၁)သင့္လက္တြဲေဖာ္ ရဲ႕အိမ္ေထာင္ေရးစိတ္ကူးကို ေမးျမန္းစူးစမ္းၾကည့္ပါ။ သူမ၏ရည္မွန္းခ်က္ မ်ားကို သိေအာင္လုပ္ပါ။ ဥပမာ_ သူမက သင့္ကိုမွီခိုမည့္သူလား၊ အိမ္ေထာင္ေရး ကိုသင္ႏွင့္အတူဦးစီးခ်င္သူမ်ိဳးလားဆိုတာကို ေလ့လာအကဲခတ္ၾကည့္ပါ။

၂)သင္နဲ႔အတူမိသားစုကမ႓ာေလးဖန္တီးခ်င္တဲ့သူဟုတ္ရဲ႕လားဆိုတာကို လက္ထက္ခြင့္မေတာင္းခင္ ေသခ်ာသိေအာင္လုပ္ပါ။ မိသားစုမ်ားတိုက္တြန္းခ်က္အရ၊ ေဘးလူမ်ား၏ေျပာစကားမ်ားအရ သင့္ကိုလက္ခံတယ္ဆိုတာမ်ိဳးမျဖစ္ပါေစႏွင့္။

၃)လင္နဲ႔မယားလွ်ာနဲ႔သြား ဆိုတဲ႔စကားကို သင္လက္ခံႏိုင္ပါသလား။ မည္မွ်ပင္ခ်စ္လွပါသည္ဆိုေသာ္ျငားလည္း အနည္းႏွင့္အမ်ားေတာ့ သေဘာထားကြဲလြဲမႈမ်ား တစ္ခါတရံျဖစ္တတ္ပါတယ္။ ထိုကဲ့ေသာကိစၥရပ္မ်ားႏွင့္ ေတြ႔ႀကံဳရင္ဆိုင္ရတဲ႔အခါ သည္းခံႏိုင္စြမ္း႐ွိရဲ႕လား၊ ေကာင္းမြန္စြာေက်ာ္ျဖတ္သြားဖို႔အသင့္ျဖစ္ရဲ႕လားဆိုတာကို မိမိကိုယ္ကိုစမ္းစစ္ၾကည့္ပါအံုး။

၄)အထက္ေဖာ္ျပပါအခ်က္မ်ားနဲ႔ ေမးခြန္းထုတ္ၿပီးၿပီဆိုရင္ေတာ့ လက္ထက္ခြင့္လက္စြပ္ေ႐ြးခ်ယ္ျခင္းကို စတင္ႏိုင္ပါၿပီ။ သင့္ရဲ႕လက္တြဲေဖာ္က မည္ကဲ့သို႔ေသာေက်ာက္မ်က္ရတနာမ်ိဳးကို ႏွစ္သက္တဲ့သူလဲဆိုတာကို စံုစမ္းပါ။ သူမႀကိဳက္ႏွစ္သက္တဲ့ေက်ာက္မ်က္ရတနာမ်ိဳးနဲ႔ လက္ထက္ခြင့္ေတာင္းလိုက္ရင္ သူမကိုပိုၿပီး အ့ံၾသသြားေစမွာ အေသအခ်ာပါပဲ။

၅)ဘယ္ေနရာမွာ ပ႐ိုပိုစ့္လုပ္ရမလဲဆိုတာ စဥ္းစားထားပါ။ သူမ၏စ႐ိုက္က ဘယ္လိုေနရာမ်ိဳးနဲ႔ သင့္ေတာ္မလဲဆိုတာ ေ႐ြးခ်ယ္တတ္ပါေစ။ တိတ္ဆိတ္ျငိမ္သက္တဲ႔ ကန္ေရျပင္ေဘးမွာလား၊ စားေသာက္ဆိုင္တစ္ခုမွာလားဆိုတာကို သူငယ္ခ်င္းေတြနဲ႔အတူ တိုင္ပင္ပါ။

၆)သင္ဟာအိမ္ေထာင္တစ္ခုကို ႏိုင္ႏိုင္နင္းနင္းဦးစီးဦးေဆာင္ဖို႔ သတၱိ႐ွိၿပီလားဆိုတာ မိမိကိုယ္ကိုေမးခြန္းထုတ္ပါ။ သူမဘက္ကလည္း ေအးအတူ၊ ပူအမွ်ခံစားေပးမယ့္သူမ်ိဳးျဖစ္ေနေအာင္ ႏွစ္ေယာက္အတူေဆြးေႏြးတိုင္ပင္ထားပါ။

 ေဖာ္ျပပါအခ်က္မ်ားႏွင့္ ျပည့္စံုေနၿပီဆိုရင္ေတာ့ သင္ခ်စ္ျမတ္ႏိုးရသူကို သတၱိ႐ွိ႐ွိ လက္ထက္ခြင့္ေတာင္းႏိုင္ပါၿပီ။ လူတစ္ဦးကိုသင့္ဘဝထဲဆြဲေခၚတာဟာ ဘဝရဲ႕ႀကီးမားတဲ့ဆံုးျဖတ္ခ်က္မ်ားထဲမွ တစ္ခုအပါအဝင္ပါပဲ။ ဒါ့ေၾကာင့္ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္မ်ား ခ်ႏိုင္ၾကပါေစ႐ွင့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

၁)သင့်လက်တွဲဖော် ရဲ့အိမ်ထောင်ရေးစိတ်ကူးကို မေးမြန်းစူးစမ်းကြည့်ပါ။ သူမ၏ရည်မှန်းချက် များကို သိအောင်လုပ်ပါ။ ဥပမာ_ သူမက သင့်ကိုမှီခိုမည့်သူလား၊ အိမ်ထောင်ရေး ကိုသင်နှင့်အတူဦးစီးချင်သူမျိုးလားဆိုတာကို လေ့လာအကဲခတ်ကြည့်ပါ။

၂)သင်နဲ့အတူမိသားစုကမ္ဘာလေးဖန်တီးချင်တဲ့သူဟုတ်ရဲ့လားဆိုတာကို လက်ထက်ခွင့်မတောင်းခင် သေချာသိအောင်လုပ်ပါ။ မိသားစုများတိုက်တွန်းချက်အရ၊ ဘေးလူများ၏ပြောစကားများအရ သင့်ကိုလက်ခံတယ်ဆိုတာမျိုးမဖြစ်ပါစေနှင့်။

၃)လင်နဲ့မယားလျှာနဲ့သွား ဆိုတဲ့စကားကို သင်လက်ခံနိုင်ပါသလား။ မည်မျှပင်ချစ်လှပါသည်ဆိုသော်ငြားလည်း အနည်းနှင့်အများတော့ သဘောထားကွဲလွဲမှုများ တစ်ခါတရံဖြစ်တတ်ပါတယ်။ ထိုကဲ့သောကိစ္စရပ်များနှင့် တွေ့ကြုံရင်ဆိုင်ရတဲ့အခါ သည်းခံနိုင်စွမ်းရှိရဲ့လား၊ ကောင်းမွန်စွာကျော်ဖြတ်သွားဖို့အသင့်ဖြစ်ရဲ့လားဆိုတာကို မိမိကိုယ်ကိုစမ်းစစ်ကြည့်ပါအုံး။

၄)အထက်ဖော်ပြပါအချက်များနဲ့ မေးခွန်းထုတ်ပြီးပြီဆိုရင်တော့ လက်ထက်ခွင့်လက်စွပ်ရွေးချယ်ခြင်းကို စတင်နိုင်ပါပြီ။ သင့်ရဲ့လက်တွဲဖော်က မည်ကဲ့သို့သောကျောက်မျက်ရတနာမျိုးကို နှစ်သက်တဲ့သူလဲဆိုတာကို စုံစမ်းပါ။ သူမကြိုက်နှစ်သက်တဲ့ကျောက်မျက်ရတနာမျိုးနဲ့ လက်ထက်ခွင့်တောင်းလိုက်ရင် သူမကိုပိုပြီး အံ့သြသွားစေမှာ အသေအချာပါပဲ။

၅)ဘယ်နေရာမှာ ပရိုပိုစ့်လုပ်ရမလဲဆိုတာ စဉ်းစားထားပါ။ သူမ၏စရိုက်က ဘယ်လိုနေရာမျိုးနဲ့ သင့်တော်မလဲဆိုတာ ရွေးချယ်တတ်ပါစေ။ တိတ်ဆိတ်ငြိမ်သက်တဲ့ ကန်ရေပြင်ဘေးမှာလား၊ စားသောက်ဆိုင်တစ်ခုမှာလားဆိုတာကို သူငယ်ချင်းတွေနဲ့အတူ တိုင်ပင်ပါ။

၆)သင်ဟာအိမ်ထောင်တစ်ခုကို နိုင်နိုင်နင်းနင်းဦးစီးဦးဆောင်ဖို့ သတ္တိရှိပြီလားဆိုတာ မိမိကိုယ်ကိုမေးခွန်းထုတ်ပါ။ သူမဘက်ကလည်း အေးအတူ၊ ပူအမျှခံစားပေးမယ့်သူမျိုးဖြစ်နေအောင် နှစ်ယောက်အတူဆွေးနွေးတိုင်ပင်ထားပါ။

 ဖော်ပြပါအချက်များနှင့် ပြည့်စုံနေပြီဆိုရင်တော့ သင်ချစ်မြတ်နိုးရသူကို သတ္တိရှိရှိ လက်ထက်ခွင့်တောင်းနိုင်ပါပြီ။ လူတစ်ဦးကိုသင့်ဘဝထဲဆွဲခေါ်တာဟာ ဘဝရဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်များထဲမှ တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်များ ချနိုင်ကြပါစေရှင့်။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top