ကိုယ္နံ႔ဆိုတာကေတာ့ လူတိုင္းမွာ ရွိပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြမွာေပါ့။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဘက္တီးရီးယားပိုးေတြ အေရျပားေပၚမွာ၊ ေခၽြးေပါက္ေတြထဲမွာ ေအာင္းျပီးပြားေနလို႔ ကိုယ္နံ႔နံရတာ၊ တစ္ကိုယ္ေရသန္႔ရွင္းမႈ အားနည္းတာ၊ ေရာဂါတစ္ခုခုရွိေနတာ စတာေတြေၾကာင့္လို႔ ထင္တတ္ၾကပါတယ္။ တကယ့္ အေၾကာင္းရင္းေတြက ဘာလဲၾကည့္လိုက္ၾကရေအာင္။
ကိုယ္နံ႔ဆိုတာ ဘာလဲ။

ကိုယ့္အတြက္ သာမန္အနံ႔လိုပဲ ထင္ႏိုင္ေပမယ့္ တျခားသူေတြအတြက္ စိတ္ကသိကေအာက္ ျဖစ္ေလာက္စရာ ျပင္းလြန္းတဲ့ အနံ႔အသက္မ်ိဳးကို ကိုယ္နံ႔လို႔ ေခၚပါတယ္။
ကိုယ္နံ႔က ဘယ္ေနရာေတြမွာ ပိုျပင္းထန္ႏိုင္လဲ။

ေခၽြးနံ႔တစ္ခုတည္းမွာ အနံ႔မရွိေပမဲ့ အေရျပားေပၚက ဘက္တီးရီးယားပိုးေတြ လ်င္ျမန္စြာ ေပါက္လာတာေၾကာင့္ ေခၽြးက အနံ႔ျပင္းရတာ ျဖစ္ပါတယ္။ အထူးသျဖင့္

    ေျခေထာက္
    ေပါင္ျခံ
    ခ်ိဳင္း
    လိင္အဂၤါတစ္ဝိုက္
    ဆီးခံုေမြးနဲ႔ တျခားေသာ အေမြးရွိရာေနရာ
    ခ်က္
    စအို
    နားရြက္အေနာက္အျပင္ တစ္ကိုယ္လံုး ေနရာအႏွံ႔ ကိုယ္နံ႔ပိုျပင္းႏိုင္ပါတယ္။

ေခၽြးနံ႔ ျပင္းရတာ ဘာေၾကာင့္လဲ။

အေရျပားေပၚက ဘက္တီးရီးယားပိုးမႊားေတြဟာ ေခၽြးနဲ႔ေရာသြားတာေၾကာင့္ အနံ႔ျပင္းလာရတာျဖစ္ပါတယ္။ လူပ်ိဳ၊ အပ်ိဳျဖစ္ကာစမွာ ေခၽြးေတြ အရမ္းထြက္လာတာ၊ ေဟာ္မုန္းအေျပာင္းအလဲျဖစ္လြန္းတာေၾကာင့္ ကိုယ္တြင္းေခၽြးနံ႔ေတြ ျပင္းလာတတ္ပါတယ္။ အျပင္မွာ တစ္ေနကုန္ အလုပ္လုပ္ေနရသူေတြ၊ ေခၽြးထြက္သန္တာ၊ အဝလြန္သူေတြ၊ အစပ္စားလြန္းတဲ့သူေတြ၊ တခ်ိဳ႕ေသာ က်န္းမာေရျပႆနာေတြဟာလည္း ကိုယ္နံ႔၊ ေခၽြးနံ႔ျပင္းတဲ့ လကၡဏာေတြ ေတြ႔ရႏိုင္ပါတယ္။
ကိုယ္နံ႔မျပင္းေအာင္ ဘယ္လိုနည္းလမ္းေတြနဲ႔ ကာကြယ္ၾကမလဲ။

၁။ တစ္ေန႔ကို အနည္းဆံုး တစ္ၾကိမ္ ဆပ္ျပာနဲ႔ ေသခ်ာတိုက္ခၽြတ္ေဆးေၾကာျပီး ေရခ်ိဳးသန္႔စင္ပါ။

၂။ အျပင္က ျပန္လာျပီးတိုင္း ေခၽြးေျခာက္တာနဲ႔ ေရခ်ိဳးပါ၊ ဒါမွမဟုတ္ ေရပတ္တိုက္ေပးပါ။

၃။ အဝတ္အစား ထူက်ပ္လြန္းတာေတြ သိပ္မဝတ္ပါနဲ႔။ ေလဝင္ေလထြက္ေကာင္းျပီး ေခၽြးစုပ္မယ့္ ခ်ည္သားအက်ီမ်ိိဳးေတြ ပိုဝတ္ေပးပါ။

၄။ အတြင္းခံေဘာင္းဘီကိုလည္း အရမ္းက်ပ္ေနတာေတြ မဝတ္ပါနဲ႔။

၅။ ေခၽြးထြက္မ်ားလြန္းတဲ့ ေနရာေတြျဖစ္တဲ့ ခ်ိဳင္း၊ ေပါင္ျခံ၊ ေျခေထာက္ေတြကို ဂရုစိုက္ျပီး တိုက္ခၽြတ္ေဆးေၾကာပါ။

၆။ ကိုယ္က မၾကာခဏ အျပင္သြားေနရတယ္၊ လူေတြနဲ႔ အျမဲထိေတြ႔ဆက္ဆံေနရတယ္ဆိုရင္ ကိုယ့္ေခၽြးနံ႔ေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ရေစဖို႔ ေရေမႊးတစ္ခုခု စြတ္ထားပါ။

၇။ အဝတ္အစားေတြကို တစ္ၾကိမ္ထက္ပိုျပီး မဝတ္ပါနဲ႔။ အထူးသျဖင့္ ဝတ္ျပီးသားအတြင္းခံေတြကို ထပ္ခါတလဲလဲ ျပန္ဝတ္တဲ့အက်င့္ကို ေဖ်ာက္သင့္ပါျပီ။

၈။ ပူ၊ စပ္လြန္းတဲ့ အစားအစာေတြ ေလွ်ာ့စားပါ။
ဘယ္လိုအေျခအေနမွာ ဆရာဝန္နဲ႔ျပဖို႔ လိုအပ္ျပီလဲ။

အေပၚမွာ ျပထားတဲ့ နည္းလမ္းေတြ လုပ္ၾကည့္ျပီးလို႔မွ လံုးဝမသက္သာလာဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသၾကည့္တာ အေကာင္းဆံုးပါပဲ။ အေၾကာင္းရင္းလည္း မရွိ၊ ရာသီဥတုလည္း ပူမေနဘဲ ေခၽြးေတြ အရမ္းထြက္ေနတာ၊ ညဘက္ အိပ္ေနတဲ့အခ်ိန္ဆို ေခၽြးျပန္လာတာ၊ ဒီကိုယ္နံ႔၊ ေခၽြးနံ႔ေၾကာင့္ ကိုယ့္ရဲ႕ တစ္ေန႔တာလုပ္ငန္းေတြ ထိခိုက္လာတာ၊ ပတ္ဝန္းက်င္ကလူေတြ ေျပာရေလာက္တဲ့အထိ အနံ႔အသက္ေတြ ျပင္းလာျပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသၾကည့္တာ အေကာင္းဆံုးပါပဲ။

​Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်နံ့ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာပေါ့။ လူတော်တော်များများကတော့ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်တွေထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့နံရတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ့် အကြောင်းရင်းတွေက ဘာလဲကြည့်လိုက်ကြရအောင်။
ကိုယ်နံ့ဆိုတာ ဘာလဲ။

ကိုယ့်အတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်မျိုးကို ကိုယ်နံ့လို့ ခေါ်ပါတယ်။
ကိုယ်နံ့က ဘယ်နေရာတွေမှာ ပိုပြင်းထန်နိုင်လဲ။

ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။ အထူးသဖြင့်

    ခြေထောက်
    ပေါင်ခြံ
    ချိုင်း
    လိင်အင်္ဂါတစ်ဝိုက်
    ဆီးခုံမွေးနဲ့ တခြားသော အမွေးရှိရာနေရာ
    ချက်
    စအို
    နားရွက်အနောက်အပြင် တစ်ကိုယ်လုံး နေရာအနှံ့ ကိုယ်နံ့ပိုပြင်းနိုင်ပါတယ်။

ချွေးနံ့ ပြင်းရတာ ဘာကြောင့်လဲ။

အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေဟာ ချွေးနဲ့ရောသွားတာကြောင့် အနံ့ပြင်းလာရတာဖြစ်ပါတယ်။ လူပျို၊ အပျိုဖြစ်ကာစမှာ ချွေးတွေ အရမ်းထွက်လာတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်လွန်းတာကြောင့် ကိုယ်တွင်းချွေးနံ့တွေ ပြင်းလာတတ်ပါတယ်။ အပြင်မှာ တစ်နေကုန် အလုပ်လုပ်နေရသူတွေ၊ ချွေးထွက်သန်တာ၊ အဝလွန်သူတွေ၊ အစပ်စားလွန်းတဲ့သူတွေ၊ တချို့သော ကျန်းမာရေပြဿနာတွေဟာလည်း ကိုယ်နံ့၊ ချွေးနံ့ပြင်းတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ကိုယ်နံ့မပြင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ။

၁။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပြီး ရေချိုးသန့်စင်ပါ။

၂။ အပြင်က ပြန်လာပြီးတိုင်း ချွေးခြောက်တာနဲ့ ရေချိုးပါ၊ ဒါမှမဟုတ် ရေပတ်တိုက်ပေးပါ။

၃။ အဝတ်အစား ထူကျပ်လွန်းတာတွေ သိပ်မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်မယ့် ချည်သားအကျီမျိုးတွေ ပိုဝတ်ပေးပါ။

၄။ အတွင်းခံဘောင်းဘီကိုလည်း အရမ်းကျပ်နေတာတွေ မဝတ်ပါနဲ့။

၅။ ချွေးထွက်များလွန်းတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေထောက်တွေကို ဂရုစိုက်ပြီး တိုက်ချွတ်ဆေးကြောပါ။

၆။ ကိုယ်က မကြာခဏ အပြင်သွားနေရတယ်၊ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတယ်ဆိုရင် ကိုယ့်ချွေးနံ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရစေဖို့ ရေမွှေးတစ်ခုခု စွတ်ထားပါ။

၇။ အဝတ်အစားတွေကို တစ်ကြိမ်ထက်ပိုပြီး မဝတ်ပါနဲ့။ အထူးသဖြင့် ဝတ်ပြီးသားအတွင်းခံတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့အကျင့်ကို ဖျောက်သင့်ပါပြီ။

၈။ ပူ၊ စပ်လွန်းတဲ့ အစားအစာတွေ လျှော့စားပါ။
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပြီလဲ။

အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေ လုပ်ကြည့်ပြီးလို့မှ လုံးဝမသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။ အကြောင်းရင်းလည်း မရှိ၊ ရာသီဥတုလည်း ပူမနေဘဲ ချွေးတွေ အရမ်းထွက်နေတာ၊ ညဘက် အိပ်နေတဲ့အချိန်ဆို ချွေးပြန်လာတာ၊ ဒီကိုယ်နံ့၊ ချွေးနံ့ကြောင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းတွေ ထိခိုက်လာတာ၊ ပတ်ဝန်းကျင်ကလူတွေ ပြောရလောက်တဲ့အထိ အနံ့အသက်တွေ ပြင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top