 မိန်းမတို့ မည်သည် အဆင်းရှိတာထက်
အချင်းရှိဖို့က အရေးကြီးပါသည်။
ဒီလောကကြီးမှ မိန်းမတွေ
ဘယ်လောက်ပေါပေါ မိန်းမကောင်းဖြစ်ဖို့၊
သိပ်တော်တဲ့ မိန်မဖြစ်ဖို့က အတော်ခဲ့ရင်းပါသည်။
တချို့မိန်းမတွေကျတော့
အဆင်းရှိပေမယ့် အချင်းမရှိပြန်ဘူး။
အချင်းရှိတဲ့ မိန်းမကျတော့ အဆင်းမရှိပြန်ဘူး။
ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်
ရွေးချယ်တဲ့အခါ အဆင်းရှိတဲ့ မိန်းမထက်
အချင်းရှိတဲ့မိန်းမကို ရွေးချယ် လက်ထပ်တာ
အကောင်းဆုံးဖြစ်ပါသည်။
ဘာလို့လဲဆိုတော့
အဆင်းရှိတဲ့ မိန်းမတွေဟာ တစ်ခဏ
ပျော်ရွှင်မှုအတွက် သာယာယစ်မူးစရာကောင်းပြီး
ရေရှည်ဘဝ လက်တွဲဖို့အတွက်ကျတော့
အနှောက်အယှက် ဖြစ်စေပါတယ်။
မိန်းမတို့မည်သည် အဆင်းရှိပြီး
အချင်းမရှိတဲ့အခါ အဆင်းလှခြင်းဟူသောအပေါ်မှာ
သာယာယစ်မူးနေတတ်ကြသလို့ အဆင်းလှခြင်းကြောင့်
အဲဒီအလှအပပေါ် မာန်မာနတွေ
တတ်နေမယ်ဆိုရင် ရေရှည် ဘဝရပ်တည်မူအတွက်
မိသားစုကိစ္စတွေ ပျက်စီး သွားတတ်ပါတယ်။
အလှမက်လို့ ဘဝပျက်တာတွေ၊ဂုဏ်ဓနမက်လို့
ဘဝဖျက်ခံလိုက်ရတာတွေ အရင်တုန်းက ရှိနေသလို့
အခုခေတ်ဆိုရင် တစ်ပုံကြီး ရှိနေဆဲပါပဲ။
မိန်းမတို့ မည်သည် အဆင်းရှိပြီး အချင်းမရှိတဲ့
မိန်းမတွေဟာ စဉ်းစားနှိုင်းချိန်တတ်တဲ့
ညဏ်ပညာနည်းနေတဲ့အတွက် အဆင်းလှခြင်းဟူသော
အကြောင်းကြောင့် အိမ်ထောင်ရေး ပြိုကွဲပျက်စီးသွားနိုင်သည်။
ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်ကို
ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ
အဆင်းနဲ့ အချင်း အားပြိုင်းတဲ့အခါ အဆင်းကို ရှောင်ပြီး
အချင်းရှိတာကို ရွေချယ်သင့်ပါတယ်။
အရည်အချင်းရှိတဲ့ မိန်းမတွေက
စဉ်းစားဆင်းခြင်းတတ်တဲ့ ညဏ်ပညာလည်း ရှိတဲ့အတွက်
စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ကုသိုလ်ရေး စတဲ့
အိမ်ထောင်မှုကိစ္စတွေ အဆင်ပြေအောင် ဆောက်ရွက်နိုင်မှာ
ဖြစ်ပါတယ်။ ပြီးတော့ ရေရှည်ဘဝရပ်တည်မှုအတွက်လည်း
အထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။
အရည်အချင်းရော ရုပ်အဆင်းအင်္ဂါနဲ့
ပြည့်စုံတဲ့ မိန်းမဆိုရင်တော့ ဘဝလက်တွဲဖော်အဖြစ်
ရွေးချယ်ရင်တော့ ပိုမို့ပြည့်စုံတဲ့ အိမ်ထောင်ဘက်ဖြစ်ပါသည်။။
ဖိုးသူတော် (www.phothutaw.com)
Credit: ကိုစိုးနိူင်မင်း(လ.ပ.စ) FB မှ