“လင္နဲ႔မယား၊ လွ်ာနဲ႔သြား”ဆိုသလို ဇနီးေမာင္ႏွံႏွစ္ေယာက္အၾကားမွာ ကေတာက္ကဆျဖစ္တာေလးေတြက ရွိတတ္ပါတယ္။ ဒါေပမယ့္ အျမဲလိုလို ျပႆနာရွာျပီး ဇနီးမယားအေပၚ ကိုယ္ထိလက္ေရာက္ျဖစ္ေစ၊ စကားလံုးေတြနဲ႔ပဲျဖစ္ေစ နာက်င္ေအာင္ အႏိုင္က်င့္ေနတယ္ဆိုရင္ေတာ့ ဒါဟာမျဖစ္သင့္တဲ့ ကိစၥရပ္တစ္ခုပါ။ အိမ္ေထာင္ေရးမသာယာမႈေတြက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ စိတ္ေရာကိုယ္ပါ ထိခိုက္နာက်င္ေစႏိုင္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက မသာယာတဲ့အိမ္ေထာင္ေရးကို အႏိုင္က်င့္ႏွိပ္စက္ခံျပီး ဖက္တြယ္ထားတတ္ၾကပါတယ္။ ဒါကို အျပစ္ေျပာလို႔မရပါဘူး။ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္ရတာပဲ မဟုတ္လား။

ဒီတစ္ပတ္မွာေတာ့ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား လင္ေယာက်္ားရဲ႕ ႏွိပ္စက္မႈေတြအၾကား အိမ္ေထာင္ေရးကေန ရုန္းမထြက္ႏိုင္ရတဲ့ အေၾကာင္းရင္းေလးေတြကို ဂႏၳဝင္မဂၢဇင္းမွ ေရးသားတင္ဆက္ေပးလိုက္ပါတယ္ရွင္။

၁။ အခ်စ္နဲ႔ ေမွ်ာ္လင့္ခ်က္။

မသာယာတဲ့ အိမ္ေထာင္ေရးေတြမွာ အၾကီးအက်ယ္ရန္ျဖစ္တဲ့ ရက္ေတြရွိသလို ရန္မျဖစ္တဲ့ရက္ေတြလည္း ရွိပါတယ္။ ရန္ျဖစ္တိုင္း လက္ပါတတ္တဲ့ လင္ေယာက္်ားက ရန္မျဖစ္တဲ့ရက္ေတြမွာ အရမ္းခ်စ္ျပီး ၾကင္နာတတ္တဲ့ပံုစံေတြ လုပ္ျပတာမ်ိဳးလည္းရွိတတ္ပါတယ္။ ဒီလို သာယာတဲ့ ခဏတာအခိုက္အတန္႔ေလးေတြက ႏွိပ္စက္ခံရတဲ့အခ်ိန္ေတြမွာ စိတ္ေျဖစရာေလးေတြျဖစ္ျပီး ေမွ်ာ္လင့္ခ်က္ေတြျဖစ္ေစႏိုင္ပါတယ္။ အခ်စ္ေၾကာင့္ပဲ ဘာလုပ္လုပ္ မ်က္စိမွိတ္ျပီး သည္းခံေနၾကသလိုမ်ိဳးေပါ့။

၂။ ေငြေၾကးဥစၥာ။

အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြ ေတာ္ေတာ္မ်ားမ်ား ခင္ပြန္းမရွိေတာ့ရင္ ကိုယ္နဲ႔ကေလးေတြအတြက္ ေထာက္ပံ့မယ့္သူ မရွိေတာ့ဘူးဆိုျပီး စိုးရိမ္တတ္ၾကပါတယ္။ အထူးသျဖင့္ ေယာက္်ားလုပ္စာအေပၚ အျပည့္အဝမွီခိုျပီး အိမ္အလုပ္ပဲလုပ္ေနတဲ့ အမ်ိဳးသမီးေတြကပိုျပီး စိုးရိမ္တတ္ၾကပါတယ္။ ဒီေတာ့ အိမ္ေထာင္ေရးမသာယာမႈနဲ႔ လင္ေယာက္်ားရဲ႕ႏွိပ္စက္မႈေတြကို ဆက္ျပီး သည္းခံေနၾကရတာေတြ ျဖစ္လာပါတယ္။ ဤစာေစာင္ကို ဂႏၳဝင္မဂၢဇင္းမွ ေရးသားတင္ဆက္သည္။

၃။ ဘာသာေရးအယူဝါဒ။

အိမ္ေထာင္ေရးကြာရွင္းျခင္းကို ျပင္းျပင္းထန္ထန္ရံႈ႕ခ်တဲ့ ဘာသာေရးအယူအဆတြေၾကာင့္ အမ်ိဳးသမီးအခ်ိဳ႕ဟာ အိမ္ေထာင္ေရးႏြံထဲကေန ရုန္းထြက္မရျဖစ္ေနတတ္ၾကပါတယ္။ ဘာသာေရးအဆံုးအမေတြကလည္း အျမဲတမ္း ခင္ပြန္းျဖစ္သူကို သည္းခံဖို႔၊ ေလးစားဖို႔၊ ရိုေသဖို႔ ရည္ညႊန္းတာေၾကာင့္ ကိုးကြယ္ယံုၾကည္မႈက အိမ္ေထာင္ေရးအက်ဥ္းေထာင္ရဲ႕ တံတိုင္းတစ္ခုျဖစ္ေနတတ္ပါတယ္။

၄။ မိမိကိုယ္ကိုတန္ဖိုးထားမႈနည္းပါးျခင္း။

အဆိပ္သင့္ေစတဲ့ ပတ္ဝန္းက်င္ေၾကာင့္ မိန္းမသားေတာ္ေတာ္မ်ားမ်ားရဲ႕စိတ္မွာ ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈနည္းပါးလာျပီး အိမ္ေထာင္ေရးႏွိပ္စက္မႈေတြကို လက္ခံလာတာမ်ိဳးေတြရွိၾကပါတယ္။ ခင္ပြန္းမရွိရင္ မရပ္တည္ႏိုင္ဘူးဆိုျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈနည္းပါးလာရတာလည္း အဓိက အေၾကာင္းအရင္းတစ္ခုျဖစ္လာပါတယ္။

၅။ ေၾကာက္ရြံ႕စိတ္။

တစ္ခါတေလ ေယာက္်ားေတြရဲ႕ အႏိုင္က်င့္မႈက ခႏၶာကိုယ္ကို နာက်င္ေစရံုသာမက စိတ္ကိုပါ အေသသတ္သလို ျဖစ္ေနေစတတ္ပါတယ္။ ဒါ့အျပင္ ဒီအိမ္ေထာင္ေရးထဲကေန ရုန္းထြက္မသြားရဲတဲ့ ေၾကာက္စိတ္ကိုပါ ျဖစ္ေပၚေစပါတယ္။

၆။ ရွက္ရြံ႕စိတ္။

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အိမ္ေထာင္ေရးမသာယာမႈေတြ၊ လင္ေယာက္်ားရဲ႕အႏိုင္က်င့္မႈေတြကို တျခားသူကိုေျပာျပဖို႔၊ အကူအညီေတာင္းခံဖို႔ ရွက္ရြံ႕တတ္ပါတယ္။ စိတ္ညစ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကေန ေဝးေဝးေျပးဖို႔ၾကိဳးစားလိုက္တိုင္းမွာ ဒီလို ရွက္ရြံ႔စိတ္က ၾကီးမားတဲ့ အဟန္႔အတားတစ္ခုျဖစ္ေနပါတယ္။

၇။ သီးသန္႔ျဖစ္ေနျခင္း။

စိတ္ဓာတ္ယုတ္မာျပီး ႏွိပ္စက္တတ္တဲ့ ေယာက္်ားေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ ဇနီးမယားေတြကို မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္မလုပ္ေအာင္ တားျမစ္ကန္႔သတ္ထားတတ္ၾကပါတယ္။ ပတ္ဝန္းက်င္နဲ႔ အဆက္အသြယ္ျပတ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အတြက္ အိမ္ေထာင္ေရးပိုက္ကြန္ကေန ရုန္းထြက္ဖို႔ ပိုမိခက္ခဲတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #

“လင်နဲ့မယား၊ လျှာနဲ့သွား”ဆိုသလို ဇနီးမောင်နှံနှစ်ယောက်အကြားမှာ ကတောက်ကဆဖြစ်တာလေးတွေက ရှိတတ်ပါတယ်။ ဒါပေမယ့် အမြဲလိုလို ပြဿနာရှာပြီး ဇနီးမယားအပေါ် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ စကားလုံးတွေနဲ့ပဲဖြစ်စေ နာကျင်အောင် အနိုင်ကျင့်နေတယ်ဆိုရင်တော့ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။ အိမ်ထောင်ရေးမသာယာမှုတွေက အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတော်တော်များများက မသာယာတဲ့အိမ်ထောင်ရေးကို အနိုင်ကျင့်နှိပ်စက်ခံပြီး ဖက်တွယ်ထားတတ်ကြပါတယ်။ ဒါကို အပြစ်ပြောလို့မရပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်ရတာပဲ မဟုတ်လား။

ဒီတစ်ပတ်မှာတော့ အမျိုးသမီးတော်တော်များများ လင်ယောကျ်ားရဲ့ နှိပ်စက်မှုတွေအကြား အိမ်ထောင်ရေးကနေ ရုန်းမထွက်နိုင်ရတဲ့ အကြောင်းရင်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အချစ်နဲ့ မျှော်လင့်ချက်။

မသာယာတဲ့ အိမ်ထောင်ရေးတွေမှာ အကြီးအကျယ်ရန်ဖြစ်တဲ့ ရက်တွေရှိသလို ရန်မဖြစ်တဲ့ရက်တွေလည်း ရှိပါတယ်။ ရန်ဖြစ်တိုင်း လက်ပါတတ်တဲ့ လင်ယောက်ျားက ရန်မဖြစ်တဲ့ရက်တွေမှာ အရမ်းချစ်ပြီး ကြင်နာတတ်တဲ့ပုံစံတွေ လုပ်ပြတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလို သာယာတဲ့ ခဏတာအခိုက်အတန့်လေးတွေက နှိပ်စက်ခံရတဲ့အချိန်တွေမှာ စိတ်ဖြေစရာလေးတွေဖြစ်ပြီး မျှော်လင့်ချက်တွေဖြစ်စေနိုင်ပါတယ်။ အချစ်ကြောင့်ပဲ ဘာလုပ်လုပ် မျက်စိမှိတ်ပြီး သည်းခံနေကြသလိုမျိုးပေါ့။

၂။ ငွေကြေးဥစ္စာ။

အိမ်ထောင်ရှင်အမျိုးသမီးတွေ တော်တော်များများ ခင်ပွန်းမရှိတော့ရင် ကိုယ်နဲ့ကလေးတွေအတွက် ထောက်ပံ့မယ့်သူ မရှိတော့ဘူးဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ အထူးသဖြင့် ယောက်ျားလုပ်စာအပေါ် အပြည့်အဝမှီခိုပြီး အိမ်အလုပ်ပဲလုပ်နေတဲ့ အမျိုးသမီးတွေကပိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီတော့ အိမ်ထောင်ရေးမသာယာမှုနဲ့ လင်ယောက်ျားရဲ့နှိပ်စက်မှုတွေကို ဆက်ပြီး သည်းခံနေကြရတာတွေ ဖြစ်လာပါတယ်။ ဤစာစောင်ကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဘာသာရေးအယူဝါဒ။

အိမ်ထောင်ရေးကွာရှင်းခြင်းကို ပြင်းပြင်းထန်ထန်ရှုံ့ချတဲ့ ဘာသာရေးအယူအဆတွကြောင့် အမျိုးသမီးအချို့ဟာ အိမ်ထောင်ရေးနွံထဲကနေ ရုန်းထွက်မရဖြစ်နေတတ်ကြပါတယ်။ ဘာသာရေးအဆုံးအမတွေကလည်း အမြဲတမ်း ခင်ပွန်းဖြစ်သူကို သည်းခံဖို့၊ လေးစားဖို့၊ ရိုသေဖို့ ရည်ညွှန်းတာကြောင့် ကိုးကွယ်ယုံကြည်မှုက အိမ်ထောင်ရေးအကျဉ်းထောင်ရဲ့ တံတိုင်းတစ်ခုဖြစ်နေတတ်ပါတယ်။

၄။ မိမိကိုယ်ကိုတန်ဖိုးထားမှုနည်းပါးခြင်း။

အဆိပ်သင့်စေတဲ့ ပတ်ဝန်းကျင်ကြောင့် မိန်းမသားတော်တော်များများရဲ့စိတ်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနည်းပါးလာပြီး အိမ်ထောင်ရေးနှိပ်စက်မှုတွေကို လက်ခံလာတာမျိုးတွေရှိကြပါတယ်။ ခင်ပွန်းမရှိရင် မရပ်တည်နိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးလာရတာလည်း အဓိက အကြောင်းအရင်းတစ်ခုဖြစ်လာပါတယ်။

၅။ ကြောက်ရွံ့စိတ်။

တစ်ခါတလေ ယောက်ျားတွေရဲ့ အနိုင်ကျင့်မှုက ခန္ဓာကိုယ်ကို နာကျင်စေရုံသာမက စိတ်ကိုပါ အသေသတ်သလို ဖြစ်နေစေတတ်ပါတယ်။ ဒါ့အပြင် ဒီအိမ်ထောင်ရေးထဲကနေ ရုန်းထွက်မသွားရဲတဲ့ ကြောက်စိတ်ကိုပါ ဖြစ်ပေါ်စေပါတယ်။

၆။ ရှက်ရွံ့စိတ်။

အမျိုးသမီးတော်တော်များများက သူတို့ရဲ့ အိမ်ထောင်ရေးမသာယာမှုတွေ၊ လင်ယောက်ျားရဲ့အနိုင်ကျင့်မှုတွေကို တခြားသူကိုပြောပြဖို့၊ အကူအညီတောင်းခံဖို့ ရှက်ရွံ့တတ်ပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ အိမ်ထောင်ရေးကနေ ဝေးဝေးပြေးဖို့ကြိုးစားလိုက်တိုင်းမှာ ဒီလို ရှက်ရွံ့စိတ်က ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်နေပါတယ်။

၇။ သီးသန့်ဖြစ်နေခြင်း။

စိတ်ဓာတ်ယုတ်မာပြီး နှိပ်စက်တတ်တဲ့ ယောက်ျားတော်တော်များများက သူတို့ရဲ့ ဇနီးမယားတွေကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မလုပ်အောင် တားမြစ်ကန့်သတ်ထားတတ်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ အမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်ရေးပိုက်ကွန်ကနေ ရုန်းထွက်ဖို့ ပိုမိခက်ခဲတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top