Credit:bahututaa
# Unicode Version # ဖြင့် ဖတ်ပါ #
ခရီး သွားခြင်းဟာ တကိုယ်တည်း သွားသွား၊ တခြား သူတွေ နဲ့ပဲ သွားသွား ကောင်းတဲ့ အလေ့အကျင့် တခု ဖြစ်ပါတယ်။ သင့်ချစ်သူကို ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်ဖို့ စိတ်ကူး ထားရင်လည်း လုပ်ကြည့်ရမယ့် အလုပ်တွေ ထဲမှာ ခရီးသွားခြင်း လည်း ပါဝင် ပါတယ် ။ ခရီး အတူ သွားခြင်း အားဖြင့် သူ့ရဲ့ စိတ်နေ စိတ်ထား အတော် များများ ကိုလည်း လေ့လာ နိုင်မှာ ဖြစ်ပါတယ် ။
၁။ အချစ်ရေးကို ပိုပြီး အားကောင်း စေတယ် ။
၂။ နှစ်ယောက်အတူ ဘယ်လို နေရမယ် ဆိုတာကို အဲဒီ ခရီးကနေ သင်ယူ ရရှိ နိုင်တယ်။
၃။ ကိုယ့်ချစ်သူ တကယ် လုပ်ချင်တဲ့ အရာတွေ ကိုလည်း သိရှိ နိုင်တယ်။
၄။ နှစ်ယောက် စလုံးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေ ကိုလည်း ဖော်ထုတ် နိုင်တယ်။
၅။ သူ့ရဲ့ အစီအစဉ် ဆွဲပုံ နည်းလမ်း ကိုလည်း တွေ့ရှိနိုင်တယ်။
၆။ အရေးပေါ် ကိစ္စတွေ မှာ သူဘယ်လို ဖြေရှင်း မလဲ၊ သင်တို့ နှစ်ဦး ပေါင်းပြီး ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို လေ့လာ နိုင်တယ် ။
၇။ မျှော်လင့် မထားတဲ့ အခြေအနေတွေ ဖြစ်လာရင်၊ အခက်အခဲတွေ ကြုံလာရင် နှစ်ယောက် ပေါင်းပြီး ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကိုလည်း သိရှိ နိုင်မှာပါ။
၈။ ပင်ပင် ပန်းပန်း သွားလာ လှုပ်ရှားရတဲ့ အခါ အချင်းချင်း ဘယ်လို ဆက်ဆံသလဲ ဆိုတာ ကိုလည်း လေ့လာ နိုင်ပါတယ်။
၉။ ငွေကြေးကို ဘယ်လို သုံးစွဲသလဲ ဆိုတာလည်း သိရှိ နိုင်တယ်။
၁၀။ သူက သင့်ရဲ့ ဘဝ လက်တွဲဖော် အစစ် အမှန်ဖြစ်ရင် ဘယ်နေရာ ရောက်ရောက်၊ ဘယ်လို အခြေအနေ ဖြစ်ဖြစ် နေနိုင်တယ် ဆိုတာကိုလည်း တွေ့ရမှာပါ ။
ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top