တစ္ခါတုန္းက တာ၀တိႎသာနတ္ျပည္က နတ္သမီးေလးတစ္ပါးဟာ လူ႔ျပည္ကို နတ္မ်က္စိနဲ႔ၾကည့္မိသတဲ့။ အဲဒီလိုၾကည့္မိတဲ့အခါ လူ႔ျပည္မွာ ၀ါတြင္းကာလျဖစ္တာမို႔ လူေတြအမ်ားႀကီး ဥပုသ္ေစာင့္ၾကတာကို ေတြ႕ရတာေပါ့။ အဲဒီအခါ နတ္သမီးေလးက သိၾကားမင္းႀကီးကို

အရွင္သိၾကားမင္း၊ လူ႔ျပည္မွ လူေတြဒီေလာက္ ဥပုသ္ေစာင့္ၾကရင္ သူတို႔ကြယ္လြန္တဲ့အခါ နတ္ျပည္ေရာက္ၾကမွာမို႔ နတ္ျပည္မွာေနစရာမွ ရွိပါဦးမလားလို႔ ေလွ်ာက္ထားလုိက္တယ္။

သိၾကားမင္းက တရားေတာ္နဲ႔အညီ ဥပုသ္ေစာင့္တတ္မွ ကုသိုလ္ကရတာ။ ကုသုိလ္ရမွ နတ္ျပည္ေရာက္ႏုိင္တာ။ ဥပုသ္ေစာင့္တိုင္း နတ္ျပည္ေရာက္ႏုိင္တာ မဟုတ္ဘူး။ သင္မယံုၾကည္ရင္ လူေတြ ဥပုသ္ေစာင့္တတ္ မေစာင့္တတ္နဲ႔ ဥပုသ္ေစာင့္တဲ့သူေတြထဲက နတ္ျပည္ေရာက္ႏုိင္တဲ့သူ ပါမပါကို ငါလက္ေတြ႕ျပမယ္လို႔ နတ္သမီးေလးကိုေျပာပါတယ္။

အဲဒီေနာက္ သိၾကားမင္းဟာ မိမိကိုယ္ကို အသက္(၆၀)ေက်ာ္ အဘိုးႀကီးအသြင္ ဖန္ဆင္းလုိက္ၿပီး နတ္သမီးေလးကိုေတာ့ (၁၆)ႏွစ္အရြယ္ အပ်ဳိမေလးလို ဖန္ဆင္းကာ လူ႔ျပည္ကို ဆင္းသက္လုိက္တယ္။ လူ႔ျပည္ေရာက္တဲ့အခါ ဥပုသ္သည္ေတြ စုေ၀းေနတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြနဲ႔ ဇရပ္ေတြဘက္ကို
စံုတြဲခုတ္ၿပီး သြားလာလည္ပတ္ၾကသတဲ့။

အဲဒီအခါ ဇရပ္တစ္ေဆာင္ေပၚမွာ အမ်ဳိးသမီးတစ္စုဟာ ဥပုသ္ေစာင့္တယ္ဆိုၿပီး စုေ၀း၀ိုင္းဖြဲ႕ကာ သူမ်ားအတင္းေတြ ေျပာေနၾကတယ္။ အဲဒီအနား လူေယာင္ဖန္ဆင္းတဲ့ သိၾကားမင္းတို႔စံုတြဲွံ ေရာက္သြားတဲ့အခါ ဇရပ္ေပၚက အမ်ဳိးသမီးတစ္စုက (၁၆)ႏွစ္ရြယ္ သမီးပ်ဳိေလးကို ဟဲ့သူငယ္မ ညည္းနဲ႔အဘိုးႀကီး ဘာေတာ္သလဲ။ ညည္းအေဖလား ေယာက္်ားလားလို႔ စပ္စပ္စုစု ေမးၾကသတဲ့။

မိန္းမပ်ဳိေယာင္ေဆာင္ထားတဲ့ နတ္သမီးက

အဘိုးႀကီးဟာ ကၽြန္မရဲ႕ခင္ပြန္းပါရွင့္လုိ႔ ေျဖတဲ့အခါ ဥပုသ္ေစာင့္တဲ့ အမ်ဳိးသမီးေတြက ေမးေငါ့ၿပီး ၾကည့္စမ္းပါဦးေတာ္ ရုပ္ကေလး
သနားကမား ပ်ဳိပ်ဳိရြယ္ရြယ္ကေလးနဲ႔ ဒီေသခါနီး အဘိုးႀကီးကိုပဲ ယူရသလား။ တကယ္ဆိုရင္ ရြယ္တူတန္းတူ ယူေရာေပါ့ေအ။
ဟိုအဘိုးႀကီးကလည္း ေသခါနီးမွ ရိကၡာယူရတယ္လို႔။ ႏြားအိုျမက္ႏုႀကိဳက္ဆိုတာ ဒါမ်ဳိးေပါ့လို႔ တစ္ေယာက္တစ္ေပါက္ အတင္း
ေျပာၾကသတဲ့။

အဲဒီကေန ေနာက္တစ္ေနရာကို ေရာက္သြားတဲ့အခါ အမ်ဳိးသားေတြစုၿပီးေနတဲ့ ေက်ာင္းေဆာင္တစ္ခုအနားကို ေရာက္သြားတယ္။ အဲဒီနားကို သူတို႔စံုတြဲ ေရာက္သြားတယ္ဆိုရင္ပဲ ေယာက္်ားေတြက

ၾကည့္စမ္းေဟ့ မလုိက္တဲ့စံုတြဲကြာ။ အဘိုးႀကီးကလည္း မေခဘူးေနာ္။ ေကာင္မေလးကို မုန္႔ေပးၿပီးႀကိဳက္တာေနမွာ။ ေကာင္မေလးကေတာ့ ကံဆိုးတာပဲ။ မၾကာခင္မွာ မုဆိုးမ ျဖစ္ေတာ့မယ္။ ဟဲ့ေကာင္ မုဆုိးမျဖစ္သြားရင္ တို႔သြားၿပီး တန္းစီၾကရင္ မေကာင္းဘူလားလို႔ မၾကားတၾကား သေရာ္ၾကသတဲ့။

အဲဒီေက်ာင္းေဆာင္ဘက္က ထြက္ၿပီးေနာက္ ေရအုိးစင္ တစ္ခုနားကို ေရာက္သြားတယ္။ အဲဒီေရအုိးစင္နားမွာ အဘြားအိုတစ္ဦးဟာဘယ္သူနဲ႔မွ် စကားမေျပာဘဲ မ်က္စိမွိတ္ၿပီး စိပ္ပုတီးကိုပဲ အသာစိပ္ေနသတဲ့။ မိန္းမပ်ဳိေယာင္ေဆာင္ထားတဲ့ နတ္သမီးေလးကအဖြားအိုနားကိုသြားၿပီး

အဖြား ဒီေရအိုးစင္မွာ ေရရွိသလား။ ကၽြန္မခင္ပြန္း ေရဆာေနလို႔ပါရွင္လို႔ ခြင့္ေတာင္းတဲ့အခါ အဘြားအိုက

ရွိပါတယ္ သူငယ္မရယ္။ သေဘာရွိေသာက္ပါ။ ကုသိုလ္လုိခ်င္လုိ႔ အဘြားကိုယ္တုိင္ ခပ္ထားတာပါလို႔ ေျပာပါတယ္။ ၿပီးေတာ့မွ အဘိုးႀကီးေယာင္ေဆာင္ထားတဲ့ သိၾကားမင္းကို တစ္ခ်က္ေလာက္ၾကည့္လုိက္ၿပီး ေၾသာ္ေမာင္ႀကီးရယ္ သူငယ္မရဲ႕ ခင္ပြန္းသည္ကိုး။ ဒီလိုေပါ့ေအရယ္ ေရွးကေရစက္ဆိုတာ အမ်ဳိးမ်ဳိးဆံုစည္းရတာပဲ။ စိတ္ေကာင္းေကာင္းထားၿပီး ဖခင္နဲ႔တူေသာ ခင္ပြန္းရယ္လုိ႔သေဘာထားရမွာပဲ။ ရိုရိုေသေသျပဳစုေပါ့ကြယ္လို႔ ဆံုးမစကားေျပာပါတယ္။

အဲဒီေနာက္ေတာ့ သိၾကားမင္းနဲ႔ နတ္သမီးေလးတို႔ဟာ နတ္ျပည္ကုိျပန္သြားသတ့ဲ။ နတ္ျပည္ေရာက္တဲ့အခါ သိၾကားမင္းက ကိုင္း ဘယ့္ႏွယ့္ရွိစ၊ လူ႔ျပည္မွာ ဥပုသ္ေစာင့္တဲ့ သူေတြကေတာ့မ်ားပါရဲ႕၊ အမ်ားစုက ေစတနာမသန္႔ၾကဘူး။ ရိုးရိုးသားသား ကုသိုလ္လိုလားၿပီး ဥပုသ္ေစာင့္တဲ့သူက နည္းတယ္။ ဒါေၾကာင့္ အခု ဥပုသ္ေစာင့္တဲ့သူေတြထဲမွာ ေနာက္ဆံုးေတြ႕တဲ့ အဘြားအိုတစ္ေယာက္ပဲ နတ္ျပည္ေရာက္လိမ့္မယ္။ က်န္လူေတြကေတာ့ ထံုးစံအတိုင္း ေအာက္ျပည္သြားၾကရမွာပဲလို႔ နတ္သမီးေလးကို ေျပာျပပါတယ္။

ဒီပံုျပင္ကေလးက ဥပုသ္ေစာင့္ျခင္းရဲ႕ အသြင္သ႑ာန္နဲ႔ အႏွစ္သာရ မတူကြဲျပားပံုကို ခြဲျခား ေဖာ္ျပလုိတာပါ။ အႏွစ္သာရမပါတဲ့ အသြင္သ႑ာန္ဆိုတာ တကယ္ေတာ့ အကာသက္သက္ပါပဲ။

ဒီပံုျပင္ကေလးကိုဖတ္ၿပီး ဒါအမ်ားစုျဖစ္ေနက် ထံုးစံပါပဲလို႔ ေပါ့ေပါ့ေလးေတြးလို႔ ရႏုိင္ေပမယ့္ မိမိတို႔ရဲ႕တရားဓမၼ က်င့္စဥ္သိကၡာေတြကို အေလးဂရုမျပဳ။ ေပါ့တီးေပါ့ဆ မရိုမေသျပဳမႈျခင္းဟာ ဘာသာ သာသနာ ကြယ္ေပ်ာက္ေၾကာင္းျဖစ္လုိ႔ အထူးသတိျပဳၾကရမွာပါ။

ပိဋကတ္စာေပမွာေတာ့ အေပၚယံ အသြင္သ႑ာန္မွ်သာျဖစ္ၿပီး အႏွစ္သာရမပါတဲ့ ဥပုသ္မ်ဳိးကို ေဂါပါလဥပုသ္ (ႏြားေက်ာင္းသား ဥပုသ္) အသြင္သ႑ာန္ေရာ အႏွစ္သာရပါ ျပည့္၀ေသာ ဥပုသ္မ်ဳိးကို အရိယဥပုသ္(ျမင့္ျမတ္ေသာ ဥပုသ္)လို႔ ေခၚဆိုသတ္မွတ္ပါတယ္။

အႏွစ္သာရျပည့္၀တဲ့ အရိယဥပုသ္တစ္ရက္ေစာင့္ရတဲ့ အက်ဳိးဟာ ဇမၺဴဒိပ္တစ္ကၽြန္းလံုးကို အုပ္စိုးရတဲ့ မင္း မိဖုရားအျဖစ္မ်ဳိးထက္ ႀကီးက်ယ္ခန္းနားေၾကာင္း ဘုရားရွင္ကိုယ္ေတာ္တိုင္ ေဟာမိန္႔ေတာ္မူထားပါတယ္။

တကယ္တမ္းေျပာရရင္ ဥပုသ္ေစာင့္တယ္ဆိုတာ ဘုရား၊ ပေစၥကဗုဒၶါ၊ ရဟႏၱာအရွင္ျမတ္ေတြရဲ႕ ျမင့္ျမတ္လွတဲ့ဘ၀ကို အတုယူအားက်ၿပီး တဒဂၤခဏ၊ တစ္စိတ္တစ္ေဒသ ၀င္စားၾကည့္တာပါ။ အထက္တန္းက် ျမင့္ျမတ္သူေတြရဲ႕ အသက္ရွင္ေနထုိင္ပံုမ်ဳိးကို တစ္ရက္တာမွ် အတုခိုးက်င့္ႀကံတာမ်ဳိးပါ။ ဒီအခ်က္ေတြကို ေထာက္ဆၾကည့္ရင့္ ဥပုသ္ေစာင့္တယ္ဆိုတာ ဘယ္ေလာက္ အထက္တန္းက် ျမင့္ျမတ္လွတယ္ဆိုတာ ဆင္ျခင္ဥာဏ္ရွိသူတိုင္း သိၾကမွာပါ။

ဒါေၾကာင့္ ေလာက ဓမၼႏွစ္ဖက္လွၿပီး အစဥ္အလာေကာင္းတဲ့ ဘာသာေရး ယဥ္ေက်းမႈ အေမြအႏွစ္တစ္ခု အလြယ္တကူ မတိမ္ေကာ မကြယ္ေပ်ာက္ရေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ တာ၀န္ဟာ လူမ်ဳိးဘာသာ သာသနာေတာ္ အဆင့္အတန္းျမင့္မားေရးကို
လိုလားၾကတဲ့ ဥပုသ္သည္တိုင္းရဲ႕သမိုင္းေပး တာ၀န္ျဖစ္ေၾကာင္း သတိေပးေျပာၾကားလုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼ သီရိ FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို

အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို
စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။

အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေးဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲှံ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလားလို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့လို့ တစ်ယောက်တစ်ပေါက် အတင်း
ပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက

ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလားလို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးကအဖွားအိုနားကိုသွားပြီး

အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါလို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ်လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။ နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲလို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဒီပုံပြင်ကလေးက ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

ဒီပုံပြင်ကလေးကိုဖတ်ပြီး ဒါအများစုဖြစ်နေကျ ထုံးစံပါပဲလို့ ပေါ့ပေါ့လေးတွေးလို့ ရနိုင်ပေမယ့် မိမိတို့ရဲ့တရားဓမ္မ ကျင့်စဉ်သိက္ခာတွေကို အလေးဂရုမပြု။ ပေါ့တီးပေါ့ဆ မရိုမသေပြုမှုခြင်းဟာ ဘာသာ သာသနာ ကွယ်ပျောက်ကြောင်းဖြစ်လို့ အထူးသတိပြုကြရမှာပါ။

ပိဋကတ်စာပေမှာတော့ အပေါ်ယံ အသွင်သဏ္ဍာန်မျှသာဖြစ်ပြီး အနှစ်သာရမပါတဲ့ ဥပုသ်မျိုးကို ဂေါပါလဥပုသ် (နွားကျောင်းသား ဥပုသ်) အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝသော ဥပုသ်မျိုးကို အရိယဥပုသ်(မြင့်မြတ်သော ဥပုသ်)လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။

အနှစ်သာရပြည့်ဝတဲ့ အရိယဥပုသ်တစ်ရက်စောင့်ရတဲ့ အကျိုးဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့ မင်း မိဖုရားအဖြစ်မျိုးထက် ကြီးကျယ်ခန်းနားကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောမိန့်တော်မူထားပါတယ်။

တကယ်တမ်းပြောရရင် ဥပုသ်စောင့်တယ်ဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေရဲ့ မြင့်မြတ်လှတဲ့ဘဝကို အတုယူအားကျပြီး တဒင်္ဂခဏ၊ တစ်စိတ်တစ်ဒေသ ဝင်စားကြည့်တာပါ။ အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင်နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုးကျင့်ကြံတာမျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင်ဉာဏ်ရှိသူတိုင်း သိကြမှာပါ။

ဒါကြောင့် လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို
လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မ သီရိ FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top