အခုရက္ပိုင္း အားလံုးဝိုင္းျပီး စိတ္မေကာင္းျဖစ္ေနၾကတဲ့ ေက်ာ္ဇင္ဝင္းရဲ႕ နာေရးမွာ အဖြားျဖစ္သူ နာက်င္ဝမ္းနည္းစြာ ငိုေနခဲ့ပံုေတြကိုၾကည့္ျပီး ေဇရဲထက္က ထပ္တူဝမ္းနည္းေၾကာင္းကို ခုလို ျပည့္ျပည့္စံုစုံေျပာသြားခဲ့ပါတယ္။

အဓိကေတာ့ ပတ္ဝန္းက်င္နဲ႔ မိဘ ဘယ္သူအေရးၾကီးလည္းေပါ့ အဲ့ဒါကို တစ္ခ်က္ၾကည့္ရမယ္။ မိဘဆိုတာက ကိုယ့္ကို ၉လ လြယ္ ၁၀လ ဖြားျပီး ၾကီးတဲ့အထိ ေကၽြးေမြးေစာင့္ေရွာက္လာတာ။ ျပီးေတာ့ ဒီကေလးရဲ႕ ပညာအရည္အခ်င္းက အမ်ားၾကီးျမင့္တယ္။

ကၽြန္ေတာ္ေတာင္မွ လိုက္မမွီဘူး။ သူ႔ရဲ႕ ပညာအရည္အခ်င္းက ျမင့္မားေနေတာ့ ႏုိင္ငံေတာ္အတြက္ အက်ိဳးျပဳႏုိင္တဲ့ ကေလးတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒီလိုလူတစ္ေယာက္ ဆံုးရံႈးသြားရ တာေတာ့ စိတ္မေကာင္းဘူး။

သူ႔အေနနဲ႔ကလည္း စိတ္အားငယ္တက္တဲ့စိတ္ရွိလိမ့္မယ္။ သူေတာ္တာကို မနာလိုလို႔ပဲျဖစ္ျဖစ္၊ ေပ်ာ္စရာတစ္ခုအျဖစ္ စေကာင္းစမယ္ဆိုရင္လည္း တစ္ဖတ္မွာ အားငယ္တက္တဲ့ စိတ္အခံ ရွိျပီးသားဆိုေတာ့ အရမ္းကို ထိခိုက္နစ္နာေစပါတယ္။ ၾကားရတဲ့ သတင္းေတြအရ ညီေလးက အဖြားနဲ႔ေနတယ္ေျပာတယ္။



ကၽြန္ေတာ္လည္း အဖြားနဲ႔ေနတာပဲ။ အဲ့ေတာ့ သူအဖြားကိုဘယ္ေလာက္ခ်စ္မယ္ဆိုတာ မေျပာပဲသိႏိုင္တယ္။ အကယ္၍ဒီညီေလးကိုသာ မွီခိုျပီး စားေသာက္ေနရတဲ့ အဖြားဆိုရင္ ဘယ္ေလာက္ေတာင္ ဝမ္းနည္းဖို႔ေကာင္းလိုက္မလဲဗ်ာ။

ကၽြန္ေတာ္ဆိုလိုခ်င္တာက ကိုယ္စိတ္ထဲမွာ ဘယ္လိုပဲ မနာလို၊ ေမာဟစိတ္ေတြရွိေနေန ကိုယ္ေျပာလိုက္တဲ့ စကားေၾကာင့္ သူရဲ႕ လူမႈေရး၊ စီးပြားေရး ဘယ္ေလာက္ထိခိုက္သြားမလဲဆိုတာ စဥ္းစားခ်င့္ခ်ိန္သင့္တယ္လို႔ ထင္တယ္။

ကၽြန္ေတာ္ကေတာ့ အရမ္းႏွေျမာမိတယ္။ သူၾကိဳးစားထားတာေတြ အကုန္သဲထဲေရသြန္ျဖစ္ကုန္တဲ့ အတြက္ေၾကာင့္။ ျပီးေတာ့ သူ႔အတြက္လည္း မေကာင္းဘူး။ ကၽြန္ေတာ္ကိုယ္တိုင္လည္း စိတ္အားငယ္တက္ပါတယ္။ ဒါေပမယ့္ အဓိကနဲ႔ သာမညကိုခြဲျခားတယ္။

ကၽြန္ေတာ္စဥ္းစားတာက ပတ္ဝန္းက်င္က ကိုယ္ငတ္ေနရင္ ထမင္းတလုတ္ေခၚမေကၽြးဘူး။ ကိုယ္လုပ္စရာရွိတာ လုပ္ဖို႔ကိုပဲေခါင္းထဲထည့္ထားတယ္။ ကၽြန္ေတာ္က အေပါင္းအသင္း သိ္မ့္မထားဘူး။ရွိတဲ့ အေပါင္းအသင္းေတြ ဒုကၡတစ္ခုခုျဖစ္ေနျပီဆိုရင္္လည္း ေရွ႕ကေနမားမားမတ္မတ္ရပ္တည္ခဲ့တဲ့ေကာင္မ်ိဳးပါ။



စိတ္တိုစရာတစ္ခုက သူဒီပတ္ဝန္းက်င္ကို အရမ္းဂရုစိုက္ေနတယ္။ သူအရမ္းအေလးထားေနတယ္။ သူဒီလို ဂရုစိုက္ေနလို႔ သူဒီလို ျဖစ္သြားရတာ။ သူသာ ဂရုမစိုက္ခဲ့ရင္ သူ႔မွာ တက္လမ္းေတြအမ်ားၾကီးရွိတယ္။ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကိုလုပ္ရမွာပဲ။

ကၽြန္ေတာ္ဖတ္ဖူးတဲ့ စာအုပ္တစ္ခုမွာ ဆိုရင္ ေခါင္းက ေကာင္းကင္က ၾကယ္ေတြကိုပဲ ေမာ့ၾကည့္ေနပါတဲ့။ ေအာက္ကုိ ငုတ္မၾကည့္ပါနဲ႔တဲ့။ အေပၚကိုပဲ ေမာ့ၾကည့္ေနတဲ့အတြက္ ေဘးပတ္ဝန္းက်င္က စကားသံေတြကိုလည္း မၾကားရေတာ့ဘူး။ ေျဖာင့္ျဖဴးေနတဲ့လမ္းေလးမွာ ကိုယ့္ဘာသာကို ေအးေဆးတည္ျငိမ္နဲ႔ သြားလိုက္ရင္ ကိုယ္လိုခ်င္တဲ့ ဓူဝံၾကယ္ကိုလည္း ဆြတ္ခူးႏိုင္မွာပါလို႔ ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

အခုရက်ပိုင်း အားလုံးဝိုင်းပြီး စိတ်မကောင်းဖြစ်နေကြတဲ့ ကျော်ဇင်ဝင်းရဲ့ နာရေးမှာ အဖွားဖြစ်သူ နာကျင်ဝမ်းနည်းစွာ ငိုနေခဲ့ပုံတွေကိုကြည့်ပြီး ဇေရဲထက်က ထပ်တူဝမ်းနည်းကြောင်းကို ခုလို ပြည့်ပြည့်စုံစုံပြောသွားခဲ့ပါတယ်။

အဓိကတော့ ပတ်ဝန်းကျင်နဲ့ မိဘ ဘယ်သူအရေးကြီးလည်းပေါ့ အဲ့ဒါကို တစ်ချက်ကြည့်ရမယ်။ မိဘဆိုတာက ကိုယ့်ကို ၉လ လွယ် ၁၀လ ဖွားပြီး ကြီးတဲ့အထိ ကျွေးမွေးစောင့်ရှောက်လာတာ။ ပြီးတော့ ဒီကလေးရဲ့ ပညာအရည်အချင်းက အများကြီးမြင့်တယ်။

ကျွန်တော်တောင်မှ လိုက်မမှီဘူး။ သူ့ရဲ့ ပညာအရည်အချင်းက မြင့်မားနေတော့ နိုင်ငံတော်အတွက် အကျိုးပြုနိုင်တဲ့ ကလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီလိုလူတစ်ယောက် ဆုံးရှုံးသွားရ တာတော့ စိတ်မကောင်းဘူး။

သူ့အနေနဲ့ကလည်း စိတ်အားငယ်တက်တဲ့စိတ်ရှိလိမ့်မယ်။ သူတော်တာကို မနာလိုလို့ပဲဖြစ်ဖြစ်၊ ပျော်စရာတစ်ခုအဖြစ် စကောင်းစမယ်ဆိုရင်လည်း တစ်ဖတ်မှာ အားငယ်တက်တဲ့ စိတ်အခံ ရှိပြီးသားဆိုတော့ အရမ်းကို ထိခိုက်နစ်နာစေပါတယ်။ ကြားရတဲ့ သတင်းတွေအရ ညီလေးက အဖွားနဲ့နေတယ်ပြောတယ်။

ကျွန်တော်လည်း အဖွားနဲ့နေတာပဲ။ အဲ့တော့ သူအဖွားကိုဘယ်လောက်ချစ်မယ်ဆိုတာ မပြောပဲသိနိုင်တယ်။ အကယ်၍ဒီညီလေးကိုသာ မှီခိုပြီး စားသောက်နေရတဲ့ အဖွားဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်မလဲဗျာ။

ကျွန်တော်ဆိုလိုချင်တာက ကိုယ်စိတ်ထဲမှာ ဘယ်လိုပဲ မနာလို၊ မောဟစိတ်တွေရှိနေနေ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူရဲ့ လူမှုရေး၊ စီးပွားရေး ဘယ်လောက်ထိခိုက်သွားမလဲဆိုတာ စဉ်းစားချင့်ချိန်သင့်တယ်လို့ ထင်တယ်။

ကျွန်တော်ကတော့ အရမ်းနှမြောမိတယ်။ သူကြိုးစားထားတာတွေ အကုန်သဲထဲရေသွန်ဖြစ်ကုန်တဲ့ အတွက်ကြောင့်။ ပြီးတော့ သူ့အတွက်လည်း မကောင်းဘူး။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်အားငယ်တက်ပါတယ်။ ဒါပေမယ့် အဓိကနဲ့ သာမညကိုခွဲခြားတယ်။

ကျွန်တော်စဉ်းစားတာက ပတ်ဝန်းကျင်က ကိုယ်ငတ်နေရင် ထမင်းတလုတ်ခေါ်မကျွေးဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ကိုပဲခေါင်းထဲထည့်ထားတယ်။ ကျွန်တော်က အပေါင်းအသင်း သိမ့်မထားဘူး။ရှိတဲ့ အပေါင်းအသင်းတွေ ဒုက္ခတစ်ခုခုဖြစ်နေပြီဆိုရင်လည်း ရှေ့ကနေမားမားမတ်မတ်ရပ်တည်ခဲ့တဲ့ကောင်မျိုးပါ။

စိတ်တိုစရာတစ်ခုက သူဒီပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်နေတယ်။ သူအရမ်းအလေးထားနေတယ်။ သူဒီလို ဂရုစိုက်နေလို့ သူဒီလို ဖြစ်သွားရတာ။ သူသာ ဂရုမစိုက်ခဲ့ရင် သူ့မှာ တက်လမ်းတွေအများကြီးရှိတယ်။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုလုပ်ရမှာပဲ။

ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်ခုမှာ ဆိုရင် ခေါင်းက ကောင်းကင်က ကြယ်တွေကိုပဲ မော့ကြည့်နေပါတဲ့။ အောက်ကို ငုတ်မကြည့်ပါနဲ့တဲ့။ အပေါ်ကိုပဲ မော့ကြည့်နေတဲ့အတွက် ဘေးပတ်ဝန်းကျင်က စကားသံတွေကိုလည်း မကြားရတော့ဘူး။ ဖြောင့်ဖြူးနေတဲ့လမ်းလေးမှာ ကိုယ့်ဘာသာကို အေးဆေးတည်ငြိမ်နဲ့ သွားလိုက်ရင် ကိုယ်လိုချင်တဲ့ ဓူဝံကြယ်ကိုလည်း ဆွတ်ခူးနိုင်မှာပါလို့ ပြောချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top