*သား* မင္း အလုပ္မလုပ္ေတာ့ဘူးလား။ မင္းေက်ာင္းၿပီးတာလဲၾကာၿပီကြာ၊ အေဖတို႔ က်န္းမာေရးေကာင္းတုန္းေတာ့ မင္း အလုပ္မလုပ္လည္းရတယ္။

ဒါေပမယ့္ အေဖတို႔မရွိေတာ့ရင္ ဘယ္သူ႔ကိုအားကိုးမလဲ၊ သား….အိမ္ေထာင္ျပဳရင္ အိမ္ေထာင္ဦးစီး တာဝန္ကိုဘယ္လိုယူမလဲ။ မင္း လုပ္ေကြၽးတာကို မိဘေတြက ေမွ်ာ္လင့္လို႔မဟုတ္ပါဘူးကြာ၊ မိဘေတြက ဂုဏ္ယူၿပီးႂကြားခ်င္လို႔ပါကြာ။

*ေဖေဖ* သား အလုပ္စဥ္းစားေနတုန္းပါ၊ ရတဲ့အလုပ္က်ေတာ့ သား ရထားတဲ့ဘြဲ႕နဲ႔မတန္ပါဘူးဗ်ာ။ သားနဲ႔ထိုက္တန္တဲ့အလုပ္ ေတြ႕ရင္ လုပ္မွာပါ ေဖေဖ။

အေနသာလို႔ အသာေနခဲ့ရင္

မင္း…အဲဒီလို အေၾကာင္းျပခ်က္ ေပးခဲ့တာ ဘယ္ေလာက္ၾကာၿပီလဲ၊ လူဆိုတာ အလုပ္တခုေတာ့လုပ္ရတယ္ကြ။*ဦးေႏွာက္ဆိုတာ ပုံမွန္ေသြးေနမွ ထက္သလို လူဆိုတာလည္း အလုပ္ပုံမွန္ရွိမွ ျမတ္ တာကြ……*

မင္းကို အေဖေမးမယ္ ခုခ်ိန္မွာ မင္း ထမင္းစားဖို႔ေတာင္ ပူပင္ေနရၿပီဆိုရင္ မင္းရထားတဲ့ ဘြဲ႕နဲ႔ ပညာနဲ႔ မထိုက္တန္ဘူးဆိုၿပီး ရတဲ့အလုပ္ကို မလုပ္ဘဲနဲ႔၊ မင္းနဲ႔ ထိုက္တန္တဲ့အလုပ္ကို ေစာင့္ေနမွာလား။

သား ျဖစ္သူသည္ ေခတၱမွ်စဥ္းစားၿပီး ေစာင့္ေနရင္ ထမင္းငတ္မွာေပါ့ ေဖေဖ။ ေအးေလ မင္း သင္ၾကားခဲ့တဲ့ ပညာေတြကပဲျမင့္လြန္းေနတာလား၊ မင္းကပဲ အတတ္က်ဴးေနတာလား၊ မေျပာတတ္ေတာ့ပါဘူးကြာ။

သား ကို ေဖေဖေျပာမယ္ ေတြးပါ ဆုံးျဖတ္ပါ။ *အေနသာလို႔ အသာေနရင္အေသနာတတ္တယ္ ေနသလိုမျဖစ္တဲ့ဘဝမွာ ျဖစ္သလိုေနခဲ့ရင္ ေနသလို ျဖစ္မွာပဲ….*သား*

သားကိုရွင္းျပပါအုံး ေဖေဖ၊ ေဖေဖျဖစ္သူက ရွင္းျပပါတယ္။ ငါ…မလုပ္လဲျဖစ္တယ္ ဆိုၿပီး ေနသာသလို အပ်င္းထူခဲ့ၿပီး အသာေလးေနခဲ့ရင္ အသက္ႀကီးရင့္ လာတဲ့အခ်ိန္မွာ ေရာဂါႀကီးႀကီး ျဖစ္လာခဲ့ရင္ ေကာင္းေကာင္းမေသရဘူး။

တရားဓမၼလည္း ေအးေအးခ်မ္းခ်မ္း အားထုတ္ႏိူင္ေလာက္ေအာင္ ဆန္အိုးထဲမွာ ဆန္မရွိဘူး။ *အူမေတာင့္မွ သီလေစာင့္ႏိူင္မယ္* ဆိုတဲ့ စကားပုံအရ အူမေတာင့္ေအာင္ မရွာခဲ့ေတာ့ သီလလည္း မေဆာက္တည္ႏိူင္ခဲ့ဘူး။

အဲဒါေၾကာင့္ ေသလမ္းခရီး မေျဖာင့္ျဖဴးပဲ၊ အေသနာတတ္တယ္။ ဘဝဆိုတာတိုက္ပြဲတစ္ခုပါ သား….ဘဝဆိုတဲ့ တိုက္ပြဲကိုေၾကာက္႐ြံ႕ေနၿပီး ေနသလို မျဖစ္တဲ့ဘဝမွာ တိုက္ပြဲကို ေရွာင္ပုန္း၍ ျဖစ္သလိုေနခဲ့မယ္ဆိုရင္ ဘဝက မိမိေနထိုင္ခဲ့တဲ့အတိုင္း ျဖစ္သလိုဘဝျဖစ္ေနမွာပါ။

ကိုယ္စိုက္တဲ့ အပင္က အသီးကို မိမိပဲ အက်ိဳးခံစားခြင့္ စားသုံးခြင့္ရမွာပါ။ ခ်ဥ္ေပါင္ပင္ စိုက္ၿပီး ပန္းသီး စားခ်င္လို႔ေတာ့ မရဘူး။ *သား*…. အဲဒီေတာ့ ေဖေဖ ေျပာခ်င္တာကေတာ့ *ေနသလို မျဖစ္တဲ့ဘဝမွာ ျဖစ္သလို မေနဘဲ ဘဝကို မိမိကိုယ္တိုင္ အေကာင္းဆုံးေဆးျခယ္ အေရာင္တင္မွ မိမိဘဝက ေတာက္ေျပာင္ ခမ္းနားလာမွာ ပါ *သား*…..

သားျဖစ္သူ သည္ ေဖေဖ၏ စကားဆုံးေသာအခါ ေဖေဖကို စိုက္ၾကည့္ၿပီး၊ အဲဒါေၾကာင့္ ေဖေဖကို လူေတြကေလးစား တန္ဖိုးထားၾကၿပီး မိသားစုရဲ႕ ေနမင္းႀကီး ျဖစ္ေနတာပါ ေဖေဖ။

ေဖေဖ့ကို သားကတိေပးပါတယ္၊ သား ေနသာသလို မေနေတာ့ပါဘူး။ သား ဘဝကို သားကိုယ္တိုင္ အေရာင္ေတာက္ေျပာင္ေအာင္ ႀကိဳးစားပါေတာ့မယ္ေနာ္ ေဖေဖ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:original writer.
# Unicode Version # ျဖင့္ ဖတ္ပါ #

*သား* မင်း အလုပ်မလုပ်တော့ဘူးလား။ မင်းကျောင်းပြီးတာလဲကြာပြီကွာ၊ အဖေတို့ ကျန်းမာရေးကောင်းတုန်းတော့ မင်း အလုပ်မလုပ်လည်းရတယ်။

ဒါပေမယ့် အဖေတို့မရှိတော့ရင် ဘယ်သူ့ကိုအားကိုးမလဲ၊ သား….အိမ်ထောင်ပြုရင် အိမ်ထောင်ဦးစီး တာဝန်ကိုဘယ်လိုယူမလဲ။ မင်း လုပ်ကျွေးတာကို မိဘတွေက မျှော်လင့်လို့မဟုတ်ပါဘူးကွာ၊ မိဘတွေက ဂုဏ်ယူပြီးကြွားချင်လို့ပါကွာ။

*ဖေဖေ* သား အလုပ်စဉ်းစားနေတုန်းပါ၊ ရတဲ့အလုပ်ကျတော့ သား ရထားတဲ့ဘွဲ့နဲ့မတန်ပါဘူးဗျာ။ သားနဲ့ထိုက်တန်တဲ့အလုပ် တွေ့ရင် လုပ်မှာပါ ဖေဖေ။

အနေသာလို့ အသာနေခဲ့ရင်

မင်း…အဲဒီလို အကြောင်းပြချက် ပေးခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ လူဆိုတာ အလုပ်တခုတော့လုပ်ရတယ်ကွ။*ဦးနှောက်ဆိုတာ ပုံမှန်သွေးနေမှ ထက်သလို လူဆိုတာလည်း အလုပ်ပုံမှန်ရှိမှ မြတ် တာကွ……*

မင်းကို အဖေမေးမယ် ခုချိန်မှာ မင်း ထမင်းစားဖို့တောင် ပူပင်နေရပြီဆိုရင် မင်းရထားတဲ့ ဘွဲ့နဲ့ ပညာနဲ့ မထိုက်တန်ဘူးဆိုပြီး ရတဲ့အလုပ်ကို မလုပ်ဘဲနဲ့၊ မင်းနဲ့ ထိုက်တန်တဲ့အလုပ်ကို စောင့်နေမှာလား။

သား ဖြစ်သူသည် ခေတ္တမျှစဉ်းစားပြီး စောင့်နေရင် ထမင်းငတ်မှာပေါ့ ဖေဖေ။ အေးလေ မင်း သင်ကြားခဲ့တဲ့ ပညာတွေကပဲမြင့်လွန်းနေတာလား၊ မင်းကပဲ အတတ်ကျူးနေတာလား၊ မပြောတတ်တော့ပါဘူးကွာ။

သား ကို ဖေဖေပြောမယ် တွေးပါ ဆုံးဖြတ်ပါ။ *အနေသာလို့ အသာနေရင်အသေနာတတ်တယ် နေသလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေခဲ့ရင် နေသလို ဖြစ်မှာပဲ….*သား*

သားကိုရှင်းပြပါအုံး ဖေဖေ၊ ဖေဖေဖြစ်သူက ရှင်းပြပါတယ်။ ငါ…မလုပ်လဲဖြစ်တယ် ဆိုပြီး နေသာသလို အပျင်းထူခဲ့ပြီး အသာလေးနေခဲ့ရင် အသက်ကြီးရင့် လာတဲ့အချိန်မှာ ရောဂါကြီးကြီး ဖြစ်လာခဲ့ရင် ကောင်းကောင်းမသေရဘူး။

တရားဓမ္မလည်း အေးအေးချမ်းချမ်း အားထုတ်နိူင်လောက်အောင် ဆန်အိုးထဲမှာ ဆန်မရှိဘူး။ *အူမတောင့်မှ သီလစောင့်နိူင်မယ်* ဆိုတဲ့ စကားပုံအရ အူမတောင့်အောင် မရှာခဲ့တော့ သီလလည်း မဆောက်တည်နိူင်ခဲ့ဘူး။

အဲဒါကြောင့် သေလမ်းခရီး မဖြောင့်ဖြူးပဲ၊ အသေနာတတ်တယ်။ ဘဝဆိုတာတိုက်ပွဲတစ်ခုပါ သား….ဘဝဆိုတဲ့ တိုက်ပွဲကိုကြောက်ရွံ့နေပြီး နေသလို မဖြစ်တဲ့ဘဝမှာ တိုက်ပွဲကို ရှောင်ပုန်း၍ ဖြစ်သလိုနေခဲ့မယ်ဆိုရင် ဘဝက မိမိနေထိုင်ခဲ့တဲ့အတိုင်း ဖြစ်သလိုဘဝဖြစ်နေမှာပါ။

ကိုယ်စိုက်တဲ့ အပင်က အသီးကို မိမိပဲ အကျိုးခံစားခွင့် စားသုံးခွင့်ရမှာပါ။ ချဉ်ပေါင်ပင် စိုက်ပြီး ပန်းသီး စားချင်လို့တော့ မရဘူး။ *သား*…. အဲဒီတော့ ဖေဖေ ပြောချင်တာကတော့ *နေသလို မဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေဘဲ ဘဝကို မိမိကိုယ်တိုင် အကောင်းဆုံးဆေးခြယ် အရောင်တင်မှ မိမိဘဝက တောက်ပြောင် ခမ်းနားလာမှာ ပါ *သား*…..

သားဖြစ်သူ သည် ဖေဖေ၏ စကားဆုံးသောအခါ ဖေဖေကို စိုက်ကြည့်ပြီး၊ အဲဒါကြောင့် ဖေဖေကို လူတွေကလေးစား တန်ဖိုးထားကြပြီး မိသားစုရဲ့ နေမင်းကြီး ဖြစ်နေတာပါ ဖေဖေ။

ဖေဖေ့ကို သားကတိပေးပါတယ်၊ သား နေသာသလို မနေတော့ပါဘူး။ သား ဘဝကို သားကိုယ်တိုင် အရောင်တောက်ပြောင်အောင် ကြိုးစားပါတော့မယ်နော် ဖေဖေ။

ဖိုးသူတော် (www.phothutaw.com)
Credit:original writer.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top