အိုေသြးေတြရဲ႕ စိတ္ခံစားခ်က္မ်ား..

အိုေသြး ေတြဟာ တစ္ေယာက္ထဲ ေနထိုင္ရျခင္းကို ျမတ္ႏိုး ၾကပါတယ္။ ဒါေပမဲ့ ဘယ္သူကိုမွ မခင္တြယ္လို႔ မဟုတ္ပါဘူး။ အရမ္းကို ခင္မင္ရင္းႏွီး တတ္လို႔။ ကိုယ္ေၾကာင့္ သူတစ္ပါး စိတ္ဒုကၡ ေရာက္မွာ စိုးလို႔ တစ္ေယာက္ထဲ တိတ္တိတ္ေလး ေနထိုင္ေနၾကတာပါ။

ဘယ္ေလာက္ေတာင္ပဲ စိတ္ညစ္ေနပါေစ။ ကိုယ္ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းေတြ စိတ္ညစ္ေနတယ္ ဆိုတာ သိတာနဲ႔ ကိုယ္ရဲ႕ စိတ္ညစ္ေနတဲ့ ေဝဒနာမ်ားကို ေဘးခဏ ထားၿပီေတာ့ တျခားလူ ေပ်ာ္႐ႊင္လာေအာင္ အဆင္ေျပေအာင္ ကူညီေပး တတ္ပါတယ္။

တစ္ခါတေလမွာ သူငယ္ခ်င္းေတြ အေပၚ ႏြဲ႕ဆိုး ဆိုးေပမဲ့ ရစ္တတ္ၾကေပမဲ့ အနစ္အနာ အရမ္း ခံတတ္တဲ့ စိတ္ေၾကာင့္ သူငယ္ခ်င္းမ်ားက အရမ္း ခင္မင္ေန ၾကပါတယ္။ တခါ တစ္ခါ ႐ုပ္တည္နဲ႔လည္း ေဆးထိုးတတ္ ၾကပါေသးတယ္။

ကိုယ္နဲ႔ မသိတဲ့ လူေတြ ေရွ႕မွာ တည္တည္တံ့တံ့ ေနထိုင္တတ္ ၾကေပမဲ့ တကယ္ ခင္မင္သူမ်ားနဲ႔ဆိုရင္ ရယ္ေမာ ၿပဳံးေပ်ာ္စြာ ေနထိုင္တတ္ၾကပါတယ္။ ဘယ္အလုပ္တစ္ခုကို လုပ္တဲ့ အခ်ိန္ ျဖစ္ပါေစ အခ်ိန္ကို ေလးစားတတ္ၾကပါတယ္။

ႏွလုံးသားက အရမ္း ႏူးညံ့ပါတယ္။ စိတ္ခံစားရတာလည္း အရမ္းလြယ္သလို ခု စိတ္ညစ္ေနတယ္ ခဏေန ဟန္ေဆာင္ၿပီးေတာ့ ေပ်ာ္႐ႊင္ေနသလို ေနျပတတ္ပါတယ္။ အိုေသြး ျဖစ္လာၿပီ ဆိုတာနဲ႔ အသက္ ၂၀ ကေန ၃၅ ႏွစ္အထိ အခ်စ္ေရး စန္းပြင့္တတ္ပါတယ္။

ဒါေပမဲ့ ကိုယ္အေပၚ အေလးအနက္ မထားတဲ့ လူမ်ားကိုသာ ေတြ႕ႀကဳံေနရပါတယ္။ ကိုယ္စတိုင္လ္နဲ႔ ကို ေနတတ္ၾကလို႔ အိုေသြးမ်ားကို တျခား လူမ်ားက အေန ေအးတယ္ ေသြးေအးတယ္လို႔ ထင္မွတ္ၾကပါတယ္။

အိုေသြးေတြ ေဒါသ ထြက္လာတဲ့ အခါမ်ိဳးဆို အိုေသြး ကိုယ္တိုင္ေတာင္ ထိန္းခ်ဳပ္ရတာ ခက္ခဲၾကပါတယ္။ ငယ္စဥ္ ကေလး ဘဝထဲက ယေန႔ အခ်ိန္ထိ စိတ္နာေအာင္ ခံစားရေအာင္ လုပ္တဲ့ သူေတြကို မွတ္သားထားေလ့ ရွိၾကပါတယ္။

အိုေသြးေတြရဲ႕ အတြင္းက်တဲ့ စိတ္ဟာ သူတစ္ပါးကို စိတ္ညစ္ေစမယ့္ အလုပ္မ်ိဳး လုံးဝ မလုပ္ခ်င္ၾကပါဘူး။ သံေယာဇဥ္ အရမ္းႀကီးတယ္။ စိတ္နာသြားရင္ လွည့္မၾကည့္ တတ္ဘူး။ ဘယ္ေလာက္ပဲ စိတ္ညစ္ေနပါေစ ဟန္ေဆာင္ၿပီေတာ့ ေနထိုင္ တတ္ၾကပါတယ္။

အိုေသြးေတြ ေပ်ာ္႐ႊင္က်န္းမာ စိတ္ခ်မ္းသာ လိုအင္ဆႏၵမ်ား ျပည့္ဝၾကပါေစ လို႔ ေတာင္းဆုျပဳပါတယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:J2
# Unicode Version # ျဖင့္ ဖတ္ပါ #

အိုသွေးတွေရဲ့ စိတ်ခံစားချက်များ..

အိုသွေး တွေဟာ တစ်ယောက်ထဲ နေထိုင်ရခြင်းကို မြတ်နိုး ကြပါတယ်။ ဒါပေမဲ့ ဘယ်သူကိုမှ မခင်တွယ်လို့ မဟုတ်ပါဘူး။ အရမ်းကို ခင်မင်ရင်းနှီး တတ်လို့။ ကိုယ်ကြောင့် သူတစ်ပါး စိတ်ဒုက္ခ ရောက်မှာ စိုးလို့ တစ်ယောက်ထဲ တိတ်တိတ်လေး နေထိုင်နေကြတာပါ။

ဘယ်လောက်တောင်ပဲ စိတ်ညစ်နေပါစေ။ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ စိတ်ညစ်နေတယ် ဆိုတာ သိတာနဲ့ ကိုယ်ရဲ့ စိတ်ညစ်နေတဲ့ ဝေဒနာများကို ဘေးခဏ ထားပြီတော့ တခြားလူ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေး တတ်ပါတယ်။

တစ်ခါတလေမှာ သူငယ်ချင်းတွေ အပေါ် နွဲ့ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေ ကြပါတယ်။ တခါ တစ်ခါ ရုပ်တည်နဲ့လည်း ဆေးထိုးတတ် ကြပါသေးတယ်။

ကိုယ်နဲ့ မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင်တတ် ကြပေမဲ့ တကယ် ခင်မင်သူများနဲ့ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင်တတ်ကြပါတယ်။ ဘယ်အလုပ်တစ်ခုကို လုပ်တဲ့ အချိန် ဖြစ်ပါစေ အချိန်ကို လေးစားတတ်ကြပါတယ်။

နှလုံးသားက အရမ်း နူးညံ့ပါတယ်။ စိတ်ခံစားရတာလည်း အရမ်းလွယ်သလို ခု စိတ်ညစ်နေတယ် ခဏနေ ဟန်ဆောင်ပြီးတော့ ပျော်ရွှင်နေသလို နေပြတတ်ပါတယ်။ အိုသွေး ဖြစ်လာပြီ ဆိုတာနဲ့ အသက် ၂၀ ကနေ ၃၅ နှစ်အထိ အချစ်ရေး စန်းပွင့်တတ်ပါတယ်။

ဒါပေမဲ့ ကိုယ်အပေါ် အလေးအနက် မထားတဲ့ လူများကိုသာ တွေ့ကြုံနေရပါတယ်။ ကိုယ်စတိုင်လ်နဲ့ ကို နေတတ်ကြလို့ အိုသွေးများကို တခြား လူများက အနေ အေးတယ် သွေးအေးတယ်လို့ ထင်မှတ်ကြပါတယ်။

အိုသွေးတွေ ဒေါသ ထွက်လာတဲ့ အခါမျိုးဆို အိုသွေး ကိုယ်တိုင်တောင် ထိန်းချုပ်ရတာ ခက်ခဲကြပါတယ်။ ငယ်စဉ် ကလေး ဘဝထဲက ယနေ့ အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူတွေကို မှတ်သားထားလေ့ ရှိကြပါတယ်။

အိုသွေးတွေရဲ့ အတွင်းကျတဲ့ စိတ်ဟာ သူတစ်ပါးကို စိတ်ညစ်စေမယ့် အလုပ်မျိုး လုံးဝ မလုပ်ချင်ကြပါဘူး။ သံယောဇဉ် အရမ်းကြီးတယ်။ စိတ်နာသွားရင် လှည့်မကြည့် တတ်ဘူး။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ဟန်ဆောင်ပြီတော့ နေထိုင် တတ်ကြပါတယ်။

အိုသွေးတွေ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ လို့ တောင်းဆုပြုပါတယ်..

ဖိုးသူတော် (www.phothutaw.com)
Credit:J2
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top