










Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #

သူတို့ခေတ်အခါကတော့ အရမ်းအင်မတန်နာမည်ကြီးပြီးကောင်မလေးတွေအသည်းစွဲကြိုက်နှစ် သက်အားပေးခဲ့ကြတဲ့ မင်းသာတစ်လက်ဖြစ်ပြီး အခုချိန်မှာ အနုပညာအလုပ်တွေလုပ်တာကျဲသွားတဲ့ ဖြိုးငွေစိုးကို အားလုံးသိကြမယ် ထင်ပါတယ် ။

အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့အကြောင်းတွေကတော့ သူတို့သူငယ်ချင်းတွေအကြောင်းနဲ့ သူရဲ့ အမှတ်တရတချို့ကိုပြောပြသွားပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြန်လည်ပြောပြပေးလိုက်ပါတယ် ။

ဖြိုးငွေစိုးက ” ကျနော်က သူတို့တွေနဲ့သွားနေလာနေတာတွေများတော့ စိုင်းအိမ်မှာ ကျနော်နေတယ် ။ ကျနော့်အိမ်မှာ စိုင်းစိုင်းနေတယ် ။ အဲ့ဒီလိုမျိုးနေတာ များတယ် ဆိုတော့ ကျနော်က သီချင်းမဆိုတတ်ဘူးလေ အဲ့ဒါကြောင့် သူကကျနော့်ကို သီချင်းဆိုသင်ပေးတယ် ။

 နောက်တော့ သူစိတ်ညစ် သွားတယ် မင်းကိုမသင်တော့ဘူး ဒီတစ်သက်တော့ တဲ့ ကျနော်ကသီချင်းဆိုတာတော်တော်ပါရမီပါတယ် လေ ။ (သဘောကျလျက်) စိုင်းစိုင်းတို့ကကျ သူကအလုပ်များတဲ့သူပါ ။ သက်မွန်ကကျ မင်းသမီးဖြစ်နေတဲ့ အခါကျတော့ ခဏခဏဆုံဖြစ်တဲ့ ရိုက်ကွင်းတွေမှာ ။

စိုင်းစိုင်းတို့နဲ့ကျတော့ တမင်ချိန်းမှပဲ ဆုံဖြစ်ကြတာ။ ကျနော်မွေးနေ့တုန်းကလည်း သူအစောဆုံးရောက်လာပြီး နောက်ဆုံးမှသူပြန်သွားတာ အဲ့ဒီမှ ဆယ့်ငါးနှစ်စာ စကားထိုင်ပြောနေကြတာ အဲ့ဒီလိုမျိုး ။

အလုပ်ကိစ္စနဲ့တွေ့ဖြစ်တာ များပါတယ် တစ်ခါတလေ ဟက်ကက်တို့နဲ့ဆုံတဲ့အခါလေးတွေရှိတယ်။ သက်မွန်တို့နဲ့ကတွေ့ဖြစ်ပါတယ်။ သူနဲ့ ကျနော်အမျိုးသမီးနဲ့က သူငယ်ချင်းတွေဖြစ်နေတော့ သူတို့က ကလေးကိစ္စတွေဘာတွေလည်းရှိနေတော့ တွေ့ဖြစ်ပါတယ်။

ဟက်ကက်တို့နဲ့လည်းတွေ့တယ် စိုင်းစိုင်းနဲ့ကလည်းသူက နည်းနည်းအလုပ်များတော့ သိပ်မတွေ့ဖြစ်တာပါ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top