အခါတစ္ပါး၌ ျမတ္စြာဘုရားသည္
သာ၀တၳိျပည္၌ (သီတင္းသံုး) ေနေတာ္မူ၏။
ထိုအခါျမတ္စြာဘုရားသည္ ရဟန္းတို႔ကို
"ရဟန္းတို႔" ဟူ၍ ေခၚေတာ္မူ၏၊
ရဟန္းတို႔ သံသရာ၏ အစကို မသိႏိုင္၊
မသိမႈ ' အ၀ိဇၨာ'ျဖင့္ ပိတ္ဖုံးအပ္ကုန္သည္
တဏွာေႏွာင္ႀကိဳးျဖင့္ ဖြဲ႕ခ်ည္အပ္ကုန္သည္
ျဖစ္၍ ဤဘ၀မွ ထိုဘ၀ ထိုဘ၀မွ ဤဘ၀သို႔ ေျပးသြားက်င္လည္ၾကရကုန္ေသာ
သတၱ၀ါတို႔၏ ေရွ႕အစြန္းသည္ မထင္ႏိုင္။

ရဟန္းတို႔ ဤရွည္စြာေသာ အဓြန္႔ကာလ၌
သင္တို႔၏ အမိမျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ အဖ မျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ သင္တို႔၏ ညီအစ္ကုိ
မျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ သင္တို႔သည္ ညီမ, ႏွမ, အစ္မ
မျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ သင္တို႔၏ သား မျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ သင္တို႔၏ သမီးမျဖစ္ဖူးေသာ သတၱ၀ါဟူ၍ မရွိ။
ရဟန္းတို႔ ဤရွည္စြာေသာ အဓြန္႔ကာလ၌
သင္တို႔၏ မေတာ္စပ္ဖူးေသာ
ေဆြမ်ဳိးဟူေသာ သတၱ၀ါကုိ ရလြယ္သည္
မဟုတ္။

ရဟန္းတို႔ ဆင္းရဲေသာ မေကာင္းေသာ
အသြင္ရွိေသာ အၾကင္ သတၱ၀ါတို႔ကို
ေတြ႕ျမင္ကုန္ရာ၏၊ ဤသို႔ ေတြ႕ျမင္ရာ၌
" ငါတို႔သည္လည္း ဤ ရွည္စြာေသာ
အဓြန္႔ကာလ၌ ဤသို႔သေဘာရွိေသာ
ဆင္းရဲကို ခံစားရဖူးလွေလၿပီ" ဟု
ဆံုးျဖတ္ျခင္းသို႔ ေရာက္အပ္၏။

ထုိသို႔ျဖစ္ျခင္းသည္ အဘယ္ေၾကာင့္နည္း-
ရဟန္းတို႔ ဤသံသရာ၏ အစကုိ မသိႏုိင္၊
မသိမႈ ' အ၀ိဇၨာ' ျဖင့္ ပိတ္ဖံုးအပ္ကုန္သည္
တဏွာေႏွာင္ႀကိဳးျဖင့္ ဖြဲ႕ခ်ည္အပ္ကုန္သည္
ျဖစ္၍ ဤဘ၀မွ ထုိဘ၀ ထုိဘ၀မွ ဤဘ၀သို႔ ေျပးသြားက်င္လည္ၾကရကုန္ေသာ
သတၱ၀ါတို႔၏ ေရွ႕အစြန္းသည္ မထင္ႏုိင္။

ရဟန္းတို႔ ဤသို႔လွ်င္ ရွည္စြာေသာ
ညဥ့္တို႔ပတ္လံုး သင္တို႔သည္ ဆင္းရဲကုိ
ခံစားရဖူးလွေလၿပီ၊
ျပင္းထန္ေသာ ဆင္းရဲကုိ ခံစားရဖူးလွေလၿပီ၊ ပ်က္စီးျခင္းကုိ ခံစားရဖူးလွေလၿပီ၊
သခၤ်ဳိင္းေျမပံုသည္ တုိးပြားလွေလၿပီ။

ရဟန္းတို႔ ဤအလံုးစံုေသာ သခၤါရတရားတို႔၌
ၿငီးေငြ႕ျခင္းငွါ သင့္လွေတာ့သည္သာတည္း၊
တပ္ျခင္းကင္းျခင္းငွါ သင့္လွေတာ့သည္သာတည္း၊
လြတ္ေျမာက္ျခင္းငွါ သင့္လွေတာ့သည္သာ
တည္းဟု (ေဟာေတာ္မူ၏)။

ဤေဒသနာေတာ္ကို ႏွလုံးသြင္းမလွ်င္
အားလုံးပင္ ေဆြမ်ဳိးခ်ည္း ျဖစ္ၾကသည္
ဟူေသာ ရင္းႏွီးခ်စ္ခင္ ျကင္နာသည့္
စိတ္ထား ထားႏိုင္ၾက၍ ၾကီးမားေသာ
စိတ္ထားရွိသူမ်ား ျဖစ္ႏိုင္ၾကမည္ျဖစ္ရာ
ကိုယ့္အမ်ဳိးသားမ်ားအေပၚ စိတ္ထားၾကီးမား က်ယ္ျပန္႔ႏိုင္သူမ်ား ျဖစ္ၾကပါေစ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သေျပကန္ဆရာေတာ္ၾကီး
# Unicode Version # ျဖင့္ ဖတ္ပါ #

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါမြတ်စွာဘုရားသည် ရဟန်းတို့ကို
"ရဟန်းတို့" ဟူ၍ ခေါ်တော်မူ၏၊
ရဟန်းတို့ သံသရာ၏ အစကို မသိနိုင်၊
မသိမှု ' အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည်
တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်
ဖြစ်၍ ဤဘဝမှ ထိုဘ၀ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော
သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌
သင်တို့၏ အမိမဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ အဖ မဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ သင်တို့၏ ညီအစ်ကို
မဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ သင်တို့သည် ညီမ, နှမ, အစ်မ
မဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ သင်တို့၏ သား မဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ သင်တို့၏ သမီးမဖြစ်ဖူးသော သတ္တဝါဟူ၍ မရှိ။
ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌
သင်တို့၏ မတော်စပ်ဖူးသော
ဆွေမျိုးဟူသော သတ္တဝါကို ရလွယ်သည်
မဟုတ်။

ရဟန်းတို့ ဆင်းရဲသော မကောင်းသော
အသွင်ရှိသော အကြင် သတ္တဝါတို့ကို
တွေ့မြင်ကုန်ရာ၏၊ ဤသို့ တွေ့မြင်ရာ၌
" ငါတို့သည်လည်း ဤ ရှည်စွာသော
အဓွန့်ကာလ၌ ဤသို့သဘောရှိသော
ဆင်းရဲကို ခံစားရဖူးလှလေပြီ" ဟု
ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊
မသိမှု ' အဝိဇ္ဇာ' ဖြင့် ပိတ်ဖုံးအပ်ကုန်သည်
တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်
ဖြစ်၍ ဤဘဝမှ ထိုဘ၀ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော
သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော
ညဉ့်တို့ပတ်လုံး သင်တို့သည် ဆင်းရဲကို
ခံစားရဖူးလှလေပြီ၊
ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊
သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ။

ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတရားတို့၌
ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊
တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊
လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာ
တည်းဟု (ဟောတော်မူ၏)။

ဤဒေသနာတော်ကို နှလုံးသွင်းမလျှင်
အားလုံးပင် ဆွေမျိုးချည်း ဖြစ်ကြသည်
ဟူသော ရင်းနှီးချစ်ခင် ကြင်နာသည့်
စိတ်ထား ထားနိုင်ကြ၍ ကြီးမားသော
စိတ်ထားရှိသူများ ဖြစ်နိုင်ကြမည်ဖြစ်ရာ
ကိုယ့်အမျိုးသားများအပေါ် စိတ်ထားကြီးမား ကျယ်ပြန့်နိုင်သူများ ဖြစ်ကြပါစေ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:သပြေကန်ဆရာတော်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top