႐ုပ္႐ွင္ေလာက ရဲ႕ အဓိကက အခန္းက႑ကေနပါဝင္ရေပမယ့္ လူတန္းေစ့ ဘဝကို မရၾကတဲ့သူေတြကို ျပပါဆိုရင္ေတာ့ ဇာတ္ပို႔ဇာတ္ရံေတြပါပဲ ။ သူတို႔ရဲ႕ အႏုပညာေၾကးနဲ႔ တိုးတက္ေျပာင္းလဲလာတဲ့ေခတ္ႀကီးနဲ႔ လိုက္ပါစီးေမ်ာလာတဲ့ ကုန္က်စရိတ္ေတြကို ႀကံႀကံခံ ႀကိဳးစား႐ုန္းကုန္ေနရတာပါ။

ဇာတ္ပို႔ဇာတ္ရံေတြထဲကတစ္ေယာက္ျဖစ္တဲ့ ေဒၚနန္းခမ္းဝါကေတာ့ Myanmar Celebrity ရဲ႕ Open Door ဆိုတဲ့ က႑တစ္ခုမွာ သူ႔ရဲ႕႐ုန္းကန္ေတြ႕ႀကံဳေနရတဲ့ ျပႆနာေတြကိုေျပာျပသြားပါတယ္ ။ သူေျပာျပသြားတာေတြကိုပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ရပါတယ္။

အေမဆိုရင္ ေဈးေရာင္းတာဆိုရင္ နည္းမ်ိဳးစံုေရာင္းခဲ့ရတာ မ႐ိုေသစကား မဟုတ္တာ မလုပ္ခဲ့တာကလြဲရင္ က်န္တဲ့အလုပ္ဆိုရင္ မလုပ္ဖူးတာမ႐ိွဘူး ။အဲ့ဒီလုိလုပ္ကိုင္ၿပီးေတာ့ ကေလးေတြကို ပညာတတ္ျဖစ္ေအာင္ထားခဲ့တာ ။

အႏုပညာေလာကက် မွေတာ့ သိပ္မျဖည့္ႏိုင္ပါဘူးသမီးရယ္ ဒီလိုထရံေလးစုတ္လို႔ျပန္ကာတာကလြဲလို႔ တစ္ႏွစ္တစ္ခါဓနိေလးမိုးတာကလြဲလို႔ ဒါကေတာ့လုပ္ထံုးလုပ္နည္းအတိုင္းပဲေလ ။ ဒါေလးပါပဲ ဘာလို႔လည္းဆိုေတာ့ အေမတို႔ Supporting ေတြဘာရလို႔လည္းသမီးရယ္ ။

သိတဲ့အတိုင္းပဲ ဘာမွမရတာကိုမွတခ်ိဳ႕ဆိုရင္ ကုမၸဏီဘက္ကေနဆင္းေပးတယ္ က်ေနာ္ေခၚတာေတြ႔တယ္မဟုတ္လား ဒီActor ကေဈးမႀကီးဘူး ။ အဲ့ဒီလိုဟာလည္း သူတို႔က ဟိုဘက္မွာ ဂုဏ္လိုခ်င္တယ္ ၊ ဒါေပမယ့္ ဒီဘက္မွာ အေမတို႔ဆီက်ျပန္ေတာ့လည္း က်ေနာ္တို႔ကို မုန္႔ဖိုးေလးမ်ား မေပးဘူးလားဆိုတာမ်ိဳးလည္း႐ိွတယ္ ။



တခ်ိဳ႕က်ေတာ့လည္းမ႐ိွပါဘူး ။လူတိုင္းကိုေျပာတာ မဟုတ္ဘူးေနာ္ ၊ တခ်ိဳ႕က်ေတာ့လည္း႐ိွတယ္ တခ်ိဳ႕က်ေတာ့လည္း မ႐ိွဘူး ။တစ္ခါတေလ ကိုယ့္ကေလ်ာ့ေပးလိုက္တယ္ေပါ့ ဘယ္လိုျဖစ္လဲဆိုေတာ့ ကိုယ့္စားဝတ္ေနေရးလည္းပါတယ္။ အျပင္မွာ ေစ်းထြက္ေရာင္းရင္တစ္ေန႔ ေလးငါးေသာင္းဆိုတာရဖို႔ မလြယ္ဘူးေလ။

ဒီမွာအေမတို႔ Daily ဆိုရင္ ေလးေသာင္းငါးေသာင္း ကားႀကီးဆိုရင္ တစ္သိန္းအဲ့လိုရတယ္ေလ ။ အဲ့လိုခါက်ေတာ့တစ္ေသာင္းေလာက္ ေလ်ာ့ေပးလိုက္ရလည္းအေၾကာင္းမဟုတ္ဘူးဆိုၿပီးေတာ့ ကိုကေလ်ာ့ေပးလိုက္တယ္ကြာ ဒါေပမယ့္ေနာက္႐ႈတင္က်ရင္ အဲ့ဒီလူကပဲသြားၿပီး ဟာ က်ေနာ့္တုန္းက ဒီေလာက္မေပးရဘူးေနာ္ က်ေနာ္တုန္းက ႏွစ္ေသာင္းနည္းတယ္ တစ္ေသာင္းနည္းတယ္ ျပန္ေျပာတာ ။

 ေျပာေတာ့ အေမတို႔မွာ ထပ္ေလ်ာ့ထပ္ေလ်ာ့ၿပီး လမ္းစားရိတ္ဆိုတာ လည္းသမီးသိတဲ့အတိုင္းပဲ အသြားျပန္ကားငွားသြားတယ္ ဆိုရင္ပဲ ငါးေထာင္ေလာက္က သြားေနၿပီ အဲ့တာေၾကာင့္ ဗီဒီယို Daily ဆိုအေမတို႔က မကိုက္ေတာ့ဘူး အဲ့ဒီလိုမ်ိဳးေတြ႐ိွတယ္ ။

တခ်ိဳ႕က်ေတာ့လည္း ကိုယ္မေပးရေပမယ့္ အဲ့ဒီလိုမ်ိဳးလုပ္တဲ့သူေတြ ႐ိွသလို တခ်ိဳ႕က်ေတာ့လည္း ေပးလိုက္ပါကြာ မင္းသမီးမင္းသားေတာင္ အမ်ားႀကီးေပးရေသးတာပဲ သူတို႔ခမ်ာ ဘာမွရတာမဟုတ္ဘူးဆိုတဲ့လူလည္း႐ိွတယ္ ။” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

ရုပ်ရှင်လောက ရဲ့ အဓိကက အခန်းကဏ္ဍကနေပါဝင်ရပေမယ့် လူတန်းစေ့ ဘဝကို မရကြတဲ့သူတွေကို ပြပါဆိုရင်တော့ ဇာတ်ပို့ဇာတ်ရံတွေပါပဲ ။ သူတို့ရဲ့ အနုပညာကြေးနဲ့ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးနဲ့ လိုက်ပါစီးမျောလာတဲ့ ကုန်ကျစရိတ်တွေကို ကြံကြံခံ ကြိုးစားရုန်းကုန်နေရတာပါ။

ဇာတ်ပို့ဇာတ်ရံတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒေါ်နန်းခမ်းဝါကတော့ Myanmar Celebrity ရဲ့ Open Door ဆိုတဲ့ ကဏ္ဍတစ်ခုမှာ သူ့ရဲ့ရုန်းကန်တွေ့ကြုံနေရတဲ့ ပြဿနာတွေကိုပြောပြသွားပါတယ် ။ သူပြောပြသွားတာတွေကို ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ရပါတယ်။

အမေဆိုရင် ဈေးရောင်းတာဆိုရင် နည်းမျိုးစုံရောင်းခဲ့ရတာ မရိုသေစကား မဟုတ်တာ မလုပ်ခဲ့တာကလွဲရင် ကျန်တဲ့အလုပ်ဆိုရင် မလုပ်ဖူးတာမရှိဘူး ။အဲ့ဒီလိုလုပ်ကိုင်ပြီးတော့ ကလေးတွေကို ပညာတတ်ဖြစ်အောင်ထားခဲ့တာ ။

အနုပညာလောကကျ မှတော့ သိပ်မဖြည့်နိုင်ပါဘူးသမီးရယ် ဒီလိုထရံလေးစုတ်လို့ပြန်ကာတာကလွဲလို့ တစ်နှစ်တစ်ခါဓနိလေးမိုးတာကလွဲလို့ ဒါကတော့လုပ်ထုံးလုပ်နည်းအတိုင်းပဲလေ ။ ဒါလေးပါပဲ ဘာလို့လည်းဆိုတော့ အမေတို့ Supporting တွေဘာရလို့လည်းသမီးရယ် ။

သိတဲ့အတိုင်းပဲ ဘာမှမရတာကိုမှတချို့ဆိုရင် ကုမ္ပဏီဘက်ကနေဆင်းပေးတယ် ကျနော်ခေါ်တာတွေ့တယ်မဟုတ်လား ဒီActor ကဈေးမကြီးဘူး ။ အဲ့ဒီလိုဟာလည်း သူတို့က ဟိုဘက်မှာ ဂုဏ်လိုချင်တယ် ၊ ဒါပေမယ့် ဒီဘက်မှာ အမေတို့ဆီကျပြန်တော့လည်း ကျနော်တို့ကို မုန့်ဖိုးလေးများ မပေးဘူးလားဆိုတာမျိုးလည်းရှိတယ် ။

တချို့ကျတော့လည်းမရှိပါဘူး ။လူတိုင်းကိုပြောတာ မဟုတ်ဘူးနော် ၊ တချို့ကျတော့လည်းရှိတယ် တချို့ကျတော့လည်း မရှိဘူး ။တစ်ခါတလေ ကိုယ့်ကလျော့ပေးလိုက်တယ်ပေါ့ ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်စားဝတ်နေရေးလည်းပါတယ်။ အပြင်မှာ ဈေးထွက်ရောင်းရင်တစ်နေ့ လေးငါးသောင်းဆိုတာရဖို့ မလွယ်ဘူးလေ။

ဒီမှာအမေတို့ Daily ဆိုရင် လေးသောင်းငါးသောင်း ကားကြီးဆိုရင် တစ်သိန်းအဲ့လိုရတယ်လေ ။ အဲ့လိုခါကျတော့တစ်သောင်းလောက် လျော့ပေးလိုက်ရလည်းအကြောင်းမဟုတ်ဘူးဆိုပြီးတော့ ကိုကလျော့ပေးလိုက်တယ်ကွာ ဒါပေမယ့်နောက်ရှုတင်ကျရင် အဲ့ဒီလူကပဲသွားပြီး ဟာ ကျနော့်တုန်းက ဒီလောက်မပေးရဘူးနော် ကျနော်တုန်းက နှစ်သောင်းနည်းတယ် တစ်သောင်းနည်းတယ် ပြန်ပြောတာ ။

 ပြောတော့ အမေတို့မှာ ထပ်လျော့ထပ်လျော့ပြီး လမ်းစားရိတ်ဆိုတာ လည်းသမီးသိတဲ့အတိုင်းပဲ အသွားပြန်ကားငှားသွားတယ် ဆိုရင်ပဲ ငါးထောင်လောက်က သွားနေပြီ အဲ့တာကြောင့် ဗီဒီယို Daily ဆိုအမေတို့က မကိုက်တော့ဘူး အဲ့ဒီလိုမျိုးတွေရှိတယ် ။

တချို့ကျတော့လည်း ကိုယ်မပေးရပေမယ့် အဲ့ဒီလိုမျိုးလုပ်တဲ့သူတွေ ရှိသလို တချို့ကျတော့လည်း ပေးလိုက်ပါကွာ မင်းသမီးမင်းသားတောင် အများကြီးပေးရသေးတာပဲ သူတို့ခမျာ ဘာမှရတာမဟုတ်ဘူးဆိုတဲ့လူလည်းရှိတယ် ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top