ရြာတစ္ရြာမွာ ကိုပိန္နဲ႔ မလိန္လို႔ ဇနီးေမာင္ႏွံ ႏွစ္ဦးရွိတယ္။ အလြန္ဆင္းရဲပါတယ္။
ကိုပိန္ဆိုတဲ့အတိုင္း ရုပ္ကလည္း ပိန္တာပဲ။ စိတ္ကလည္း သဒၶါတရား ဘာမွမရွိ၊
လူၾကည့္ေတာ့လည္း မႈန္သိုးသိုးနဲ႔၊ မလိန္ကလည္း ဒီအတိုင္းပဲ ျဖစ္သလို ေနတာပဲ။
သူတို႔အလုပ္က တစ္ခါတစ္ရံ ေရေရာင္းလို႔၊ တစ္ခါတစ္ရံ ထင္းေရာင္းလို႔၊ တစ္ခါတစ္ရံ
တျခားအိမ္ေတြမွာ အငွားအလုပ္လုပ္လို႔၊ ဆင္းဆင္းရဲရဲ ေနရပါတယ္။

ခႏၶာကိုယ္က တာဝန္ေပးထားတဲ့ ပစၥည္းကိုေတာင္ လံုေလာက္ေအာင္ မရွာႏိုင္ၾကပါဘူး။
နက္ျဖန္အတြက္ကို ထည့္ မစဥ္းစားႏိုင္ဘူး။ ဒီေန႔အတြက္ ထမင္းကေလးနပ္မွီေအာင္ေတာင္
မနည္းရုန္းကန္ၾကရတယ္။ပစၥဳပၸန္ဘဝ ခ်မ္းသာေၾကာင္း ပစၥည္းကိုေတာင္ မရွာႏိုင္ေတာ့ ေနာင္ေရးအတြက္တရားဆိုတာ အိမ္မက္ေတာင္ မမက္ႏိုင္ပါဘူး။ အဲလို သူတို႔ ဘဝဟာ တကယ့္အႏၶပဲ။

ကိုပိန္တို႔ မလိန္တို႔ အႏၶေတြပဲ။ အဲလို ဆင္းရဲရတဲ့အထဲမွာ စားဝတ္ေနေရး မျပည့္စံုရတဲ့အထဲမွာ
အိမ္ကလည္း မိုးမလံု၊ ေလမလံု အကာေတြကလည္း စုတ္၊ အမိုးေတြကလည္း ဟိုက ေပါက္၊
ဒီက ေပါက္၊ အဲလို ေနရတဲ့အထဲမွာ ငပိန္က ဖဲက ၾကားညွပ္ၿပီး ရိုက္လိုက္ေသးတယ္။

တစ္ခါတစ္ရံေရ ေရာင္းလို႔ ရတာေလး၊ ထင္းေရာင္းလို႔ ရတာေလး၊ ဟင္းရြက္ေရာင္းလို႔ ရတာေလး၊ ရတဲ့ ပိုက္ဆံေလးစိတ္ကူးယဥ္ၿပီးေတာ့ ဖဲက ရုိက္လိုက္ေသး။ တစ္ခါတစ္ရံ အဲဒီရတဲ့ ပိုက္ဆံေလးယူၿပီး အရက္ကေသာက္လိုက္ေသး။

အဲဒီလိုနဲ႔ ပစၥဳပၸန္မွာလည္း စားဝတ္ေနေရး မျပည့္စံု၊ ေနာင္ေရးအတြက္လည္း ေကာင္းမႈတရားဆိုတဲ့
ဥစၥာက အိမ္မက္ေတာင္မွ မမက္၊ တစ္ရက္မွ မခ်မ္းသာဘူး။ ရန္ျဖစ္လိုက္ရတာ ေန႔စဥ္လိုပဲ။
တဗ်စ္ေတာက္ေတာက္နဲ႔ ရန္ျဖစ္လိုက္ရတာလည္း ေနစဥ္လိုပဲတဲ့။ အိမ္နင္းခ်င္းေတြ
အန္မတန္ သနားစရာ ျဖစ္ေနၾကတယ္။

တရားအတြက္ စည္းရုံးေတာ့လည္းဘာမွ စည္းရုံးလို႔မရဘူး။ ေမာင္ပိန္တို႔ မလိန္တို႔လာ၊ တရားနာသြားရေအာင္၊အသိဉာဏ္ေပၚမွ စီးပြားေရးလုပ္ရ ေကာင္းတယ္၊ ပိုက္ဆံရွာလို႔ ေကာင္းတယ္။အႏၱရာယ္ေတြ ကင္းေအာင္ ရွင္းေအာင္ ေရွာင္တတ္တယ္။ လာဘ္ျမင္တယ္ဆိုေတာ့
အိုဗ်ာ … ပိုက္ဆံရွာတာနဲ႔ တရားနာတာ ဘာဆိုင္လို႔လဲ၊ သူက တံု႔ျပန္ခ်က္က ဒါပဲ။

လာကြဲ႕ ေဝယ်ာဝစၥေလးေတြ လုပ္ရေအာင္။ ကုသိုလ္အလုပ္ လုပ္ရေအာင္။
ဒါမွ စိတ္တည္ၿငိမ္တယ္။ ကုသိုလ္စိတ္ျဖစ္လို႔ စိတ္ေတြ သန္႔ရွင္းၿပီးေတာ့အႀကံအစည္ေတြ ပြင့္တယ္။
စီးပြားေရးလုပ္ရတာ ေကာင္းတယ္။ေနေရးထိုင္ေရး အကုန္အဆင္ေျပတယ္။

အိုဗ်ာ .. ေဝယ်ာဝစၥလုပ္တာနဲ႔ ပိုက္ဆံရွာတာ ဘာဆိုင္တာမွတ္လို႔။
သူတို႔က တံု႔ျပန္ခ်က္က ဒါခ်ည္းပဲ။ တရားနာ စည္းရုံးလည္း မရ၊ ကုသိုလ္လုပ္ဖို႔ စည္းရုံးလည္း မရ၊
ေဝယ်ာဝစၥေတြလုပ္ဖို႔ စည္းရုံးလည္း မရ၊ ဘာမွ စည္းရုံးလို႔လည္း မရဘူးတဲ့။ တကယ့္ အႏၶေတြပဲ။

အဲဒါနဲ႔ ေတာ္ေတာ္ၾကာသြားတယ္။ ေမာင္ပိန္တို႔၊ မလိန္တို႔ ဇနီးေမာင္ႏွံ စားဝတ္ေနေရးရယ္လို႔
ဘာမွ မျပည့္စံု ဆင္းဆင္းရဲရဲ ပင္ပင္ပန္းပန္းနဲ႔ ေဟာလိုေနလိုက္ၾကတာ ေတာ္ေတာ္ၾကာသြားေတာ့
တစ္ေန႔ေသာအခါမွာ အိမ္နီးနားခ်င္းမ်ားက စည္းရုံးေကာင္းလို႔လည္း ျဖစ္မွာေပါ့။ သူတို႔လည္းပဲ
ဆင္းရဲတဲ့ဒဏ္ခ်က္က ေတာ္ေတာ္ခံလာရၿပီပဲ။ ဆင္းရဲတဲ့ အေၾကာင္းကလည္း ေျပာရင္
ေတာ္ေတာ္က်ယ္တယ္။

အဲဒါနဲ႔ တစ္ေန႔က်ေတာ့ တစ္ေနရာမွာ တရားပြဲရွိတယ္တဲ့။ တရားပြဲရွိေတာ့ အိမ္နီးနားခ်င္းမ်ားက
စည္းရုံးလို႔ ေမာင္ပိန္ေကာ မလိန္ေကာ ႏွစ္ေယာက္စလံုး ပါသြားၾကတယ္။ တရားနာ ပါသြားၾကတယ္။
တရားနာပါသြားၾကေတာ့ တရားေဟာတဲ့ ပုဂၢိဳလ္ကလည္းပဲ ပါဠိပါဌ္သားေတြ မ်ားမ်ားစားစား မရြတ္ပါဘူး။

`တရားနာတဲ့ ပုဂၢိဳလ္ အခ်ိန္တိုအတြင္းေလးမွာ မွတ္သင့္တဲ့ စကားလံုးေလးေတြ ထိထိေရာက္ေရာက္
မွတ္ႏိုင္ၾကပါေစ။ လက္ေတြ႕ အလုပ္လုပ္ရမယ့္ အလုပ္ေလးေတြကို ျမန္ျမန္ေလး နားလည္ၾကပါေစ` ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ျမန္မာစကားေျပနဲ႔ပဲ ရွင္းရွင္းေလး ေျပာျပေနသတဲ့။ တရားနာပရိသတ္ထဲမွာ ပါေနတာကေမာင္ပိန္တို႔ မလိန္တို႔ ပါေနတယ္။ ပါေနတဲ့အခါမွာ တရားေဟာတဲ့ ပုဂၢိဳလ္ကလည္း လက္ေတြ႕အလုပ္လုပ္လို႔ ျဖစ္ႏိုင္တဲ့ လုပ္ငန္းတိုတိုေလး ငါးခု ေျပာျပတယ္။

ေအး … ဆင္းရဲတယ္၊ ဆင္းရဲတယ္ဆိုတဲ့ ဥစၥာဟာ ဆင္းရဲတဲ့အတိုင္း အဲဒီအတိုင္း မေနရဘူးကြ။
ကိုယ့္ဟာကိုေတာင္မွ မယံုဘူးလား၊ ကိုယ့္ဟာကို ယံုရတယ္ကြ။ ဆင္းရဲတယ္ ဆင္းရဲတယ္ဆိုတာ
အဲဒီအတိုင္း ငံု႔ခံေနရတာ မဟုတ္ဘူး။

လုပ္လို႔ျဖစ္တဲ့ ေနရာကစၿပီးေတာ့ လုပ္ရတယ္ကြ ဆိုၿပီးေတာ့တရားနာတဲ့ ပုဂၢိဳလ္ေတြ အလုပ္လုပ္ တတ္ေအာင္ အလုပ္လုပ္ခ်င္လာေအာင္ စိတ္ဓာတ္ေတြတက္ၾကြလာေအာင္ အားရွိလာေအာင္ အဲဒီလို ေျပာျပသတဲ့။

 ေျပာျပေတာ့ ေမာင္ပိန္တို႔ မလိန္တို႔စိတ္ဝင္စားလာတယ္။ ဘာမ်ား ေျပာမွာပါလိမ့္ေပါ့။ ဆင္းရဲတယ္ ဆင္းရဲတယ္ဆိုတာ အဲဒီအတိုင္းေခါင္းငံု႔ခံ မေနရဘူးကြ။ လုပ္လို႔ျဖစ္တဲ့ ေနရာက စလုပ္ရတယ္။ နားလည္ေအာင္လည္း လုပ္ရတယ္။

ကုသိုလ္ငါးခု ေန႔စဥ္ျပဳ

အဲလို ေျပာျပေတာ့ စိတ္ဝင္စားလာၾကတယ္၊ စိတ္ဝင္စားတာနဲ႔ ေျပာတဲ့ ပုဂၢိဳလ္
ေဟာတဲ့ ပုဂၢိဳလ္ကလည္း ေန႔စဥ္ ေန႔စဥ္ အခ်ိန္ေလး အထူးမေပးရတဲ့ လုပ္ငန္းစဥ္ေလးငါးခု …

(၁) ဒါနရယ္
(၂) သရဏဂံုရယ္
(၃) ငါးပါးသီလရယ္
(၄) ေမတၱာတရားရယ္
(၅) အနိစၥာႏုပႆနာ ေခၚတဲ့ ဝိပႆနာရယ္

ပိုက္ဆံတစ္ျပားမွ ေပးဖို႔ မလိုဘူး။ ေန႔တိုင္း ရႏိုင္တဲ့ဥစၥာ၊ အခ်ိန္အထူးေပးဖို႔လည္း မလိုဘူး။
ေန႔တိုင္း ရႏိုင္တဲ့ဥစၥာ၊ ကိုယ့္ဘက္က အရင္းအႏွီးစိုက္ရမွာက သဒၶါတရားပါဆိုတာကို ေျပာျပေနတယ္။

ဒါနဆိုတာ မ႑ပ္ႀကီးထိုးလွဴမွ ဒါနေခၚတာမွ မဟုတ္ဘဲ။ ဘုရားကို ေရလွဴတယ္၊ ပန္းလွဴတယ္၊
ေရဆိုတာမွ ေရတြင္းထဲ၊ ေခ်ာင္းထဲ၊ ကန္ထဲ သြားခပ္ အခမဲ့ ရႏိုင္တာေတြ ရွိသားပဲ။ လွဴရင္ ရပါတယ္။

တစ္ခါ မိသားစုအခ်င္းခ်င္း ေပးတာ ေပးတတ္ရင္ ဒါနပါ။ ေပးတတ္ဖို႔ပဲ အေရးႀကီးပါတယ္။
အဲလို စသည္ျဖင့္ ဒါနလည္း လုပ္ရင္ ျဖစ္ႏိုင္တယ္။ သဒၶါတရားရွိရင္ ျဖစ္ႏိုင္တဲ့ အေၾကာင္း၊
ဒါနေကာင္းက်ိဳးကလည္း ဘယ္ေလာက္အံ့ၾသစရာေကာင္းတဲ့ အေၾကာင္း ေျပာျပေတာ့ စိတ္ဝင္စားၾကတယ္။

တစ္ခါ သရဏဂံုဆိုတာ အႏၱရာယ္ကာကြယ္တဲ့ ေတာင္ႀကီးသံုးလံုး၊ ပစၥည္းဘယ္ေလာက္ပဲ မြဲပါေစ၊
အားမငယ္ပါနဲ႔ကြယ္။ သဒၶါတရားရွိရင္ မိမိခႏၶာကိုယ္ႀကီးကို ရတနာသံုးပါးႏွင့္ လွေအာင္ အလွတန္ဆာဆင္ႏိုင္ပါတယ္။

ရတနာသံုးပါး စိတ္ ႏွလံုးထဲမွာ ထားစမ္းပါ။ စိန္ မက ေရႊ မက အဖိုးတန္ပါတယ္။
လူဟာ သိပ္ၿပီး အဆင့္ျမင့္သြားပါလိမ့္မယ္ စသည္ျဖင့္ စိတ္ဝင္စားစရာေတြ ေျပာျပတယ္။
ေမာင္ပိန္တို႔ မလိန္တို႔ ေတာ္ေတာ္ စိတ္ဝင္စားသြားတယ္။ အရင္တုန္းက တစ္ခါမွ တရားနာဖူးတာ
မဟုတ္ဘူး။

အခု တရားေဟာတဲ့ ပုဂၢိဳလ္က ရွင္းရွင္းေလး ေျပာျပေတာ့ ေတာ္ေတာ့္ကို စိတ္ဝင္စားၾကတယ္။
ေအာ္ … ရတနာသံုးပါး လြယ္သားပဲ။ တို႔က ပိုက္ဆံေပါမွ လုပ္လို႔ ရတယ္ေအာက္ေမ့တာ။
ကုသိုလ္အလုပ္ဟာ အားတဲ့ လူေတြရဲ႕ အလုပ္လို႔ ထင္ေနတာ။

ဘယ္ဟုတ္လို႔လဲ သဒၶါတရားရွိရင္ရသားပဲ။ သဒၶါတရား အရင္းစိုက္ရင္ ျဖစ္တာပဲ။ စြမ္းအားေတြက လည္း တကယ့္ အံ့ၾသစရာေတြခ်ည္းပါလား။ စိတ္ဝင္စားၾကတယ္။

တစ္ခါ ငါးပါးသီလ၊ ငါးပါးသီလကလည္း လူကို ခ်ဳပ္ခ်ယ္တာ မဟုတ္ဘူး။ လူကို လူနဲ႔ တူေအာင္
အလွဆင္ေပးတာ အဆင့္ျမင့္ေပးတာ ငါးပါးသီလရဲ႕ အက်ိဳးကလည္း အင္မတန္ အံ့ၾသစရာ
အစရွိသည္ျဖင့္ ေျပာျပျပန္ေတာ့ စိတ္ဝင္စားၾကတယ္။

ေအာ္ .. သဒၶါတရားရွိရင္ လြယ္သားပဲေပါ့။ စိန္ေတြ၊ ေရႊေတြ၊ ေငြေတြ စတဲ့ ပစၥည္းဥစၥာေတြ ဘာမွ
မေပါေသာ္လည္း မျပည့္စံုေသာ္လည္းပဲ သဒၶါတရားနဲ႔ အရင္းအႏွီးစိုက္လိုက္တဲ့ အခါမွာ
ေဟာဒီ ခႏၶာကိုယ္ႀကီးကို ကိုယ္က်င့္သီလတည္းဟူေသာ အလွတန္ဆာ ရတနာေတြနဲ႔
ခန္႔ညားသြားေအာင္၊ ထယ္ဝါသြားေအာင္၊ က်က္သေရရွိေအာင္ အလွဆင္လို႔ ရပါတယ္။
ဘာမွ အားမငယ္ပါနဲ႔လို႔ ေဟာတဲ့ ပုဂၢိဳလ္က အဲသလိုေဟာျပလိုက္တဲ့အခါမွာ ငပိန္တို႔ မလိန္တို႔
စိတ္ဝင္စားၾကတယ္။

တစ္ခါ စတုတၳက ေမတၱာတရား။ ေမတၱာတရားဆိုတာလည္း သဒၶါတရားအရင္းတည္
စိုက္ရုံေလးပါတဲ့။ လြယ္ပါတယ္။ ေမတၱာရဲ႕ စြမ္းအားကလည္း အင္မတန္ ႀကီးက်ယ္ပါတယ္။
ေမတၱာပို႔ရမွာက မိမိအိမ္အတြင္း အတူေနၾကသူေတြ၊ မိမိရပ္ကြက္အတြင္း၊ ရပ္ရြာအတြင္းမွာ
အုပ္ခ်ဳပ္ေရးတာဝန္ကို ယူေနၾကတဲ့ အုပ္ခ်ဳပ္ေရးဖက္က ပုဂၢိဳလ္ေတြ၊ မိမိရပ္ကြက္အတြင္း၊
ရပ္ရြာအတြင္း ရွိေနၾကတဲ့ ရဟန္းရွင္လူ ျပည္သူေတြ၊ အတူေနတယ္ဆိုေတာ့ မိသားစုေတြေပါ့။

သူတို႔အေပၚမွာ အားလံုး ေမတၱာနဲ႔ လႊမ္းၿခံဳလို႔ ေပးေနရမယ္။ တစ္ခါ သတၱဝါအကုန္လံုးကို
ၿခံဳၿပီးေတာ့ ေမတၱာပို႔ေနရမယ္။ ဤငါးမ်ိဳးကို ေန႔စဥ္ေန႔တိုင္း ေမတၱာပို႔သင့္တဲ့အေၾကာင္းတရား
ေဟာတဲ့ ပုဂၢိဳလ္က ေသေသခ်ာခ်ာ ေျပာျပေတာ့မွ ကိုပိန္တို႔ မလိန္တို႔ စိတ္ဝင္စားၾကတယ္။
ေမတၱာစြမ္းအားကလည္း အင္မတန္ ႀကီးတဲ့အေၾကာင္း ေျပာျပတယ္။

ဒါနလုပ္တာစြမ္းရည္ထက္တဲ့အေၾကာင္း၊ ေမတၱာတစ္ခုသာ ပါမယ္ဆိုလို႔ရွိရင္ သမာဓိကို ရေစၿပီးေတာ့စီးပြားေရးလုပ္ရတာ ကုသိုလ္ေရးလုပ္ရတာ လူမႈေရးကိစၥ ေဆာင္ရြက္ရတာ အစစအရာရာအဆင္ေျပတဲ့အေၾကာင္း ေျပာျပေတာ့ စိတ္ဝင္စားၾကတယ္။

တစ္ခါ ပဥၥမက အနိစၥာႏုပႆနာ၊ ဝိပႆနာလို႔ ခန္႔ခန္႔ျငားျငားႀကီး မေျပာေသာ္လည္းဘဲ
သိတတ္တာနဲ႔ သိစရာေလးေတြ အၿမဲတမ္း ေျပာင္းလဲေနတာေလးေတြ၊ အဲဒါေလးေတြကို
တိတိက်က် ဉာဏ္နဲ႔ ျမင္ေအာင္ ၾကည့္စမ္းပါ။ စြမ္းအားေတြ တက္ပါလိမ့္မယ္ေပါ့။ အဲဒီလို
ေျပာျပေတာ့ သိပ္စိတ္ဝင္စားတယ္။

တရားပြဲၿပီးလို႔ အိမ္ျပန္သြားေတာ့ သိတာကို သိတဲ့အတိုင္း လုပ္တာေကာင္းပါတယ္ေလလို႔
ေမာင္ပိန္တို႔ မလိန္တို႔ အိမ္ကို ေရာက္သြားတယ္ဆိုလိုရွိရင္ပဲ ကုသိုလ္အလုပ္ စၾကၿပီး တစ္ခါတည္း
အႏၶကေန ဒိြစကၡဳကို ခုန္တက္သြားတယ္။ အႏၶက တက္ရမွာက ဧကစကၡဳကို တက္ရမွာ။
အခု သူတို႔ ဒီလိုမဟုတ္ဘူး။

အကန္းကေန တစ္ဖက္ျမင္ေတာင္ မဟုတ္ဘူး။ ႏွစ္ဖက္ျမင္အဆင့္
ေက်ာ္တက္လိုက္ၾကတယ္။ တရားအလုပ္ကိုပါ တစ္ခါတည္း ခ်က္ခ်င္း လုပ္ၾကတယ္။ လုပ္ေတာ့
ေန႔စဥ္ ေန႕စဥ္ ခက္ခက္ခဲခဲ ဆင္းဆင္းရဲရဲ ပင္ပင္ပန္းပန္းနဲ႔ ရွာလို႔ ရတဲ့ စားစရာေလးေတြ
အဲဒါေလးေတြကိုလည္း သူတို႔က ဒါနျဖစ္ေအာင္ ႏွလံုးသြင္းတတ္လာၿပီး ထမင္းခ်က္ေတာ့မယ္
ဆိုတဲ့အခါမွာ ဇြန္းေလးနဲ႔ တစ္ဇြန္းေလာက္ ဆန္ကို ႏုတ္ယူထားလိုက္တယ္။

ဒါေလး ႏုတ္တာနဲ႔တို႔ ထူးၿပီးေတာ့ ပင္ပန္းမသြားပါဘူးေလ။ ဒါေလး စားလိုက္တာနဲ႔လည္း ဘာမွ ထူးသြားမွာ မဟုတ္ပါဘူး။ဒါေလး ခ်န္ထားလိုက္မယ္။ ညေန ထမင္းခ်က္လည္း ဒီအတိုင္းပဲ။ တစ္ေန႔ တစ္ေန႔ တစ္ဇြန္းေလးေတြႏုတ္ထားလိုက္ေတာ့ တစ္လဆို နည္းတာမွ မဟုတ္ဘဲ။

 ႏုတ္တာ လာၿပီ။ေအာ္ .. သဒၶါတရားရွိေတာ့လည္း လွဴစရာေပၚလာတာပဲေပါ့။ ဝမ္းသာေနၾကတယ္။ အဲဒါနဲ႔ႀကံႀကံဖန္ဖန္ လွဴစရာေလးေတြ ရလာၾက၊ တစ္ခါ သူမ်ားအိမ္မွာ ျပကၡဒိန္ေတြေပါ့။ ဘုရားပံုပါတဲ့
ျပကၡဒိန္ေတြကို ေတာင္းၿပီးေတာ့ အိမ္ဦးခန္းမွာ ခ်ိတ္၊ သက္ေတာ္ထင္ရွား ဘုရားအထိ အာရုံျပဳ
ပူေဇာ္ၾက၊ ေန႔စဥ္ ေရကပ္ၾက၊ ပန္းကပ္ၾက၊ စားဦးစားဖ်ားေလးေတြ လွဴၾက ဟန္က်ေနၾကတယ္။
သူတို႔ ဒါနေတြ တိုးလို႔။

တစ္ခါ သရဏဂံု ဒီအတိုင္းပဲ။ အိပ္ရာဝင္ အိပ္ရာထ သရဏဂံုႏွင့္ အလွဆင္ထားေတာ့
ခႏၶာကိုယ္ႀကီးဟာ ရတနာသံုးပါး တည္ေနေတာ့ ေစတီႀကီးလို ခန္ညားေနတာ သူတို႔
သိပ္သေဘာက်ၾကတယ္။

 ေအာ္ .. ငါတို႔ ပစၥည္းမရွိေပမယ့္ သဒၶါတရားရွိေတာ့လည္း
ရတနာသံုးပါးကိန္းရာ ခႏၶာကိုယ္ႀကီး တို႔ ပိုင္ဆိုင္ခြင့္ရလိုက္တာ၊ ဒီခႏၶာကိုယ္ႀကီး
အိုမ်ိဳး၊ နာမ်ိဳး၊ ေသမ်ိဳးျဖစ္ေသာ္လည္းပဲ မအိုခင္၊ မနာခင္၊ မေသခင္ေလး ရတနာသံုးပါး
ကိန္းၿပီးေတာ့ သြားရတဲ့ ေစတီႀကီးလို အင္မတန္မွ ခန္႔ညားတယ္။ ခႏၶာကိုယ္ႀကီး
ျဖစ္ခြင့္ရေသးတယ္လို႔ ေပ်ာ္လိုက္ၾကတာ အားရွိလိုက္ၾကတာ။

ေမတၱာလည္း အဲဒီအတိုင္းေပါ့။ ေန႕တိုင္း ေန႔တိုင္း ေမတၱာပြားလို႔ ဘယ္ေနရာ သြားသြား
ေမတၱာႀကိဳတင္ပို႔လို႔ မိသားစုအခ်င္းခ်င္း ေမတၱာပြားလို႔ ေမတၱာလည္း ရလာေတာ့ အရင္တုန္းက
တဗ်စ္ေတာက္ေတာက္ ရန္ျဖစ္လာခဲ့တဲ့ ငပိန္နဲ႔ မလိန္ ဘယ္ေတာ့မွ ရန္မျဖစ္ေတာ့ဘူး။

တစ္ခါ ေၾကာင္းက်ိဳးဆက္သြယ္ၿပီးေတာ့ သိတတ္တာေလးေတြ သိစရာေလးေတြ စားတာ၊
သြားတာ၊ ေနတာ၊ ထိုင္တာ၊ အိမ္မႈကိစၥ ေဆာင္ရြက္တာကလည္း ရွင္းရွင္းေလးနဲ႔ ဝိပႆနာပါလို႔
ပါးစပ္က ထုတ္မေျပာတာ လုပ္ငန္းစဥ္က ဝိပႆနာလမ္းစဥ္ေလးေတြ ေရာက္ၿပီးေတာ့ သြားၾကတယ္။

အဲဒါနဲ႔ တရားစြမ္းအားဟာ တက္လာခဲ့တာ တစ္ရက္မွ အပ်က္မခံေတာ့ဘူးတဲ့။
အဲဒါနဲ႔ စိတ္ေတြ တည္ၿငိမ္လို႔ ဉာဏ္အျမင္ေတြ ရလာလို႔ အႏၱရာယ္ေတြ ႀကိဳတင္တြက္ဆ
တတ္လာတယ္။ လာဘ္ေတြ ျမင္လာတယ္။ စီးပြားေရးလုပ္ရတာ အခါတိုင္းနဲ႔ မတူေတာ့ဘူး။
ေရာင္းရတာ အင္မတန္ေကာင္း၊ ေပးခ်င္ကမ္းခ်င္တဲ့ ပုဂၢိဳလ္ အလြန္ေပါ။

စိတ္ေကာင္းကလည္းတစ္စတစ္စ ထားတတ္တာကိုး။ အရပ္ထဲမွာ ေဆာင္ရြက္စရာကိစၥ ရွိတယ္ဆိုရင္ သူတို႔ အကုန္ေဆာင္ရြက္ၾက၊ဇနီးေမာင္ႏွံႏွစ္ေယာက္စလံုး တက္ညီလက္ညီ ေဆာင္ရြက္ၾက၊ အဲဒါနဲ႔ ဒါနပိုင္းမွလည္း တစ္စ တစ္စ တက္သလိုစီးပြားေရးလုပ္ရတာလည္း အဆင္ေျပ၊ ခ်စ္ခင္ျမတ္ႏိုးတဲ့ ပုဂၢိဳလ္လည္းေပါ၊

သရဏဂံုလည္း ၿမဲ၊ ငါးပါးသီလလည္းလံု၊ ေမတၱာတရားလည္း ျပည့္ဝ၊ တရားစြမ္းအားေတြလည္း ရွိလာတယ္ဆိုေတာ့ `တရားနဲ႔ စီးပြား` ဘက္စံုတက္သြားလိုက္တာ တစ္ခါတည္း အိမ္ကုတ္ကေလးကေန အင္မတန္ သန္႔စင္တဲ့ အဆင့္ျမင့္အိမ္ေလးျဖစ္သြားတယ္။

ရပ္ထဲရြာထဲမွာ ေနာက္ပိုင္းက်ေတာ့ ငပိန္နဲ႔ မလိန္မွ မပါရင္ေတာ့ ေျခာက္ကပ္ကပ္ေတာင္
ျဖစ္လာေတာ့တယ္ဆိုဘဲ။ ဘယ္ေနရာပဲျဖစ္ျဖစ္ ဘာကိစၥပဲျဖစ္ျဖစ္ ငပိန္နဲ႔ မလိန္ေေတာ့ ပါမွပဲ။
သူတို႔ကလည္း ဘယ္ေနရာမဆို ရွိတာေလးေတာ့ ထုတ္လွဴတာပဲ။ လွဴလည္း လွဴတယ္။

ကိုယ္အားနဲ႔ေဆာင္ရြက္စရာရွိရင္လည္း မခိုမကပ္ ေစတနာသန္႔သန္႔နဲ႔ ႀကိဳးႀကိဳးစားစား ေဆာင္ရြက္တယ္။အဲဒီလိုဆိုေတာ့ အားလံုးက ခ်စ္ၾက၊ ျမတ္ႏိုးၾက၊ ခင္ၾကတယ္။ အရင္တုန္းက `ဟဲ့ ငပိန္၊ ဟဲ့ ငပိန္` လို႔ေခၚၾကတယ္။ အခုေတာ့ မေခၚၾကေတာ့ဘူး။ ရတနာသံုးပါးေက်းဇူးေၾကာင့္ ဦးေလးပိန္ ၾကြပါခင္ဗ်ား၊

ကိုႀကီးပိန္ ၾကြပါခင္ဗ်ား၊ ဘယ္ေနရာသြားသြား ေလးစားလိုက္ၾကတာ။ မလိန္လည္း `ဟဲ့ မိလိန္ႀကီး
ဟဲ့ အလိန္ႀကီး` နဲ႔ ဟိုတုန္းက ေခၚတဲ့ဥစၥာ အခု ဒီလို မေခၚၾကေတာ့ဘူး။ ေဒၚေလးပိန္ ၾကြပါခင္ဗ်ား။
မေလးပိန္ ၾကြပါခင္ဗ်ား။ အဲဒီလို ေလးေလးစားစား ဆက္ဆံလာၾကတယ္။

အို … ေနာက္ပိုင္းမွာ ဘာေျပာေကာင္းမလဲ ရပ္ေရးရြာေရးကိစၥေတြ ဘယ္ေနရာမဆို အကုန္လံုး
ေဆာင္ရြက္သြားလိုက္တာ ေနာက္ပိုင္း ေက်ာင္းဒကာ၊ ေက်ာင္းအစ္မ၊ ဘုရားဒကာ၊ ဘုရား
ဒကာအစ္မေတြေတာင္ ျဖစ္သြားတယ္။ ဒါေၾကာင့္ …..

- ကိုယ့္ကိုယ္ယံုေသာ္၊ စြမ္းအားေပၚ၊ ရႊင္ေပ်ာ္ အားတက္၏။

ကိုယ့္ကိုယ္ကို တကယ္ယံုလာျပန္ေတာ့ တရားစြမ္းအားကို ႏွစ္ဖက္စလံုးျမင္ေအာင္
ၾကည့္တတ္ျပန္ေတာ့လည္းပဲ တစ္ဘဝအတြင္းမွာေတာင္မွ ခ်က္ခ်င္း ေျပာင္းၿပီးေတာ့ သြားလိုက္တာ
ေစာေစာက တဗ်စ္ေတာက္ေတာက္ ရန္ျဖစ္ေနၾကတဲ့ ကိုပိန္တို႔ မလိန္တို႔ ဘုရားဒကာ၊ ဘုရားအစ္မ၊
ေက်ာင္းဒကာ၊ ေက်ာင္းအစ္မ ျဖစ္လိမ့္မယ္လို႔ ဘယ္သူမွ မေမွ်ာ္လင့္ခဲ့ဘူး၊ ေျပာရင္လည္း ယံုတမ္းလို႔ပဲေျပာၾကမွာပဲ။

ယခုေတာ့ တရားစြမ္းအားေၾကာင့္ သိတာကို သိတဲ့အတိုင္း လက္ေတြ႕လုပ္လိုက္ၾကေတာ့
နိဗၺာန္ေရာက္ေၾကာင္း တရားေကာင္းေတြေၾကာင့္ ဒါနလည္း မလစ္ဟင္းရ၊ သီလလည္း မလစ္ဟင္းရ၊
ဘာဝနာတရားဖက္မွာလည္း ေမတၱာအေျခခံလို႔ ဘယ္ဟာမွ မလစ္ဟင္းရေအာင္ လုပ္သြားလိုက္ၾကတာနိဗၺာန္ကို ဦးတည္ၿပီးေတာ့ အဲလို ေပ်ာ္ေပ်ာ္ႀကီး လုပ္သြားလိုက္ၾကတာ။

သူတို႔ေၾကာင့္ သာသနာလည္းႀကီးပြား၊ သာသနာအတြက္လည္း ျမင့္ေအာင္ ေဆာင္ရြက္ႏိုင္၊ ရပ္ရြာမွာလည္း သူတို႔ေဆာင္ရြက္လိုက္ၾကတာဟာ ဘယ္ေနရာပဲ ျဖစ္ျဖစ္ေပါ့ ဆိုင္းဘုတ္ေတြ ေလွ်ာက္ၾကည့္၊ ဘုရားအုတ္တံတိုင္း သြားၾကည့္။

ဦးပိန္-ေဒၚလိန္မိသားစု ေကာင္းမႈ။

လမ္းေဘးက ေရအိုးစင္ေလးေတြ သပ္သပ္ရပ္ရပ္ တည္ထားတာ သြားၾကည့္။ အမိုးေလး
လံုလံုၿခံဳၿခံဳနဲ႔ ေရကိုလည္း ဘယ္ေတာ့မွ မေလ်ာ့ရဘူး။ သြားၾကည့္ေတာ့ ဆိုင္းဘုတ္တတ္ထားတာက -

ဦးပိန္-ေဒၚလိန္မိသားစု ေကာင္းမႈ။

လမ္းေဘးက ဇရပ္ကေလး လူေတြ တည္းဖို႔ေဆာက္ထားတာေတြ သြားၾကည့္ျပန္ေတာ့
ဆိုင္းဘုတ္ကေလး ထိုးထားတာက -

ဦးပိန္-ေဒၚလိန္မိသားစု ေကာင္းမႈ တဲ့။

ႏွစ္ဖက္ျမင္ပညာ ရသြားေတာ့ ဘယ္သူကမွ တားလို႔ မရဘူး။ ေစာေစာကေတာ့ ဘယ္သူကမွ
စည္းရုံးလို႔ မရဘူး။ အိုဗ်ာ ဘုရားရွိခိုးတာနဲ႔ ပိုက္ဆံရွာတာ ဘာဆိုင္တာ မွတ္လို႔၊ တရားနာတာနဲ႔
ပိုက္ဆံရွာတာ ဘာဆိုင္တာ မွတ္လို႔နဲ႔ လုပ္လာခဲ့တာ။ အခုေတာ့လည္း ဘယ္သူမွ တားလို႔ မရေတာ့ဘူးတဲ့။

အဲဒီလို ဆိုလို႔ရွိရင္ ဒကာ၊ ဒကာမအေပါင္း သူေတာ္ေကာင္းေတြမွာလည္းပဲ ႏွစ္ဖက္ျမင္ပညာ
ရထားတဲ့အတြက္ ယခုလို ဒါနေကာင္းမႈႀကီးကို လုပ္လို႔ေနႏိုင္ၾကတယ္။ ဒါနလုပ္ေတာ့လည္း
ဒါနရုိးရုိးမွ်သာမက၊ သရဏဂံုေတြ၊ သီလေတြ၊ ေမတၱာတရား အေျခခံတဲ့ သမာဓိေတြ၊ ဝိပႆနာ
အသိပညာေတြအထိ ျမင္ၿပီးေတာ့မွ အဲလို လုပ္ႏိုင္ၾကေတာ့ မိမိတို႔မွာ ႏွစ္ဖက္ျမင္ စြမ္းအားရေတာ့
ႏွစ္ဖက္လွ ႏွစ္ဖက္ရေတြ ျဖစ္ၿပီးေတာ့ ေပ်ာ္ေနၾကရတယ္ေပါ့။

ေအာ္ … အဲဒီလိုဆိုရင္ ပုဂၢိဳလ္သံုးမ်ိဳးမွာ ဒိြစကၡဳပုဂၢိဳလ္ေတြ၊
ဘိကၡေဝ၊ ပရိသတ္ေလးပါး ခ်စ္သား၊ ခ်စ္သမီးတို႔။
ဣေမ ပုဂၢလာ ဤပုဂၢိဳလ္တို႔သည္။ သေႏၱာ သံဝိဇၨမာနာ၊ မုခ်မေသြ ရွိေနၾကပါေပကုန္သတည္း။

သာဓု … သာဓု …. သာဓု ….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bwar99.blogspot.com
# Unicode Version # ျဖင့္ ဖတ္ပါ #

ရွာတစ်ရွာမှာ ကိုပိန်နဲ့ မလိန်လို့ ဇနီးမောင်နှံ နှစ်ဦးရှိတယ်။ အလွန်ဆင်းရဲပါတယ်။
ကိုပိန်ဆိုတဲ့အတိုင်း ရုပ်ကလည်း ပိန်တာပဲ။ စိတ်ကလည်း သဒ္ဓါတရား ဘာမှမရှိ၊
လူကြည့်တော့လည်း မှုန်သိုးသိုးနဲ့၊ မလိန်ကလည်း ဒီအတိုင်းပဲ ဖြစ်သလို နေတာပဲ။
သူတို့အလုပ်က တစ်ခါတစ်ရံ ရေရောင်းလို့၊ တစ်ခါတစ်ရံ ထင်းရောင်းလို့၊ တစ်ခါတစ်ရံ
တခြားအိမ်တွေမှာ အငှားအလုပ်လုပ်လို့၊ ဆင်းဆင်းရဲရဲ နေရပါတယ်။

ခန္ဓာကိုယ်က တာဝန်ပေးထားတဲ့ ပစ္စည်းကိုတောင် လုံလောက်အောင် မရှာနိုင်ကြပါဘူး။
နက်ဖြန်အတွက်ကို ထည့် မစဉ်းစားနိုင်ဘူး။ ဒီနေ့အတွက် ထမင်းကလေးနပ်မှီအောင်တောင်
မနည်းရုန်းကန်ကြရတယ်။ပစ္စုပ္ပန်ဘဝ ချမ်းသာကြောင်း ပစ္စည်းကိုတောင် မရှာနိုင်တော့ နောင်ရေးအတွက်တရားဆိုတာ အိမ်မက်တောင် မမက်နိုင်ပါဘူး။ အဲလို သူတို့ ဘဝဟာ တကယ့်အန္ဓပဲ။

ကိုပိန်တို့ မလိန်တို့ အန္ဓတွေပဲ။ အဲလို ဆင်းရဲရတဲ့အထဲမှာ စားဝတ်နေရေး မပြည့်စုံရတဲ့အထဲမှာ
အိမ်ကလည်း မိုးမလုံ၊ လေမလုံ အကာတွေကလည်း စုတ်၊ အမိုးတွေကလည်း ဟိုက ပေါက်၊
ဒီက ပေါက်၊ အဲလို နေရတဲ့အထဲမှာ ငပိန်က ဖဲက ကြားညှပ်ပြီး ရိုက်လိုက်သေးတယ်။

တစ်ခါတစ်ရံရေ ရောင်းလို့ ရတာလေး၊ ထင်းရောင်းလို့ ရတာလေး၊ ဟင်းရွက်ရောင်းလို့ ရတာလေး၊ ရတဲ့ ပိုက်ဆံလေးစိတ်ကူးယဉ်ပြီးတော့ ဖဲက ရိုက်လိုက်သေး။ တစ်ခါတစ်ရံ အဲဒီရတဲ့ ပိုက်ဆံလေးယူပြီး အရက်ကသောက်လိုက်သေး။

အဲဒီလိုနဲ့ ပစ္စုပ္ပန်မှာလည်း စားဝတ်နေရေး မပြည့်စုံ၊ နောင်ရေးအတွက်လည်း ကောင်းမှုတရားဆိုတဲ့
ဥစ္စာက အိမ်မက်တောင်မှ မမက်၊ တစ်ရက်မှ မချမ်းသာဘူး။ ရန်ဖြစ်လိုက်ရတာ နေ့စဉ်လိုပဲ။
တဗျစ်တောက်တောက်နဲ့ ရန်ဖြစ်လိုက်ရတာလည်း နေစဉ်လိုပဲတဲ့။ အိမ်နင်းချင်းတွေ
အန်မတန် သနားစရာ ဖြစ်နေကြတယ်။

တရားအတွက် စည်းရုံးတော့လည်းဘာမှ စည်းရုံးလို့မရဘူး။ မောင်ပိန်တို့ မလိန်တို့လာ၊ တရားနာသွားရအောင်၊အသိဉာဏ်ပေါ်မှ စီးပွားရေးလုပ်ရ ကောင်းတယ်၊ ပိုက်ဆံရှာလို့ ကောင်းတယ်။အန္တရာယ်တွေ ကင်းအောင် ရှင်းအောင် ရှောင်တတ်တယ်။ လာဘ်မြင်တယ်ဆိုတော့
အိုဗျာ … ပိုက်ဆံရှာတာနဲ့ တရားနာတာ ဘာဆိုင်လို့လဲ၊ သူက တုံ့ပြန်ချက်က ဒါပဲ။

လာကွဲ့ ဝေယျာဝစ္စလေးတွေ လုပ်ရအောင်။ ကုသိုလ်အလုပ် လုပ်ရအောင်။
ဒါမှ စိတ်တည်ငြိမ်တယ်။ ကုသိုလ်စိတ်ဖြစ်လို့ စိတ်တွေ သန့်ရှင်းပြီးတော့အကြံအစည်တွေ ပွင့်တယ်။
စီးပွားရေးလုပ်ရတာ ကောင်းတယ်။နေရေးထိုင်ရေး အကုန်အဆင်ပြေတယ်။

အိုဗျာ .. ဝေယျာဝစ္စလုပ်တာနဲ့ ပိုက်ဆံရှာတာ ဘာဆိုင်တာမှတ်လို့။
သူတို့က တုံ့ပြန်ချက်က ဒါချည်းပဲ။ တရားနာ စည်းရုံးလည်း မရ၊ ကုသိုလ်လုပ်ဖို့ စည်းရုံးလည်း မရ၊
ဝေယျာဝစ္စတွေလုပ်ဖို့ စည်းရုံးလည်း မရ၊ ဘာမှ စည်းရုံးလို့လည်း မရဘူးတဲ့။ တကယ့် အန္ဓတွေပဲ။

အဲဒါနဲ့ တော်တော်ကြာသွားတယ်။ မောင်ပိန်တို့၊ မလိန်တို့ ဇနီးမောင်နှံ စားဝတ်နေရေးရယ်လို့
ဘာမှ မပြည့်စုံ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ဟောလိုနေလိုက်ကြတာ တော်တော်ကြာသွားတော့
တစ်နေ့သောအခါမှာ အိမ်နီးနားချင်းများက စည်းရုံးကောင်းလို့လည်း ဖြစ်မှာပေါ့။ သူတို့လည်းပဲ
ဆင်းရဲတဲ့ဒဏ်ချက်က တော်တော်ခံလာရပြီပဲ။ ဆင်းရဲတဲ့ အကြောင်းကလည်း ပြောရင်
တော်တော်ကျယ်တယ်။

အဲဒါနဲ့ တစ်နေ့ကျတော့ တစ်နေရာမှာ တရားပွဲရှိတယ်တဲ့။ တရားပွဲရှိတော့ အိမ်နီးနားချင်းများက
စည်းရုံးလို့ မောင်ပိန်ကော မလိန်ကော နှစ်ယောက်စလုံး ပါသွားကြတယ်။ တရားနာ ပါသွားကြတယ်။
တရားနာပါသွားကြတော့ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်းပဲ ပါဠိပါဌ်သားတွေ များများစားစား မရွတ်ပါဘူး။

`တရားနာတဲ့ ပုဂ္ဂိုလ် အချိန်တိုအတွင်းလေးမှာ မှတ်သင့်တဲ့ စကားလုံးလေးတွေ ထိထိရောက်ရောက်
မှတ်နိုင်ကြပါစေ။ လက်တွေ့ အလုပ်လုပ်ရမယ့် အလုပ်လေးတွေကို မြန်မြန်လေး နားလည်ကြပါစေ` ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာစကားပြေနဲ့ပဲ ရှင်းရှင်းလေး ပြောပြနေသတဲ့။ တရားနာပရိသတ်ထဲမှာ ပါနေတာကမောင်ပိန်တို့ မလိန်တို့ ပါနေတယ်။ ပါနေတဲ့အခါမှာ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်း လက်တွေ့အလုပ်လုပ်လို့ ဖြစ်နိုင်တဲ့ လုပ်ငန်းတိုတိုလေး ငါးခု ပြောပြတယ်။

အေး … ဆင်းရဲတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ဥစ္စာဟာ ဆင်းရဲတဲ့အတိုင်း အဲဒီအတိုင်း မနေရဘူးကွ။
ကိုယ့်ဟာကိုတောင်မှ မယုံဘူးလား၊ ကိုယ့်ဟာကို ယုံရတယ်ကွ။ ဆင်းရဲတယ် ဆင်းရဲတယ်ဆိုတာ
အဲဒီအတိုင်း ငုံ့ခံနေရတာ မဟုတ်ဘူး။

လုပ်လို့ဖြစ်တဲ့ နေရာကစပြီးတော့ လုပ်ရတယ်ကွ ဆိုပြီးတော့တရားနာတဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ် တတ်အောင် အလုပ်လုပ်ချင်လာအောင် စိတ်ဓာတ်တွေတက်ကြွလာအောင် အားရှိလာအောင် အဲဒီလို ပြောပြသတဲ့။

 ပြောပြတော့ မောင်ပိန်တို့ မလိန်တို့စိတ်ဝင်စားလာတယ်။ ဘာများ ပြောမှာပါလိမ့်ပေါ့။ ဆင်းရဲတယ် ဆင်းရဲတယ်ဆိုတာ အဲဒီအတိုင်းခေါင်းငုံ့ခံ မနေရဘူးကွ။ လုပ်လို့ဖြစ်တဲ့ နေရာက စလုပ်ရတယ်။ နားလည်အောင်လည်း လုပ်ရတယ်။

ကုသိုလ်ငါးခု နေ့စဉ်ပြု

အဲလို ပြောပြတော့ စိတ်ဝင်စားလာကြတယ်၊ စိတ်ဝင်စားတာနဲ့ ပြောတဲ့ ပုဂ္ဂိုလ်
ဟောတဲ့ ပုဂ္ဂိုလ်ကလည်း နေ့စဉ် နေ့စဉ် အချိန်လေး အထူးမပေးရတဲ့ လုပ်ငန်းစဉ်လေးငါးခု …

(၁) ဒါနရယ်
(၂) သရဏဂုံရယ်
(၃) ငါးပါးသီလရယ်
(၄) မေတ္တာတရားရယ်
(၅) အနိစ္စာနုပဿနာ ခေါ်တဲ့ ဝိပဿနာရယ်

ပိုက်ဆံတစ်ပြားမှ ပေးဖို့ မလိုဘူး။ နေ့တိုင်း ရနိုင်တဲ့ဥစ္စာ၊ အချိန်အထူးပေးဖို့လည်း မလိုဘူး။
နေ့တိုင်း ရနိုင်တဲ့ဥစ္စာ၊ ကိုယ့်ဘက်က အရင်းအနှီးစိုက်ရမှာက သဒ္ဓါတရားပါဆိုတာကို ပြောပြနေတယ်။

ဒါနဆိုတာ မဏ္ဍပ်ကြီးထိုးလှူမှ ဒါနခေါ်တာမှ မဟုတ်ဘဲ။ ဘုရားကို ရေလှူတယ်၊ ပန်းလှူတယ်၊
ရေဆိုတာမှ ရေတွင်းထဲ၊ ချောင်းထဲ၊ ကန်ထဲ သွားခပ် အခမဲ့ ရနိုင်တာတွေ ရှိသားပဲ။ လှူရင် ရပါတယ်။

တစ်ခါ မိသားစုအချင်းချင်း ပေးတာ ပေးတတ်ရင် ဒါနပါ။ ပေးတတ်ဖို့ပဲ အရေးကြီးပါတယ်။
အဲလို စသည်ဖြင့် ဒါနလည်း လုပ်ရင် ဖြစ်နိုင်တယ်။ သဒ္ဓါတရားရှိရင် ဖြစ်နိုင်တဲ့ အကြောင်း၊
ဒါနကောင်းကျိုးကလည်း ဘယ်လောက်အံ့သြစရာကောင်းတဲ့ အကြောင်း ပြောပြတော့ စိတ်ဝင်စားကြတယ်။

တစ်ခါ သရဏဂုံဆိုတာ အန္တရာယ်ကာကွယ်တဲ့ တောင်ကြီးသုံးလုံး၊ ပစ္စည်းဘယ်လောက်ပဲ မွဲပါစေ၊
အားမငယ်ပါနဲ့ကွယ်။ သဒ္ဓါတရားရှိရင် မိမိခန္ဓာကိုယ်ကြီးကို ရတနာသုံးပါးနှင့် လှအောင် အလှတန်ဆာဆင်နိုင်ပါတယ်။

ရတနာသုံးပါး စိတ် နှလုံးထဲမှာ ထားစမ်းပါ။ စိန် မက ရွှေ မက အဖိုးတန်ပါတယ်။
လူဟာ သိပ်ပြီး အဆင့်မြင့်သွားပါလိမ့်မယ် စသည်ဖြင့် စိတ်ဝင်စားစရာတွေ ပြောပြတယ်။
မောင်ပိန်တို့ မလိန်တို့ တော်တော် စိတ်ဝင်စားသွားတယ်။ အရင်တုန်းက တစ်ခါမှ တရားနာဖူးတာ
မဟုတ်ဘူး။

အခု တရားဟောတဲ့ ပုဂ္ဂိုလ်က ရှင်းရှင်းလေး ပြောပြတော့ တော်တော့်ကို စိတ်ဝင်စားကြတယ်။
အော် … ရတနာသုံးပါး လွယ်သားပဲ။ တို့က ပိုက်ဆံပေါမှ လုပ်လို့ ရတယ်အောက်မေ့တာ။
ကုသိုလ်အလုပ်ဟာ အားတဲ့ လူတွေရဲ့ အလုပ်လို့ ထင်နေတာ။

ဘယ်ဟုတ်လို့လဲ သဒ္ဓါတရားရှိရင်ရသားပဲ။ သဒ္ဓါတရား အရင်းစိုက်ရင် ဖြစ်တာပဲ။ စွမ်းအားတွေက လည်း တကယ့် အံ့သြစရာတွေချည်းပါလား။ စိတ်ဝင်စားကြတယ်။

တစ်ခါ ငါးပါးသီလ၊ ငါးပါးသီလကလည်း လူကို ချုပ်ချယ်တာ မဟုတ်ဘူး။ လူကို လူနဲ့ တူအောင်
အလှဆင်ပေးတာ အဆင့်မြင့်ပေးတာ ငါးပါးသီလရဲ့ အကျိုးကလည်း အင်မတန် အံ့သြစရာ
အစရှိသည်ဖြင့် ပြောပြပြန်တော့ စိတ်ဝင်စားကြတယ်။

အော် .. သဒ္ဓါတရားရှိရင် လွယ်သားပဲပေါ့။ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ စတဲ့ ပစ္စည်းဥစ္စာတွေ ဘာမှ
မပေါသော်လည်း မပြည့်စုံသော်လည်းပဲ သဒ္ဓါတရားနဲ့ အရင်းအနှီးစိုက်လိုက်တဲ့ အခါမှာ
ဟောဒီ ခန္ဓာကိုယ်ကြီးကို ကိုယ်ကျင့်သီလတည်းဟူသော အလှတန်ဆာ ရတနာတွေနဲ့
ခန့်ညားသွားအောင်၊ ထယ်ဝါသွားအောင်၊ ကျက်သရေရှိအောင် အလှဆင်လို့ ရပါတယ်။
ဘာမှ အားမငယ်ပါနဲ့လို့ ဟောတဲ့ ပုဂ္ဂိုလ်က အဲသလိုဟောပြလိုက်တဲ့အခါမှာ ငပိန်တို့ မလိန်တို့
စိတ်ဝင်စားကြတယ်။

တစ်ခါ စတုတ္ထက မေတ္တာတရား။ မေတ္တာတရားဆိုတာလည်း သဒ္ဓါတရားအရင်းတည်
စိုက်ရုံလေးပါတဲ့။ လွယ်ပါတယ်။ မေတ္တာရဲ့ စွမ်းအားကလည်း အင်မတန် ကြီးကျယ်ပါတယ်။
မေတ္တာပို့ရမှာက မိမိအိမ်အတွင်း အတူနေကြသူတွေ၊ မိမိရပ်ကွက်အတွင်း၊ ရပ်ရွာအတွင်းမှာ
အုပ်ချုပ်ရေးတာဝန်ကို ယူနေကြတဲ့ အုပ်ချုပ်ရေးဖက်က ပုဂ္ဂိုလ်တွေ၊ မိမိရပ်ကွက်အတွင်း၊
ရပ်ရွာအတွင်း ရှိနေကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေ၊ အတူနေတယ်ဆိုတော့ မိသားစုတွေပေါ့။

သူတို့အပေါ်မှာ အားလုံး မေတ္တာနဲ့ လွှမ်းခြုံလို့ ပေးနေရမယ်။ တစ်ခါ သတ္တဝါအကုန်လုံးကို
ခြုံပြီးတော့ မေတ္တာပို့နေရမယ်။ ဤငါးမျိုးကို နေ့စဉ်နေ့တိုင်း မေတ္တာပို့သင့်တဲ့အကြောင်းတရား
ဟောတဲ့ ပုဂ္ဂိုလ်က သေသေချာချာ ပြောပြတော့မှ ကိုပိန်တို့ မလိန်တို့ စိတ်ဝင်စားကြတယ်။
မေတ္တာစွမ်းအားကလည်း အင်မတန် ကြီးတဲ့အကြောင်း ပြောပြတယ်။

ဒါနလုပ်တာစွမ်းရည်ထက်တဲ့အကြောင်း၊ မေတ္တာတစ်ခုသာ ပါမယ်ဆိုလို့ရှိရင် သမာဓိကို ရစေပြီးတော့စီးပွားရေးလုပ်ရတာ ကုသိုလ်ရေးလုပ်ရတာ လူမှုရေးကိစ္စ ဆောင်ရွက်ရတာ အစစအရာရာအဆင်ပြေတဲ့အကြောင်း ပြောပြတော့ စိတ်ဝင်စားကြတယ်။

တစ်ခါ ပဉ္စမက အနိစ္စာနုပဿနာ၊ ဝိပဿနာလို့ ခန့်ခန့်ငြားငြားကြီး မပြောသော်လည်းဘဲ
သိတတ်တာနဲ့ သိစရာလေးတွေ အမြဲတမ်း ပြောင်းလဲနေတာလေးတွေ၊ အဲဒါလေးတွေကို
တိတိကျကျ ဉာဏ်နဲ့ မြင်အောင် ကြည့်စမ်းပါ။ စွမ်းအားတွေ တက်ပါလိမ့်မယ်ပေါ့။ အဲဒီလို
ပြောပြတော့ သိပ်စိတ်ဝင်စားတယ်။

တရားပွဲပြီးလို့ အိမ်ပြန်သွားတော့ သိတာကို သိတဲ့အတိုင်း လုပ်တာကောင်းပါတယ်လေလို့
မောင်ပိန်တို့ မလိန်တို့ အိမ်ကို ရောက်သွားတယ်ဆိုလိုရှိရင်ပဲ ကုသိုလ်အလုပ် စကြပြီး တစ်ခါတည်း
အန္ဓကနေ ဒွိစက္ခုကို ခုန်တက်သွားတယ်။ အန္ဓက တက်ရမှာက ဧကစက္ခုကို တက်ရမှာ။
အခု သူတို့ ဒီလိုမဟုတ်ဘူး။

အကန်းကနေ တစ်ဖက်မြင်တောင် မဟုတ်ဘူး။ နှစ်ဖက်မြင်အဆင့်
ကျော်တက်လိုက်ကြတယ်။ တရားအလုပ်ကိုပါ တစ်ခါတည်း ချက်ချင်း လုပ်ကြတယ်။ လုပ်တော့
နေ့စဉ် နေ့စဉ် ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ရှာလို့ ရတဲ့ စားစရာလေးတွေ
အဲဒါလေးတွေကိုလည်း သူတို့က ဒါနဖြစ်အောင် နှလုံးသွင်းတတ်လာပြီး ထမင်းချက်တော့မယ်
ဆိုတဲ့အခါမှာ ဇွန်းလေးနဲ့ တစ်ဇွန်းလောက် ဆန်ကို နုတ်ယူထားလိုက်တယ်။

ဒါလေး နုတ်တာနဲ့တို့ ထူးပြီးတော့ ပင်ပန်းမသွားပါဘူးလေ။ ဒါလေး စားလိုက်တာနဲ့လည်း ဘာမှ ထူးသွားမှာ မဟုတ်ပါဘူး။ဒါလေး ချန်ထားလိုက်မယ်။ ညနေ ထမင်းချက်လည်း ဒီအတိုင်းပဲ။ တစ်နေ့ တစ်နေ့ တစ်ဇွန်းလေးတွေနုတ်ထားလိုက်တော့ တစ်လဆို နည်းတာမှ မဟုတ်ဘဲ။

 နုတ်တာ လာပြီ။အော် .. သဒ္ဓါတရားရှိတော့လည်း လှူစရာပေါ်လာတာပဲပေါ့။ ဝမ်းသာနေကြတယ်။ အဲဒါနဲ့ကြံကြံဖန်ဖန် လှူစရာလေးတွေ ရလာကြ၊ တစ်ခါ သူများအိမ်မှာ ပြက္ခဒိန်တွေပေါ့။ ဘုရားပုံပါတဲ့
ပြက္ခဒိန်တွေကို တောင်းပြီးတော့ အိမ်ဦးခန်းမှာ ချိတ်၊ သက်တော်ထင်ရှား ဘုရားအထိ အာရုံပြု
ပူဇော်ကြ၊ နေ့စဉ် ရေကပ်ကြ၊ ပန်းကပ်ကြ၊ စားဦးစားဖျားလေးတွေ လှူကြ ဟန်ကျနေကြတယ်။
သူတို့ ဒါနတွေ တိုးလို့။

တစ်ခါ သရဏဂုံ ဒီအတိုင်းပဲ။ အိပ်ရာဝင် အိပ်ရာထ သရဏဂုံနှင့် အလှဆင်ထားတော့
ခန္ဓာကိုယ်ကြီးဟာ ရတနာသုံးပါး တည်နေတော့ စေတီကြီးလို ခန်ညားနေတာ သူတို့
သိပ်သဘောကျကြတယ်။

 အော် .. ငါတို့ ပစ္စည်းမရှိပေမယ့် သဒ္ဓါတရားရှိတော့လည်း
ရတနာသုံးပါးကိန်းရာ ခန္ဓာကိုယ်ကြီး တို့ ပိုင်ဆိုင်ခွင့်ရလိုက်တာ၊ ဒီခန္ဓာကိုယ်ကြီး
အိုမျိုး၊ နာမျိုး၊ သေမျိုးဖြစ်သော်လည်းပဲ မအိုခင်၊ မနာခင်၊ မသေခင်လေး ရတနာသုံးပါး
ကိန်းပြီးတော့ သွားရတဲ့ စေတီကြီးလို အင်မတန်မှ ခန့်ညားတယ်။ ခန္ဓာကိုယ်ကြီး
ဖြစ်ခွင့်ရသေးတယ်လို့ ပျော်လိုက်ကြတာ အားရှိလိုက်ကြတာ။

မေတ္တာလည်း အဲဒီအတိုင်းပေါ့။ နေ့တိုင်း နေ့တိုင်း မေတ္တာပွားလို့ ဘယ်နေရာ သွားသွား
မေတ္တာကြိုတင်ပို့လို့ မိသားစုအချင်းချင်း မေတ္တာပွားလို့ မေတ္တာလည်း ရလာတော့ အရင်တုန်းက
တဗျစ်တောက်တောက် ရန်ဖြစ်လာခဲ့တဲ့ ငပိန်နဲ့ မလိန် ဘယ်တော့မှ ရန်မဖြစ်တော့ဘူး။

တစ်ခါ ကြောင်းကျိုးဆက်သွယ်ပြီးတော့ သိတတ်တာလေးတွေ သိစရာလေးတွေ စားတာ၊
သွားတာ၊ နေတာ၊ ထိုင်တာ၊ အိမ်မှုကိစ္စ ဆောင်ရွက်တာကလည်း ရှင်းရှင်းလေးနဲ့ ဝိပဿနာပါလို့
ပါးစပ်က ထုတ်မပြောတာ လုပ်ငန်းစဉ်က ဝိပဿနာလမ်းစဉ်လေးတွေ ရောက်ပြီးတော့ သွားကြတယ်။

အဲဒါနဲ့ တရားစွမ်းအားဟာ တက်လာခဲ့တာ တစ်ရက်မှ အပျက်မခံတော့ဘူးတဲ့။
အဲဒါနဲ့ စိတ်တွေ တည်ငြိမ်လို့ ဉာဏ်အမြင်တွေ ရလာလို့ အန္တရာယ်တွေ ကြိုတင်တွက်ဆ
တတ်လာတယ်။ လာဘ်တွေ မြင်လာတယ်။ စီးပွားရေးလုပ်ရတာ အခါတိုင်းနဲ့ မတူတော့ဘူး။
ရောင်းရတာ အင်မတန်ကောင်း၊ ပေးချင်ကမ်းချင်တဲ့ ပုဂ္ဂိုလ် အလွန်ပေါ။

စိတ်ကောင်းကလည်းတစ်စတစ်စ ထားတတ်တာကိုး။ အရပ်ထဲမှာ ဆောင်ရွက်စရာကိစ္စ ရှိတယ်ဆိုရင် သူတို့ အကုန်ဆောင်ရွက်ကြ၊ဇနီးမောင်နှံနှစ်ယောက်စလုံး တက်ညီလက်ညီ ဆောင်ရွက်ကြ၊ အဲဒါနဲ့ ဒါနပိုင်းမှလည်း တစ်စ တစ်စ တက်သလိုစီးပွားရေးလုပ်ရတာလည်း အဆင်ပြေ၊ ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်လည်းပေါ၊

သရဏဂုံလည်း မြဲ၊ ငါးပါးသီလလည်းလုံ၊ မေတ္တာတရားလည်း ပြည့်ဝ၊ တရားစွမ်းအားတွေလည်း ရှိလာတယ်ဆိုတော့ `တရားနဲ့ စီးပွား` ဘက်စုံတက်သွားလိုက်တာ တစ်ခါတည်း အိမ်ကုတ်ကလေးကနေ အင်မတန် သန့်စင်တဲ့ အဆင့်မြင့်အိမ်လေးဖြစ်သွားတယ်။

ရပ်ထဲရွာထဲမှာ နောက်ပိုင်းကျတော့ ငပိန်နဲ့ မလိန်မှ မပါရင်တော့ ခြောက်ကပ်ကပ်တောင်
ဖြစ်လာတော့တယ်ဆိုဘဲ။ ဘယ်နေရာပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် ငပိန်နဲ့ မလိန်ေတော့ ပါမှပဲ။
သူတို့ကလည်း ဘယ်နေရာမဆို ရှိတာလေးတော့ ထုတ်လှူတာပဲ။ လှူလည်း လှူတယ်။

ကိုယ်အားနဲ့ဆောင်ရွက်စရာရှိရင်လည်း မခိုမကပ် စေတနာသန့်သန့်နဲ့ ကြိုးကြိုးစားစား ဆောင်ရွက်တယ်။အဲဒီလိုဆိုတော့ အားလုံးက ချစ်ကြ၊ မြတ်နိုးကြ၊ ခင်ကြတယ်။ အရင်တုန်းက `ဟဲ့ ငပိန်၊ ဟဲ့ ငပိန်` လို့ခေါ်ကြတယ်။ အခုတော့ မခေါ်ကြတော့ဘူး။ ရတနာသုံးပါးကျေးဇူးကြောင့် ဦးလေးပိန် ကြွပါခင်ဗျား၊

ကိုကြီးပိန် ကြွပါခင်ဗျား၊ ဘယ်နေရာသွားသွား လေးစားလိုက်ကြတာ။ မလိန်လည်း `ဟဲ့ မိလိန်ကြီး
ဟဲ့ အလိန်ကြီး` နဲ့ ဟိုတုန်းက ခေါ်တဲ့ဥစ္စာ အခု ဒီလို မခေါ်ကြတော့ဘူး။ ဒေါ်လေးပိန် ကြွပါခင်ဗျား။
မလေးပိန် ကြွပါခင်ဗျား။ အဲဒီလို လေးလေးစားစား ဆက်ဆံလာကြတယ်။

အို … နောက်ပိုင်းမှာ ဘာပြောကောင်းမလဲ ရပ်ရေးရွာရေးကိစ္စတွေ ဘယ်နေရာမဆို အကုန်လုံး
ဆောင်ရွက်သွားလိုက်တာ နောက်ပိုင်း ကျောင်းဒကာ၊ ကျောင်းအစ်မ၊ ဘုရားဒကာ၊ ဘုရား
ဒကာအစ်မတွေတောင် ဖြစ်သွားတယ်။ ဒါကြောင့် …..

- ကိုယ့်ကိုယ်ယုံသော်၊ စွမ်းအားပေါ်၊ ရွှင်ပျော် အားတက်၏။

ကိုယ့်ကိုယ်ကို တကယ်ယုံလာပြန်တော့ တရားစွမ်းအားကို နှစ်ဖက်စလုံးမြင်အောင်
ကြည့်တတ်ပြန်တော့လည်းပဲ တစ်ဘဝအတွင်းမှာတောင်မှ ချက်ချင်း ပြောင်းပြီးတော့ သွားလိုက်တာ
စောစောက တဗျစ်တောက်တောက် ရန်ဖြစ်နေကြတဲ့ ကိုပိန်တို့ မလိန်တို့ ဘုရားဒကာ၊ ဘုရားအစ်မ၊
ကျောင်းဒကာ၊ ကျောင်းအစ်မ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ဘူး၊ ပြောရင်လည်း ယုံတမ်းလို့ပဲပြောကြမှာပဲ။

ယခုတော့ တရားစွမ်းအားကြောင့် သိတာကို သိတဲ့အတိုင်း လက်တွေ့လုပ်လိုက်ကြတော့
နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတွေကြောင့် ဒါနလည်း မလစ်ဟင်းရ၊ သီလလည်း မလစ်ဟင်းရ၊
ဘာဝနာတရားဖက်မှာလည်း မေတ္တာအခြေခံလို့ ဘယ်ဟာမှ မလစ်ဟင်းရအောင် လုပ်သွားလိုက်ကြတာနိဗ္ဗာန်ကို ဦးတည်ပြီးတော့ အဲလို ပျော်ပျော်ကြီး လုပ်သွားလိုက်ကြတာ။

သူတို့ကြောင့် သာသနာလည်းကြီးပွား၊ သာသနာအတွက်လည်း မြင့်အောင် ဆောင်ရွက်နိုင်၊ ရပ်ရွာမှာလည်း သူတို့ဆောင်ရွက်လိုက်ကြတာဟာ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့ ဆိုင်းဘုတ်တွေ လျှောက်ကြည့်၊ ဘုရားအုတ်တံတိုင်း သွားကြည့်။

ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု။

လမ်းဘေးက ရေအိုးစင်လေးတွေ သပ်သပ်ရပ်ရပ် တည်ထားတာ သွားကြည့်။ အမိုးလေး
လုံလုံခြုံခြုံနဲ့ ရေကိုလည်း ဘယ်တော့မှ မလျော့ရဘူး။ သွားကြည့်တော့ ဆိုင်းဘုတ်တတ်ထားတာက -

ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု။

လမ်းဘေးက ဇရပ်ကလေး လူတွေ တည်းဖို့ဆောက်ထားတာတွေ သွားကြည့်ပြန်တော့
ဆိုင်းဘုတ်ကလေး ထိုးထားတာက -

ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု တဲ့။

နှစ်ဖက်မြင်ပညာ ရသွားတော့ ဘယ်သူကမှ တားလို့ မရဘူး။ စောစောကတော့ ဘယ်သူကမှ
စည်းရုံးလို့ မရဘူး။ အိုဗျာ ဘုရားရှိခိုးတာနဲ့ ပိုက်ဆံရှာတာ ဘာဆိုင်တာ မှတ်လို့၊ တရားနာတာနဲ့
ပိုက်ဆံရှာတာ ဘာဆိုင်တာ မှတ်လို့နဲ့ လုပ်လာခဲ့တာ။ အခုတော့လည်း ဘယ်သူမှ တားလို့ မရတော့ဘူးတဲ့။

အဲဒီလို ဆိုလို့ရှိရင် ဒကာ၊ ဒကာမအပေါင်း သူတော်ကောင်းတွေမှာလည်းပဲ နှစ်ဖက်မြင်ပညာ
ရထားတဲ့အတွက် ယခုလို ဒါနကောင်းမှုကြီးကို လုပ်လို့နေနိုင်ကြတယ်။ ဒါနလုပ်တော့လည်း
ဒါနရိုးရိုးမျှသာမက၊ သရဏဂုံတွေ၊ သီလတွေ၊ မေတ္တာတရား အခြေခံတဲ့ သမာဓိတွေ၊ ဝိပဿနာ
အသိပညာတွေအထိ မြင်ပြီးတော့မှ အဲလို လုပ်နိုင်ကြတော့ မိမိတို့မှာ နှစ်ဖက်မြင် စွမ်းအားရတော့
နှစ်ဖက်လှ နှစ်ဖက်ရတွေ ဖြစ်ပြီးတော့ ပျော်နေကြရတယ်ပေါ့။

အော် … အဲဒီလိုဆိုရင် ပုဂ္ဂိုလ်သုံးမျိုးမှာ ဒွိစက္ခုပုဂ္ဂိုလ်တွေ၊
ဘိက္ခဝေ၊ ပရိသတ်လေးပါး ချစ်သား၊ ချစ်သမီးတို့။
ဣမေ ပုဂ္ဂလာ ဤပုဂ္ဂိုလ်တို့သည်။ သန္တော သံဝိဇ္ဇမာနာ၊ မုချမသွေ ရှိနေကြပါပေကုန်သတည်း။

သာဓု … သာဓု …. သာဓု ….။

ဖိုးသူတော် (www.phothutaw.com)
Credit:bwar99.blogspot.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top