၁။ အရောင် စမ်းသပ်ပါ
၂။ အရောင် ခွဲခြားပါ
၃။ အထည် အမျိုးအစား
Credit:baganthar
#Unicode Version# ဖြင့်ဖတ်ပါ ။
တစ်ကယ်လို့ အဝတ်အစား အသစ်တွေကို ဝယ်လာပြီး အဝတ်လျှော်စက်ထဲမှာ လျှော်ဖွပ်မယ် ဆိုရင်လည်း ဒီအချက်လေးတွေကို စစ်ဆေးသင့်ပါတယ်။
၁။ အရောင် စမ်းသပ်ပါ
အဝတ်လျှော်စက်ထဲကို အဝတ်အစား အသစ်မထည့်ခင် အထည်ရဲ့ နေရာ အနည်းငယ်ကို ရေနည်း နည်း ဆွတ်ပြီး အဝတ်ပိုင်းစ အဖြူရောင်တစ်ခုနှင့် အုပ်ပြီး ထိုနေရာကို မီးပူတိုက်ကြည့်ပါ။ ဒါက သင့်အဝတ် အထည် သစ်မှာ အသုံးပြုတဲ့ ဆိုးဆေး ကျွတ်မကျွတ်ကို သိနိုင်ပါလိမ့်မယ်။ တစ်ကယ်လို့ အဝတ်ပိုင်းစ အဖြူမှာ အရောင် စွန်းနေတယ်ဆိုရင် တစ်ခြား အဝတ်အထည ်များနှင့် ရောမလျှော်ပါနဲ့။
၂။ အရောင် ခွဲခြားပါ
အဝတ်လျှော်စက်ကို အသုံးပြုပြီးလျှော်တဲ့ အခါတိုင်း ခွဲခြားလျှော်ဖို့ အကြံပြုပါတယ်။ ပထမ တစ်ခုက အဖြူရောင ်အဝတ်တွေကို သီးသန့်လျှော်ပြီးမှ တစ်ခြား အရောင်နဲ့အဝတ်အစားများကို လျှော်ပေးပါ။
၃။ အထည် အမျိုးအစား
အထည်တွေက ို ခွဲထားခြားပြီး လျှော်ခြင်းက သင့်အဝတ်အစားတွေကို ထိန်းသိမ်းနိုင်မယ့် နည်း လမ်း ဖြစ်ပါတယ်။
၄။ ပျော့ပျောင်းတဲ့ အထည်နှင့် ဆပ်ပြာ ပမာဏကို ဂရုစိုက်ပါ
ဒါကို ထုတ်လုပ်သူတွေက အကြံပြု ထားတဲ့ ညွန်ကြားချက်များ အတိုင်း လိုက်နာဖို့ အမြဲတမ်း အကြံပြု ထားပါတယ်။
၅။ သတ်မှတ် ထားသော ကုန်ပစ္စည်း Partition ကို အသုံးပြုပါ
အဝတ်အစားများပေါ်မှာ ဆပ်ပြာတွေ တိုက်ရိုက ်ပုံပြီး အဝတ် မလျှော်သင့်ပါဘူး။ အဝတ်လျှော်စက် အားလုံး နီးပါးက သူတို့ကို ထိန်းသိမ်းဖို့ အတွက် လုံလောက်တဲ့ Partition နှင့် အတူ ပါလာပါတယ်။
ဆပ်ပြာမှုန့် နဲ့ ရေကို အရင ်ရောစပ်ပြီးမှ အဝတ်လျှော်စက်ထဲ လောင်းထည့်ပြီး ထည့်လျှော်ပါ ။ အဝတ် မထည့်ခင် ဆပ်ပြာရည် ထည့်တာက ပိုကောင်းပါတယ်။
၆။ အရိပ်ထဲမှာ အခြောက်ခံပါ
အရိပ်ထဲမှာ အဝတ်အစားတွေကို အခြောက်ခံခြင်းက အရောင်နှင့် အရည်အသွေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ကူညီပေးပါတယ်။ နေရောင်အောက်တွင် သင့် အဝတ်အစားများကို ထားခြင်းက မြန်မြန်ဟောင်းနွမ်း လွယ်တာကြောင့် ဖြစ်ပါတယ်။
၇။ အိပ်ရာခင်းတွေကိုလည်း မမေ့ပါနဲ့
အိပ်ရာခင်း အသစ်တွေကို အသုံးမပြုခင် လျှော်ဖို့လည်း အကြံပြုထားပါတယ်။ ဒါက ရေချိုး သဘက်နှင့် မီးဖိုချောင် ဆက်စပ် ပစ္စည်းများနှင့်လည်း သက်ဆိုင်ပါတယ်။ သန့်ရှင်းဖို့အတွက် သူတို့ကို ပထမဦးဆုံး အကြိမ် အသုံးမပြုခင်မှာ အထူး ဂရုစိုက်ဖို့လိုပါတယ်။
အထက်ပါ ရိုးရှင်းတဲ့ အကြံပြုချက်များက သင့်မှာ ရှိတဲ့ ဓါတ်မတည့်ခြင်း တုံ့ပြန်မှု ကိုရဲ့ အန္တရာယ်ကို လျှော့ချပေး နိုင် ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:baganthar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top