ဒီေလာက္ေကာင္းတဲ့ ပို႔စ္ ကိုမွ မၾကည့္ပဲ ေက်ာ္သြားရင္ မင္း ဘယ္လိုပို႔စ္မ်ဳိးကို ၾကည့္ခ်င္တာလဲ?
ဒီေလာက္ေကာင္းတဲ့ စာကိုမွ မဖတ္ပဲ ေက်ာ္သြားရင္ မင္းဘယ္လိုစာမ်ဳိးကို ဖတ္ခ်င္တာလဲ?ဖတ္ၾကည့္လို္က္ပါ မင္း ဘ၀ အတြက္ အေထာက္အကူ ၿပဳႏူိင္ပါလိမ့္မယ္။
သူတို႕ဘ ၀ကိုသူတို႕ မုန္းတယ္ဆိုတဲ့ လူ ေတြ ရွိပါတယ္။
သူတို႕ဟာ သူတို႕မွာရွိေနတဲ့အရာေတြနဲ႕ မေပ်ာ္ရႊင္ႏိုင္ၾကပါဘူး။
အကယ္၍ သင္လည္း အဲလုိပဲျဖစ္ခဲ့မယ္ဆုိရင္ သင္ဟာ- ခ်မ္းသာမွ၊ ေအာင္ျမင္မွ၊ မိတ္ေဆြ အေပါင္းအသင္း ေတြ အမ်ားႀကီးရမွ၊ နာမည္ေက်ာ္ၾကားမွ၊ ၿပီးျပည့္စုံတဲ့ မိသားစု ရွိမွ ေပ်ာ္ရႊင္ မယ္ဆိုတဲ့ လူေတြထဲက တစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။
စိတ္မေကာင္းစရာပါပဲ။ အဲလုိဆိုရင္ေတာ့ မွားေနပါၿပီ။
ေနာက္တစ္ႀကိမ္ “ ငါ့ ဘ၀ ကိုငါ မုန္းတယ္ ” လို႕ ေျပာတဲ့အခါ သင့္ကိုယ္သင္ ေမးၾကည့္ပါဦး။
ဒါဆို ငါေသ ရင္ ပိုေကာင္းမလား-လို႕။
ဒီ စကား က ၾကမ္းတမ္းခ်င္ ၾကမ္းတမ္းလိမ့္မယ္။
ဒါေပမဲ့ ေတြးရုံေလးပဲ ေတြးၾကည့္လိုက္ပါ။
သင္ အသက္ရွင္ ေနသမွ် သင္ဟာ ေပ်ာ္ရႊင္ နိုင္ပါတယ္။
ၿပီးေတာ့ ဘ၀ ကို ပိုေကာင္းေအာင္လုပ္ႏုိင္တဲ့ အခြင့္အေရး လည္း အၿမဲတမ္း ရွိပါတယ္။
ေဟာဒီမွာ နည္းလမ္း(၁၀)ခု-
၁။ ဘ၀ရဲ႕ ေကာင္းတဲ့အရာေတြအေပၚမွာ အာရုံစိုက္ လုိက္ပါ
ဘ၀ နဲ႕ပတ္သက္လို႕ ေကာင္းတဲ့အရာေတြကို တစ္ခုမွ မစဥ္းစားႏုိင္ဘူးဆုိရင္ေတာ့ သင့္မွာ အဆိုးျမင္ အေတြး ေတြ ရွိေနဆဲပဲ။ အဲဒီ အေတြး ေတြကုိ ထြက္သြားခြင့္ေပးလုိက္ပါ။ သင့္ဘ၀ရဲ႕ ဘယ္အရာေတြကို သင္ တကယ္ျမတ္ႏိုးသလဲ?
၂။ မေက်မနပ္မျဖစ္ပါနဲ႕
ဘ၀ကို သင္မခ်စ္ဘူးဆိုရင္ေတာင္မွ အဲဒါကို တစ္ခ်ိန္လုံး ေျပာေနဖို႕မလိုပါဘူး။ သင့္ဘ၀ကိုသင္ မခ်စ္ဘူး လို႕ ေျပာေလေလ၊ အဲဒီ အႏွဳတ္ လကၡဏာ အေတြး ေတြက ပိုအားေကာင္းလာေလေလပါပဲ။
၃။ သင့္ရဲ႕ဘ ၀ကို အျခားသူေတြနဲ႕ မႏွိဳင္းယွဥ္ပါနဲ႕
သင့္ရဲ႕ဘ၀ ဟာ တျခားတစ္ေယာက္ေယာက္ရဲ႕ဘ၀ နဲ႕ ဘယ္ေတာ့မွ တစ္သမတ္တည္း မတူႏိုင္ပါဘူး။
ကိုယ္ မတတ္ႏုိင္တဲ့ အ၀တ္အစား ၀တ္တဲ့သူေတြ၊ ကိုယ္မစီးႏုိင္တဲ့ကား စီးတဲ့သူေတြ၊ ကိုယ္မေနႏုိင္တဲ့အိမ္မ်ိဳးမွာ ေနသူေတြကေတာ့ ကိုယ့္အနားမွာ အၿမဲတမ္း ရွိေနမွာပါပဲ။
ဒါကို က်င့္သားရေအာင္လုပ္ပါ။ ေနသားက်သြားၿပီဆုိရင္ေတာ့ ဘာမွ ျပႆနာ မရွိေတာ့ပါဘူး။ တျခားတစ္ေယာက္ေယာက္ရဲ႕ ေအာင္ျမင္မွဳကိုသင့္ကိုယ္ပုိင္ေအာင္ျမင္မွဳရရွိဖုိ႕အတြက္ တြန္းအား တစ္ခုအျဖစ္ အသုံးခ်ႏုိင္ပါတယ္။
ဒါေပမဲ့ သင့္မွာမရွိတဲ့အရာေတြအတြက္ေတာ့ ဘယ္ေတာ့မွ စိတ္မေကာင္းမျဖစ္ပါနဲ႕။
၄။ သင္တကယ္ ခ်စ္ျမတ္ႏိုးတဲ့အရာေတြကို ပုိလုပ္ပါ
သင့္ကို ေပ်ာ္ရႊင္ေစမယ့္ အလုပ္ တစ္ခုခုကို အနည္းဆုံးတစ္ခုေလာက္ျဖစ္ျဖစ္ ေန႕တုိင္းလုပ္ပါ။
၅။ ဘ၀ဟာ အၿမဲတမ္းေျပာင္းလဲေနတယ္ဆုိတာ အသိအမွတ္ျပဳပါ
သင့္မွာ အလုပ္ ေကာင္းေကာင္း မရလုိ႕၊ ဒါမွမဟုတ္ ေငြေရးေၾကးေရးက သင္ေမွ်ာ္မွန္းထားသေလက္ အဆင္မေျပလို႕ စိတ္ဓာတ္က်ေနတယ္ဆိုရင္ သင့္ရဲ႕ လက္ရွိအေျခအေနဟာ အေျခအေနတစ္ခုမွ်သာျဖစ္တယ္လို႕ လက္ခံပါ။ အရာအားလုံးဟာ ေျပာင္းလဲၾကပါတယ္။
၆။ အေကာင္းျမင္ တတ္သူေတြနဲ႕ ေပါင္းသင္း ပါ
သင္ အၿမဲ ေပါင္းသင္း ေနတဲ့သူေတြနဲ႕ ပတ္သက္လို႕ ဂရုစိုက္ပါ။ ေပ်ာ္ရႊင္တဲ့သူေတြ၊ အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းမယ္ဆုိရင္ သင္လည္း ပိုၿပီးေပ်ာ္ရႊင္လာပါလိမ့္မယ္။
အကယ္၍ သင့္ အေပါင္းအသင္း ေတြဟာ အဆိုးျမင္ တတ္သူေတြျဖစ္ေနမယ္ဆုိရင္ေတာ့ အဲဒီ အေတြး ေတြဟာ သင့္ကိုလည္း လႊမ္းမိုးလာႏုိင္တယ္ဆုိတာ ဂရုျပဳပါ။
၇။ အျခားသူေတြကို ကူညီ ပါ
အျခားသူေတြကို မ်ားမ်ား ကူညီ ေလ၊ သင့္ရဲ႕ဘ၀ နဲ႕ပတ္သက္လို႕ ညည္းတြားေနဖို႕ အခ်ိန္မရေလပါပဲ။ ဒါတင္မကပါဘူး၊ လူေတြကို ကူညီျခင္းက သင့္ကို တကယ္ပဲ ေပ်ာ္ရႊင္ေစႏုိင္ပါတယ္။
၈။ TV သိပ္မၾကည့္ပါနဲ႕
ေၾကာ္ျငာ ေတြရဲ႕အလုပ္ က – သင့္ဘ၀ဟာ မျပည့္စုံဘူး၊ ဒါေပမဲ့ အဲဒါကို ေကာင္းမြန္ေအာင္ ျပဳလုပ္ႏုိင္တယ္၊ အဲလိုျပဳလုပ္ဖုိ႕ သူတုိ႕ရဲ႕ ေနာက္ဆုံးေပၚ အ၀တ္အစား ေတြ၊ အသုံးအေဆာင္ေတြ၊ ကားေတြကို ၀ယ္ရမယ္လုိ႕ သင့္ကို ေျပာဖို႕ပါပဲ။ အဲဒီ အလိမ္အညာ ေတြကို လက္မခံမိပါေစနဲ႕။
၉။ ေသးငယ္တဲ့အရာေလးေတြအေပၚမွာ တန္ဖုိး ထားတတ္လာပါေစ
ဘဘာ၀ေလာကႀကီးကို အေသအခ်ာ ၾကည့္ဖူးပါသလား။မိုးေကာင္းကင္ ၊ တိရစၱာန္ေလးေတြ၊ အပင္ေတြနဲ႕ ျမစ္ေခ်ာင္းေတြ။
ဒါေတြဟာ တကယ္ကို လွပပါတယ္။ အဲဒါေတြကို ရွာေဖြၾကည့္ပါ။ ၿပီးေတာ့ ဘ၀ကို သူ႕အရွိအတုိင္း ခ်စ္ျမတ္ႏုိးတတ္ေအာင္ သင္ယူပါ။
၁၀။ ဘ၀ရဲ႕သာယာ ေပ်ာ္ရႊင္မွဳ ေတြ၊ အခြင့္အေရး ေတြကို ရယူူပါ
အခု သင့္မွာ အခြင့္အေရး ရွိပါေသးတယ္- ဘ၀ ရဲ႕ေကာင္းတဲ့အရာေတြကို ရွာေဖြပါ၊ ေပ်ာ္ရႊင္ပါ၊ ၿပီးေတာ့ ဘ၀ ကို ခ်စ္ျမတ္ႏုိးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:original uploder
# Unicode Version # ျဖင့္ ဖတ္ပါ #
ဒီလောက်ကောင်းတဲ့ စာကိုမှ မဖတ်ပဲ ကျော်သွားရင် မင်းဘယ်လိုစာမျိုးကို ဖတ်ချင်တာလဲ?ဖတ်ကြည့်လိုက်ပါ မင်း ဘ၀ အတွက် အထောက်အကူ ပြုနိူင်ပါလိမ့်မယ်။
သူတို့ဘ ဝကိုသူတို့ မုန်းတယ်ဆိုတဲ့ လူ တွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေ အပေါင်းအသင်း တွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစု ရှိမှ ပျော်ရွှင် မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ ဘ၀ ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေ ရင် ပိုကောင်းမလား-လို့။
ဒီ စကား က ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင် အသက်ရှင် နေသမျှ သင်ဟာ ပျော်ရွှင် နိုင်ပါတယ်။
ပြီးတော့ ဘ၀ ကို ပိုကောင်းအောင်လုပ်နိုင်တဲ့ အခွင့်အရေး လည်း အမြဲတမ်း ရှိပါတယ်။
ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက် လိုက်ပါ
ဘ၀ နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင် အတွေး တွေ ရှိနေဆဲပဲ။ အဲဒီ အတွေး တွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘဝရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘဝကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘဝကိုသင် မချစ်ဘူး လို့ ပြောလေလေ၊ အဲဒီ အနှုတ် လက္ခဏာ အတွေး တွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘ ဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀ နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။
ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာ မရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကိုသင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက် တွန်းအား တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။
ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။
၄။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့် အလုပ် တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။
၅။ ဘဝဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ် ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။
၆။ အကောင်းမြင် တတ်သူတွေနဲ့ ပေါင်းသင်း ပါ
သင် အမြဲ ပေါင်းသင်း နေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။
အကယ်၍ သင့် အပေါင်းအသင်း တွေဟာ အဆိုးမြင် တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီ အတွေး တွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။
၇။ အခြားသူတွေကို ကူညီ ပါ
အခြားသူတွေကို များများ ကူညီ လေ၊ သင့်ရဲ့ဘ၀ နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။
၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာ တွေရဲ့အလုပ် က – သင့်ဘဝဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အဝတ်အစား တွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ဝယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီ အလိမ်အညာ တွေကို လက်မခံမိပါစေနဲ့။
၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုး ထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။
ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘဝကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။
၁၀။ ဘဝရဲ့သာယာ ပျော်ရွှင်မှု တွေ၊ အခွင့်အရေး တွေကို ရယူူပါ
အခု သင့်မှာ အခွင့်အရေး ရှိပါသေးတယ်- ဘ၀ ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ ကို ချစ်မြတ်နိုးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:original uploder