လူေတာ္ေတာ္မ်ားမ်ား ထင္ျမင္ယူဆၾကတာက မိန္းကေလးေတြဟာ သူတို႔ဗိုက္ဆာခ်ိန္မွာ စိတ္တိုတတ္တာဟာ မိန္းကေလးေတြ သုံးေလ့ရွိတဲ့ အေရးမပါတဲ့ အေၾကာင္းျပခ်က္တစ္ခုလို႔ ထင္တတ္ၾကတာပါပဲ။ ဒါေပမဲ့ သိပၸံပညာ ရွင္ေတြကေတာ့ အဲဒါဟာ အေၾကာင္းျပခ်က္ မဟုတ္ဘဲ တကယ့္သဘာဝျဖစ္စဥ္ အစစ္သာ ျဖစ္ေၾကာင္း သိပၸံ နည္းက် သက္ေသျပလိုက္ပါၿပီ။

ျမန္မာလို ဗိုက္ဆာတယ္လို႔ အဓိပၸါယ္ရတဲ့ Hangry ဟာ ဗိုက္ဆာတဲ့ “hungry” နဲ႔ ေဒါသထြက္တဲ့ “angry” တို႔ ကို ေပါင္းစပ္ထားတာျဖစ္ၿပီး အသံထြက္ခ်င္း ဆင္တူပါတယ္။ ကေနဒါႏိုင္ငံ၊ Guelph တကၠသိုလ္က သုေတသန သမားေတြရဲ႕ အဆိုအရ ဆာေလာင္မြတ္သိပ္ျခင္းနဲ႔ စိတ္အေျပာင္းအလဲျဖစ္ျခင္းၾကားမွာ စပ္ဆက္မႈရွိေနတယ္ လို႔ ဆိုပါတယ္။

ဗိုက္ဆာေနတဲ့ ႂကြက္ေလးေတြရဲ႕ စိတ္အေျပာင္းအလဲကို ေလ့လာေတြ႕ရွိခ်က္အရ သုေတသနသမားေတြဟာ ဆာေလာင္ေနတဲ့ ႂကြက္ေတြဟာ စိတ္ခံစားမႈအပိုင္းမွာ အက်ဘက္ေရာက္သြားတာကို ေတြ႕ရွိခဲ့ၾကပါတယ္။ “လူေတြဟာ မေကာင္းတဲ့စိတ္အေျခအေနနဲ႔ စိတ္ဖိစီးမႈေတြအေၾကာင္း စဥ္းစားမယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာကိုပဲ ေတြးမိတတ္ၾကၿပီး ဇီဝကမၼျဖစ္စဥ္ေတြကို ထည့္မတြက္ၾကပါဘူး” လို႔ Ph.D. ေက်ာင္းသားတစ္ေယာက္ျဖစ္တဲ့ Thomas Horman က ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။ ဒါေပမဲ့ အစားအေသာက္နည္းတဲ့ အမူအက်င့္ကလည္း သက္ေရာက္မႈ ျဖစ္ေစတယ္လို႔ သူကဆိုပါတယ္။

ႂကြက္ေတြနဲ႔ စမ္းသပ္ခ်က္အရ ႂကြက္ေတြဟာ သူတို႔အတြက္ ဆာေလာင္မြတ္သိပ္မႈ အေတြ႕အႀကဳံရွိထားတဲ့ အခန္းတြင္းကို ျပန္မဝင္ၾကတာဟာ အဲဒီလိုဆာေလာင္မႈမ်ိဳးကို ထပ္မလိုခ်င္ၾကတာေၾကာင့္လို႔ ဆိုပါတယ္။ ဒါ့ျပင္ သုေတသနပညာရွင္ေတြအေနနဲ႔ လူတစ္ေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခအေနဟာ အစာကို နပ္မွန္ေအာင္ မစားတာေတြအေပၚ ေရရွည္သက္ေရာက္မႈရွိေၾကာင္း ေဖာ္ထုတ္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားၾကပါတယ္။

လူတစ္ေယာက္အေနနဲ႔ အစားကို ပုံမွန္မစားဘူးဆိုရင္ စိတ္အေနအေျခမေကာင္းတာနဲ႔ အစားနည္းတာဟာ စိုးရိမ္စရာ သံသရာလည္ေနတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ စိတ္ဓာတ္ေလးနည္းနည္းက်တာနဲ႔၊ အဲဒါဟာ အစား စားခ်င္စိတ္မရွိေတာ့တာမ်ိဳး ျဖစ္လာႏိုင္တယ္လို႔လည္း ဆိုပါတယ္။ တစ္စုံတစ္ေယာက္ဟာ တစ္နပ္စာကို မစားဘဲေနလိုက္မယ္ဆိုရင္ တုံ႔ျပန္မႈအေနနဲ႔ သူတို႔ရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေနအေပၚ သက္ေရာက္မႈျဖစ္လာ ႏိုင္ပါတယ္။

သုေတသနပညာရွင္ေတြဟာ ပါဝင္ကူညီသူေပါင္း ၄၀၀ ေက်ာ္ကိုလည္း စမ္းသပ္ေလ့လာခဲ့ၾကပါတယ္။ အဲဒီမွာ ေတြ႕ရွိခဲ့ၾကရတာကေတာ့ ဗိုက္ဆာတဲ့ခံစားခ်က္ဟာ ဆာေလာင္မြတ္သိပ္မႈေၾကာင့္ စိတ္ကသိကေအာက္ျဖစ္တာ ကို ခံစားရေစၿပီး အဲဒီခံစားခ်က္ဟာ စိတ္ပိုင္းဆိုင္ရာအေျခအေနအေပၚ အေတာ္ေလးသက္ေရာက္မႈ ရွိတယ္လို႔ ဆိုပါတယ္။

အဲဒါေၾကာင့္ ကိုယ့္ေကာင္မေလး စိတ္မၾကည္မလင္ျဖစ္တာကို မျမင္ခ်င္ရင္ သူ႔ကို ဗိုက္မဆာေစပါနဲ႔။ အဲဒီလိုမွ မဟုတ္ရင္ သူတို႔စိတ္မၾကည္မလင္ျဖစ္ၿပီး ဘာမွန္းမသိဘဲ ျပႆနာအရွာခံ၊ အရစ္ခံရႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

လူတော်တော်များများ ထင်မြင်ယူဆကြတာက မိန်းကလေးတွေဟာ သူတို့ဗိုက်ဆာချိန်မှာ စိတ်တိုတတ်တာဟာ မိန်းကလေးတွေ သုံးလေ့ရှိတဲ့ အရေးမပါတဲ့ အကြောင်းပြချက်တစ်ခုလို့ ထင်တတ်ကြတာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာ ရှင်တွေကတော့ အဲဒါဟာ အကြောင်းပြချက် မဟုတ်ဘဲ တကယ့်သဘာဝဖြစ်စဉ် အစစ်သာ ဖြစ်ကြောင်း သိပ္ပံ နည်းကျ သက်သေပြလိုက်ပါပြီ။

မြန်မာလို ဗိုက်ဆာတယ်လို့ အဓိပ္ပါယ်ရတဲ့ Hangry ဟာ ဗိုက်ဆာတဲ့ “hungry” နဲ့ ဒေါသထွက်တဲ့ “angry” တို့ ကို ပေါင်းစပ်ထားတာဖြစ်ပြီး အသံထွက်ချင်း ဆင်တူပါတယ်။ ကနေဒါနိုင်ငံ၊ Guelph တက္ကသိုလ်က သုတေသန သမားတွေရဲ့ အဆိုအရ ဆာလောင်မွတ်သိပ်ခြင်းနဲ့ စိတ်အပြောင်းအလဲဖြစ်ခြင်းကြားမှာ စပ်ဆက်မှုရှိနေတယ် လို့ ဆိုပါတယ်။

ဗိုက်ဆာနေတဲ့ ကြွက်လေးတွေရဲ့ စိတ်အပြောင်းအလဲကို လေ့လာတွေ့ရှိချက်အရ သုတေသနသမားတွေဟာ ဆာလောင်နေတဲ့ ကြွက်တွေဟာ စိတ်ခံစားမှုအပိုင်းမှာ အကျဘက်ရောက်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။ “လူတွေဟာ မကောင်းတဲ့စိတ်အခြေအနေနဲ့ စိတ်ဖိစီးမှုတွေအကြောင်း စဉ်းစားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကိုပဲ တွေးမိတတ်ကြပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ထည့်မတွက်ကြပါဘူး” လို့ Ph.D. ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Thomas Horman က ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အစားအသောက်နည်းတဲ့ အမူအကျင့်ကလည်း သက်ရောက်မှု ဖြစ်စေတယ်လို့ သူကဆိုပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ချက်အရ ကြွက်တွေဟာ သူတို့အတွက် ဆာလောင်မွတ်သိပ်မှု အတွေ့အကြုံရှိထားတဲ့ အခန်းတွင်းကို ပြန်မဝင်ကြတာဟာ အဲဒီလိုဆာလောင်မှုမျိုးကို ထပ်မလိုချင်ကြတာကြောင့်လို့ ဆိုပါတယ်။ ဒါ့ပြင် သုတေသနပညာရှင်တွေအနေနဲ့ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ အစာကို နပ်မှန်အောင် မစားတာတွေအပေါ် ရေရှည်သက်ရောက်မှုရှိကြောင်း ဖော်ထုတ်နိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

လူတစ်ယောက်အနေနဲ့ အစားကို ပုံမှန်မစားဘူးဆိုရင် စိတ်အနေအခြေမကောင်းတာနဲ့ အစားနည်းတာဟာ စိုးရိမ်စရာ သံသရာလည်နေတာမျိုး ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်လေးနည်းနည်းကျတာနဲ့၊ အဲဒါဟာ အစား စားချင်စိတ်မရှိတော့တာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ တစ်စုံတစ်ယောက်ဟာ တစ်နပ်စာကို မစားဘဲနေလိုက်မယ်ဆိုရင် တုံ့ပြန်မှုအနေနဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် သက်ရောက်မှုဖြစ်လာ နိုင်ပါတယ်။

သုတေသနပညာရှင်တွေဟာ ပါဝင်ကူညီသူပေါင်း ၄၀၀ ကျော်ကိုလည်း စမ်းသပ်လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ တွေ့ရှိခဲ့ကြရတာကတော့ ဗိုက်ဆာတဲ့ခံစားချက်ဟာ ဆာလောင်မွတ်သိပ်မှုကြောင့် စိတ်ကသိကအောက်ဖြစ်တာ ကို ခံစားရစေပြီး အဲဒီခံစားချက်ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေအပေါ် အတော်လေးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ကိုယ့်ကောင်မလေး စိတ်မကြည်မလင်ဖြစ်တာကို မမြင်ချင်ရင် သူ့ကို ဗိုက်မဆာစေပါနဲ့။ အဲဒီလိုမှ မဟုတ်ရင် သူတို့စိတ်မကြည်မလင်ဖြစ်ပြီး ဘာမှန်းမသိဘဲ ပြဿနာအရှာခံ၊ အရစ်ခံရနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top