သာမန္ဝင္ေငြ ရွိတဲ့ လူတစ္ေယာက္က တစ္ႏွစ္ကို အရက္ ၉.၅ လီတာ ေသာက္ပါတယ္။ ၉.၅ လီတာေသာက္တယ္ ဆိုတာ အရက္စြဲေနတဲ့သူ မဟုတ္ပါဘူး။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တုန္း နည္းနည္းပါးပါး ေသာက္တာ ျဖစ္ပါတယ္။ နည္းနည္းေသာက္လိုက္၊ တစ္ပတ္ေလာက္ မေသာက္ပဲ ေနလိုက္လည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။

အရက္ျဖတ္ၿပီး တစ္ပတ္ၾကာရင္

* အစာစားခ်င္စိတ္ ျမင့္တက္လာပါတယ္။ တကယ္တမ္းေတာ့ အရက္ေသာက္ရင္ ပိုစားျဖစ္လာၾကပါတယ္။ အရက္အစား သစ္သီးေဖ်ာ္ရည္ေလးေတြ ေသာက္ေပးတာ အေကာင္းဆုံးပါပဲ။

* ခ်ိဳတဲ့ အစားအစာေတြကို စားခ်င္စိတ္ ျဖစ္ေပၚလာေစပါတယ္။ အနည္းစုကေတာ့ အခ်ိဳ စားခ်င္စိတ္ မရွိၾကေတာ့ပါဘူး။ ဆီးခ်ိဳေရာဂါ ရွိတဲ့သူဆိုရင္ေတာ့ အခ်ိဳစားခ်င္စိတ္က အႏၲရာယ္မ်ားပါတယ္။

* အရက္ျဖတ္ၿပီးရင္ အိပ္ေပ်ာ္ဖို႔ ခက္ခဲလာမွာပါ။ အိပ္ယာ မဝင္ခင္ အရက္ေသာက္တတ္သူဆိုရင္ ပိုၿပီးေတာ့ ခက္ခဲပါတယ္။ အရက္ျဖတ္ျဖတ္ခ်င္း ဆိုရင္ေတာ့ ညမွာ အိမ္မက္ဆိုးေတြ မက္လာပါလိမ့္မယ္။

* အခ်ိဳ႕သူေတြက ေခါင္းကိုက္ တတ္ပါတယ္။ အသည္းလည္း ထိခိုက္ႏိုင္ၿပီး ေသြးလည္း တိုးႏိုင္ပါတယ္။ ခႏၶာကိုယ္ကလည္း နာက်င္ကိုက္ခဲ ေနတတ္ပါတယ္။

အရက္ျဖတ္ၿပီး ၂ ပတ္အၾကာ

* အရက္ျဖတ္ၿပီး ႏွစ္ပတ္ၾကာရင္ အသည္းက ျပန္ေကာင္းလာပါတယ္။ အရက္ကို ေန႔စဥ္ေသာက္ရင္ အသည္းဆဲလ္ေတြက ေသသြားၿပီး အသည္းမွာ အမာ႐ြတ္ေတြ ေပၚလာပါတယ္။ အသည္းက ျပန္ေကာင္းလာႏိုင္ေပမယ့္ အခ်ိန္ၾကာပါတယ္။ အရက္နည္းနည္း ေသာက္ရင္ အသည္းျပန္ေကာင္းတာ ျမန္ပါတယ္။

* ေနာက္တစ္ခုကေတာ့ အသားအေရ လွလာပါတယ္။ အရက္က အေရျပားဆီသြားတဲ့ ေအာက္ဆီဂ်င္ကို ေႏွာင့္ယွက္ပါတယ္။ အဲဒါေၾကာင့္ အရက္ေသာက္ရင္ အသားအေရ ေျခာက္ၿပီး အစက္အေျပာက္ေတြ၊ အေရးအေၾကာင္းေတြ ေစာေစာစီးစီး ေပၚလာပါတယ္။

* အစာေခ်မႈက တိုးတက္လာပါတယ္။ အရက္ျဖတ္ၿပီး ႏွစ္ပတ္အၾကာမွာ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ၿပီး ေသာက္ခ်င္စိတ္ကို ထိန္းဖို႔ အေတာ္ခက္ခဲပါတယ္။ အဲဒါေၾကာင့္ အတြင္းစိတ္ ခိုင္မာဖို႔ လိုအပ္ပါတယ္။

အရက္ျဖတ္ၿပီး ၃ ပတ္အၾကာ

* အရက္ျဖတ္ၿပီး ၃ ပတ္အၾကာမွာ သိသာလာတာကေတာ့ မ်က္ကြင္းညိဳတာ ေပ်ာက္သြားတာပါပဲ။ ဆီးလမ္းေၾကာင္း စနစ္က ပုံမွန္အတိုင္း ျပန္ျဖစ္သြားလို႔ပါ။

*မနက္ခင္းမွာ ႏိုးထရ လြယ္ကူလာပါတယ္။ အိပ္ေရးဝၿပီး လန္းဆန္းလာေစပါတယ္။

* အရက္ေသာက္ျခင္းက တံေတြး ထုတ္လုပ္မႈကို က်ဆင္းေစၿပီး သြားကို ထိခိုက္ေစပါတယ္။ အရက္ျဖတ္လိုက္ၿပီ ဆိုရင္ သြားေပါက္ျဖစ္ျခင္းကို ကင္းေစၿပီး သြားအေပၚယံ ေႂကြသြားေတြ ခိုင္မာလာပါတယ္။

အရက္ျဖတ္ၿပီး ၄ ပတ္အၾကာ

* အဝလြန္သူ ဆိုရင္ ကိုယ္အေလးခ်ိန္ က်သြားပါတယ္။ ပ်မ္းမွ်အားျဖင့္ တစ္လကို ၆ ေပါင္ကေန ၈ ေပါင္ အထိ က်သြားပါတယ္။ အရက္ေသာက္တာ မၾကာေသးဘူး ဆိုရင္ ကိုယ္အေလးခ်ိန္ က်တာ ပိုျမန္ပါတယ္။

* အရက္က ေသြးတိုးေစပါတယ္။ အရက္ ေသာက္တာၾကာလာရင္ ႏွလုံးေသြးေၾကာနဲ႔ ဆိုင္တဲ့ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

* အသားအေရက ပိုၾကည္လင္လာပါတယ္။ ဝက္ၿခံေတြလည္း ေပ်ာက္သြားပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္က မွ်တာလာၿပီး ေသြးလည္ပတ္မႈလည္း ေကာင္းလာပါတယ္။ မ်က္ႏွာကလန္းဆန္းလာၿပီး အစက္အေပ်ာက္ေတြလည္း မရွိေတာ့ပါဘူး။

* စိတ္ေတြလည္း ၾကည္လင္လာၿပီး အလုပ္ေတြလည္း ထိထိေရာက္ေရာက္ လုပ္လာႏိုင္ပါတယ္။ အရက္ေသာက္ရင္ ဦးေႏွာက္ဆဲလ္ သန္းေပါင္းမ်ားစြာကို ေသေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zombie(Loveအတိုအစေလးမ်ား)
# Unicode Version # ျဖင့္ ဖတ္ပါ #

သာမန်ဝင်ငွေ ရှိတဲ့ လူတစ်ယောက်က တစ်နှစ်ကို အရက် ၉.၅ လီတာ သောက်ပါတယ်။ ၉.၅ လီတာသောက်တယ် ဆိုတာ အရက်စွဲနေတဲ့သူ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့တုန်း နည်းနည်းပါးပါး သောက်တာ ဖြစ်ပါတယ်။ နည်းနည်းသောက်လိုက်၊ တစ်ပတ်လောက် မသောက်ပဲ နေလိုက်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

အရက်ဖြတ်ပြီး တစ်ပတ်ကြာရင်

* အစာစားချင်စိတ် မြင့်တက်လာပါတယ်။ တကယ်တမ်းတော့ အရက်သောက်ရင် ပိုစားဖြစ်လာကြပါတယ်။ အရက်အစား သစ်သီးဖျော်ရည်လေးတွေ သောက်ပေးတာ အကောင်းဆုံးပါပဲ။

* ချိုတဲ့ အစားအစာတွေကို စားချင်စိတ် ဖြစ်ပေါ်လာစေပါတယ်။ အနည်းစုကတော့ အချို စားချင်စိတ် မရှိကြတော့ပါဘူး။ ဆီးချိုရောဂါ ရှိတဲ့သူဆိုရင်တော့ အချိုစားချင်စိတ်က အန္တရာယ်များပါတယ်။

* အရက်ဖြတ်ပြီးရင် အိပ်ပျော်ဖို့ ခက်ခဲလာမှာပါ။ အိပ်ယာ မဝင်ခင် အရက်သောက်တတ်သူဆိုရင် ပိုပြီးတော့ ခက်ခဲပါတယ်။ အရက်ဖြတ်ဖြတ်ချင်း ဆိုရင်တော့ ညမှာ အိမ်မက်ဆိုးတွေ မက်လာပါလိမ့်မယ်။

* အချို့သူတွေက ခေါင်းကိုက် တတ်ပါတယ်။ အသည်းလည်း ထိခိုက်နိုင်ပြီး သွေးလည်း တိုးနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း နာကျင်ကိုက်ခဲ နေတတ်ပါတယ်။

အရက်ဖြတ်ပြီး ၂ ပတ်အကြာ

* အရက်ဖြတ်ပြီး နှစ်ပတ်ကြာရင် အသည်းက ပြန်ကောင်းလာပါတယ်။ အရက်ကို နေ့စဉ်သောက်ရင် အသည်းဆဲလ်တွေက သေသွားပြီး အသည်းမှာ အမာရွတ်တွေ ပေါ်လာပါတယ်။ အသည်းက ပြန်ကောင်းလာနိုင်ပေမယ့် အချိန်ကြာပါတယ်။ အရက်နည်းနည်း သောက်ရင် အသည်းပြန်ကောင်းတာ မြန်ပါတယ်။

* နောက်တစ်ခုကတော့ အသားအရေ လှလာပါတယ်။ အရက်က အရေပြားဆီသွားတဲ့ အောက်ဆီဂျင်ကို နှောင့်ယှက်ပါတယ်။ အဲဒါကြောင့် အရက်သောက်ရင် အသားအရေ ခြောက်ပြီး အစက်အပြောက်တွေ၊ အရေးအကြောင်းတွေ စောစောစီးစီး ပေါ်လာပါတယ်။

* အစာချေမှုက တိုးတက်လာပါတယ်။ အရက်ဖြတ်ပြီး နှစ်ပတ်အကြာမှာ သူငယ်ချင်းတွေနဲ့ တွေ့ပြီး သောက်ချင်စိတ်ကို ထိန်းဖို့ အတော်ခက်ခဲပါတယ်။ အဲဒါကြောင့် အတွင်းစိတ် ခိုင်မာဖို့ လိုအပ်ပါတယ်။

အရက်ဖြတ်ပြီး ၃ ပတ်အကြာ

* အရက်ဖြတ်ပြီး ၃ ပတ်အကြာမှာ သိသာလာတာကတော့ မျက်ကွင်းညိုတာ ပျောက်သွားတာပါပဲ။ ဆီးလမ်းကြောင်း စနစ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလို့ပါ။

*မနက်ခင်းမှာ နိုးထရ လွယ်ကူလာပါတယ်။ အိပ်ရေးဝပြီး လန်းဆန်းလာစေပါတယ်။

* အရက်သောက်ခြင်းက တံတွေး ထုတ်လုပ်မှုကို ကျဆင်းစေပြီး သွားကို ထိခိုက်စေပါတယ်။ အရက်ဖြတ်လိုက်ပြီ ဆိုရင် သွားပေါက်ဖြစ်ခြင်းကို ကင်းစေပြီး သွားအပေါ်ယံ ကြွေသွားတွေ ခိုင်မာလာပါတယ်။

အရက်ဖြတ်ပြီး ၄ ပတ်အကြာ

* အဝလွန်သူ ဆိုရင် ကိုယ်အလေးချိန် ကျသွားပါတယ်။ ပျမ်းမျှအားဖြင့် တစ်လကို ၆ ပေါင်ကနေ ၈ ပေါင် အထိ ကျသွားပါတယ်။ အရက်သောက်တာ မကြာသေးဘူး ဆိုရင် ကိုယ်အလေးချိန် ကျတာ ပိုမြန်ပါတယ်။

* အရက်က သွေးတိုးစေပါတယ်။ အရက် သောက်တာကြာလာရင် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

* အသားအရေက ပိုကြည်လင်လာပါတယ်။ ဝက်ခြံတွေလည်း ပျောက်သွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က မျှတာလာပြီး သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။ မျက်နှာကလန်းဆန်းလာပြီး အစက်အပျောက်တွေလည်း မရှိတော့ပါဘူး။

* စိတ်တွေလည်း ကြည်လင်လာပြီး အလုပ်တွေလည်း ထိထိရောက်ရောက် လုပ်လာနိုင်ပါတယ်။ အရက်သောက်ရင် ဦးနှောက်ဆဲလ် သန်းပေါင်းများစွာကို သေစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Zombie(Loveအတိုအစလေးများ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top