“စိတ္ဆုိးရင္ စကားမေျပာနဲ႔”
“စိတ္ဆုိးရင္ စကားမေျပာနဲ႔”
ဘာျဖစ္လုိ႔လဲ?
စကားေကာင္းမထြက္ဘူး..
ဒါဆိုဘယ္လိုေျပာရမလဲ?
စကားအေျပာအဆုိနဲ႔ ပတ္သက္ျပီးေတာ့
ဗုဒၶျမတ္စြာဘုရားက ေဟာၾကားေပးထားတာရွိတယ္
စကားေျပာတဲ့အခါမွာ
၁။ ေျပာသင့္တဲ့အခ်ိန္မွာ ေျပာမယ္
မေျပာသင့္တဲ့အခ်ိန္မွာ မေျပာဘူး..
၂။ မွန္တာကုိပဲ ေျပာမယ္..
မမွန္တာကုိ မေျပာဘူး..
၃။ ေျပာမယ္ဆုိရင္လည္း
ၾကင္ၾကင္နာနာ ယဥ္ယဥ္ေက်းေက်းနဲ႔
သိမ္သိမ္ေမြ႔ေမြ႕ေျပာမယ္..
၄။ ေျပာတဲ့အခါမွာ
အက်ဳိးရွိတဲ့စကားကုိသာေျပာမယ္..
အက်ဳိးမရွိတာကုိ မေျပာဘူး..
၅။ ေျပာတဲ့အခါမွာ ေမတၱာနဲ႔ေျပာမယ္..
ေဒါသနဲ႔မေျပာဘူး..
ဒီအတုိင္းသာ သတိထားျပီး
လုိက္နာက်င့္သုံးလုိက္မယ္ဆုိရင္
မိမိနဲ႔ပတ္သက္တဲ့ ပုဂၢဳိလ္ေတြနဲ႔လည္း
ျပႆနာတက္စရာအေၾကာင္း မရွိေတာ့ဘူး..
ေမတၱာႏွလုံးပ်က္သြားတာဟာ
ကုိယ့္ရဲ႕အေျပာေၾကာင့္ပဲ ေနာ္..
မေျပာသင့္တာကုိ ေျပာမိလုိ႕
ၾကမ္းၾကမ္းတမ္းတမ္း ေျပာမိလုိ႔..
ေအး..မဟုတ္တာသြားေျပာမိရင္လည္း
ျပႆနာတက္တတ္တယ္ ေနာ္..။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး
# Unicode Version # ျဖင့္ ဖတ္ပါ #
“စိတ်ဆိုးရင် စကားမပြောနဲ့”
ဘာဖြစ်လို့လဲ?
စကားကောင်းမထွက်ဘူး..
ဒါဆိုဘယ်လိုပြောရမလဲ?
စကားအပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားပေးထားတာရှိတယ်
စကားပြောတဲ့အခါမှာ
၁။ ပြောသင့်တဲ့အချိန်မှာ ပြောမယ်
မပြောသင့်တဲ့အချိန်မှာ မပြောဘူး..
၂။ မှန်တာကိုပဲ ပြောမယ်..
မမှန်တာကို မပြောဘူး..
၃။ ပြောမယ်ဆိုရင်လည်း
ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့
သိမ်သိမ်မွေ့မွေ့ပြောမယ်..
၄။ ပြောတဲ့အခါမှာ
အကျိုးရှိတဲ့စကားကိုသာပြောမယ်..
အကျိုးမရှိတာကို မပြောဘူး..
၅။ ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်..
ဒေါသနဲ့မပြောဘူး..
ဒီအတိုင်းသာ သတိထားပြီး
လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင်
မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း
ပြဿနာတက်စရာအကြောင်း မရှိတော့ဘူး..
မေတ္တာနှလုံးပျက်သွားတာဟာ
ကိုယ့်ရဲ့အပြောကြောင့်ပဲ နော်..
မပြောသင့်တာကို ပြောမိလို့
ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့..
အေး..မဟုတ်တာသွားပြောမိရင်လည်း
ပြဿနာတက်တတ်တယ် နော်..။
ဖိုးသူတော် (www.phothutaw.com)
Credit:ပါမောက္ခချုပ်ဆရာတော်ကြီး