




(၃) တည်ငြိမ်တယ်




(၅) သဘောထားကြီးတယ်


(၆) ဒရာမာတွေ မလုပ်ဘူး




Credit:santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #

မိန်းကလေးတွေအနေနဲ့ ချစ်သူ ၊ အိမ်ထောင်ဘက် ရွေးတဲ့အခါ ဘယ်လိုလူမျိုးကို ရွေးသင့်လဲဆိုတာ အမြဲတမ်း စဉ်းစားစရာ ဖြစ်ခဲ့တာပါ ။ ကဲ ဒီတစ်ခါတော့ ကိုယ့်ထက် အသက်ကြီးတဲ့ ဦးတွေကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးချင်ပါတယ် ။

(၁) စိတ်ကြိုက် ဆိုးလို့ရ

ကိုယ့်ထက် အသက်ကြီးတဲ့ ဦးတွေနဲ့ တွဲတဲ့အခါ သေချာပေါက် ကိုယ်ကပဲ စိတ်ကြိုက် ဆိုးရမှာပါ ။ ကိုယ်ဘယ်လောက် ကလေးဆန်ဆန် အဆုံးစွန် သည်းခံမယ့်သူပေါ့ ။

(၂) လိုချင်တာအားလုံး ဖြည့်ဆည်းပေးမယ့်သူ

ကိုယ်ဘာလိုချင်လဲ ၊ ဘာလိုအပ်လဲ ဆိုတာကို ကောင်းကောင်းသိပြီး ကိုယ့်စိတ် ပျော်ရွှင်မှုအတွက် အားလုံး ဖြည့်ဆည်းပေးမယ့်သူပါ ။

(၃) တည်ငြိမ်တယ်

ကောင်လေး ငယ်ငယ်တွေလို ကယောင်ခြောက်ခြားတွေ မဖြစ်ဘူး ။ အခက်အခဲတွေ ၊ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်တယ် ၊ ဘာတွေပဲ ကြုံရကြုံရ တည်ငြိမ်နေတဲ့သူတွေပါ ။

(၄) ငွေကြေးအတွက် ပူစရာမလိုဘူး

အလုပ် မရှိသေးတာတွေ ၊ ဝင်ငွေ မရှိသေးတာမျိုးတွေ စဉ်းစားဖို့ မလိုဘူး ။ အလုပ်အကိုင်အတည်တကျနဲ့ ဝင်ငွေအတိုင်းအတာ တစ်ခုအထိ ရှိတဲ့သူတွေမို့ ဒါတွေကို ပူစရာကို မလိုတာ ။

(၅) သဘောထားကြီးတယ်

တွေ့တဲ့လူတိုင်းနဲ့ သဝန်တို စွပ်စွဲတာတွေ မရှိဘူး ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပိတ်ပင်တာမျိုးတွေလည်း မရှိဘူး ။ သဘောထားကြီးတဲ့ ဦးတွေပါ ။

(၆) ဒရာမာတွေ မလုပ်ဘူး

ကိုယ့်ကြောင့် သူဘယ်လောက် ခံစားနေရပါတယ် ၊ ဘယ်လိုတွေ အနစ်နာခံ ပေးဆပ်ရတယ်ဆိုတာတွေ ပြောပြီးတော့ စိတ်ညစ်စရာကောင်းအောင် ဒရာမာချိုး တွယ်ကပ်နေတာတွေလုပ်မှာ မဟုတ်ပါဘူး ။

(၇) လုံခြုံတဲ့ခံစားချက်ကို ဖြစ်စေတယ်

ကိုယ့်ထက် အသက်ကြီးတဲ့ ဦးတွေက ကိုယ်လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးတယ် ၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ် ၊ ကြိုက်သလောက် ဆိုးလို့ရတယ် ။ ဒါတွေတင် မကသေးပါဘူး ၊ စိတ်ထဲမှာ လုံခြုံတဲ့ ခံစားချက်ကိုလည်း ဖြစ်စေနိုင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top