အတြင္းစိတ္ပုပ္တယ္ဆိုတာလည္း စိတ္ေရာဂါတစ္မ်ိဳးပဲေနာ္
ကိုယ့္ပတ္ဝန္းက်င္မွာ ေတြ႔ဖူးၾကမွာပါ၊ စိတ္ထဲက မေက်နပ္တာကို ေပၚတင္မေျပာဘဲ ေခ်ာက္တြန္းတာ၊ အေနာက္ကေန သြားပုပ္ေလလြင့္တာ၊ ျပႆနာရွာတဲ့သူမ်ိဳးေတြေပါ့။ တကယ္ေတာ့ ဒီလိုလုပ္တာကို အတြင္းစိတ္ထဲကေန လူတစ္ေယာက္ကို မုန္းတီးစိတ္ တစ္နည္းအားျဖင့္ Passive-Aggressive Behavior လို႔ ေခၚတဲ့ အျပဳအမူပိုင္းဆိုင္ရာ စိတ္ေရာဂါတစ္မ်ိဳးလို႔ ေခၚပါတယ္။
သိသာေအာင္ ဥပမာ ေပးရမယ္ဆိုရင္ေတာ့
၁။ အလုပ္ကအစည္းအေဝးမွာ လူတစ္ေယာက္က ဒီလိုလုပ္သင့္တယ္လို႔ အၾကံေပးတယ္။ ကိုယ့္စိတ္ထဲမွာက ဒီလိုလုပ္တာကို သေဘာမတူေပမဲ့ ပါးစပ္က သေဘာတူပါတယ္ပဲ ေျပာတယ္။ ျပီးေတာ့ ေနာက္ကြယ္မွာ ဒီအၾကံအတိုင္း လံုးဝမလုပ္ဘဲ မသိမသာ သို႔မဟုတ္ သိသိသာသာ ဆန္႔က်င္တယ္။
၂။ လူတစ္ေယာက္ကို မုန္းတယ္ဆိုပါစို႔။ သူ႔ေရွ႕မွာေတာ့ ပံုမွန္အတိုင္း ျပံဳးရႊင္ေနျပီး သူ႔ကြယ္ရာေရာက္မွ သူ႔ရဲ႕ မေကာင္းေၾကာင္းေတြလႊတ္ေျပာမယ္၊ အတင္းခ်တယ္။
၃။ ျပႆနာတစ္ခုျဖစ္တယ္။ ဒီျပႆနာကို တိုက္ရိုက္မေျဖရွင္းဘဲ မဆိုင္တဲ့သူေတြကို အျပစ္လုပ္တယ္။ ရွင္းလိုက္ရင္ ျပီးသြားမယ့္ျပႆနာကို ပိုဆိုးသြားေအာင္ မီးထပ္ေမႊးတယ္။
၄။ ကိုယ့္ခ်စ္သူနဲ႔ စကားမ်ားရန္ျဖစ္တယ္။ မေက်နပ္တဲ့ အေၾကာင္းကို ေပၚတင္ဖြင့္မေျပာဘဲ စိတ္ထဲကေန မုန္းေနတဲ့ခံစားခ်က္ေတြ ျဖစ္တယ္။ ျပႆနာကို တိုက္ရိုက္ သို႔မဟုတ္ သြယ္ဝိုက္ျပီး ရွာတယ္။ စိတ္အေႏွာင့္အယွက္ေပးတယ္။ အေၾကာင္းမရွိ အေၾကာင္းရွာျပီး စိတ္ဆိုးေအာင္ပိုလုပ္တယ္။
ဒါေတြဟာ အတြင္းစိတ္ထဲမွာ ျဖစ္ေပၚေနတဲ့ မနာလိုစိတ္၊ မုန္းတီးစိတ္ေတြကို တျခားသူေတြအေပၚ ပံုခ်တတ္တဲ့ အျပဳအမူပိုင္းဆိုင္ရာ မူမမွန္တဲ့ လကၡဏာေတြပဲျဖစ္ပါတယ္။ ဒီလိုအမူအက်င့္မ်ိဳးရွိတဲ့သူေတြမွာ တျခားျပင္းထန္တဲ့ စိတ္ေရာဂါေတြ ရွိေနတတ္ပါတယ္။ လူမႈေရး၊ အလုပ္ခြင္နဲ႔ အခ်စ္ေရးမွာ ျပႆနာမ်ားစြာ ျဖစ္လာႏိုင္တဲ့ ဒီအမူအက်င့္ ကိုယ့္မွာရွိတယ္လို႔ သိထားရင္ေတာ့ ေစာေစာစီးစီး ေဖ်ာက္ဖို႔ၾကိဳးစားတာ အေကာင္းဆံုးပါပဲ။
တျခားဘာလကၡဏာေတြ ေတြ႔ရေသးလဲ။
ဒီစိတ္ေရာဂါရွိတဲ့သူေတြမွာ
ပါးစပ္က တစ္မ်ိဳးေျပာျပီး ေနာက္ကြယ္မွာ တစ္မ်ိဳးလုပ္တာ
မၾကာခဏ ေဝဖန္တာ၊ ကန္႔ကြက္တာ
ဘာလုပ္လုပ္ မေက်နပ္တာ
အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပလည္း လက္မခံတာ
တမင္တကာ အခ်ိန္ဆြဲတာ၊ ေမ့ခ်င္ေယာင္ေဆာင္တာ
အလုပ္တာဝန္ေတြကို ျပီးျပီးေရာ လုပ္တတ္တာ
ရန္လိုတာ
အျပစ္ျမင္တာ
ေခါင္းအရမ္းမာတာ
အျမဲတမ္း တျခားသူေတြကို အျပစ္တင္တတ္တာ
ကိုယ့္ကို ဘယ္သူမွသေဘာမက်ဘူးဆိုျပီး အျမဲညည္းေနတတ္တာ
တျခားသူေတြ အကူအညီေတာင္းရင္လည္း မေက်နပ္တဲ့ ဟန္အမူအရာျပတာ အစရွိတဲ့ လကၡဏာေတြ ေတြ႔ရတတ္ပါတယ္။
ဘယ္လိုအေျခအေနေတြဟာ အတြင္းစိတ္ပုပ္ေအာင္ ႏိႈးဆြေပးေနလဲ။
အေၾကာင္းရင္းအတိအက်ကိုေတာ့ ရွာေဖြေတြ႔ရွိထားျခင္း မရွိေသးေပမဲ့ ၾကီးျပင္းလာတဲ့ မိသားစု၊ ပတ္ဝန္းက်င္အေျခအေန၊ မ်ိဳးရိုးဗီဇေတြဟာ ဒီစိတ္ေရာဂါျဖစ္ေစဖို႔ အေၾကာင္းရင္းေတြ ျဖစ္ႏုိင္ပါတယ္။ မ်ားေသာအားျဖင့္ ကေလးဘဝမွာ အစပ်ိဳးလာတတ္ျပီး မိဘေတြ အထိန္းအေက်ာင္းမတတ္တာ၊ မိသားစုေရးရာ ျပႆနာ၊ တျခား ကေလးဘဝမွာ အႏိုင္က်င့္ခံရတာ၊ အၾကမ္းဖက္ေစာ္ကားခံရတာ၊ လ်စ္လ်ဴရႈခံရတာ၊ ျပင္းျပင္းထန္ထန္ အျပစ္ေပးခံရတာေတြေၾကာင့္လည္း ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။
သူ႔ေနာက္ကြယ္မွာ တျခားဘယ္လို စိတ္ေရာဂါေတြ ရွိေနႏိုင္လဲ။
ဒီလိုမ်ိဳး အတြင္းစိတ္ထဲက မေက်နပ္တဲ့ အျပဳအမူမ်ိဳးေတြ ရွိတဲ့သူတစ္ေယာက္မွာ
စိတ္အတက္အက်ျမန္ေရာဂါ
စိတ္က်ေရာဂါ
စိတ္ဖိစီးမႈ
စိတ္ထင္ေယာင္ထင္မွားျဖစ္ျခင္း
အရက္ေသစာ၊ မူးယစ္ေဆး စြဲလမ္းျခင္း
သိမ္ငယ္စိတ္ အျမဲရွိေနျခင္း
မိမိကိုယ္ကိုယ္ တန္ဖိုးမထားတတ္ျခင္း အစရွိတဲ့ ျပႆနာေတြ ရွိေနႏိုင္ပါတယ္။
ဒီျပႆနာကို ဘယ္လိုေျဖရွင္းၾကမလဲ။
ကိုယ့္မွာ၊ ကိုယ့္မိသားစုဝင္မွာ ဒီလိုအျပဳအမူမ်ိဳးရွိိရင္ေတာ့ စိတ္ေရာဂါကုထံုးပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးၾကည့္လို႔ ရပါတယ္။ ကိုယ့္ရဲ႕ အေျခအေနေပၚမွာ မူတည္ျပီး ပညာရွင္ေတြက ကုသမႈ လိုအပ္တယ္၊ မလိုအပ္ဘူးဆိုတာကို ခြဲျခားေပးမွာ ျဖစ္ပါတယ္။ အကယ္လို႔ စိတ္ေၾကာင့္ျဖစ္တာမဟုတ္ဘဲ တျခားဦးေႏွာက္အာရံုေၾကာ ပံုမွန္မဟုတ္တဲ့ အေျခအေနဆိုရင္ေတာ့ ေသြးေဖာက္စစ္တာ၊ ဦးေႏွာက္ကို စစ္ေဆးတာအျပင္ တျခား အာရံုေၾကာလကၡဏာေတြကို စစ္ေဆးသြားမွာ ျဖစ္ပါတယ္။
ကုသမႈခံယူရမယ္ဆိုရင္လည္း သိပ္ျပီး မစိုးရိမ္ပါနဲ႔။ အျပဳအမူပိုင္းဆိုင္ရာ ပံုမွန္မဟုတ္တဲ့ အေျခအေနျဖစ္တာေၾကာင့္ တျခားျပႆနာေတြလို သိပ္ျပီး ကုရခက္တာမဟုတ္ပါဘူး။ အဓိက ကိုယ့္ရဲ႕ ငယ္ဘဝက ၾကံဳခဲ့ရတဲ့ စိတ္ဒဏ္ရာေတြကို ျငိမ္းေအးေစဖို႔၊ ရင္ထဲမွာ ရွိတဲ့ မေကာင္းတဲ့အေတြးေတြ၊ ေဒါသေတြ၊ မေက်နပ္ခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပဖို႔၊ သြယ္ဝိုက္တာထက္ တိုက္ရိုက္ ျပႆနာကို ေျဖရွင္းပံုေတြကို စိတ္ေရာဂါကုထံုးနဲ႔ ကုသေပးသြားမွာပါ။ မ်ားေသာအားျဖင့္ ဒီေရာဂါဟာ ေဆးေသာက္ဖို႔မလိုအပ္ပါဘူး။
ဒီအျပဳအမူရွိတဲ့သူေတြမွာ လူမႈေရး၊ မိသားစု၊ အခ်စ္ေရးေတြမွာ ျပႆနာမ်ိဳးစံုၾကံဳလာႏိုင္တဲ့အတြက္ အေကာင္းဆံုးကေတာ့ ကိုယ့္မွာရွိိတဲ့ ျပႆနာကို ေစာေစာစီးစီး ကုသမႈခံယူဖို႔ပါပဲ။
ဖိုးသူေတာ္ (www.phothutaw.co
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #
ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ၊ စိတ်ထဲက မကျေနပ်တာကို ပေါ်တင်မပြောဘဲ ချောက်တွန်းတာ၊ အနောက်ကနေ သွားပုပ်လေလွင့်တာ၊ ပြဿနာရှာတဲ့သူမျိုးတွေပေါ့။ တကယ်တော့ ဒီလိုလုပ်တာကို အတွင်းစိတ်ထဲကနေ လူတစ်ယောက်ကို မုန်းတီးစိတ် တစ်နည်းအားဖြင့် Passive-Aggressive Behavior လို့ ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။
သိသာအောင် ဥပမာ ပေးရမယ်ဆိုရင်တော့
၁။ အလုပ်ကအစည်းအဝေးမှာ လူတစ်ယောက်က ဒီလိုလုပ်သင့်တယ်လို့ အကြံပေးတယ်။ ကိုယ့်စိတ်ထဲမှာက ဒီလိုလုပ်တာကို သဘောမတူပေမဲ့ ပါးစပ်က သဘောတူပါတယ်ပဲ ပြောတယ်။ ပြီးတော့ နောက်ကွယ်မှာ ဒီအကြံအတိုင်း လုံးဝမလုပ်ဘဲ မသိမသာ သို့မဟုတ် သိသိသာသာ ဆန့်ကျင်တယ်။
၂။ လူတစ်ယောက်ကို မုန်းတယ်ဆိုပါစို့။ သူ့ရှေ့မှာတော့ ပုံမှန်အတိုင်း ပြုံးရွှင်နေပြီး သူ့ကွယ်ရာရောက်မှ သူ့ရဲ့ မကောင်းကြောင်းတွေလွှတ်ပြောမယ်၊ အတင်းချတယ်။
၃။ ပြဿနာတစ်ခုဖြစ်တယ်။ ဒီပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ မဆိုင်တဲ့သူတွေကို အပြစ်လုပ်တယ်။ ရှင်းလိုက်ရင် ပြီးသွားမယ့်ပြဿနာကို ပိုဆိုးသွားအောင် မီးထပ်မွှေးတယ်။
၄။ ကိုယ့်ချစ်သူနဲ့ စကားများရန်ဖြစ်တယ်။ မကျေနပ်တဲ့ အကြောင်းကို ပေါ်တင်ဖွင့်မပြောဘဲ စိတ်ထဲကနေ မုန်းနေတဲ့ခံစားချက်တွေ ဖြစ်တယ်။ ပြဿနာကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ရှာတယ်။ စိတ်အနှောင့်အယှက်ပေးတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ဆိုးအောင်ပိုလုပ်တယ်။
ဒါတွေဟာ အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မနာလိုစိတ်၊ မုန်းတီးစိတ်တွေကို တခြားသူတွေအပေါ် ပုံချတတ်တဲ့ အပြုအမူပိုင်းဆိုင်ရာ မူမမှန်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုအမူအကျင့်မျိုးရှိတဲ့သူတွေမှာ တခြားပြင်းထန်တဲ့ စိတ်ရောဂါတွေ ရှိနေတတ်ပါတယ်။ လူမှုရေး၊ အလုပ်ခွင်နဲ့ အချစ်ရေးမှာ ပြဿနာများစွာ ဖြစ်လာနိုင်တဲ့ ဒီအမူအကျင့် ကိုယ့်မှာရှိတယ်လို့ သိထားရင်တော့ စောစောစီးစီး ဖျောက်ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲ။
တခြားဘာလက္ခဏာတွေ တွေ့ရသေးလဲ။
ဒီစိတ်ရောဂါရှိတဲ့သူတွေမှာ
ပါးစပ်က တစ်မျိုးပြောပြီး နောက်ကွယ်မှာ တစ်မျိုးလုပ်တာ
မကြာခဏ ဝေဖန်တာ၊ ကန့်ကွက်တာ
ဘာလုပ်လုပ် မကျေနပ်တာ
အကျိုးသင့်အကြောင်းသင့် ရှင်းပြလည်း လက်မခံတာ
တမင်တကာ အချိန်ဆွဲတာ၊ မေ့ချင်ယောင်ဆောင်တာ
အလုပ်တာဝန်တွေကို ပြီးပြီးရော လုပ်တတ်တာ
ရန်လိုတာ
အပြစ်မြင်တာ
ခေါင်းအရမ်းမာတာ
အမြဲတမ်း တခြားသူတွေကို အပြစ်တင်တတ်တာ
ကိုယ့်ကို ဘယ်သူမှသဘောမကျဘူးဆိုပြီး အမြဲညည်းနေတတ်တာ
တခြားသူတွေ အကူအညီတောင်းရင်လည်း မကျေနပ်တဲ့ ဟန်အမူအရာပြတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဘယ်လိုအခြေအနေတွေဟာ အတွင်းစိတ်ပုပ်အောင် နှိုးဆွပေးနေလဲ။
အကြောင်းရင်းအတိအကျကိုတော့ ရှာဖွေတွေ့ရှိထားခြင်း မရှိသေးပေမဲ့ ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်အခြေအနေ၊ မျိုးရိုးဗီဇတွေဟာ ဒီစိတ်ရောဂါဖြစ်စေဖို့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာ အစပျိုးလာတတ်ပြီး မိဘတွေ အထိန်းအကျောင်းမတတ်တာ၊ မိသားစုရေးရာ ပြဿနာ၊ တခြား ကလေးဘဝမှာ အနိုင်ကျင့်ခံရတာ၊ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာတွေကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။
သူ့နောက်ကွယ်မှာ တခြားဘယ်လို စိတ်ရောဂါတွေ ရှိနေနိုင်လဲ။
ဒီလိုမျိုး အတွင်းစိတ်ထဲက မကျေနပ်တဲ့ အပြုအမူမျိုးတွေ ရှိတဲ့သူတစ်ယောက်မှာ
စိတ်အတက်အကျမြန်ရောဂါ
စိတ်ကျရောဂါ
စိတ်ဖိစီးမှု
စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း
အရက်သေစာ၊ မူးယစ်ဆေး စွဲလမ်းခြင်း
သိမ်ငယ်စိတ် အမြဲရှိနေခြင်း
မိမိကိုယ်ကိုယ် တန်ဖိုးမထားတတ်ခြင်း အစရှိတဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ကိုယ့်မှာ၊ ကိုယ့်မိသားစုဝင်မှာ ဒီလိုအပြုအမူမျိုးရှိရင်တော့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်လို့ ရပါတယ်။ ကိုယ့်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပညာရှင်တွေက ကုသမှု လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကို ခွဲခြားပေးမှာ ဖြစ်ပါတယ်။ အကယ်လို့ စိတ်ကြောင့်ဖြစ်တာမဟုတ်ဘဲ တခြားဦးနှောက်အာရုံကြော ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုရင်တော့ သွေးဖောက်စစ်တာ၊ ဦးနှောက်ကို စစ်ဆေးတာအပြင် တခြား အာရုံကြောလက္ခဏာတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ကုသမှုခံယူရမယ်ဆိုရင်လည်း သိပ်ပြီး မစိုးရိမ်ပါနဲ့။ အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် တခြားပြဿနာတွေလို သိပ်ပြီး ကုရခက်တာမဟုတ်ပါဘူး။ အဓိက ကိုယ့်ရဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ငြိမ်းအေးစေဖို့၊ ရင်ထဲမှာ ရှိတဲ့ မကောင်းတဲ့အတွေးတွေ၊ ဒေါသတွေ၊ မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့၊ သွယ်ဝိုက်တာထက် တိုက်ရိုက် ပြဿနာကို ဖြေရှင်းပုံတွေကို စိတ်ရောဂါကုထုံးနဲ့ ကုသပေးသွားမှာပါ။ များသောအားဖြင့် ဒီရောဂါဟာ ဆေးသောက်ဖို့မလိုအပ်ပါဘူး။
ဒီအပြုအမူရှိတဲ့သူတွေမှာ လူမှုရေး၊ မိသားစု၊ အချစ်ရေးတွေမှာ ပြဿနာမျိုးစုံကြုံလာနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ့်မှာရှိတဲ့ ပြဿနာကို စောစောစီးစီး ကုသမှုခံယူဖို့ပါပဲ။
ဖိုးသူတော် (www.phothutaw.co
Credit:hellosayarwon