သက္မြန္ျမင့္ဟာ ပရိသတ္ခ်စ္တဲ့ မင္းသမီးတစ္လက္ျဖစ္ျပီး အခုလက္ရွိမွာ အကယ္ဒမီေရႊစင္ရုပ္တုေတြကုိ လက္ဝယ္ပုိင္ပုိုင္သိမ္းပုိက္ထားနို္င္တဲ့ ဝါရင့္မင္းသမီးတစ္လက္ျဖစ္ေနပါျပီ။

သက္မြန္ျမင့္ဟာ ငယ္ရြယ္နုပ်ိဳဖူးသစ္စအရြယ္ကတည္းကအနုပညာလမ္းေပၚေလွ်ာက္လွမ္းေနခဲ့တာ အခုဆိုရင္နွစ္ေပါင္း (၂၀) ျပည့္သြားခဲ့ျပီျဖစ္ပါတယ္။ အနုပညာသက္တမ္းနွစ္ေပါင္း (၂၀) ျပည့္အထိန္းအမွတ္အလွဴနဲ႔ ပရိသတ္ေတြနဲ႔ေတြ႕ဆံုပြဲေလးကုိ မၾကာမီရက္ပိုင္းကပဲက်င္းပခဲ့ျပီး မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ နွစ္ေပါင္း (၂၀) အတြင္းၾကံဳေတြ႕ခဲ့ရတာေတြကုိေျပာျပသြားခဲ့ပါတယ္။

သက္မြန္က နွစ္ေပါင္း (၂၀) ျပည့္ပြဲေလးနဲ႔ Fan Meeting ေလးက်င္းပခဲ့ပံုကုိ “ဒီနွစ္နွစ္ဆယ္ဆိုတဲ့ခရီးမွာ ပရိသတ္ေတြနဲ႔အတူူတူပြဲလည္းလုပ္ျပီးေတာ့ အတူတူေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြျဖတ္သန္းျပီးေတာ့ အိပ္မက္ေလးတစ္ခုတကယ္ျဖစ္လာျပီ။ တကယ္လည္း ကုိယ္ဆႏၵရွိတဲ့အတိုင္းလည္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖစ္သြားတဲ့အတြက္ အတိုင္းမသိကုိဝမ္းသာပါတယ္။အဲဒီအတြက္ၾကြေရာက္ေပးၾကတဲ့ဝန္းရံေပးၾကတဲ့ပရိသတ္ေတြကုိလည္း အမ်ားၾကီးေက်းဇူးတင္ပါတယ္”လို႔ ေျပာထားပါတယ္။

Fan Meeting လုပ္ျဖစ္တဲ့အေၾကာင္းကုိလည္း “Fan meeting လုပ္တာက ငါးၾကိမ္မဟုတ္ဘူး။ အလွဴလုပ္တာကေတာ့ ငါးနွစ္ျပည့္ေပါ့ေနာ္။ သက္မြန္တို႔နွစ္ျပည့္တိုင္း အလွဴေလးေတြစုျပီးေတာ့..လာနုိင္တဲ့သူေပ့ါေနာ္။ အလွဴေလးေတြစုျပီးေတာ့လုပ္ၾကတယ္။

မ်ားေသာအားျဖင့္ကေတာ့ နယ္ကလူေတြကမလာနုိင္ဘူး။ ရန္ကုန္ကလူေတြမ်ားတယ္။ ေလးနွစ္ျပည့္မွာ မႏၱေလးမွာ သြားလွဴျဖစ္တယ္။ ငါးနွစ္ျပည့္မွာေတာ့ ဆံုခ်င္တယ္ေပါ့စကားေတြေျပာခ်င္တယ္ေပ့ါ။

အဲဒီစိတ္ကူးနဲ႔အလွဴကုိအရင္မလုပ္ပဲနဲ႔အရင္ေတြ႕ျပီးေတာ့အခ်ိန္တစ္ခုျဖတ္သန္းၾကမယ္ဆိုျပီးအေကာင္အထည္ေဖာ္ျဖစ္တာေပါ့”လို႔ ေျပာၾကားထားပါတယ္။အနုပညာသက္တမ္း (၂၀) မွာခက္ခဲၾကမ္းတမ္းတာေတြလည္းရွိေၾကာင္းကုိ “အရမ္းခက္ခဲတာေပါ့။ သက္မြန္တို႔ ခ်င္းေတာင္မွာ video ေတြဘာေတြျပတယ္။



 ေမာ္ဒယ္စလုပ္ေတာ့လည္း ေမာ္ဒယ္ဆိုတာဘာလဲဆိုတာမသိခဲ့ဘူး။ ကံၾကမၼာလို႔ပဲေျပာရမွာေပ့ါ။ ျပိဳင္ပြဲဝင္ဖို႔ျဖစ္လာတယ္။ ျပိဳင္ပြဲမွာပထမရတယ္။ ဆက္ေလွ်ာက္တယ္။ လုပ္ရင္းနဲ႔သာေလ့လာရတာျဖစ္တဲ့အတြက္အမ်ားၾကီးခက္ခဲတယ္။

နယ္ကလာတာျဖစ္တဲ့အတြက္ေရာ အသိုင္းအဝုိင္းမရွိ၊မိတ္ေဆြသူငယ္ခ်င္းမရွိ၊ ရန္ကုန္မွာ ပထမဆံုးေရာက္တဲ့အခ်ိန္မွာမွ အနုပညာထဲတန္းဝင္ရတာျဖစ္တဲ့အတြက္ အကုန္လံုးကအစိမ္းသက္သက္၊ကုိယ္ကၾကိဳးစားရတယ္။ အမ်ားၾကီးရင္ဆိုင္ရတယ္။ ေငြေၾကးမတတ္နုိင္ဘူး။

အလုပ္က အမ်ားၾကီးေပးဆပ္ရတယ္။ေငြေၾကးပိုင္းေရာေပါ့ေနာ္။အမ်ားၾကီးကုိျဖတ္သန္းရတယ္။ ဘဝမွာလြယ္လြယ္ကူကူနဲ႔ရတာမရွိခဲ့ဘူး”လို႔ ေျပာျပထားပါတယ္။ခင္ပြန္းျဖစ္သူက ဘဝမွာစိတ္ဓာတ္ခြန္အားအေပးနုိင္ဆံုးပဲလို႔လည္း သက္မြန္က “သူကအမ်ားၾကီးအားေပးတတ္တယ္။ အမ်ားၾကီးကုိယ့္အတြက္လည္းရပ္တည္ေပးတယ္။

အုိင္ဒီယာဆိုလည္းကုိယ့္ထက္အမ်ားၾကီးေရွ႕ေျပးတယ္။ ကုိယ့္ထက္အမ်ားၾကီးပုိျပီးလူၾကီးဆန္တယ္။ ကုိယ့္ထက္အမ်ားၾကီးရင့္က်က္တယ္။ စီးပြားေရးအလုပ္လုပ္ေနတဲ့အခါက်ေတာ့ လူေတြအေၾကာင္းကုိုပိုျပီးေတာ့နားလည္တယ္။ လူေတြအမ်ားၾကီးနဲ႔ပုိျပီးေတာ့ဆက္ဆံတတ္တယ္။ သူကအမ်ားၾကီးပံ့ပုိးေပးတယ္။



သက္မြန္ဝမ္းနည္းတာပဲျဖစ္ျဖစ္ အားငယ္တာပဲျဖစ္ျဖစ္ သက္မြန္ဘာျဖစ္ေနလဲဆုိတာသူသိတယ္။ ေျပာေပးတတ္တယ္ဆိုေတာ့ စိတ္ဓာတ္ခြန္အားကေတာ့အဓိကအေပးနုိင္ဆံုးသူပါပဲ”လို႔ ေျဖၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

သက်မွန်မြင့်ဟာ ပရိသတ်ချစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အခုလက်ရှိမှာ အကယ်ဒမီရွှေစင်ရုပ်တုတွေကို လက်ဝယ်ပိုင်ပိုင်သိမ်းပိုက်ထားနိုင်တဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်နေပါပြီ။

သက်မွန်မြင့်ဟာ ငယ်ရွယ်နုပျိုဖူးသစ်စအရွယ်ကတည်းကအနုပညာလမ်းပေါ်လျှောက်လှမ်းနေခဲ့တာ အခုဆိုရင်နှစ်ပေါင်း (၂၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အနုပညာသက်တမ်းနှစ်ပေါင်း (၂၀) ပြည့်အထိန်းအမှတ်အလှူနဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပွဲလေးကို မကြာမီရက်ပိုင်းကပဲကျင်းပခဲ့ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာ နှစ်ပေါင်း (၂၀) အတွင်းကြုံတွေ့ခဲ့ရတာတွေကိုပြောပြသွားခဲ့ပါတယ်။

သက်မွန်က နှစ်ပေါင်း (၂၀) ပြည့်ပွဲလေးနဲ့ Fan Meeting လေးကျင်းပခဲ့ပုံကို “ဒီနှစ်နှစ်ဆယ်ဆိုတဲ့ခရီးမှာ ပရိသတ်တွေနဲ့အတူူတူပွဲလည်းလုပ်ပြီးတော့ အတူတူပျော်ရွှင်စရာအချိန်လေးတွေဖြတ်သန်းပြီးတော့ အိပ်မက်လေးတစ်ခုတကယ်ဖြစ်လာပြီ။ တကယ်လည်း ကိုယ်ဆန္ဒရှိတဲ့အတိုင်းလည်းပျော်ပျော်ရွှင်ရွှင်ဖြစ်သွားတဲ့အတွက် အတိုင်းမသိကိုဝမ်းသာပါတယ်။အဲဒီအတွက်ကြွရောက်ပေးကြတဲ့ဝန်းရံပေးကြတဲ့ပရိသတ်တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်”လို့ ပြောထားပါတယ်။

Fan Meeting လုပ်ဖြစ်တဲ့အကြောင်းကိုလည်း “Fan meeting လုပ်တာက ငါးကြိမ်မဟုတ်ဘူး။ အလှူလုပ်တာကတော့ ငါးနှစ်ပြည့်ပေါ့နော်။ သက်မွန်တို့နှစ်ပြည့်တိုင်း အလှူလေးတွေစုပြီးတော့..လာနိုင်တဲ့သူပေ့ါနော်။ အလှူလေးတွေစုပြီးတော့လုပ်ကြတယ်။

များသောအားဖြင့်ကတော့ နယ်ကလူတွေကမလာနိုင်ဘူး။ ရန်ကုန်ကလူတွေများတယ်။ လေးနှစ်ပြည့်မှာ မန္တလေးမှာ သွားလှူဖြစ်တယ်။ ငါးနှစ်ပြည့်မှာတော့ ဆုံချင်တယ်ပေါ့စကားတွေပြောချင်တယ်ပေ့ါ။

အဲဒီစိတ်ကူးနဲ့အလှူကိုအရင်မလုပ်ပဲနဲ့အရင်တွေ့ပြီးတော့အချိန်တစ်ခုဖြတ်သန်းကြမယ်ဆိုပြီးအကောင်အထည်ဖော်ဖြစ်တာပေါ့”လို့ ပြောကြားထားပါတယ်။အနုပညာသက်တမ်း (၂၀) မှာခက်ခဲကြမ်းတမ်းတာတွေလည်းရှိကြောင်းကို “အရမ်းခက်ခဲတာပေါ့။ သက်မွန်တို့ ချင်းတောင်မှာ video တွေဘာတွေပြတယ်။

 မော်ဒယ်စလုပ်တော့လည်း မော်ဒယ်ဆိုတာဘာလဲဆိုတာမသိခဲ့ဘူး။ ကံကြမ္မာလို့ပဲပြောရမှာပေ့ါ။ ပြိုင်ပွဲဝင်ဖို့ဖြစ်လာတယ်။ ပြိုင်ပွဲမှာပထမရတယ်။ ဆက်လျှောက်တယ်။ လုပ်ရင်းနဲ့သာလေ့လာရတာဖြစ်တဲ့အတွက်အများကြီးခက်ခဲတယ်။

နယ်ကလာတာဖြစ်တဲ့အတွက်ရော အသိုင်းအဝိုင်းမရှိ၊မိတ်ဆွေသူငယ်ချင်းမရှိ၊ ရန်ကုန်မှာ ပထမဆုံးရောက်တဲ့အချိန်မှာမှ အနုပညာထဲတန်းဝင်ရတာဖြစ်တဲ့အတွက် အကုန်လုံးကအစိမ်းသက်သက်၊ကိုယ်ကကြိုးစားရတယ်။ အများကြီးရင်ဆိုင်ရတယ်။ ငွေကြေးမတတ်နိုင်ဘူး။

အလုပ်က အများကြီးပေးဆပ်ရတယ်။ငွေကြေးပိုင်းရောပေါ့နော်။အများကြီးကိုဖြတ်သန်းရတယ်။ ဘဝမှာလွယ်လွယ်ကူကူနဲ့ရတာမရှိခဲ့ဘူး”လို့ ပြောပြထားပါတယ်။ခင်ပွန်းဖြစ်သူက ဘဝမှာစိတ်ဓာတ်ခွန်အားအပေးနိုင်ဆုံးပဲလို့လည်း သက်မွန်က “သူကအများကြီးအားပေးတတ်တယ်။ အများကြီးကိုယ့်အတွက်လည်းရပ်တည်ပေးတယ်။

အိုင်ဒီယာဆိုလည်းကိုယ့်ထက်အများကြီးရှေ့ပြေးတယ်။ ကိုယ့်ထက်အများကြီးပိုပြီးလူကြီးဆန်တယ်။ ကိုယ့်ထက်အများကြီးရင့်ကျက်တယ်။ စီးပွားရေးအလုပ်လုပ်နေတဲ့အခါကျတော့ လူတွေအကြောင်းကိုပိုပြီးတော့နားလည်တယ်။ လူတွေအများကြီးနဲ့ပိုပြီးတော့ဆက်ဆံတတ်တယ်။ သူကအများကြီးပံ့ပိုးပေးတယ်။

သက်မွန်ဝမ်းနည်းတာပဲဖြစ်ဖြစ် အားငယ်တာပဲဖြစ်ဖြစ် သက်မွန်ဘာဖြစ်နေလဲဆိုတာသူသိတယ်။ ပြောပေးတတ်တယ်ဆိုတော့ စိတ်ဓာတ်ခွန်အားကတော့အဓိကအပေးနိုင်ဆုံးသူပါပဲ”လို့ ဖြေကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top