Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
မြန်မာနိုင်ငံဇာတ်သဘင်လောကကနေပြီးဒီဘက်ခေတ်ရုပ်ရှင်နယ်ပယ်ထဲထိဆွေစဉ်မျိုးဆက်အလိုက် အောင်မြင်မှုတွေကို လက်ဆင့်ကမ်းသယ်ယူလာတဲ့ မျိုးဆက်ထဲကတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ် ကတော့ အခုလည်း သူရဲ့ရုပ်ရှင်နယ်ပယ်ထဲက ပထမဆုံးအောင်မြင်မှုတစ်ခုအဖြစ် ပထမဆုံး အကယ်ဒမီရွှေစင်ရုပ်ကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။
သူနဲ့ ပေါ်ပြူလာ ဂျာနယ်ရဲ့အင်တာဗျူးမှာနှင်းဆီအဖွဲ့ထဲက သူငယ်ချင်းတွေ ကိုပြောချင်တဲ့ စကားလေးတွေ ပြောပြသွားတာရှိပါတယ်။ အဲ့ဒီသူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိရအောင် ပြန်ပြောပြပေးလိုက်ပါတယ်။
ကျော်ကျော်ဗိုလ်က “သူငယ်ချင်းတစ်ယောက်အနေနဲ့ကတော့ ဒီအရွယ်က ယူရင်လည်း ယူလိုက်တော့ မယူရင်ရင်လည်း တစ်သက်လုံးမယူနဲ့တော့ ဆိုပြီးဆုံးဖြတ်ရမယ့်အရွယ်ရောက်နေပြီ ။
မိန်းမယူကတည်းက ကိုယ်က အပျော်ယူတာမဟုတ်ဘူးလေ ကိုယ့်ရဲ့မျိုးဆက်သစ်အတွက်စဉ်းစားပြီး မျှော်လင့်တာကိုး ကျနော်တို့လည်း အဲ့ဒီလိုပဲလေ မျိုးဆက်သစ်အတွက် ပိုပေမျှာ်လင့်တယ် ဆိုတော့ ဒီအရွယ်မှာ ယူမှ သူ့မျိုးဆက်သစ်နဲ့သူနဲ့ လှစ်ဟာမှုကလျော့နိုင်မယ် ။ နောက်ကျသွားရင်တော့ သိပ်မကောင်းဘူ အခုတိုးတက်နေတဲ့ ခေတ်နဲ့ဆို ပိုဆိုးတယ် ။
အဲ့ဒီတော့ ကျနော့်သူငယ်ချင်းအမြင် ပါစင်နယ် အမြင်နဲ့ပြောရင် ယူသင့်ပါပြီ ။ မယူချင်လည်းလုံးဝမယူနဲ့တော့ ။ ယူချင်လည်းအခုယူတော့ အဲ့ဒီလိုမျိုးဖြစ်နေတဲ့ အချိနိရောက်ပြီပေ့နော် ။လူပျိူတွေကတော့ အချိန်ရှိသရွေ့ပျိုထားတာတော့ ကောင်းတာပေါ့နော် ။ လွတ်လပ်တာပေါ့ ဘာမှအနှောင်အဖွဲ့မရှိဘူး နောက်ဆံတင်းမှုနည်းတာပေါ့ ။
ဒါပေမယ့်လည်း လူဆိုတဲ့အမျိုးကလည်း ကိုယ်မရှိတော့တံအချိန် ကိုယ့်မျိုးဆက်အနေနဲ့ ရှင်သန်ကျန်ရစ်ဖို့မျှော်လင့်ချက်လေးတွေရှိနေကြသေးတာ လေ ။ အဓိကကတော့ အိမ်ထောင်တစ်ခုတည်ဆထာင်တယ် ဆိုတာ ဆိုရိုးလည်းရှိတယ်လေ အိမထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး တဲ့ ပြင်ဖို့ခက်တွေအရာတွေကို မလုပ်ခင်ကတည်းက ကြိုတင်ပြီးစဉ်းစားသင့်တယ် ။
အားလုံးကိုယ့်အတွက် ပြင်ဆင်ပြီးပြီဆိုရင့တော့ ဆိုးလည်းခံ ကောင်းလည်းစံ ဒါပါပဲ ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top