ေအာင္ျမင္မႈရေနတဲ့ လူေတြဟာ ကိုယ္ေတြလို သာမန္လူေတြနဲ႔ ကြာျခားတယ္လို႔ပဲ သိရွိထားၾကတာပါ။ လူတိုင္း ဟာ တစ္ေန႔ကို ၂၄ နာရီ ပိုင္ဆိုင္ထားတာခ်င္း တူညီၾကေပမဲ့ ဘယ္အရာကမ်ား သူတို႔ကိုေအာင္ျမင္ေစတာလဲ၊ သန္းႂကြယ္သူေဌးဘဝကို ေရာက္ရွိေစခဲ့တာလဲ။

သူတို႔ဘဝမွာ အမွားဆိုတာရွိခဲ့ဖူးလား။ သူတို႔ဘဝမွာ ေနာင္တ တရားဆိုတာ ႀကဳံခဲ့ရဖူးလား။ အဲဒီအခ်က္ေတြအတြက္ လွ်ိဳ႕ဝွက္ခ်က္ တစ္ခုေတာ့ ရွိၾကပါတယ္။

ကိုယ့္အစြမ္းအစ နဲ႔ ေအာင္ျမင္လာတဲ့ အသက္ ၆၁ ႏွစ္အ႐ြယ္ သန္းႂကြယ္သူေဌးႀကီးတစ္ေယာက္ကေတာ့ သူရဲ႕လွ်ိဳ႕ဝွက္ခ်က္ တခ်ိဳ႕ကို ထုတ္ေဖာ္ေဝမွ်ေပးခဲ့ပါတယ္။

သူကေတာ့ Grant Cardone ပါပဲ။ Cardone ဟာ နယူးေယာ့ခ္တိုင္းမ္ရဲ႕ ေရာင္းအားအေကာင္းဆုံး စာေရးဆရာတစ္ေယာက္ျဖစ္ပါတယ္။ ကမာၻ႔နံပါတ္တစ္ အေရာင္းလုပ္ငန္း ေလ့က်င္သင္ၾကားေပးသူ (sales trainer) အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၇ ခုႏွစ္မွာလည္း Forbes က စာရင္းေကာက္ယူေဖာ္ျပခဲ့တဲ့ 25 Marketing Influencers to Watch မွာလည္း နံပါတ္တစ္ ျဖစ္ခဲ့သူပါ။

 ေခါင္းေဆာင္မႈအတတ္ပညာ၊ အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ စြန႔္ဦးတီထြင္စြန႔္စားလိုစိတ္၊ ဆိုရွယ္မီဒီယာနဲ႔ ဘ႑ာေရးပိုင္းမွာ ေဟာေျပာသူ speaker တစ္ေယာက္အျဖစ္လည္း ႏိုင္ငံတကာမွာ လူသိမ်ားသူ ျဖစ္ပါတယ္။

Cardone ဟာ Google, Toyota နဲ႔ Ford တို႔ အပါအဝင္ နာမည္ေက်ာ္ကုမၸဏီေပါင္းမ်ားစြာနဲ႔ တြဲဖက္ အလုပ္လုပ္ကိုင္ခဲ့ဖူးပါတယ္။ ဒါ့ျပင္ သူဟာ ႏွစ္စဥ္ေရာင္းအားအေနနဲ႔ သန္း ၁၀၀ နီးပါး ရွိေနတဲ့ ကုမၸဏီ ၄ ခုကို ပိုင္ဆိုင္ထားၿပီး လုပ္ငန္းေဆာင္႐ြက္ေနသူလည္း ျဖစ္ပါတယ္။ Cardone ဟာ အဲဒီလိုသူ႔ရဲ႕ ေအာင္ျမင္မႈေတြနဲ႔ အတူ သူရခဲ့ဖူးတဲ့ ေနာင္တေတြကိုလည္း ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။

အထက္တန္းေက်ာင္းၿပီးစီးလို႔ ႏွစ္ ၄၀ ေက်ာ္ အၾကာမွာ ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ စီးပြားေရးလုပ္ငန္းနဲ႔ အေျခတက်ျဖစ္လာတဲ့ Cardon ဟာ အသက္ ၂၀ အ႐ြယ္ေလာက္က ပိုက္ဆံအေၾကာင္းမသိဘဲ ျဖဳန္းတီးမိခဲ့တဲ့ အရာေတြ ရွိခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ “ရတဲ့ ဝင္ေငြေလးနည္းနည္းနဲ႔၊ ကိုယ့္အတြက္ အက်ိဳးမရွိ၊ အသုံးလည္း မဝင္တဲ့အရာေတြ အေပၚမွာ ျဖဳန္းတီးမိခဲ့တယ္” လို႔ ထုတ္ေဖာ္ ေျပာျပခဲ့ပါတယ္။

CNBC မွာ သူေရးသားခဲ့တဲ့ ေဆာင္းပါးတစ္ခုမွာ သူ အသက္ ၂၀ ဝန္းက်င္အ႐ြယ္က ျဖဳန္းတီးခဲ့မိတဲ့ အခ်ိန္ေတြနဲ႔ ပိုက္ဆံေတြအတြက္ ေနာင္တရမိတဲ့ အရာ ၄ ခုကို ေဖာ္ျပထားပါတယ္။

၁။ မူးယစ္ေဆးဝါးနဲ႔ အရက္

Cardone ဟာ အထက္တန္းေက်ာင္းၿပီးခ်ိန္မွာ အရက္နဲ႔ မူးယစ္ေဆးဝါးေတြအတြက္ ပိုက္ဆံျဖဳန္းခဲ့မိၿပီး ေဆးစြဲ အရက္စြဲတဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။ အဲဒီအစား အရည္အခ်င္းသစ္ေတြ သင္ယူဖို႔၊ ဗဟုသုတရရွိဖို႔နဲ႔ အဆက္အသြယ္ေကာင္းေတြ ရရွိဖို႔အတြက္သာ ပိုက္ဆံေတြ သုံးခဲ့မိရင္ သူ႔အတြက္ပိုေကာင္းမယ္လို႔ ဆိုပါတယ္။

၂။ ခရီးသြားျခင္း

Cardone ဟာ ငယ္စဥ္က ဘာအက်ိဳးမွမရတဲ့ ခရီးစဥ္ေတြအတြက္ အခ်ိန္ျဖဳန္းခဲ့မိတယ္လို႔ ဆိုပါတယ္။ အလုပ္ အတြက္လည္း ရည္႐ြယ္ခ်က္မရွိခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီလိုဆိုလိုတာဟာ မေနမနား အလုပ္လုပ္ရမယ္လို႔ေတာ့ ဆိုလိုတာမဟုတ္ပါဘူး။

သူဆိုလိုတာက Comfort ျဖစ္ေနျခင္းဟာ သင့္ရဲ႕ရန္သူအစစ္ျဖစ္ၿပီး၊ တကယ္လို႔သာ သင့္အေနနဲ႔ ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္ကို ရွာေတြ႕ၿပီဆိုရင္ေတာ့ ခရီးေတြက သင့္ကို ေစာင္ေနလိမ့္မယ္လို႔ ဆိုပါတယ္။ သေဘာကေတာ့ အလကားေနရင္း အနားမယူဖို႔၊ လုပ္သင့္တာလုပ္ၿပီး နားသင့္တဲ့အခ်ိန္ နားဖို႔ကို ဆိုလိုတာပါ။

၃။ အိပ္စက္ျခင္း

Cardone ေျပာျပခဲ့တဲ့ သူ႔ရဲ႕အႀကီးမားဆုံးေနာင္တ တစ္ခုကေတာ့ အိပ္စက္ျခင္းလို႔ ဆိုပါတယ္။ သူ လူငယ္ဘ၀ က တစ္ေန႔လုံးနီးပါး အိပ္စက္ျခင္းနဲ႔ အခ်ိန္ကုန္ခဲ့ဖူးပါတယ္။ သူ႔အတြက္ ရည္႐ြယ္ခ်က္ပန္းတိုင္ေတြ သတ္မွတ္ ၿပီး အရယူရမယ့္ အခ်ိန္မွာ မလိုအပ္ဘဲ အမ်ားႀကီးအိပ္စက္ခဲ့မိတယ္လို႔ ဆိုပါတယ္။

အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းတာမွန္ေပမဲ့ ပုံမွန္ထက္ပိုတဲ့ အလြန္အကြၽံအိပ္စက္ျခင္းမ်ိဳးကေတာ့ သင့္ကို ရည္႐ြယ္ခ်က္မဲ့ေစသလို က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

၄။ အလုပ္မွာ သက္သာအဆင္ေျပလြန္းေနျခင္း

Cardone အတြက္ ေနာက္ထပ္ ေနာင္တရစရာတစ္ခုကေတာ့ သူ႔အသက္ ၂၀ ဝန္းက်င္အ႐ြယ္မွာ လစာနည္းၿပီး သူ႔အတြက္တန္ဖိုးရွိတဲ့ စြမ္းရည္ေတြတိုးတက္ဖို႔ စိန္ေခၚမႈမရွိတဲ့ အလုပ္မ်ိဳးကို အခ်ိန္ကုန္ခံၿပီး လုပ္ခဲ့ဖူးတာပါပဲ။

 ေန႔တိုင္းအလုပ္လုပ္ရတာ သက္ေသာင့္သက္သာရွိေနေပမဲ့ စိန္ေခၚမႈမရွိ၊ တိုးတက္စရာမရွိဘဲ သူ႔ကို Comfort zone ထဲ ေရာက္ရွိသြားေစခဲ့တာပါ။ အလုပ္မွာ သက္ေသာင့္သက္သာရွိလြန္းေနတာဟာ သင့္အတြက္ ေကာင္းတဲ့အရာတစ္ခု မဟုတ္ပါဘူး။

Cardone တစ္ေယာက္ သူ႔ရဲ႕လူငယ္ဘဝမွာ ေနာင္တရခဲ့တဲ့ အခ်က္ေတြဟာ လူေတာ္ေတာ္မ်ားမ်ားရဲ႕ဘဝမွာ ေနာင္တရသင့္တဲ့ အရာေတြပါပဲ။ ခံယူခ်က္အေပၚမူတည္ၿပီး ဘဝေနထိုင္မႈပုံစံ ကြာျခားသြားႏိုင္ေပမဲ့ တကယ္ ေအာင္ျမင္တိုးတက္လိုသူ ႀကီးပြားလိုသူေတြဆိုရင္ေတာ့ သူ႔ရဲ႕အမွားနဲ႔ ေနာင္တေတြကို သင္ခန္းစာယူၿပီး ဆင္ျခင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

အောင်မြင်မှုရနေတဲ့ လူတွေဟာ ကိုယ်တွေလို သာမန်လူတွေနဲ့ ကွာခြားတယ်လို့ပဲ သိရှိထားကြတာပါ။ လူတိုင်း ဟာ တစ်နေ့ကို ၂၄ နာရီ ပိုင်ဆိုင်ထားတာချင်း တူညီကြပေမဲ့ ဘယ်အရာကများ သူတို့ကိုအောင်မြင်စေတာလဲ၊ သန်းကြွယ်သူဌေးဘဝကို ရောက်ရှိစေခဲ့တာလဲ။

သူတို့ဘဝမှာ အမှားဆိုတာရှိခဲ့ဖူးလား။ သူတို့ဘဝမှာ နောင်တ တရားဆိုတာ ကြုံခဲ့ရဖူးလား။ အဲဒီအချက်တွေအတွက် လျှို့ဝှက်ချက် တစ်ခုတော့ ရှိကြပါတယ်။

ကိုယ့်အစွမ်းအစ နဲ့ အောင်မြင်လာတဲ့ အသက် ၆၁ နှစ်အရွယ် သန်းကြွယ်သူဌေးကြီးတစ်ယောက်ကတော့ သူရဲ့လျှို့ဝှက်ချက် တချို့ကို ထုတ်ဖော်ဝေမျှပေးခဲ့ပါတယ်။

သူကတော့ Grant Cardone ပါပဲ။ Cardone ဟာ နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်တစ် အရောင်းလုပ်ငန်း လေ့ကျင်သင်ကြားပေးသူ (sales trainer) အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာလည်း Forbes က စာရင်းကောက်ယူဖော်ပြခဲ့တဲ့ 25 Marketing Influencers to Watch မှာလည်း နံပါတ်တစ် ဖြစ်ခဲ့သူပါ။

 ခေါင်းဆောင်မှုအတတ်ပညာ၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၊ စွန့်ဦးတီထွင်စွန့်စားလိုစိတ်၊ ဆိုရှယ်မီဒီယာနဲ့ ဘဏ္ဍာရေးပိုင်းမှာ ဟောပြောသူ speaker တစ်ယောက်အဖြစ်လည်း နိုင်ငံတကာမှာ လူသိများသူ ဖြစ်ပါတယ်။

Cardone ဟာ Google, Toyota နဲ့ Ford တို့ အပါအဝင် နာမည်ကျော်ကုမ္ပဏီပေါင်းများစွာနဲ့ တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါ့ပြင် သူဟာ နှစ်စဉ်ရောင်းအားအနေနဲ့ သန်း ၁၀၀ နီးပါး ရှိနေတဲ့ ကုမ္ပဏီ ၄ ခုကို ပိုင်ဆိုင်ထားပြီး လုပ်ငန်းဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ Cardone ဟာ အဲဒီလိုသူ့ရဲ့ အောင်မြင်မှုတွေနဲ့ အတူ သူရခဲ့ဖူးတဲ့ နောင်တတွေကိုလည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အထက်တန်းကျောင်းပြီးစီးလို့ နှစ် ၄၀ ကျော် အကြာမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ အခြေတကျဖြစ်လာတဲ့ Cardon ဟာ အသက် ၂၀ အရွယ်လောက်က ပိုက်ဆံအကြောင်းမသိဘဲ ဖြုန်းတီးမိခဲ့တဲ့ အရာတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ “ရတဲ့ ဝင်ငွေလေးနည်းနည်းနဲ့၊ ကိုယ့်အတွက် အကျိုးမရှိ၊ အသုံးလည်း မဝင်တဲ့အရာတွေ အပေါ်မှာ ဖြုန်းတီးမိခဲ့တယ်” လို့ ထုတ်ဖော် ပြောပြခဲ့ပါတယ်။

CNBC မှာ သူရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ သူ အသက် ၂၀ ဝန်းကျင်အရွယ်က ဖြုန်းတီးခဲ့မိတဲ့ အချိန်တွေနဲ့ ပိုက်ဆံတွေအတွက် နောင်တရမိတဲ့ အရာ ၄ ခုကို ဖော်ပြထားပါတယ်။

၁။ မူးယစ်ဆေးဝါးနဲ့ အရက်

Cardone ဟာ အထက်တန်းကျောင်းပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေအတွက် ပိုက်ဆံဖြုန်းခဲ့မိပြီး ဆေးစွဲ အရက်စွဲတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအစား အရည်အချင်းသစ်တွေ သင်ယူဖို့၊ ဗဟုသုတရရှိဖို့နဲ့ အဆက်အသွယ်ကောင်းတွေ ရရှိဖို့အတွက်သာ ပိုက်ဆံတွေ သုံးခဲ့မိရင် သူ့အတွက်ပိုကောင်းမယ်လို့ ဆိုပါတယ်။

၂။ ခရီးသွားခြင်း

Cardone ဟာ ငယ်စဉ်က ဘာအကျိုးမှမရတဲ့ ခရီးစဉ်တွေအတွက် အချိန်ဖြုန်းခဲ့မိတယ်လို့ ဆိုပါတယ်။ အလုပ် အတွက်လည်း ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလိုဆိုလိုတာဟာ မနေမနား အလုပ်လုပ်ရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။

သူဆိုလိုတာက Comfort ဖြစ်နေခြင်းဟာ သင့်ရဲ့ရန်သူအစစ်ဖြစ်ပြီး၊ တကယ်လို့သာ သင့်အနေနဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ရှာတွေ့ပြီဆိုရင်တော့ ခရီးတွေက သင့်ကို စောင်နေလိမ့်မယ်လို့ ဆိုပါတယ်။ သဘောကတော့ အလကားနေရင်း အနားမယူဖို့၊ လုပ်သင့်တာလုပ်ပြီး နားသင့်တဲ့အချိန် နားဖို့ကို ဆိုလိုတာပါ။

၃။ အိပ်စက်ခြင်း

Cardone ပြောပြခဲ့တဲ့ သူ့ရဲ့အကြီးမားဆုံးနောင်တ တစ်ခုကတော့ အိပ်စက်ခြင်းလို့ ဆိုပါတယ်။ သူ လူငယ်ဘ၀ က တစ်နေ့လုံးနီးပါး အိပ်စက်ခြင်းနဲ့ အချိန်ကုန်ခဲ့ဖူးပါတယ်။ သူ့အတွက် ရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ် ပြီး အရယူရမယ့် အချိန်မှာ မလိုအပ်ဘဲ အများကြီးအိပ်စက်ခဲ့မိတယ်လို့ ဆိုပါတယ်။

အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမဲ့ ပုံမှန်ထက်ပိုတဲ့ အလွန်အကျွံအိပ်စက်ခြင်းမျိုးကတော့ သင့်ကို ရည်ရွယ်ချက်မဲ့စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၄။ အလုပ်မှာ သက်သာအဆင်ပြေလွန်းနေခြင်း

Cardone အတွက် နောက်ထပ် နောင်တရစရာတစ်ခုကတော့ သူ့အသက် ၂၀ ဝန်းကျင်အရွယ်မှာ လစာနည်းပြီး သူ့အတွက်တန်ဖိုးရှိတဲ့ စွမ်းရည်တွေတိုးတက်ဖို့ စိန်ခေါ်မှုမရှိတဲ့ အလုပ်မျိုးကို အချိန်ကုန်ခံပြီး လုပ်ခဲ့ဖူးတာပါပဲ။

 နေ့တိုင်းအလုပ်လုပ်ရတာ သက်သောင့်သက်သာရှိနေပေမဲ့ စိန်ခေါ်မှုမရှိ၊ တိုးတက်စရာမရှိဘဲ သူ့ကို Comfort zone ထဲ ရောက်ရှိသွားစေခဲ့တာပါ။ အလုပ်မှာ သက်သောင့်သက်သာရှိလွန်းနေတာဟာ သင့်အတွက် ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။

Cardone တစ်ယောက် သူ့ရဲ့လူငယ်ဘဝမှာ နောင်တရခဲ့တဲ့ အချက်တွေဟာ လူတော်တော်များများရဲ့ဘဝမှာ နောင်တရသင့်တဲ့ အရာတွေပါပဲ။ ခံယူချက်အပေါ်မူတည်ပြီး ဘဝနေထိုင်မှုပုံစံ ကွာခြားသွားနိုင်ပေမဲ့ တကယ် အောင်မြင်တိုးတက်လိုသူ ကြီးပွားလိုသူတွေဆိုရင်တော့ သူ့ရဲ့အမှားနဲ့ နောင်တတွေကို သင်ခန်းစာယူပြီး ဆင်ခြင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top