ကိုုယ္႔ခ်စ္သူ၊ ကိုုယ္႔ဇနီးသည္အေပၚ တန္ဖိုုးထားၿပီး ခ်စ္လာတဲ႕ အမ်ိဳးသားေတြမွာ သာမန္အမိ်ဳးသားေတြနဲ႕မတူတဲ႕ ထူးျခားတဲ႕ စြမ္းရည္ေတြ ရွိတယ္လိုု႕ ေျပာရင္ လက္ခံၾကမလား မသိဘူး။

ဒါဟာ ေယာက်ၤားေတြကိုု သူတိုု႕မိန္းမေတြအေပၚ ပိုုခ်စ္လာေအာင္ ေျပာတဲ႕စကားလိုု႔သာ ထင္မွတ္ၾကမယ္ ထင္တယ္။

က်မကေတာ႕ အဲဒီလိုု မယူဆပါဘူး၊ ခ်စ္သူဇနီးသည္အေပၚကိုု ခ်စ္တဲ႕အတြက္ အေလးအထားတတ္တဲ႕ ခင္ပြန္းေယာက်ၤားေတြက အျခားသာမန္ေယာက်ၤားေတြနဲ႕ မတူတဲ႕စြမ္းရည္ေတြ ပိုုင္ဆိုုင္ေနတယ္ ဆိုုတာ တကယ္ပါပဲ။

အိမ္ျပန္ေနာက္က်မွာကိုု ဖုုန္းဆက္ၿပီး အိမ္က မိန္းမကိုု လွမ္းေျပာတတ္တဲ႕ခင္ပြန္းေတြရဲ႕စိတ္ကိုု ေတြးၾကည္႔ပါ။

ကိုုယ္႔ခင္ပြန္းသည္ကိုု အိမ္ျပန္ေနာက္က်တာကိုု စိတ္မပူတဲ႕ဇနီးဆိုုတာ ေလာကမွာ မရွိပါဘူး။

ေနာက္က်မယ္ဆိုုရင္ ဖုုန္းဆက္ၿပီး ေျပာတတ္တဲ႕ သူက သူ႕ဇနီး စိတ္ပူေနမွာကိုု စိုုးရိမ္လိုု႕ပါ၊

ဇနီးစိုုးရိမ္မွာကိုု စိတ္ပူတဲ႕အတြက္ အခ်ိန္မွန္အိမ္ျပန္ႏိုုင္ေအာင္ သူတိုု႕ ၾကိဳးစားၾကပါတယ္။

အေၾကာင္းေၾကာင္းေၾကာင္႔ လမ္းပိတ္ခဲ႕ရင္ေတာင္မွ သူတိုု႕ရဲ႕အိမ္ျပန္ခ်ိန္ဟာ ညနက္သန္ေခါင္ထိေတာ႕ ေရာက္မသြားတတ္ပါဘူး။

ဒါကိုု ေတြးၾကည္႔ေတာ႕ ဇနီးသည္ စိတ္ပူေနမွာကိုု စိုုးရိမ္တတ္တဲ႕သူ႕ရဲ႕စိတ္ကိုု သူ႕ကိုု အခ်ိန္မွန္ေစခဲ႕တယ္၊

သူတုုိ႕ကိုုယ္ သူတိုု႕ ထိန္းသိမ္းမိေစတာလိုု႕နားလည္လိုု႕ရပါတယ္။

ဇနီးသည္ကိုု ကူညီေပးခ်င္တဲ႕စိတ္၊ စားေကာင္းေစခ်င္တဲ႕ ေစတနာနဲ႕မီးဖိုုေခ်ာင္၀င္ေပးတတ္တဲ႕ အမ်ိဳးသားေတြဟာ သူတိုု႕ရဲ႕ဟင္းခ်က္လက္ရာ ေကာင္းၿပီး စားေကာင္းေသာက္ဖြယ္ေတြကိုု ခ်က္ျပဳတ္ႏိုုင္ၾကတယ္ေလ။

ဇနီးသည္တစ္ေယာက္တည္း မီးဖိုုေခ်ာင္ေရာ အိမ္သန္႔ရွင္းေရးပါ လုုပ္ရတာကိုု မၾကည္႔ရက္လိုု႕အိမ္အခန္းတြင္း သန္႕ရွင္းေရး လုုပ္ေပးတတ္တဲ႕ ခင္ပြန္းသည္ေတြဟာ

သန္႕ရွင္း သပ္ရပ္စြာ ေနထိုုင္တတ္တဲ႕ အေလ႔အက်င္႔ျဖစ္သြားၿပီး လုုပ္ငန္းခြင္မွာလည္း သန္႕ရွင္းသပ္ရပ္စြာ ေနထိုုင္တတ္တဲ႕အမ်ိဳးသားေတြ ျဖစ္လာတာ ေတြ႕ရပါတယ္။

ေနာက္တစ္ခ်က္ကေတာ႕ ဇနီးနဲ႕သားသမီးေတြ ပူပင္စိုုးရိမ္မွာ စိုုးရိမ္တတ္တဲ႕ ခင္ပြန္းေတြက အလုုပ္နဲ႕ အိမ္က လြဲၿပီး အျခားတစ္ေနရာမွာ အခ်ိန္ျဖဳန္းေလ႔မရွိပါဘူး။

ေပ်ာ္စရာရွိရင္လည္း မိသားစုုနဲ႕အတူတူ မ ွ်ေ၀ေပ်ာ္ရႊင္တာပါ။ အျပင္မွာေပ်ာ္ဖိုု႕ ဆိုုတာကိုု သူတိုု႕ ေတြးရင္ေတာင္မွ အိမ္က မိန္းမနဲ႕ ကေလးေတြ စိတ္ပူေနလိမ္႔မယ္၊

သိသြားရင္ သူတိုု႕စိတ္မေကာင္းျဖစ္လိမ္႔မယ္ဆိုုတဲ႕ စိတ္နဲ႕…သူတိုု႕ရဲ႕အေပ်ာ္ဟာမိသားစုုနဲ႕ အတူတူပဲျဖစ္ေလ႔ရွိပါတယ္။

အဲဒီလိုု အလုုပ္နဲ႕အိမ္မွာ ျမဲတတ္တဲ႕အမ်ိဳးသားေတြက မလိုုလားအပ္တဲ႕ ျပႆနာ ေတြ ကင္းေ၀းတတ္ၾကတယ္၊

ကိုုယ္႔၀င္ေငြအားလံုုးဟာမိသားစုု အတြက္ ျဖစ္လာတယ္။ မိသားစုုနဲ႕ အတူတူ မ ွ်ေ၀ေပ်ာ္ရႊင္တဲ႕အိမ္ေထာင္ေရး ျဖစ္လာတယ္။

ဇနီးသည္နဲ႕သားသမီးေတြရဲ႕ ယံုုၾကည္မႈ အျပင္ ေလးစားၾကည္ညိဳမႈကိုု အျပည္႔ရရွိေစတယ္။

တကယ္ေတာ႕ သူတိုု႕အေနနဲ႕ မိသားစုု၀င္ေတြရဲ႕ ေလးစားၾကည္ညိဳမႈကိုု လိုုခ်င္လိုု႕လုုပ္ၾကတာ မဟုုတ္ပါဘူး၊

သူတိုု႕အေနနဲ႕ ဇနီးနဲ႕သားသမီးေတြ စိတ္ဆင္းရဲရမွာ စိုုးလိုု႕သူ႕ကိုုယ္သူ ထိန္းရင္းနဲ႕…တည္ေဆာက္ႏိုုင္သြားၾကတာလိုု႕ က်မကေတာ႕ယူဆမိပါတယ္။

ေနာက္တစ္ခ်က္ကေတာ႕ သူ ေက်ာင္းသားဘ၀တုုန္းက ေဆးလိပ္ေသာက္ပါတယ္။

အိမ္ေထာင္က်ေတာ႕ သူ႕ ေဆးလိပ္နံ႕က က်မကိုု ရင္ၾကပ္ပါတယ္။ အနံ႕မခံႏိုုင္လိုု႕ပါ၊

ဒါေပမဲ႕ သူ႕ကိုု မေျပာရက္လိုု႕ ေအာင္႔ၿပီး သည္းခံေနခဲ႕ပါတယ္။ ဒါေပမဲ႕လည္း သူ သိသြားခဲ႕တာပါပဲ။

အဲဒါေၾကာင္႕ေဆးလိပ္ျဖတ္ခဲ႕တာ ၾကာၿပီ။ ေဆးလိပ္ျဖတ္လိုုက္တဲ႕အတြက္ က်မ သူ႕ကိုုေ က်းဇူးတင္လိုု႕မဆံုုးပါဘူး။

သူကေတာ႕ ေျပာပါတယ္၊ ရင္ၾကပ္ေနတာကိုု မၾကည္႔ရက္လိုု႕ ေဆးလိပ္ျဖတ္တာပါတဲ႕၊

အဲလိုု ေဆးလိပ္ျဖတ္လိုုက္တဲ႕အတြက္ သူ က်န္းမာေရး ပိုုေကာင္းလာခဲ႕တယ္။ အေမာခံႏိုုင္လာတယ္၊ လုုပ္ငန္းခြင္မွာလည္း အခ်ိန္ျပည္႔ အာရံုုစုုိက္ႏိုုင္လာခဲ႕တယ္။

ေက်ာင္းသားဘ၀တုုန္းက အရက္ေသာက္ခဲ႕ေပမဲ႕ ဇနီးျဖစ္သူ အနံ႕ဆိုုးရရင္ ေနမေကာင္းျဖစ္တတ္လိုု႕ မေသာက္ေတာ႕တဲ႕ အမ်ိဳးသားေတြလည္း ရွိတာ ေတြ႕ဖူးျမင္ဖူးပါတယ္။

ၿပီးေတာ႕ သ၀န္တိုုတတ္တဲ႕ ကိုုယ္႔ဇနီး စိတ္ဆင္းရဲမွာ စိုုးလိုု႕ ဆိုုၿပီး လုုပ္ငန္းခြင္မွာ အျခားမိန္းကေလးေတြနဲ႕နည္းနည္းကပ္ကပ္ေနတာကိုု

ေရွာင္ရွားရင္း ပတ္၀န္းက်င္မွာ တည္ၾကည္သိကၡာရွိတဲ႕ ပံုုရိပ္ကိုု တည္ေဆာက္ႏုုိင္တဲ႕ အမ်ိဳးသားေတြလည္း ရွိတယ္။

သူတိုု႕စိတ္ထဲမွာ သူတိုု႕ဇနီးစိတ္ဆင္းရဲမွာကိုု ပူပင္လိုု႕အေနအထိုုင္ဆင္ျခင္ရာကေန ေကာင္းမြန္တဲ႕ပံုုရိပ္ကိုု တည္ေဆာက္ႏိုုင္သြားၾကတယ္လိုု႕လည္း ဆိုုႏိုုင္ပါတယ္။

ဒီအခ်က္ေတြကိုုေတြးမိေတာ႕ ကိုုယ္႔ခ်စ္သူ၊ ကိုုယ္႕ဇနီးသည္အေပၚ ဂရုုစိုုက္ၿပီး အေလးထားေပးတတ္တဲ႕ အမ်ိဳးသားေတြဟာ

သူတိုု႕ရဲ႕ေကာင္းမြန္မႈေတြကိုုလည္း တည္ေဆာက္ၿပိီးသား ျဖစ္သြားတဲ႕အတြက္ အျခားအမ်ိဳးသားေတြထက္ ပိုုမိုုသာလြန္တဲ႕ တကိုုယ္ေရ စြမ္းရည္ေတြ တက္လာတယ္ဆိုုတာကိုု က်မ လက္ခံသြားႏိုုင္ခဲ႕တယ္။

ကိုုယ္႔ရဲ႕ဇနီး ခ်စ္သူအေပၚမွာ ထိခိုုက္မွာစိုုးလိုု႕ဂရုုစိုုက္ေပးတတ္တဲ႕အမ်ိဳးသားေတြဟာ သူတုုိ႕ကိုုယ္ သူတိုု႕လည္း ထိန္းထားၿပီးသား ျဖစ္သြားၾကသလိုု၊

ေကာင္းမြန္တဲ႕ပံုုရိပ္ေတြကိုုလည္း တည္ေဆာက္ၿပီးသား ျဖစ္သြားၾကပါတယ္။

တစ္နည္းအားျဖင္႔လည္း လုုပ္ငန္းခြင္မွာေရာ မိသားစုု ဘ၀မွာပါေအးခ်မ္းေအာင္ျမင္တဲ႕ ဘ၀ေတြကိုု ပိုုင္ဆိုုင္လာႏိုု္င္ၾကတယ္လိုု႕ ေျပာႏိုုင္ပါတယ္။

ကိုုယ္႔ခ်စ္သူ ဇနီးသည္ကိုု အေလးထားဂရုုစိုုက္တတ္တဲ႕ အမ်ိဳးသားမ်ားအားလံုုးကိုု ေလးစားပါတယ္။

မတူတဲ႕အျမင္မ်ားရွိရင္လည္းေ ဆြးေႏြးေပးပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမသၾကၤန္ဟိန္(ျမစ္မခ)
# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးသည်အပေါ် တန်ဖိုးထားပြီး ချစ်လာတဲ့ အမျိုးသားတွေမှာ သာမန်အမျိုးသားတွေနဲ့မတူတဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ပြောရင် လက်ခံကြမလား မသိဘူး။

ဒါဟာ ယောင်္ကျားတွေကို သူတို့မိန်းမတွေအပေါ် ပိုချစ်လာအောင် ပြောတဲ့စကားလို့သာ ထင်မှတ်ကြမယ် ထင်တယ်။

ကျမကတော့ အဲဒီလို မယူဆပါဘူး၊ ချစ်သူဇနီးသည်အပေါ်ကို ချစ်တဲ့အတွက် အလေးအထားတတ်တဲ့ ခင်ပွန်းယောင်္ကျားတွေက အခြားသာမန်ယောင်္ကျားတွေနဲ့ မတူတဲ့စွမ်းရည်တွေ ပိုင်ဆိုင်နေတယ် ဆိုတာ တကယ်ပါပဲ။

အိမ်ပြန်နောက်ကျမှာကို ဖုန်းဆက်ပြီး အိမ်က မိန်းမကို လှမ်းပြောတတ်တဲ့ခင်ပွန်းတွေရဲ့စိတ်ကို တွေးကြည့်ပါ။

ကိုယ့်ခင်ပွန်းသည်ကို အိမ်ပြန်နောက်ကျတာကို စိတ်မပူတဲ့ဇနီးဆိုတာ လောကမှာ မရှိပါဘူး။

နောက်ကျမယ်ဆိုရင် ဖုန်းဆက်ပြီး ပြောတတ်တဲ့ သူက သူ့ဇနီး စိတ်ပူနေမှာကို စိုးရိမ်လို့ပါ၊

ဇနီးစိုးရိမ်မှာကို စိတ်ပူတဲ့အတွက် အချိန်မှန်အိမ်ပြန်နိုင်အောင် သူတို့ ကြိုးစားကြပါတယ်။

အကြောင်းကြောင်းကြောင့် လမ်းပိတ်ခဲ့ရင်တောင်မှ သူတို့ရဲ့အိမ်ပြန်ချိန်ဟာ ညနက်သန်ခေါင်ထိတော့ ရောက်မသွားတတ်ပါဘူး။

ဒါကို တွေးကြည့်တော့ ဇနီးသည် စိတ်ပူနေမှာကို စိုးရိမ်တတ်တဲ့သူ့ရဲ့စိတ်ကို သူ့ကို အချိန်မှန်စေခဲ့တယ်၊

သူတို့ကိုယ် သူတို့ ထိန်းသိမ်းမိစေတာလို့နားလည်လို့ရပါတယ်။

ဇနီးသည်ကို ကူညီပေးချင်တဲ့စိတ်၊ စားကောင်းစေချင်တဲ့ စေတနာနဲ့မီးဖိုချောင်ဝင်ပေးတတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ဟင်းချက်လက်ရာ ကောင်းပြီး စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်နိုင်ကြတယ်လေ။

ဇနီးသည်တစ်ယောက်တည်း မီးဖိုချောင်ရော အိမ်သန့်ရှင်းရေးပါ လုပ်ရတာကို မကြည့်ရက်လို့အိမ်အခန်းတွင်း သန့်ရှင်းရေး လုပ်ပေးတတ်တဲ့ ခင်ပွန်းသည်တွေဟာ

သန့်ရှင်း သပ်ရပ်စွာ နေထိုင်တတ်တဲ့ အလေ့အကျင့်ဖြစ်သွားပြီး လုပ်ငန်းခွင်မှာလည်း သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တဲ့အမျိုးသားတွေ ဖြစ်လာတာ တွေ့ရပါတယ်။

နောက်တစ်ချက်ကတော့ ဇနီးနဲ့သားသမီးတွေ ပူပင်စိုးရိမ်မှာ စိုးရိမ်တတ်တဲ့ ခင်ပွန်းတွေက အလုပ်နဲ့ အိမ်က လွဲပြီး အခြားတစ်နေရာမှာ အချိန်ဖြုန်းလေ့မရှိပါဘူး။

ပျော်စရာရှိရင်လည်း မိသားစုနဲ့အတူတူ မ ျှဝေပျော်ရွှင်တာပါ။ အပြင်မှာပျော်ဖို့ ဆိုတာကို သူတို့ တွေးရင်တောင်မှ အိမ်က မိန်းမနဲ့ ကလေးတွေ စိတ်ပူနေလိမ့်မယ်၊

သိသွားရင် သူတို့စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့…သူတို့ရဲ့အပျော်ဟာမိသားစုနဲ့ အတူတူပဲဖြစ်လေ့ရှိပါတယ်။

အဲဒီလို အလုပ်နဲ့အိမ်မှာ မြဲတတ်တဲ့အမျိုးသားတွေက မလိုလားအပ်တဲ့ ပြဿနာ တွေ ကင်းဝေးတတ်ကြတယ်၊

ကိုယ့်ဝင်ငွေအားလုံးဟာမိသားစု အတွက် ဖြစ်လာတယ်။ မိသားစုနဲ့ အတူတူ မ ျှဝေပျော်ရွှင်တဲ့အိမ်ထောင်ရေး ဖြစ်လာတယ်။

ဇနီးသည်နဲ့သားသမီးတွေရဲ့ ယုံကြည်မှု အပြင် လေးစားကြည်ညိုမှုကို အပြည့်ရရှိစေတယ်။

တကယ်တော့ သူတို့အနေနဲ့ မိသားစုဝင်တွေရဲ့ လေးစားကြည်ညိုမှုကို လိုချင်လို့လုပ်ကြတာ မဟုတ်ပါဘူး၊

သူတို့အနေနဲ့ ဇနီးနဲ့သားသမီးတွေ စိတ်ဆင်းရဲရမှာ စိုးလို့သူ့ကိုယ်သူ ထိန်းရင်းနဲ့…တည်ဆောက်နိုင်သွားကြတာလို့ ကျမကတော့ယူဆမိပါတယ်။

နောက်တစ်ချက်ကတော့ သူ ကျောင်းသားဘဝတုန်းက ဆေးလိပ်သောက်ပါတယ်။

အိမ်ထောင်ကျတော့ သူ့ ဆေးလိပ်နံ့က ကျမကို ရင်ကြပ်ပါတယ်။ အနံ့မခံနိုင်လို့ပါ၊

ဒါပေမဲ့ သူ့ကို မပြောရက်လို့ အောင့်ပြီး သည်းခံနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ သိသွားခဲ့တာပါပဲ။

အဲဒါကြောင့်ဆေးလိပ်ဖြတ်ခဲ့တာ ကြာပြီ။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကျမ သူ့ကိုေ ကျးဇူးတင်လို့မဆုံးပါဘူး။

သူကတော့ ပြောပါတယ်၊ ရင်ကြပ်နေတာကို မကြည့်ရက်လို့ ဆေးလိပ်ဖြတ်တာပါတဲ့၊

အဲလို ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် သူ ကျန်းမာရေး ပိုကောင်းလာခဲ့တယ်။ အမောခံနိုင်လာတယ်၊ လုပ်ငန်းခွင်မှာလည်း အချိန်ပြည့် အာရုံစိုက်နိုင်လာခဲ့တယ်။

ကျောင်းသားဘဝတုန်းက အရက်သောက်ခဲ့ပေမဲ့ ဇနီးဖြစ်သူ အနံ့ဆိုးရရင် နေမကောင်းဖြစ်တတ်လို့ မသောက်တော့တဲ့ အမျိုးသားတွေလည်း ရှိတာ တွေ့ဖူးမြင်ဖူးပါတယ်။

ပြီးတော့ သဝန်တိုတတ်တဲ့ ကိုယ့်ဇနီး စိတ်ဆင်းရဲမှာ စိုးလို့ ဆိုပြီး လုပ်ငန်းခွင်မှာ အခြားမိန်းကလေးတွေနဲ့နည်းနည်းကပ်ကပ်နေတာကို

ရှောင်ရှားရင်း ပတ်ဝန်းကျင်မှာ တည်ကြည်သိက္ခာရှိတဲ့ ပုံရိပ်ကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိတယ်။

သူတို့စိတ်ထဲမှာ သူတို့ဇနီးစိတ်ဆင်းရဲမှာကို ပူပင်လို့အနေအထိုင်ဆင်ခြင်ရာကနေ ကောင်းမွန်တဲ့ပုံရိပ်ကို တည်ဆောက်နိုင်သွားကြတယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒီအချက်တွေကိုတွေးမိတော့ ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးသည်အပေါ် ဂရုစိုက်ပြီး အလေးထားပေးတတ်တဲ့ အမျိုးသားတွေဟာ

သူတို့ရဲ့ကောင်းမွန်မှုတွေကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားတဲ့အတွက် အခြားအမျိုးသားတွေထက် ပိုမိုသာလွန်တဲ့ တကိုယ်ရေ စွမ်းရည်တွေ တက်လာတယ်ဆိုတာကို ကျမ လက်ခံသွားနိုင်ခဲ့တယ်။

ကိုယ့်ရဲ့ဇနီး ချစ်သူအပေါ်မှာ ထိခိုက်မှာစိုးလို့ဂရုစိုက်ပေးတတ်တဲ့အမျိုးသားတွေဟာ သူတို့ကိုယ် သူတို့လည်း ထိန်းထားပြီးသား ဖြစ်သွားကြသလို၊

ကောင်းမွန်တဲ့ပုံရိပ်တွေကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားကြပါတယ်။

တစ်နည်းအားဖြင့်လည်း လုပ်ငန်းခွင်မှာရော မိသားစု ဘဝမှာပါအေးချမ်းအောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်လာနိုင်ကြတယ်လို့ ပြောနိုင်ပါတယ်။

ကိုယ့်ချစ်သူ ဇနီးသည်ကို အလေးထားဂရုစိုက်တတ်တဲ့ အမျိုးသားများအားလုံးကို လေးစားပါတယ်။

မတူတဲ့အမြင်များရှိရင်လည်းေ ဆွးနွေးပေးပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: မေသြင်္ကန်ဟိန်(မြစ်မခ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top