တွေများသိသွားခဲ့ရင် ဟား…ဟား တို့ဆရာတော့ သနားပါတယ်ကွာဆိုပြီး ဟားတိုက်ရယ်ကြမှာမြင်ယောင်သေး ။ အင်း…ကျွန်တော် ကြုံခဲ့ပုံကလည်း တော်ရုံ လူဆို သွေးပျက်သွားနိုင်မယ့် အဖြစ်မျိုး ။ဘယ်သူဘယ်ဝါ မသိသောကြောင့်သာ တော်ပါသေးတော့တယ် ။ ဖြစ်ပုံက ဒီလိုဗျာ့ ။

လမိုက်ည မဟုတ်သော်ငြားလည်း မိုးရည်စက်များက ပျို့အန်ချတော့မည့် တိမ်ညိုတိမ်မည်း တိမ်စိုင်ခဲတွေက ကောင်းကင် ယံ တစ်ခွင်လုံး ပြည့်နှက်အုပ်စိုးလို့ ။ လေပြည်တစ်ချက် ဝှေ့ဝိုက်တိုက်ခတ်လိုက်ချိန် ကြွေလွင့်ကျဆင်း လာသော သစ်ရွက် ခြောက် တွေကလည်းမြေပြင်တလင်းတွင် အလူးလူးအလိမ့်လိမ့် ။ မိုးရွာသွန်းမည်ကို တင်ကြိုမှန်းဆပျော်ရွှင်နေကြသော ကိုရွှေချောဖားတစ်သိုက်ကလည်း တေးသံသာသာတို့ဖြင့် တအုမ်အုမ်တအွမ်အွမ်…။

မိုးကား သည်းသည်းမည်းမည်း ရွာသွန်းဖြိုးရန် ဟန်ပြင်နေခိုက် ကျွန်တော် မအောင့်အီးနိုင်တော့၍ ဆရာတော်ဘုရား တားသည့် ကြားကပင် ရွာထိပ်ဆီသို့ စက်ဘီးတစ်စီးဖြင့် နင်းထွက်လာခဲ့သည် ။စိတ်ထဲကလည်း ရွာထဲသို့ ထန်းရည်သွား ဝယ်ကြသော တပည့်တစ်သိုက်ကို ဆူပူကျိန်ဆဲနေမိ၏။- ဘုန်းကြီးကျောင်းမှ ကားလမ်းမသို့ ရောက်ရန် လယ်ကွင်း လယ်ကန် သင်းတွေကို ဖြတ်ကျော်ကာ မိုင်ဝက်ခန့် ခရီးနှင်ရသည် ။ မြင်မြင်သမျှ သစ်ပင်ချုံနွယ်တို့၏ ယိမ်းနွဲ့လှုပ်ရမ်း နေပုံက တစ်ကိုယ်တည်း စက်ဘီးစီးလာသူ ကျွန်တော့်အဖို့ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖြစ်လို့နေပေမဲ့ ကျွန်တော့်အာရုံ ထဲတွင် ဒေါသနှင့်လောဘတရားတွေ ပြည့်နှက်နေသည်မို့ ကြောက်လန့်ဖို့ သတိမရ ။

ညနေလေးနာရီခွဲကတည်းက ထွက်သွားလိုက်ကြတာ ယခုချိန်ထိ ပြန်မရောက်ကြသေးသော ကျွန်တော့်တပည့် သုံးယောက်ကို ဒေါသထွက်ရင်း ထန်းရည်သောက်ရရန်အတွက် လောဘတက်နေမိသည် ။ အချိန်က ခြောက်နာရီခွဲ ကျော်ကျော်လောက်သာရှိသေးသော်လည်း တိမ်ညိုတိမ်မည်းများကြောင့်ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နှင့်မည်းမည်း ။- ဘုန်းကြီးကျောင်း၏ တောင်ဘက်ခြမ်းကို မကြည့်ပါဘူးဟု စိတ်ပိုင်းဖြတ်ထားပြီးမှ ထိန်းမရတဲ့မျက်လုံးများက ရောက်ရှိ သွားသောအခါ မြင်တွေ့လိုက်ရတဲ့အုတ်ဂူဖြူဖြူဖွေးဖွေး ထိုးထိုးထောင်ထောင်တွေက ကျွန်တော့်စိတ်ကို လှုပ်ရှားသွားစေ တာကြောင့် ကျွန်တော် စက်ဘီးကို မြန်နိုင်သမျှ မြန်စေရန် ကသုတ်ကရိုက် နင်းပစ်လိုက်သည် ။

ရွာရှိသဖြင့် ဘုန်းကြီးကျောင်းရှိသလို ဘုန်းကြီးကျောင်းဘေးတွင် သိင်္ချ ိုင်းရှိသည်မှာလည်း အမှန်တော့ မဆန်းကြယ်ပါပေ။ သို့သော် ကြောက်လန့်တတ်သည့် လူ့သဘာဝအရ အုတ်ဂူဖြူဖြူဖွေးဖွေးတွေဖြင့် ပြည့်နှက်နေသော သိင်္ချ ိုင်းမြေကို မြင်တွေ့ လိုက်ရသည့်အခိုက်ကျွန်တော် ခြောက်ခြားတုန်လှုပ်စွာနှင့် စက်ဘီးကို ကမန်းကတန်း နင်းသွားလိုက်ရာ မိုင်ဝက်ဆိုသော အကွာအဝေးကိုခဏလေးဖြင့် ရောက်ရှိသွားတော့သည် ။

ဘုန်းကြီးကျောင်းနှင့် အရှေ့ပေါက်တောရွာသည် လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည် ။ အရှေ့ပေါက်တော ရွာ သည် ပြည်-ပေါက်ခေါင်းကားလမ်းမဘေး ပေါင်းတလယ်မြို့မှ ခုနစ်မိုင်အကွာတွင်တည်ရှိပြီး စည်ပင်သာယာသော ရွာကလေးတစ်ရွာဖြစ်သည် ။ ရွာကလေးသည် ဆိတ်ငြိမ်အေးချမ်းသလိုသာသာယာယာဖြင့် ကြည်နူးပျော်ရွှင်ဖွယ်လည်း ကောင်းလှ၏ ။ ကျွန်တော်တို့ ဆရာတပည့် တစ်သိုက် ပေါင်းတလယ်မြို့သို့ အလုပ်ကိစ္စဖြင့်လာကြရင်း တပည့် တစ်ယောက် ဖြစ်သူကျော်စိုး၏ သူ့ရွာလေးကို အလည်ဝင်ရောက်ကြပါဦးဟူသောဖိတ်ခေါ်မှုကြောင့် အရှေ့ပေါက်တောရွာ လေးသို့ ကျွန်တော်တို့တွေ ရောက်ရှိခဲ့ရခြင်းဖြစ်သည် ။

အလည်ခေါ်ခဲ့စဉ်ကပင်တပည့်ကျော်စိုးက မက်လုံးတစ်ခု ပေးခဲ့သည် ။ သူတို့ရွာ၏ထန်းရည်က ချိုစူးစူး ပြင်းရှရှ အရသာနှင့် အလွန် သောက်၍ကောင်းသည်…တဲ့ ။ ရွာလေးက ကားလမ်းမ နဘေးတွင်မေးတင်လျက် တည်ရှိသော်လည်း ကျွန်တော်တို့ က ရွာတွင်မတည်းခို…ရွာနှင့် ကားလမ်းမခြားလျက်ရှိသော အတွင်းသို့မိုင်ဝက်ခန့် ဝင်ရောက်ရသည့် ဘုန်းတော်ကြီး ကျောင်းတွင်တည်းခိုကြသည် ။ အကြောင်းက ဤရွာ၌ ကျော်စိုး၏ဆွေမျိုးရင်းခြာဆိုလို့ ထိုဘုန်းတော်ကြီး ကျောင်းမှ ကပ္ပိယဦးသာမောင်တစ်ယောက်သာ ရှိတော့သောကြောင့် ။

သြော်…ကျွန်တော့်ကိုကျွန်တော်လည်း မိတ်ဆက်ရဦးမည် ။ကျွန်တော့်နာမည်က ကိုစြင်္ကာ…သို့ပေမဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးက ကျွန်တော့်ကို ကိုမှုန်ကြီးဟု ခေါ်ကြသည် ။ကိုမှုန်ကြီးဟု ခေါ်ရလောက်အောင်လည်း ကျွန်တော့်မျက်လုံးများက မှုန်ဝါးနေခြင်းမဟုတ်…ခပ်ထူထူပါဝါမျက်မှန် တစ်လက်ကို အမြဲမပြတ် တပ်ထားရရုံလောက်သာ…သို့ပေမဲ့ ကျွန်တော့် မျက်နှာ ထား က မှုန်ကုတ်ကုတ်ရှူတင်းတင်း ဖြစ်နေသောကြောင့်ကိုမှုန်ကြီးဟု ချစ်စနိုးခေါ်ဝေါ်ကြခြင်း ဖြစ်မည် ။ ကျွန်တော်က မျက်နှာထားတင်းတင်း နေတတ်သော်လည်း တပည့်များကိုတော့ကိုယ့်ညီငယ်များလိုသဘောထားကာ ပွင့်ပွင့်လင်းလင်းပြောဆိုလုပ်ကိုင်ခွင့် ပြုထားသည်။

သို့ပေမဲ့ ယခုလို ပြန်လာသင့်ချိန်ထိပြန်မလာကြသေးဘဲ အထက်လူကြီးကျွန်တော့်အပေါ်မှာ မလေးမစားပြုမူသည်ကိုတော့ ကျွန်တော် နည်းနည်းမှ ခွင့်မလွှတ်နိုင်…။ ပြန်လာမှ ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းပစ်မည်ဟု ကျွန်တော့်ရင်ထဲ၌ တေးထားလိုက်သည် ။- ကားလမ်းမနဘေးသို့ ရောက်တော့ ကျွန်တော် နင်းလက်စ စက်ဘီးကို ရပ်ကာ ဖြည်းဖြည်းချင်း တွန်းလာလိုက်သည် ။ကျွန်တော် လမ်းမတစ်ဖက်ခြမ်းသို့ ကူးကာ ရွာထဲသို့လိုက်သွားရကောင်းမလား…မဖြစ်ချေ ။ ဒီကောင်တွေ ဘယ်သွားလို့ဘယ်လာမှန်း ကျွန်တော် မသိ…။ထွက်လာခါစက ဒေါသစိတ်ဖြင့် ထွက်လာမိပေမဲ့တကယ့် တကယ်တမ်းတော့ ဘယ်သွားလို့ဘယ်လာရမည်မှန်း ကျွန်တော် မသိပေ ။

ဤရွာသို့ ရောက်သည်မှာလည်း နှစ်ရက်သာ ရှိသေးပြီး ကျွန်တော်ရောက်ဖူးသည်မှာ သူကြီးအိမ်နှင့် ဆေးဆရာကိုမြယာ အိမ် တို့သာ ရှိသည် ။ ညနေအချိန်မတော်ကြီး တပည့်သုံးယောက်က ထန်းရည်သောက်သွားကြရင်း ပြန်မရောက်ကြသေး သည်ကို လူကြီးအိမ်သို့ သွားမေးမြန်းရန် မသင့်တော်ကြောင်း ကျွန်တော် နားလည်သည် ။ ထို့ကြောင့်တစ်နေရာရာတွင် မိုးခိုရင်း ရွာထိပ်မှ တပည့်သုံးယောက်ထွက်လာမည့်အချိန်ကို စောင့်ကြည့်မည်ဟူသောအတွေးဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ ကားလမ်းမနဘေးလမ်းကွေ့လေးအနီး သစ်ပင်ကြီး တစ်ပင်အောက်ရှိ ဇရပ်တစ်ဆောင်ကို ကျွန်တော် သတိပြုလိုက်မိ၏ ။

“ဟာ…ဟိုမှာ ဇရပ်လေးပဲ ။”ကျွန်တော့် တစ်ကိုယ်ကြား တီးတိုးရေရွတ် ပြောဆိုရင်းထိုဇရပ် ရှိရာ ဆီသို့ စက်ဘီးကို တွန်းသွား လိုက်သည် ။ မိုးကား ချိန်သားကိုက်စွာပင် ကျွန်တော် ဇရပ်အနားရောက်သည်နှင့် ဗြုန်းစားကြီး ရွာချလိုက် သည်မှာ ဝုန်းဝုန်းဒိုင်းဒိုင်း ။ကျွန်တော် ဇရပ်အမိုးအောက်သို့ဝင်ခိုရင်း ဇရပ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်တော့ ဇရပ်ပုံ သဏ္ဍာန်က သွပ်ပြားအမိုးပျဉ်ပြားအခင်းကို ဒူးဆစ်လောက်မြင့်သော သစ်သားခြေထောက်လေးချောင်းနှင့် ထောက်မထား ပြီး ရှေ့မျက်နှာစာကိုသစ်သားချောင်းလေးများဖြင့် ကာရံထား၏ ။ သာမန် မြင်နေတွေ့နေကျ ဇရပ်ပုံစံမျိုးပါပဲ ။- ကျွန်တော် လည်း ထိုသစ်သားချောင်းလေးများကို ခြေထောက်တစ်ဖက်ဖြင့် ကန်ထောက်ထိန်းရင်း စက်ဘီးထိုင်ခုံတွင် ထိုင်ကာ ရွာထိပ် ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည် ။

“ဟူး…ဒီကောင်တွေ ဘယ်သွား ကလေရိုက်နေကြလဲမသိဘူး ။ တွေ့မယ်…လာရင်တော့လား…ကောင်းကောင်းကို ကြိမ်းပစ်လိုက်မယ် ။”ကျွန်တော် ဒေါသစိတ်ဖြင့် ခပ်ကျယ်ကျယ်ရေရွတ်ကျုံးဝါးပစ်လိုက်ရင်း ရွာထိပ်ဆီသို့ မျှော်ကြည့် နေသော ကျွန်တော့်အကြည့်တွေကို ဇရပ်ပေါ်သို့ လွှဲပြောင်းရှုကြည့်လိုက်စဉ်…“ဟင်…” ဟုတ်မှဟုတ်ပါ့မလားဟူသော အတွေးနှင့် မျက်လုံးနှစ်ဖက်ကိုလက်ဖြင့် ခပ်နာနာပွတ်သပ်ပြီး ပြန်ကြည့်လိုက်တော့လည်း မြင်ကွင်းက ပြောင်းလဲမသွား…။ မျက်မှန်ပါမလာ၍ဝါးတားတားဖြစ်နေပေမဲ့ အမြင်အာရုံကတော့ ဦးနှောက်ကိုမှားယွင်းစွာ သတင်းပို့လိမ့်မည် မဟုတ် ။ ဝါးတားတားအကြည့်တွေကို အတန်ငယ်ထင်ရှားသွားစေရန် မျက်လုံးနှစ်ဖက်ကိုဖျစ်ညှစ်မှိတ်ပစ်လိုက်ပြီး မျက်ခုံးကြောတွေ ကို လည်း ဆွဲဆန့်ဖြေလျော့လိုက်သည် ။ထို့နောက် မျက်တောင်နှစ်ဖက်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဇရပ်ပေါ်သို့ ပြန်ကြည့်ပြန်တော့ ဇရပ်ပေါ်တွင်လူတစ်ယောက် လဲလျောင်းနေ၏ ။

ဝတ်ထားသောလုံချည်ကအကွက်ကျဲကျဲဖြစ်သဖြင့် ယောက်ျားတစ်ယောက်ဟု ခန့်မှန်းမိသည် ။ မျက်နှာကိုတော့ ဝါးတားတားသာ မြင်ရသည် ။ရွာထဲက ရွာသား တစ်ယောက်ယောက်များ ဖြစ်လေမလား…။ ကျွန်တော် တစ်ကိုယ်တည်း လည်း ပျင်းရိညည်းငွေ့မိတာကြောင့်ထိုအမျိုးသားနှင့် ရောက်တတ်ရာရာပြောဆိုရန်ဟူသောအတွေးဖြင့်…“ မိုးကလည်း သည်းလိုက်တာဗျာ ။ ဒီပုံနဲ့ဆို တော်တော်နဲ့တိတ်မှာမဟုတ်ဘူး ထင်တယ်နော် ။ ဒီက အကို ကရောဒီရွာကပဲလား။” ဘယ်အရွယ် ရှိမည်မှန်း ခန့်မှန်းမရ၍ အကိုဟုသာ နာမ်စားသုံးလိုက်၏ ။စကားပြောရင်း လက်အမူအရာပါသွား၍ စက်ဘီး ပင် အနည်းငယ် ယိမ်းယိုင်သွားသေးသည် ။ ကျွန်တော်စက်ဘီးကို ပြန်လည်ထိန်းမတ်ရင်း ထိုသူကိုကြည့်လိုက်တော့ ထိုသူ က တုတ်တုတ်မျှ မလှုပ်…။

ကျွန်တော့်ကို မြို့က မြို့သားမို့လို့ ကြည့်မရ၍ အဖက်မလုပ်သည်လား…သို့မဟုတ်အမှန်ပင် အရက်မူးကာ အိပ်ပျော်နေ လေ သလား မသိ။ရုတ်တရက် အရက်ဟူသောအတွေးကြောင့် ကျွန်တော့်တပည့်သုံးကောင်ကို သတိရသွားမိသည် ။ ဒီကောင်တွေကောဘယ်မှာများ မူးပေလှဲအိပ်နေကြသလဲ မပြောတတ် ။မိုးကား ရွာရင်းရွာရင်း လေကြမ်းတွေပါ တိုက်ခတ် လာကာ ဟိုဟိုသည်သည်မှ သစ်ရွက်တွေက ဖျစ်ဖျစ်ဖျစ်ဖျစ် ဖလပ်ဖလပ်…စသည့်အသံမျိုးစုံဖြင့် ကြွေလွင့်ကျဆင်းကုန် သည် ။ကျွန်တော် ရောက်ရှိနေသည်က ကုန်းမြင့်လေးတွင်ဖြစ်၍ကားလမ်းနဘေးမှ ရွာသားများ၏ ကောင်းမှုပေလား ၊ ရေတိုက်စားမှုကြောင့် အလိုအလောက်ဖြစ်တည်နေခြင်းလားမသိသော မြောင်းလေးတစ်လျှောက်၌ မိုးကျရေများ တဝေါဝေါစီးဆင်းသွားသည်ကို အတိုင်းသား မြင်တွေ့နေရ၏ ။

ပတ်ဝန်းကျင်က မှောင်မှောင်မည်းမည်း မိုးတွေကလည်းအုန်းအုန်းသည်းသည်းတွင် ကျွန်တော် တစ်ကိုယ်တည်းသာ ဖြစ်နေခဲ့ပါလျှင် အားငယ်တုန်လှုပ်မိမည်မှာ အမှန် ။ယခုတော့ ကျွန်တော့်ကို အဖက်မတန်သော ရွာသားကိုငမူး တစ်ယောက် လည်း ဇရပ်ပေါ်တွင် လှဲအိပ်နေသည်မဟုတ်လား ။- အလင်းစက်လေး တစ်စု… ပိုးစုန်းကြူးလေးများ ကဲ့သို့ လင်းလက်စုဝေးကာ ရွာထဲမှ ထွက်လာသည်ကို ကျွန်တော်မြင်တွေ့လိုက်ရ၍ ျွန်တော့်တပည့်တွေများလားဟု တွေးကာ ပြူးပြဲကြည့်နေလိုက်မိသည် ။ အလင်းစက်လေးတစ်စုကတဖြည်းဖြည်း နီးကပ်လာပါမှ ရွာထဲမှ ကာလသား တစ်စု ဖြစ်ကြောင်း ကို ကျွန်တော် သိရှိလိုက်ရ၏ ။

သူတို့လက်ထဲမှလက်နှိပ်ဓါတ်မီးတွေက ပတ်ဝန်းကျင်မှောင်မှောင်မည်းမည်းတွင် တဝင်းဝင်းတလက်လက် ။ ထိုလူစု ကားလမ်းမတစ်ဖက်ရွာထိပ်ဆီသို့ ရောက်ပါမှ ကျွန်တော် အနည်းငယ် ရှင်းရှင်းလင်းလင်း မြင်တွေ့ရတော့သည် ။ ဟင်… သူတို့တွေ ထမ်းလာတာဘာကြီးပါလိမ့်…။ သေတ္တာရှည်ရှည်ကြီး တစ်လုံးကို လူနှစ်ယောက်က ရှေ့နောက်ထမ်းလို့ ။ ကျန်လူ သုံးယောက်က လက်နှိပ်ဓါတ်မီးထိုးပြကာ တက်ညီလက်ညီဖြင့် ကားလမ်းကူးလာကြသည် ။ဟော…တအံ့တသြ ငေးကြည့်နေစဉ်မှာပင် ထိုလူတစ်စုကျွန်တော့်အနားသို့ ရောက်ရှိလာသောကြောင့် သစ်သားချောင်းများကို ကန်ကြောက် ထားသော ကျွန်တော့်ခြေထောက်တစ်ဖက်ကို မြေပြင်ပေါ်သို့ လျှောဆင်းချလိုက်တော့သည် ။

“ ဟင်…ဆ…ဆရာ ။ ဆရာတစ်ယောက်တည်း ဒီမှာဘာလုပ်နေတာလဲ ။”သူတို့ ကျွန်တော်နှင့် လက်တစ်ကမ်းအကွာသို့ ရောက်တာတောင် ပတ်ဝန်းကျင်က မှောင်မည်းနေသည်မို့ ကျွန်တော်ရှင်းရှင်းလင်းလင်း မမြင်ရသေး ။ အသံကို ကြားပါမှ ကျွန်တော့တပည့်ကျော်စိုးမှန်း ကျွန်တော် ကျက်မိလိုက်သည် ။“ ဟိတ်ကောင် ကျော်စိုး မင်းတို့ ဘယ်တွေသဝေထိုး နေကြတာလဲ…ဟင်…ငါ့ကို ဆရာတစ်ယောက်လို့ရော သတ်မှတ်ကြသေးရဲ့လား ။ဘယ့်နှယ့်ကွာ ။ လေးနာရီကတည်းက ထွက်သွားလိုက်ကြတာ ။ ဟိုကောင်တွေကော ဘယ်မှာတုံး ။ ဒါကရောဘာတွေလဲ ။”ကျွန်တော် မျိုသိပ်ထားတဲ့ဒေါသ တွေရဲ့ ပွိုင့်ရာခိုင်နှုန်းလောက်ကို ပွင့်အန်ထုတ်ပြီး ကျော်စိုးကို ဆူဆဲပစ်လိုက်တော့ ကျော်စိုးခမျာ ကျွန်တော့်ကို ကြောက်လို့ ခပ်ကုပ်ကုပ်လေး ငြိမ်နေရှာသည် ။

ဘေးမှ ရွာသားလေးဦးကလည်းကျွန်တော်တို့တပည့်နှစ်ယောက်ကို ကြည့်ကာ ပြူးပြူးကြောင်ကြောင်။ ကျွန်တော့် စကားဆုံးမှ ကျော်စိုးက လေသံခပ်တိုးတိုးဖြင့်…“ ဟိုကောင်တွေ ဆရာ့အတွက် ထန်းရည်သွားဝယ်နေတာ နောက်မှာ ပါလာပါတယ် ။ ဒါ…ဒါက အခေါင်းကြီးပါ ။”ကျော်စိုးရဲ့ပထမအဖြေကတော့ စိတ်ကျေနပ်စရာကောင်းပေမဲ့ ဒုတိယအဖြေ ကြောင့် ကျွန်တော် မျက်လုံးပြူးသွားမိသည် ။“ ဟေ…အခေါင်း ဟုတ်လား ။ ဘာလုပ်ဖို့လဲဟ ။”“ ဟာ…ဆရာကလည်း အခေါင်းဆိုမှတော့ လူသေထည့်ဖို့ပေါ့ ။ ဘယ်သူက အိမ်မှာ ဝင်အိပ်ဖို့ဆိုပြီး ဝယ်လာမှာလဲ ။”ကျော်စိုးက ဘုတော ပြောလာ တော့ ကျွန်တော် သူ့ကိုတစ်ချက် ပြူးကြည့်ပစ်လိုက်သည် ။ မင်း ငါ့ကို မလေးမစား ပြောစရာလားဟူသော အကြည့်မျိုးမှန်း ကျော်စိုးသဘောပေါက်သဖြင့် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည် ။

“ အခေါင်းက လူသေထည့်ဖို့ ဝယ်ရမှန်း ငါ သိတာပေါ့ ။ဒီ လူသေထည့်တဲ့အခေါင်းကြီးကို မင်းက ငါ့ဆီ ယူလာတယ် ဆိုတော့ မင်းက ငါ့ကို မလေးမစား လုပ်တဲ့သဘောပေါ့ဟုတ်လား ။ ကျော်စိုး ငါ့ကို မင်းရဲ့ရွာကို ခေါ်လာပြီး ကောင်းကောင်း ကြီး စော်ကားနေတာပေါ့လေ ။”“ အာ…မဟုတ်ရပါဘူး ဆရာရယ် ။ ဒုက္ခပါပဲ…ဒါကဆရာ့ဆီကို ယူလာတာ မဟုတ်ဘူး ။ ဒီဇရပ်ကို သယ်လာတာ ။ ဒါနဲ့ ဆရာကရော တစ်ယောက်တည်း ဒီဇရပ်မှာဘာလုပ်နေတာလဲ ။”ကျွန်တော် ကတော့ ကျော်စိုး ဘယ်လိုပြောပြော မယုံသေး ။ဘယ့်နှယ့်…အခေါင်းကြီးကို လမ်းမဘေးက ဇရပ်ပေါ်ကိုသယ်လာပြီး သူတို့က ဘာလုပ်ကြမလို့တုံး ။ ထပ်ပြီးဆူဆဲနေလျှင်လည်း ရွာသားတွေရှေ့ ကျွန်တော့် အလွန်ပဲ ဖြစ်နေမည် စိုးသော ကြောင့် ကျွန်တော် ဒေါသစိတ်ကို အောင့်အီးမျိုချထားရင်း…“ မင်းတို့ကို စောင့်နေတာပေါ့ ။ ဘာဖြစ်လို့လဲ ။ ဒီဇရပ်မှာ တစ်ယောက်တည်း မနေရဘူးလား ။ ကွင်းပိုင်တောင်ပိုင်တွေကိုင်တတ်လို့လား ။

”ကျွန်တော့်ရဲ့ခပ်ရွဲ့ရွဲ့စကားအဆုံးမှာတော့…“ မင်းဆရာကတော့ အာဂပဲဟေ့ ။ မြို့စကားနဲ့ ပြောရရင်မိုက်တယ်ပေါ့ကွာ ။”ကျွန်တော့်အမေးကို ကျော်စိုးက မဖြေရသေးခင် ရွာသားလေးယောက်ထဲက အသက်ကြီးကြီး တစ်ယောက်က ဝင်အော် ပြောလိုက်၍ ကျွန်တော် နားရှုပ်သွားမိသည် ။“ ဘာဖြစ်လို့လဲ အဘရဲ့ ။”“ ဘာဖြစ်ရမတုံး…ဒီကောင်သုံးကောင်ကို အဘ ရွာထဲကသုဘရာဇာဆီမှာ အခေါင်းသွားဝယ်မလို့ ခဏနေရစ်ခဲ့ကြပါဆိုတာ သုံးယောက်လုံး မနေရစ်ရဲဘူးတဲ့လေ ။ ဆရာတို့များ ကျတော့ တစ်ယောက်တည်း ။”

“ အို့…အဘကလည်း မျိုးလှိုင်ရဲ့မျက်နှာကိုလည်း ကြည့်ဦးလေ ။ လည်ပင်းကြီးက ရှည် ၊ လျှာကြီးကလည်း တစ်တောင် လောက် ထွက်နေတာ ။ ဒီမျက်ခွက်ကြီးကြည့်ပြီးဘယ်လိုလုပ် နေရစ်ရဲမှာလဲ ။ အခေါင်းထဲ မြန်မြန်ထည့်မှပါအဘရယ် ။ ကျွန်တော်ဖြင့် မြင်တိုင်း ကြောက်လွန်းလို့ ။”အဘစကားဆုံးလို့ ကျွန်တော် မေးခွန်းထုတ်မည် မကြံရသေးရွာသားတစ်ဦးက ဝင်ပြောလိုက်တာကြောင့် ပို၍ပင်ခေါင်းရှုပ်ထွေးသွားမိသည် ။“ အဘ မျိုးလှိုင်ဆိုတာ ဘယ်သူလဲ ။ ကျွန်တော်က ဧည့်သည် ဆိုတော့ ရွာသားတွေနာမည်ကို သိပ်မသိဘူး ။”“ မျိုးလှိုင်ဆိုတာ ဇရပ်ပေါ်က လူသေရဲ့နာမည်လေ ။ညနေက တင် သေသွားတာ ။ သေတာကလည်း ဒီနားတင် ။ဟော ဟိုက သစ်ပင် တွေ့လား ။ အဲ့ဒီ့သစ်ပင်ကိုင်းမှာဆွဲကြိုးချပြီး သတ်သေသွားတာ ။ သူ့ချစ်သူမိန်းကလေးအိမ်ထောင်ပြုသွားလို့တဲ့ကွယ် ။ လူတွေများ ကိုယ့်အသက်တစ်ချောင်းကို နှမြောရ ကောင်းမှန်း မသိကြဘူး ။

”ဘယ်…ဘယ်လို ။ အဲ့ဒါ လူသေ လူသေအလောင်းကြီးဟုတ်လား ။ကျွန်တော် အော်မေးလိုက်ချင်ပေမဲ့ အသံက ထွက်မလာ…ကြားလိုက်ရတဲ့စကားကြောင့် ကျွန်တော့်နှလုံးခုန်သံတွေဝုန်းခနဲ ဆောင့်တက်သွားသည် ။မိုးသည်းသည်းတွင် ကျန်လူငါးယောက်လုံး မိုးရေကြောင့်စိုရွှဲနေရခြင်း ဖြစ်သော်လည်း ကျွန်တော်ကတော့ချွေးတို့ဖြင့် ရွှဲနစ်နေလေ၏ ။ မယုံနိုင် သေး၍ ဇရပ်ပေါ်သို့ကျွန်တော် ဖျတ်ခနဲ လှမ်းကြည့်လိုက်တော့ ပုဆိုးကွက်ကျဲနှင့်လူတစ်ယောက် လှဲလျောင်း ငြိမ်သက် လို့…။ မှုန်ဝါးဝါးကျွန်တော့် အမြင်အာရုံများကို အတတ်နိုင်ဆုံး အားအင်စိုက်ထုတ်ကာ ထိုလူ၏ မျက်နှာကို အသည်းအသန် စူးစိုက်ကြည့်ပစ်လိုက်သည့်အခါ…အမလေး…မျက်လုံးကြီး နှစ်ဖက်က ပြူးကျယ် စူထွက်ကာပါးစပ်အတွင်းမှ လျှာကလည်း အပြင်သို့ တွဲကျ ရှည်ထွက်လို့ ။

ကြောက်စရာ ထိုမျက်နှာကြီးကြောင့် ကျွန်တော် အနည်းငယ်အိန္ဒြေပျက်သွားပေမဲ့ မှောင်ကြီး မည်းကြီးထဲမှာမို့ ကျော်စိုး အပါအဝင် ရွာသားတစ်ဦးတစ်ယောက်မျှ သတိမပြုမိလိုက်ကြ။မျက်နှာကို ကျော်စိုး ဘက် သို့ပြန်လှည့်ကြည့်လိုက်ပြီး ကြောက်စိတ်ကို ဖြေဖျောက်ရန် ဒူးတစ်ဖက်ကို နန့်ကာဟန်မပျက်နေရင်း…“ သြော်…ဒီသူငယ်လေးနှယ် ငယ်ငယ် ရွယ်ရွယ် နဲ့ သတ်သေသွားတာကိုး ။ ခုနကတည်းက ကျွန်တော်ထင်တော့ထင်သား ။ မျက်လုံးကပြူး လျှာကထွက်နေ ဆိုတော့ ဆွဲကြိုးချသေတာလား လည်ပင်းညှစ်ခံရတာလားလို့ ။ အဖန်ငါးရာငါးကမ္ဘာ မကြောက်ရှာဘူး ထင်ပါရဲ့။”

ကျွန်တော့်၏ ဟန်ကိုယ်ဖို့ စကားလုံးတွေကို နားထောင်ရင်း ရွာသားကြီးကတော့ ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံနေ၏ ။ ရွာသား တစ်ယောက်ကတော့ ယောင်ယမ်းကာ မျိုးလှိုင်ဆိုသောလူသေ၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်မိပြီးမှ အလျင်အမြန်အကြည့်လွှဲလိုက်ပြီး ကြက်သီးထသွားဟန်ဖြင့် တွန့်ခနဲ ဖြစ်သွားသည် ။“ ဆရာ့နှယ် သတ္တိကောင်းလိုက်တာ ။ ကျွန်တော်တို့များနှစ်ယောက်တောင် မစောင့်ရဲဘူး ။နောက်ပြီး သူက ဒီညနေတင်ဒီနားမှာ သတ်သေသွားတာဆိုတော့ သူ့ဝိညာဉ်က ဒီအနီးတစ်ဝှိုက်မှာ လျှောက်သွားနေမလား မပြောတတ်ဘူး ။ ကျွန်တော်ဆိုဟိုချုံကြည့်လိုက်လည်း ဒီလျှာထွက်နေတဲ့ မျက်နှာကြီးပဲ မြင်ယောင်ပြီး ကြောက်နေတာ ။”ရွာသားတစ်ဦးက ကျွန်တော့်ကို လေးစားအားကျ သည့်အကြည့်မျိုးနှင့် ကြည့်ရင်း သူ့ခံစားချက်ကို ရင်ဖွင့်ပြောပြ၏ ။

ထိုစဉ်…“ ဟာ…ဟိုမှာ ဆရာ ။”ကျွန်တော် လှမ်းကြည့်လိုက်တော့ မြေအိုးလေး နှစ်အိုးကိုလက်ကဆွဲရင်း ကားလမ်း ဖြတ်ကူးလာသော ကျွန်တော့်တပည့်နှစ်ယောက် ။“ ဆရာ ကျွန်တော်တို့ ကြောက်လို့ ရဲဆေးနည်းနည်းတင်လာခဲ့တယ် ။ ဒါက ဆရာဖို့ ။”တပည့်ဖြိုးကိုက လက်ထဲမှ မြေအိုးကို မြှောက်ပြရင်းဆိုလိုက်သည် ။“ ကဲ…ကျော်စိုး မင်းလည်း ဆရာနဲ့ ပြန်လိုက်သွားတော့ ။ မင်းတို့ နက်ဖြန် ပြန်ရမှာ မဟုတ်လား ။”“ ဟုတ်ကဲ့ ဘကြီးအိုးဝေ ။ ဒါဆိုလည်း ကျွန်တော်ပြန်လိုက် ဦးမယ် ။ ဒီမှာဆိုလည်း မျိုးလှိုင်ကို မြင်ရရင်ကျွန်တော် စိတ်မချမ်းသာဘူး ။ သူနဲ့ကျွန်တော်ကသူငယ်ချင်းတွေ မဟုတ်လား ။”ကျော်စိုးက အမှန်ပင် စိတ်မချမ်းသာ၍လား ကြောက်၍လားမပြောတတ် ။ အဘကြီး နှစ်ခါ မနှင်ရဘဲ ချက်ချင်း ပြန်လိုက်သွားဖို့ သဘောတူလိုက်၏ ။

“အဘ ကျွန်တော်တို့ သွားပြီနော် ။”“အေး အေး ။”ကျွန်တော်တို့ အဘအိုးဝေကို နှုတ်ဆက်ထွက်ခွာလာစဉ် ရွာသား နှစ်ယောက်က အခေါင်းကြီးကို ထမ်းကာဇရပ်ပေါ်သို့ တက်သွားလေသည် ။ သူတို့ ဟိုမျိုးလှိုင်ဆိုသော အလောင်းကောင် ကြီး ကို အခေါင်းထဲသို့ ထည့်တော့မည်လား…ရွာ၌ မသာအလှပြင်သူ ရှိကောရှိပါ့မလား…ရှိမည် မထင် ။ ထိုသို့ဆိုလျှင် မနက်ဖြန် မသာပို့သွားသောလူတစ်သိုက် ဆွေမျိုးတစ်စုအတွက် ကျွန်တော် ရတက်မအေးဖြစ်မိသည် ။ မှောင်မှောင် မည်းမည်း၌ပင် ဤမျှထိတ်လန့်ခြောက်ခြားစရာကောင်းသောအလောင်းကောင်ကြီးကိုလင်းလင်းချင်းချင်းတွင် မြင်တွေ့ရ သူ အဖို့ မည်မျှ စိတ်ညစ်ညူးဖွယ် ကောင်းမည်နည်း ။

ကျော်စိုးကတော့ ဟိုရီဝေဝေနှစ်ယောက်ကို ကျွန်တော့်၏ရဲစွမ်းသတ္တိရှိခဲ့ပုံအကြောင်းအစအဆုံး ဇာတ်စုံခင်းလျက်ရှိ၏ ။ ထိုသူ နှစ်ယောက်ကလည်း ဟယ် ဟုတ်လားဟင် တစ်ယောက်တည်းအမလေး ကြောက်စရာကြီးစသော အာမေဋိတ် စကားလုံးများကို သုံးကာ ကျွန်တော့်ကို မြှောက်ပင့်ချီးကျူးလျက် ရှိသည် ။ ကျွန်တော့်အတွေးထဲတွင်တော့ မငြိမ်မသက် ။ စက်ဘီးကို တပည့်တစ်ဦးက တွန်းလာသောကြောင့် လက်ဗလာ လမ်းလျှောက်လာရပေမဲ့ ပေါ့ပေါ့ပါးပါး မရှိ ။ ထိုကြောက် စရာ လျှာတန်းလန်းမျက်နှာကြီးကို ပြန်လည်မြင်ယောင်ကာ ထိုဇရပ်သို့ ပထမဆုံး တစ်ကိုယ်တည်း ရောက်ရှိသွားချိန်ကို ပြန်လည်တွေးတောရင်း ကြက်သီးတဖြန်းဖြန်းထနေမိသည် ။

အကယ်၍ ထိုစဉ်က ဇရပ်ပေါ်မှလူကို လူသေမှန်းသာ သိသွားခဲ့လျှင် ကျွန်တော်ကြောက်လန့်တကြားဖြင့် ဘုန်းကြီးကျောင်း သို့အော်ဟစ် ပြန်ပြေးလာမိမှာအသေအချာ ။ တပည့်တွေ၏အရိုအသေတန်ခြင်း လှောင်ပြောင်ရယ်မောခြင်း ထိုမှတစ်ဆင့် ရွာသူကြီးဆီသို့ ပျံ့လွင့်ကာ မြို့သား ကိုလူကြောက်ဟုပြောစမှတ်တွင်မည် မလွဲ ။ လူတွေ၏အကျင့်ကကိုယ်ကြောက်စဉ်က အပြစ် မရှိသော်လည်း သူများကြောက်လန့်လျှင် လှောင်ပြောင် ရယ်မောချင်ကြသည်မဟုတ်ပါလား ။ယခုတော့ ဘယ်သူဘ ယ်ဝါ မသိသောကြောင့်သာ လူသေအလောင်းကောင်ကြီးကို အဖော်ပြုရင်း ထိုမိုးသည်းညကို ကျွန်တော် တစ်ယောက် တည်း ရဲရဲဝံ့ဝံ့ဖြတ်သန်းခဲ့ဖူးသည့်အကြောင်း ကျွန်တော်အိမ်ပြန်ရောက်သည့်အခါ စာရေးဝါသနာပါသော ကျွန်တော့် သမီးငယ်လေးကို ရယ်စရာဟာသတစ်ပုဒ်ပမာ ပြောပြရပေဦးတော့မည် ။(ဖခင်ကြီးပြောပြသောဖြစ်ရပ်မှန်ဇာတ်လမ်းကို ဆီလျော်သလိုရေးသားထားပါသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: ဂါဦးနွန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top