သြားပိုးစားျခင္းဆိုသည္မွာ သြားကို ပိုးကစားသြားျခင္း
မဟုတ္ပါဘူး။
အမွတ္မွားျခင္း ၾကာေတာ့ အမွန္ထင္တတ္သြားျခင္းမ်ိဳးပါ။

ဒါေၾကာင့္လဲ ယခုခ်ိန္ထိ သြားပိုးခ်ျခင္းဆိုသည္ကို
ေတာေရာၿမိဳ႕ပါမက်န္ လူအမ်ားက
ေပ်ာက္လိုေပ်ာက္ျငားဆိုၿပီး လုပ္ေနၾကတုန္းပါ။

တကယ္ေတာ့ သြားပိုးစားျခင္းမဟုတ္ပါဘူး။
သြားေဆြးေျမ့သြားျခင္းသာ ျဖစ္ပါတယ္။

အလြန္မာေက်ာေသာသြားမ်ား ေဆြးေျမ႕ရျခင္းမွာ
အစာႂကြင္းအစာက်န္မ်ား အခ်ဥ္ေပါက္ၿပီး ထြက္ေပၚလာေသာ အက္ဆစ္မ်ားသည္ သြား၏အေပၚယံေႂကြလႊာကို
တိုက္စားရာမွာတဆင့္ သြားေဆြးေျမ့ျခင္းျဖစ္စဥ္ ျဖစ္ေပၚလာရျခင္း ျဖစ္ပါတယ္။

ထို႔ေၾကာင့္ သြားပိုးစားျခင္းမွ ကာကြယ္ရန္ အေကာင္းဆံုးနည္းလမ္းကေတာ့ –
၁) သြားမွန္မွန္တိုက္ျခင္း၊
၂) သြားႏွင့္ခံတြင္းကို သန္႔သန္႔႐ွင္းျဖစ္ေစျခင္း၊
၃) အစာစားၿပီးတိုင္း အစာႂကြင္းအစာက်န္ မျဖစ္ေစဖို႔
ပလုပ္က်င္းျခင္း၊
၄) လိုအပ္ရင္ သြားပြတ္ႀကိဳးျဖင့္သာ သြားႀကိဳသြားၾကားမွ
အစာကိုထုတ္ေပးျခင္းတို႔ပဲ ျဖစ္ပါတယ္။

တစ္ေန႔လွ်င္ သြား ၂ ႀကိမ္ ပံုမွန္တိုက္ေနေသာ္လည္း
သြားမ်ားမေကာင္း ဟု ညည္းျငဴေျပာဆိုသူမ်ားလည္း
ရွိပါတယ္

အမွန္မွာ သြားကိုဘယ္ေလာက္ပဲတိုက္တိုက္
တိုက္နည္းမမွန္ သြားပြတ္ႀကိဳးမသံုးဘူးဆိုလွ်င္ ေျပာင္စင္မသြားႏိုင္ပါဘူး။
ထို႔ျပင္ ယေန႔အစားအစာမ်ားအေပၚတြင္လည္း မူတည္ပါတယ္။

သြားပိုးစားၿပီဆိုလွ်င္ ပထမအေပၚယံေႂကြလႊာႏွင္႔
သြားအက္ေၾကာင္းေလးမ်ားတြင္ အမဲစက္ေလးမ်ား
ျဖစ္လာတတ္ပါသည္။

ထိုေႂကြလႊာမွတစ္ဆင့္ (Dentine) ဟုေခၚသည့္
ဆင္စြယ္ႏွစ္လႊာကိုေရာက္လာလွ်င္ သြားက်င္ျခင္းကို
ခံစားရေလ့ရိွပါတယ္။

အကယ္၍ သြားပိုးစားျခင္းသည္ အတြင္းဆံုးအလႊာျဖစ္ေသာ (Pulp) ကို ထိသြားၿပီဆိုလွ်င္ေတာ့ အသည္းခိုက္ေအာင္ သြားကိုက္ေ၀ဒနာ ခံစားရပါေတာ့တယ္။

သို႔ေသာ္ တခ်ိဳ႕ေသာသူမ်ားတြင္
သြားပိုးစားျခင္းျဖစ္စဥ္ကို မသိ၊သြားက်င္ျခင္းကိုလည္း မသိပါပဲ သြားမ်ားပ်က္စီးဆံုုး႐ွံုးသြားၾကသည္မ်ားလည္း ရိွပါတယ္

အမွန္မွာ သြားကိုေထာက္ပံ့ထားေသာအလႊာ ပ်က္စီးသြားျခင္းေၾကာင့္သာ သြားမက်င္ သြားမကိုက္ရျခင္းပဲ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ လူနာအမ်ားစုသည္ သြားကိုက္၊ သြားနာမွသာ သြားေဆးခန္းသို႔ ေရာက္လာၾကသည္သာမ်ားပါတယ္။

ကိုက္ၿပီနာၿပီဆိုလွ်င္ သြားဖာျခင္းကို ခ်က္ခ်င္းလုပ္လို္႔
မရေတာ့ပါဘူး။ အေၾကာထုတ္ကုသျခင္းျဖင့္ ကုသမႈခံယူလွ်င္ေတာ့ ရပါေသးသည္။

တကယ္ေတာ့ ေစာေစာစီးစီးျပသၿပီး သြားကိုဖာလိုက္ျခင္းသည္သာ အေကာင္းဆံုးျဖစ္ပါတယ္။

သို႔ေသာ္ နယ္မ်ားတြင္ နာလွ်င္နႈတ္ဆိုေသာအသိေတြပဲ ရိွေနၾကပါေသးတယ္။

သြားအေၾကာုတ္ကုသမႈဟာ သြားဖာျခင္းထက္ ကုသမႈၾကာျမင့္ခ်ိန္ ပိုလာကာ ကုန္က်စရိတ္အားျဖင့္လည္း မ်ားပါတယ္။

ထိုသို႔အခ်ိန္မ်ား မေပးႏိုင္ နာက်င္ကိုက္ခဲတဲ့ေ၀ဒနာမ်ား
ကိုလည္း မခံစားႏိုင္ၾကေတာ့ေသာအခါ
သြားကိုႏႈတ္ပစ္လိုက္ၾကပါေတာ့တယ္။

ထိုအခါ သြားဆံုးရံႈးျခင္း၊
သြားျပန္စိုက္ရျခင္းမ်ား လုပ္ၾကရပါေတာ့တယ္။

မႏႈတ္ပဲ အေၾကာထုတ္ ကုသလို႔ရလွ်င္ေတာင္မွ
ပင္ကိုယ္သြား၊ဖာလို႔ရေသာသြားမ်ားလိုေတာ့ မေကာင္းေတာ့ပါဘူး။

ထို႔ေၾကာင့္

တကယ္ေတာ့ ဘယ္သူမဆို မိမိတို႔သြားမ်ား ပိုးစားျခင္းရိွမရိွကို အတိအက်မသိႏိုင္ေသာေၾကာင့္
သြားေဆးခန္းမ်ားတြင္ အနည္းဆံုး (၆)လ
တစ္ႀကိမ္ျပသစစ္ေဆးျခင္း၊ ကုသျခင္းကို ပံုမွန္ျပဳလုပ္ၾကမည္ဆိုလွ်င္ သြားေဆြးေျမ့ျခင္း ပ်က္စီးျခင္း၊ သြားဆံုး႐ွံုးျခင္းမွ ကာကြယ္ႏိုင္ပါေၾကာင္း အသိေပးအပ္ပါတယ္။

ပံုတြင္ သြားပ်ားေဆြးေျမ႕မႈျဖစ္စဥ္အဆင့္ဆင့္ႏွင့္ ေနာက္ဆံုးတြင္ သြားအျမစ္ထိပ္ရွိ ျပည္တည္နာျဖစ္ပံုကို ျပသေပးထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

သွားပိုးစားခြင်းဆိုသည်မှာ သွားကို ပိုးကစားသွားခြင်း
မဟုတ်ပါဘူး။
အမှတ်မှားခြင်း ကြာတော့ အမှန်ထင်တတ်သွားခြင်းမျိုးပါ။

ဒါကြောင့်လဲ ယခုချိန်ထိ သွားပိုးချခြင်းဆိုသည်ကို
တောရောမြို့ပါမကျန် လူအများက
ပျောက်လိုပျောက်ငြားဆိုပြီး လုပ်နေကြတုန်းပါ။

တကယ်တော့ သွားပိုးစားခြင်းမဟုတ်ပါဘူး။
သွားဆွေးမြေ့သွားခြင်းသာ ဖြစ်ပါတယ်။

အလွန်မာကျောသောသွားများ ဆွေးမြေ့ရခြင်းမှာ
အစာကြွင်းအစာကျန်များ အချဉ်ပေါက်ပြီး ထွက်ပေါ်လာသော အက်ဆစ်များသည် သွား၏အပေါ်ယံကြွေလွှာကို
တိုက်စားရာမှာတဆင့် သွားဆွေးမြေ့ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ –
၁) သွားမှန်မှန်တိုက်ခြင်း၊
၂) သွားနှင့်ခံတွင်းကို သန့်သန့်ရှင်းဖြစ်စေခြင်း၊
၃) အစာစားပြီးတိုင်း အစာကြွင်းအစာကျန် မဖြစ်စေဖို့
ပလုပ်ကျင်းခြင်း၊
၄) လိုအပ်ရင် သွားပွတ်ကြိုးဖြင့်သာ သွားကြိုသွားကြားမှ
အစာကိုထုတ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

တစ်နေ့လျှင် သွား ၂ ကြိမ် ပုံမှန်တိုက်နေသော်လည်း
သွားများမကောင်း ဟု ညည်းငြူပြောဆိုသူများလည်း
ရှိပါတယ်

အမှန်မှာ သွားကိုဘယ်လောက်ပဲတိုက်တိုက်
တိုက်နည်းမမှန် သွားပွတ်ကြိုးမသုံးဘူးဆိုလျှင် ပြောင်စင်မသွားနိုင်ပါဘူး။
ထို့ပြင် ယနေ့အစားအစာများအပေါ်တွင်လည်း မူတည်ပါတယ်။

သွားပိုးစားပြီဆိုလျှင် ပထမအပေါ်ယံကြွေလွှာနှင့်
သွားအက်ကြောင်းလေးများတွင် အမဲစက်လေးများ
ဖြစ်လာတတ်ပါသည်။

ထိုကြွေလွှာမှတစ်ဆင့် (Dentine) ဟုခေါ်သည့်
ဆင်စွယ်နှစ်လွှာကိုရောက်လာလျှင် သွားကျင်ခြင်းကို
ခံစားရလေ့ရှိပါတယ်။

အကယ်၍ သွားပိုးစားခြင်းသည် အတွင်းဆုံးအလွှာဖြစ်သော (Pulp) ကို ထိသွားပြီဆိုလျှင်တော့ အသည်းခိုက်အောင် သွားကိုက်ဝေဒနာ ခံစားရပါတော့တယ်။

သို့သော် တချို့သောသူများတွင်
သွားပိုးစားခြင်းဖြစ်စဉ်ကို မသိ၊သွားကျင်ခြင်းကိုလည်း မသိပါပဲ သွားများပျက်စီးဆုံးရှုံးသွားကြသည်များလည်း ရှိပါတယ်

အမှန်မှာ သွားကိုထောက်ပံ့ထားသောအလွှာ ပျက်စီးသွားခြင်းကြောင့်သာ သွားမကျင် သွားမကိုက်ရခြင်းပဲ ဖြစ်ပါတယ်။

များသောအားဖြင့် လူနာအများစုသည် သွားကိုက်၊ သွားနာမှသာ သွားဆေးခန်းသို့ ရောက်လာကြသည်သာများပါတယ်။

ကိုက်ပြီနာပြီဆိုလျှင် သွားဖာခြင်းကို ချက်ချင်းလုပ်လို့်
မရတော့ပါဘူး။ အကြောထုတ်ကုသခြင်းဖြင့် ကုသမှုခံယူလျှင်တော့ ရပါသေးသည်။

တကယ်တော့ စောစောစီးစီးပြသပြီး သွားကိုဖာလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။

သို့သော် နယ်များတွင် နာလျှင်နှုတ်ဆိုသောအသိတွေပဲ ရှိနေကြပါသေးတယ်။

သွားအကြောုတ်ကုသမှုဟာ သွားဖာခြင်းထက် ကုသမှုကြာမြင့်ချိန် ပိုလာကာ ကုန်ကျစရိတ်အားဖြင့်လည်း များပါတယ်။

ထိုသို့အချိန်များ မပေးနိုင် နာကျင်ကိုက်ခဲတဲ့ဝေဒနာများ
ကိုလည်း မခံစားနိုင်ကြတော့သောအခါ
သွားကိုနှုတ်ပစ်လိုက်ကြပါတော့တယ်။

ထိုအခါ သွားဆုံးရှုံးခြင်း၊
သွားပြန်စိုက်ရခြင်းများ လုပ်ကြရပါတော့တယ်။

မနှုတ်ပဲ အကြောထုတ် ကုသလို့ရလျှင်တောင်မှ
ပင်ကိုယ်သွား၊ဖာလို့ရသောသွားများလိုတော့ မကောင်းတော့ပါဘူး။

ထို့ကြောင့်

တကယ်တော့ ဘယ်သူမဆို မိမိတို့သွားများ ပိုးစားခြင်းရှိမရှိကို အတိအကျမသိနိုင်သောကြောင့်
သွားဆေးခန်းများတွင် အနည်းဆုံး (၆)လ
တစ်ကြိမ်ပြသစစ်ဆေးခြင်း၊ ကုသခြင်းကို ပုံမှန်ပြုလုပ်ကြမည်ဆိုလျှင် သွားဆွေးမြေ့ခြင်း ပျက်စီးခြင်း၊ သွားဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

ပုံတွင် သွားပျားဆွေးမြေ့မှုဖြစ်စဉ်အဆင့်ဆင့်နှင့် နောက်ဆုံးတွင် သွားအမြစ်ထိပ်ရှိ ပြည်တည်နာဖြစ်ပုံကို ပြသပေးထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top