“ကလင္ ကလင္” “ဟဲ႕ ပလုပ္တုတ္” နာရီၾကည့္လိုက္ေတာ့ ည (၁)နာရီတိတိ ဖုန္းမွာက ခ်စ္သူ႕နံမည္ ‘မ’ ဟင္ ဘာျဖစ္တာလဲေပါ့ “ေမာင္ ဘယ္မွာလဲ” စစ္ေဆးေရးမွဴးေလသံနဲ႕ “ငင့္ အိမ္မွာေလ အခုပဲ ‘မ’ ဖုန္းလာလို႕ႏိုးတာ”

“ဟုတ္ရဲ႕လား” “ဗ်ာ” “ေတြ႕လား အိပ္မႈံ႕စုန္မႊားသံလည္း မဟုတ္ဘူး” တစ္ခါမွ မၾကားဘူးေသာ အဘိဓာန္ အိပ္မႈံ႕စုန္မႊားသံက အဘယ္နည္း ဒင္းေတာ့ မေမးရဲ ျမန္မာစာ ဆရာနဲ႕ေတြ႕က ေမးရန္မွတ္ထားရမည္။

” ‘မ’ ဖုန္းလာလာခ်င္း ကိုင္လိုက္တာေလ” “ဒါဆို သက္ေသျပ” “ငွယ္” “ဘယ္လို ျပရမွာလဲ” “video call ေခၚျပ” “အင္းပါ” ေခၚျပလိုက္ေတာ့ “ေမွာင္မည္းေနတာပဲ ဘာမွ မျမင္ရဘူး” “ဟင္” “ဒါဆို” “မီးဖြင့္ေလ” “ကလစ္” အေရးအေၾကာင္းဆို ဒင္းက တေမွာင့္

” ‘မ’ မီးပ်က္ေနတယ္” “ေမာင္ ေနာ္ ‘မ’ အိမ္မက္အတိုင္းျဖစ္ေနျပီလား” “ဗ်ာ” သူ႕အိမ္မက္ကို ေက်ာ္ ကသိစရာလား “ေမာင္ အိမ္မွာမရွိဘူးလို႕ အိမ္မက္မက္လို႕” “ငင့္” အဲဒီ အိမ္မက္ေပးနတ္ေတာ့ ငါနဲ႕ေတြ႕ေတာ့မယ္။ ဒါသက္သက္ ဝင္ေညွာင့္တာ အားေန ထီဂဏန္းလာေပးပလား မဟုတ္တာေတာ့ တတ္ပ။

“အိမ္မွာပါ မ ရယ္” “ဒါဆို ပန္းကန္တီးျပ” “ငင့္” ဒီအခ်ိန္ၾကီး အိမ္က ေခါင္းနဲ႕ဆင္းရေအာင္ ဒင္းၾကံစည္သလားမွတ္ရတယ္ ေျခလုံေအာင္ ေအာက္ထပ္ဆင္းရင္း “ကလြမ္ ကလြမ္” “ဆိုင္က ပန္းကန္မဟုတ္လား” “ဗ်ာ” “ဟုတ္ေနပါျပီ”

“ဟင္ မဟုတ္ပါဘူး ‘မ’ ရယ္” ဒါဆို ဒယ္အိုးတီးျပ “ငင့္” ငါ့ ေတာ့တြယ္ခံရေတာ့မွာပဲ မတတ္ႏိုင္ ရွိစု မဲ႕စုရည္းစားေလးေတာ့ မျပတ္ႏိုင္ “ဂြမ္” “ေမာင္ ဒယ္အိုးအသံက တိုးတယ္” “ငွယ္” မထူးပါဘူးဆိုျပီး မီးဖိုထဲ ရွိသမ်ွအိုးေတြ အကုန္ တစ္လုံးခ်င္း တီးလိုက္ေတာ့ “ခ်စ္ထွာ ေမာင္ မြစိ မြစိ” “ဂြမ္ ကလြမ္ တြမ္ တန္”

အံမယ္ Iron cross အဖြဲ႕ေတာင္ ခန္႔မင္းညိဳနဲ႕ေတြ႕ရင္ ထမင္းငတ္ေလာက္တယ္။ “ေမာင္ အရမ္းေတာ္တယ္ ခ်စ္ထွာ မြစိ မြစိ” ဒင္းက ဖုန္းထဲက ေျမွာက္ေပးေလ၊ ေက်ာ္ ကတီးေလ၊ ခဏၾကာေတာ့ “ေရာ့ သား ဒီအသံေလးပါထည့္လိုက္” ဆိုၿပီးအေဖ့ အသံ အဆုံး “ခြပ္”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ခန္႔မင္းညဳိ
# Unicode Version # ျဖင့္ ဖတ္ပါ #

“ကလင် ကလင်” “ဟဲ့ ပလုပ်တုတ်” နာရီကြည့်လိုက်တော့ ည (၁)နာရီတိတိ ဖုန်းမှာက ချစ်သူ့နံမည် ‘မ’ ဟင် ဘာဖြစ်တာလဲပေါ့ “မောင် ဘယ်မှာလဲ” စစ်ဆေးရေးမှူးလေသံနဲ့ “ငင့် အိမ်မှာလေ အခုပဲ ‘မ’ ဖုန်းလာလို့နိုးတာ”

“ဟုတ်ရဲ့လား” “ဗျာ” “တွေ့လား အိပ်မှုံ့စုန်မွှားသံလည်း မဟုတ်ဘူး” တစ်ခါမှ မကြားဘူးသော အဘိဓာန် အိပ်မှုံ့စုန်မွှားသံက အဘယ်နည်း ဒင်းတော့ မမေးရဲ မြန်မာစာ ဆရာနဲ့တွေ့က မေးရန်မှတ်ထားရမည်။

” ‘မ’ ဖုန်းလာလာချင်း ကိုင်လိုက်တာလေ” “ဒါဆို သက်သေပြ” “ငှယ်” “ဘယ်လို ပြရမှာလဲ” “video call ခေါ်ပြ” “အင်းပါ” ခေါ်ပြလိုက်တော့ “မှောင်မည်းနေတာပဲ ဘာမှ မမြင်ရဘူး” “ဟင်” “ဒါဆို” “မီးဖွင့်လေ” “ကလစ်” အရေးအကြောင်းဆို ဒင်းက တမှောင့်

” ‘မ’ မီးပျက်နေတယ်” “မောင် နော် ‘မ’ အိမ်မက်အတိုင်းဖြစ်နေပြီလား” “ဗျာ” သူ့အိမ်မက်ကို ကျော် ကသိစရာလား “မောင် အိမ်မှာမရှိဘူးလို့ အိမ်မက်မက်လို့” “ငင့်” အဲဒီ အိမ်မက်ပေးနတ်တော့ ငါနဲ့တွေ့တော့မယ်။ ဒါသက်သက် ဝင်ညှောင့်တာ အားနေ ထီဂဏန်းလာပေးပလား မဟုတ်တာတော့ တတ်ပ။

“အိမ်မှာပါ မ ရယ်” “ဒါဆို ပန်းကန်တီးပြ” “ငင့်” ဒီအချိန်ကြီး အိမ်က ခေါင်းနဲ့ဆင်းရအောင် ဒင်းကြံစည်သလားမှတ်ရတယ် ခြေလုံအောင် အောက်ထပ်ဆင်းရင်း “ကလွမ် ကလွမ်” “ဆိုင်က ပန်းကန်မဟုတ်လား” “ဗျာ” “ဟုတ်နေပါပြီ”

“ဟင် မဟုတ်ပါဘူး ‘မ’ ရယ်” ဒါဆို ဒယ်အိုးတီးပြ “ငင့်” ငါ့ တော့တွယ်ခံရတော့မှာပဲ မတတ်နိုင် ရှိစု မဲ့စုရည်းစားလေးတော့ မပြတ်နိုင် “ဂွမ်” “မောင် ဒယ်အိုးအသံက တိုးတယ်” “ငှယ်” မထူးပါဘူးဆိုပြီး မီးဖိုထဲ ရှိသမျှအိုးတွေ အကုန် တစ်လုံးချင်း တီးလိုက်တော့ “ချစ်ထှာ မောင် မွစိ မွစိ” “ဂွမ် ကလွမ် တွမ် တန်”

အံမယ် Iron cross အဖွဲ့တောင် ခန့်မင်းညိုနဲ့တွေ့ရင် ထမင်းငတ်လောက်တယ်။ “မောင် အရမ်းတော်တယ် ချစ်ထှာ မွစိ မွစိ” ဒင်းက ဖုန်းထဲက မြှောက်ပေးလေ၊ ကျော် ကတီးလေ၊ ခဏကြာတော့ “ရော့ သား ဒီအသံလေးပါထည့်လိုက်” ဆိုပြီးအဖေ့ အသံ အဆုံး “ခွပ်”

ဖိုးသူတော် (www.phothutaw.com)
Credit:ခန့်မင်းညို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top