Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
မြန်မာနိုင်ငံရဲ့ ဝါရင့်မင်းသမီးတွေထဲက တယောက်ဖြစ်တဲ့ မေကဗျာကိုတော့ တော်တော်များများသိကြမှာပါ။ ညိုချောလေးလို့ နာမည်ကြီးတဲ့ မေကဗျာကတော့ အနုပညာလောကထဲက သူငယ်ငယ်လေးကတည်းက ဝင်ရောက်လာခဲ့တာ လက်ရှိချိန်ထိပါပဲ။ လက်ရှိမှာ အသက်တွေကြီးလာပေမယ့်လည်း မေကဗျာကတော့ နုနယ်နေတုန်းပါပဲ။ မေကဗျာကတော့ ယခုနောက်ပိုင်းမှာ ရုပ်ရှင်ကားတွေ သိပ်မရိုက်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ အားပေးနေဆဲပါပဲ။ ပဲခူးသူလေး ဖြစ်တဲ့ မေကဗျာကတော့ သူတို့ပဲခူးသူတွေအကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။
မေကဗျာကတော့ MC နဲ့ အင်တာဗျူးတွင် “တချို့ကျတော့လည်း ပြောကြတယ်။ ဒါပေမယ့်လည်း တော်တော်များများ တွေ့ဖူးတာတော့ ဟုတ်တယ်။ ပဲခူးသူ တော်တော်များများကတော့ ယောကျာ်းနိုင်တယ်။ ကိုယ်အပါအဝင်ပေါ့ တခြားသူတွေကို ကြည့်လိုက်ရင်လည်း ယောကျာ်းနိုင်တယ်။ ဒါကတော့ ရှေးစကားပုံပေါ့။ ဟုတ်လားမဟုတ်လားတော့ မသိဘူး။ ဒါပေမယ့်လည်း ကဗျာတွေ့ဖူးသမျှကတော့ ဟုတ်တယ်”
ရန်ကုန်မှာ ပြောင်းပြီးနေထိုင်ဖြစ်တာနဲ့ ပတ်သက်ပြီး “ဇာတိကတော့ ပဲခူးကပါ။ ပဲခူးသူပါ။ ရန်ကုန်မှာကလည်း အမျိုးတွေရှိတော့ ရန်ကုန်နဲ့ ပဲခူးနဲ့ကတော့ မစိမ်းဘူးပေါ့။ သွားလိုက်လာလိုက်ပါပဲ။ ကိုယ်ရန်ကုန်စပြောင်းတဲ့ အချိန်မှာအခက်ခဲတွေ ရှိပါတယ်။ နယ်ဆိုတော့လည်း နယ်အမြင်လေးတွေရှိတယ်။ အခက်ခဲတွေတော့ ရှိပါတယ်။ ပဲခူးနဲ့ ရန်ကုန်ကနီးပေမယ့်လည်း ပဲခူးက တိုးတက်မှုနှှုန်းနှေးတယ်။ ပဲခူးမှာ ဆက်နေလို့ကတော့ စိတ်ဓါတ်တွေရော ဒီလောက်တိုးတက်မှမဟုတ်သလို ကြိုးလည်းကြိုးစားဖြစ်မှာ မဟုတ်ဘူး။ နယ်ဆိုတော့လည်း နယ်အတွေးလေးပေါ့။ မိဘတွေက ဟိုနေရာမသွားနဲ့ ဒီနေရာမသွားနဲ့ပေါ့။ ဝန်ထမ်းလေးပဲ လုပ် အဲ့အတွေးလေးပေါ့။ ရန်ကုန်ရောက်လာတော့ အတွေးတွေက ကျယ်လာတယ်။ ဒါပြီးရင် ဒါဘာဆက်လုပ်လို့ရမလဲဆိုတာ အတွေးတွေ ကျယ်လာတယ်”
“ကဗျာကတော့ ဟင်းချက်တာတွေလည်း ဝါသနာပါတယ်။ အကုန်လုပ်တတ်တယ်။ ဟင်းချက်တာကိုက ဝါသနာပါတာ။ ပဲခူးမှာကတော့အစားအသောက်ဆို အဓိက နာမည်ကြီးတာကတော့ ငါးချဉ်ပေါ့နော်။
ပဲခူးငါးချဉ်က အရမ်းကောင်းတယ် ပြောကြတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း အနုပညာလောကထဲမှာ ခြေချလာတာ ကြာပြီဖြစ်တဲ့ မင်းသမီး မေကဗျာကိုတော့ လက်ရှိချိန်ထိ အားပေးကြဦးမယ်လို့ ထင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top