The Voice Myanmar တြင္ Coach အျဖစ္ တာဝန္ယူကိုင္တြယ္ေပးခဲ့တဲ့ အဆိုေတာ္က်ားေပါက္က ျပိဳင္ပြဲအျပီးမွာ သူဆြဲထားတဲ့ ပန္းခ်ီေတြကို ျပပြဲျပဳလုပ္သြားမယ္လို႔ဆိုပါတယ္။ ဒီပန္းခ်ီျပပြဲမွာ ပရိသတ္ၾကီးအတြက္ ထူးျခားတဲ့ QR Coad စနစ္တစ္ခုကိုထည့္သြင္းထားျပီး ဘယ္လိုေလး ထူးျခားတယ္ဆိုတာ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

ဇူလိုင္ ၁ရက္ေန႔ကေန ၇ရက္ေန႔ထိ Yangon Book Plaza မွာ ကၽြန္ေတာ့္ရဲ႕ ပန္းခ်ီျပပြဲကို ျပဳလုပ္သြားဖို႔ရွိပါတယ္။ ေရွ႕တစ္ေခါက္ကလည္း The Voice ျပီးၾကားထဲပဲလုပ္ျဖစ္တာပါ။ အခုက We Creation Gallery ဖြင့္လိုက္ေတာ့ အဲ့ဒါေၾကာင့္လည္း လုပ္ျဖစ္သြားတာပါ။

အရင္ႏွစ္က ဟာေတြေတာ့ ျပန္မပါေတာ့ဘူး။ Size အၾကီးေတြခ်ည္းပဲ။ ကၽြန္ေတာ္ ဆြဲေနက် Size မဟုတ္တဲ့ဟာေတြပါ။ Doodle မပါေသးဘူး။ Doodle ကသက္သက္တစ္ပြဲလုပ္မွာပါ။ အခုက ေတာ့ Canvas ကိုမွေထာင့္ ေတြေပါ့ ေဘးကေဘာင္ေတြပါဆြဲထားတာပါ။ ရွိသမွ်ကြက္လပ္အလြတ္ကို အျပည့္ဆြဲတာပါ။



ပန္းခ်ီကားေတြရဲ႕ ေထာင့္မွာ QR Code ေလးေတြထည့္ေပးထားတာက ကၽြန္ေတာ္ ဒီပန္းခ်ီကားေတြကို ဆြဲေနတဲ့အခ်ိန္မွာ နားေထာင္တဲ့ သီခ်င္း play list ပါ။ အဲ့ထဲကမွ ပန္းခ်ီကားကို အထိေရာက္ဆံုးလို႔ထင္တဲ့ သီခ်င္းကို ေရြးျပီး QR code လုပ္လိုက္တာပါ။

QR code ေလးကို ဖုန္းနဲ႔ဓာတ္ပံုရုိက္လိုက္တာနဲ႔ နားၾကပ္တပ္ထားရင္ You Tube ကသီခ်င္းကို ၾကားရပါလိမ့္မယ္။ ပရိသတ္ကိုျဖစ္ေစခ်င္တာက ပန္းခ်ီကို ၾကည့္ေနတဲ့အခ်ိန္ ၾကားရတဲ့ သီခ်င္းနဲ႔ ကၽြန္ေတာ္ ခံစားရသလို ပရိသတ္ကိုလည္း ရေစခ်င္တာပါ။ အားလံုးေပါင္း ၁၀ကားပါဝင္ပါမယ္။

လတ္တေလာ ထြက္ထားတဲ့ မီးလာျပီ မီးပ်က္ျပီ သီခ်င္းက တကယ္ေတာ့ သည္းခံ ေရွ႕က ေရးျပီးတာပါ။ Cho ကအရမ္းရွည္လို႔ တစ္ဝိုင္းလံုး ေခါင္းစားျပီး ျပန္ျပင္ရင္းနဲ႔မွ အခု ထြက္လာတာပါ။ မီးပ်က္တာကလည္း သိမ့္ၾကာပါတယ္။

 ေလာေလာဆယ္ အေခြက A Road To Starry Night ရွိတယ္။ သူထြက္ေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ ေနာက္တစ္ေခြ စသြင္းပါမယ္။ ကၽြန္ေတာ္တို႔ ၂ခ်ပ္တြဲေလာက္ျဖစ္မလားေတာ့ မသိဘူး။ အပုဒ္၃၀ ေလာက္ပါတယ္။ တစ္ပုဒ္မွ မခ်န္ထားခဲ့ခ်င္ဘူး။



အခု The Voice ကို ၾကည့္ျဖစ္တဲ့ ပရိသတ္ေရာ မၾကည့္ျဖစ္တဲ့ပရိသတ္ေတြေရာ၊ ေနာက္ Big Bag ပရိသတ္ေတြေရာ ေဆာင္းတြင္းမွာသီခ်င္းမ်ားမ်ားထြက္ႏုိင္ေအာင္ အခုမိုးတြင္းမွာ အလုပ္မ်ားမ်ားလုပ္ပါမယ္လို႔ ပရိသတ္ၾကီးကို သတင္းေကာင္းပါးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

The Voice Myanmar တွင် Coach အဖြစ် တာဝန်ယူကိုင်တွယ်ပေးခဲ့တဲ့ အဆိုတော်ကျားပေါက်က ပြိုင်ပွဲအပြီးမှာ သူဆွဲထားတဲ့ ပန်းချီတွေကို ပြပွဲပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီပန်းချီပြပွဲမှာ ပရိသတ်ကြီးအတွက် ထူးခြားတဲ့ QR Coad စနစ်တစ်ခုကိုထည့်သွင်းထားပြီး ဘယ်လိုလေး ထူးခြားတယ်ဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဇူလိုင် ၁ရက်နေ့ကနေ ၇ရက်နေ့ထိ Yangon Book Plaza မှာ ကျွန်တော့်ရဲ့ ပန်းချီပြပွဲကို ပြုလုပ်သွားဖို့ရှိပါတယ်။ ရှေ့တစ်ခေါက်ကလည်း The Voice ပြီးကြားထဲပဲလုပ်ဖြစ်တာပါ။ အခုက We Creation Gallery ဖွင့်လိုက်တော့ အဲ့ဒါကြောင့်လည်း လုပ်ဖြစ်သွားတာပါ။

အရင်နှစ်က ဟာတွေတော့ ပြန်မပါတော့ဘူး။ Size အကြီးတွေချည်းပဲ။ ကျွန်တော် ဆွဲနေကျ Size မဟုတ်တဲ့ဟာတွေပါ။ Doodle မပါသေးဘူး။ Doodle ကသက်သက်တစ်ပွဲလုပ်မှာပါ။ အခုက တော့ Canvas ကိုမှထောင့် တွေပေါ့ ဘေးကဘောင်တွေပါဆွဲထားတာပါ။ ရှိသမျှကွက်လပ်အလွတ်ကို အပြည့်ဆွဲတာပါ။

ပန်းချီကားတွေရဲ့ ထောင့်မှာ QR Code လေးတွေထည့်ပေးထားတာက ကျွန်တော် ဒီပန်းချီကားတွေကို ဆွဲနေတဲ့အချိန်မှာ နားထောင်တဲ့ သီချင်း play list ပါ။ အဲ့ထဲကမှ ပန်းချီကားကို အထိရောက်ဆုံးလို့ထင်တဲ့ သီချင်းကို ရွေးပြီး QR code လုပ်လိုက်တာပါ။

QR code လေးကို ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တာနဲ့ နားကြပ်တပ်ထားရင် You Tube ကသီချင်းကို ကြားရပါလိမ့်မယ်။ ပရိသတ်ကိုဖြစ်စေချင်တာက ပန်းချီကို ကြည့်နေတဲ့အချိန် ကြားရတဲ့ သီချင်းနဲ့ ကျွန်တော် ခံစားရသလို ပရိသတ်ကိုလည်း ရစေချင်တာပါ။ အားလုံးပေါင်း ၁၀ကားပါဝင်ပါမယ်။

လတ်တလော ထွက်ထားတဲ့ မီးလာပြီ မီးပျက်ပြီ သီချင်းက တကယ်တော့ သည်းခံ ရှေ့က ရေးပြီးတာပါ။ Cho ကအရမ်းရှည်လို့ တစ်ဝိုင်းလုံး ခေါင်းစားပြီး ပြန်ပြင်ရင်းနဲ့မှ အခု ထွက်လာတာပါ။ မီးပျက်တာကလည်း သိမ့်ကြာပါတယ်။

 လောလောဆယ် အခွေက A Road To Starry Night ရှိတယ်။ သူထွက်နေတဲ့အချိန်မှာ ကျွန်တော်တို့ နောက်တစ်ခွေ စသွင်းပါမယ်။ ကျွန်တော်တို့ ၂ချပ်တွဲလောက်ဖြစ်မလားတော့ မသိဘူး။ အပုဒ်၃၀ လောက်ပါတယ်။ တစ်ပုဒ်မှ မချန်ထားခဲ့ချင်ဘူး။

အခု The Voice ကို ကြည့်ဖြစ်တဲ့ ပရိသတ်ရော မကြည့်ဖြစ်တဲ့ပရိသတ်တွေရော၊ နောက် Big Bag ပရိသတ်တွေရော ဆောင်းတွင်းမှာသီချင်းများများထွက်နိုင်အောင် အခုမိုးတွင်းမှာ အလုပ်များများလုပ်ပါမယ်လို့ ပရိသတ်ကြီးကို သတင်းကောင်းပါးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top