အသက္ႀကီးလာရင္ ဝတာက ပိန္ေအာင္လုပ္လို႔ရေပမယ့္၊ အရပ္ပုေနရင္ေတာ့ ရွည္ေအာင္ လုပ္လို႔မရပါ။ အသက္အတိုင္းအတာ အကန္႔အသက္ ေတြ ရွိျပန္တဲ့ အတြက္ ကေလးငယ္ဘဝ ႏွင့္ ဆယ္ေက်ာ္သက္ အရြယ္ ကတည္းက အစားအစာကို စနစ္တက်ေကြ်းေပးၿပီး သက္ဆိုင္ရာ ေလ့က်င့္ခန္း ကို လုပ္ေပးမယ္ဆိုရင္ အရပ္ရွည္လာႏိုင္ပါတယ္။

စာတမ္း အမ်ိဳးမ်ိဳး ထြက္လာပါတယ္။ အရပ္က ဘယ္အသက္အရြယ္အထိ ရွည္ ႏိုင္သလဲ ဆိုၿပီး၊ တခ်ိဳ႕ သုေတသန ေတြ မွာေတာ့ အသက္ ၂၅ အထိ ရွည္ တယ္လို႔ ေရးထားသလို တခ်ိဳ႕မွာ ေတာ့ ၁၈ ႏွစ္ အထိ ဆိုၿပီး ေဖာ္ျပထားပါတယ္။ ေသခ်ာတာကေတာ့ ဆယ္ေက်ာ္သက္ အရြယ္မွာေတာ့ အရပ္ရွည္ လာေအာင္လုပ္တာ အေကာင္းဆံုး၊ အျမန္ဆံုး၊ အထိေရာက္ဆံုး ျဖစ္ပါတယ္။

ဒါဆို ဘာေတြ စားသင့္သလဲ????

1. အသားဓါတ္ - အသားဓါတ္ကေတာ့ အေရး အႀကီးဆံုး ဓါတ္ တစ္မ်ိဳး ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ ကေလးေတြ အေနနဲ႔ ဆို တစ္ေန႔လံုး စာ အသားကို ၁၀ က်ပ္သား ကေန ၁၅ က်ပ္သား အထိစားသင့္ပါတယ္။

2. Vitamin C - ဗီတာမင္စီ ႂကြယ္ဝ တဲ့အစားအစာမ်ားကေတာ့ င႐ုတ္ပြ အနီ/အစိမ္း၊ စေတာ္ဘယ္ရီ၊ လိေမၼာ္၊ သံပုရာ၊ခရမ္းခ်ဥ္သီး၊ ပန္းပြင့္စိမ္း၊ ဇီးျဖဴသီး၊ ကိုက္လန္၊ မာလကာသီး၊ ဂရိတ္ဖ႐ုသီး တို႔ျဖစ္ပါတယ္။

3. Vitamin D - ဗီတာမင္ ဒီ ကေတာ့ ေနေရာင္ျခည္ကေန အဓိက ရပါတယ္။ အခုေနာက္ပိုင္း ႏို႔ေတြ ဆီရီယယ္ ေတြမွာလည္း ဗီတာမင္ဒီ ထပ္ျဖည့္ထားတာေတြကိုလည္းေတြ႕ရပါတယ္။

4. Calcium - ဒါကေတာ့ လူတိုင္းစိတ္ဝင္စား တဲ့ အရပ္ရွည္ေစမယ့္ သတၱဳပစၥည္း တစ္မ်ိဳးပါ။ ႏြားႏို႔၊ အ႐ိုးပါစားလို႔ရတဲ့ ငါးအေသးေလးမ်ား၊ ဒိန္ခ်ဥ္၊ ကိုက္လန္၊ ကန္ဇြန္း၊ ပန္းပြင့္စိမ္း၊ ငါးေသတၱာ စတာေတြကေတာ့ ကယ္ဆီယမ္ ဓါတ္ႂကြယ္ဝၾကပါတယ္။

5. ႏို႔ႏွင့္ ႏို႔ထြက္ ပစၥည္း မ်ား ကိုလည္းစားေပးသင့္ပါတယ္။ တခ်ိဳ႕ ႏြားႏို႔ မႀကိဳက္တဲ့ သူေတြ၊ ႏြားႏို႔ႏွင့္ မတည့္ တဲ့ သူေတြ အေနနဲ႔ ကေတာ့ ပဲႏို႔တို႔ ဒိန္ခ်ဥ္ တို႔ ေသာက္ေပးလို႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ညီညီေက်ာ္
# Unicode Version # ျဖင့္ ဖတ္ပါ #

အသက်ကြီးလာရင် ဝတာက ပိန်အောင်လုပ်လို့ရပေမယ့်၊ အရပ်ပုနေရင်တော့ ရှည်အောင် လုပ်လို့မရပါ။ အသက်အတိုင်းအတာ အကန့်အသက် တွေ ရှိပြန်တဲ့ အတွက် ကလေးငယ်ဘဝ နှင့် ဆယ်ကျော်သက် အရွယ် ကတည်းက အစားအစာကို စနစ်တကျကျွေးပေးပြီး သက်ဆိုင်ရာ လေ့ကျင့်ခန်း ကို လုပ်ပေးမယ်ဆိုရင် အရပ်ရှည်လာနိုင်ပါတယ်။

စာတမ်း အမျိုးမျိုး ထွက်လာပါတယ်။ အရပ်က ဘယ်အသက်အရွယ်အထိ ရှည် နိုင်သလဲ ဆိုပြီး၊ တချို့ သုတေသန တွေ မှာတော့ အသက် ၂၅ အထိ ရှည် တယ်လို့ ရေးထားသလို တချို့မှာ တော့ ၁၈ နှစ် အထိ ဆိုပြီး ဖော်ပြထားပါတယ်။ သေချာတာကတော့ ဆယ်ကျော်သက် အရွယ်မှာတော့ အရပ်ရှည် လာအောင်လုပ်တာ အကောင်းဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။

ဒါဆို ဘာတွေ စားသင့်သလဲ????

1. အသားဓါတ် - အသားဓါတ်ကတော့ အရေး အကြီးဆုံး ဓါတ် တစ်မျိုး ဖြစ်ပါတယ်။ ဆယ်ကျော်သက် ကလေးတွေ အနေနဲ့ ဆို တစ်နေ့လုံး စာ အသားကို ၁၀ ကျပ်သား ကနေ ၁၅ ကျပ်သား အထိစားသင့်ပါတယ်။

2. Vitamin C - ဗီတာမင်စီ ကြွယ်ဝ တဲ့အစားအစာများကတော့ ငရုတ်ပွ အနီ/အစိမ်း၊ စတော်ဘယ်ရီ၊ လိမ္မော်၊ သံပုရာ၊ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ဇီးဖြူသီး၊ ကိုက်လန်၊ မာလကာသီး၊ ဂရိတ်ဖရုသီး တို့ဖြစ်ပါတယ်။

3. Vitamin D - ဗီတာမင် ဒီ ကတော့ နေရောင်ခြည်ကနေ အဓိက ရပါတယ်။ အခုနောက်ပိုင်း နို့တွေ ဆီရီယယ် တွေမှာလည်း ဗီတာမင်ဒီ ထပ်ဖြည့်ထားတာတွေကိုလည်းတွေ့ရပါတယ်။

4. Calcium - ဒါကတော့ လူတိုင်းစိတ်ဝင်စား တဲ့ အရပ်ရှည်စေမယ့် သတ္တုပစ္စည်း တစ်မျိုးပါ။ နွားနို့၊ အရိုးပါစားလို့ရတဲ့ ငါးအသေးလေးများ၊ ဒိန်ချဉ်၊ ကိုက်လန်၊ ကန်ဇွန်း၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ စတာတွေကတော့ ကယ်ဆီယမ် ဓါတ်ကြွယ်ဝကြပါတယ်။

5. နို့နှင့် နို့ထွက် ပစ္စည်း များ ကိုလည်းစားပေးသင့်ပါတယ်။ တချို့ နွားနို့ မကြိုက်တဲ့ သူတွေ၊ နွားနို့နှင့် မတည့် တဲ့ သူတွေ အနေနဲ့ ကတော့ ပဲနို့တို့ ဒိန်ချဉ် တို့ သောက်ပေးလို့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ ညီညီကျော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top