“ျကိုးစားရင္ ဘာမဆို ျဖစ္နိုင္တယ္” ဆိုတဲ႔စကားေလး ျကားေတာ့ က်ေတာ့္ ငယ္သူငယ္ခ်င္းတစ္ေယာက္ကိုေျပးျမင္မိတယ္ …

သူ႕မိသားစုက ခ်ိဳ႕တဲ႔တယ္ … မိဘေတြကလဲ ပညာမတတ္ဘူး .. ဒီအတြက္ေျကာင့္လဲ သူက ပိုပီး ျကိုးစားတယ္ထင္ပါရဲ႕ … ငယ္ငယ္ကတည္းက စာေတာ္တယ္ … သူမ်ားေတြအိပ္ခ်ိန္ သူမအိပ္ဘူး .. စာျကည့္တယ္ … သူမ်ားေတြ အားလပ္ခ်ိန္ကစားေနရင္ သူက အိမ္ဆိုင္ေလးကို ေစ်းကူေရာင္းေပးရတယ္ … ဒါေတာင္မွ သူက အတန္းထဲမွာ အျမဲ အဆင့္ တစ္ နွစ္ သံုး ဝင္တယ္ …

ဒီလိုနဲ႕ ဆယ္တန္းေအာင္ေတာ့ သူ႕ အမွတ္က ေဆးေက်ာင္းဝင္တယ္ …ေဆးေက်ာင္းတက္ဖို႕ကို အိမ္က ဆိုင္ကယ္ေလးကို ေရာင္းခဲ႔ရေသးတယ္ … ေဆးေက်ာင္း ပထမနွစ္မွာပဲ သူ႕ အေဖ ဆံုးတယ္ … အေမအို နဲ႕ သူ႕ ညီ ညီမ ေတြပဲ က်န္တယ္ .. ေမာင္နွမ ၄ ေယာက္ထဲ သူက အျကီးဆံုး … ဒါေပမယ့္ သူ႕ဘဝသူ ဘယ္ေတာ့မွ အေလ်ွာ့မေပးဘူး .. “အကိုျကီးေတာ့ အဖရာ” ဆိုတဲ႔စိတ္ဓါတ္နဲ႕ ျကိုးစားတယ္ … သူ႕မွာ ေဆးေက်ာင္း တစ္ဘက္ … အိမ္အတြက္ တစ္ဘက္ နဲ႕ သူ႕ညီ ညီမေတြ ေက်ာင္းစရိတ္ဖိုးကိုပါ ဆယ္တန္းေတြကို က်ဴရွင္ျပန္သင္ရင္း ရွာရျပန္တယ္ … ည ေတြထိ guide လိုက္သင္ မနက္ဆို ေစာေစာထ စာျကည့္ နဲ႕ ရုန္းကန္ခဲ႔တယ္ … ဒါလဲ မိသားစု စားရရံုေလာက္ပဲ ရရွာတာပါ …

သူ ေဆးေက်ာင္းမွာ ဂုဏ္ထူး မပါေပမယ့္ တစ္နွစ္တစ္တန္းေတာ့ ပံုမွန္ေအာင္တယ္ … ေဆးေက်ာင္းပီး အလုပ္သင္ဆင္း .. ဘြဲ႕ရပီးတာနဲ႕ ေနာက္ရက္ပဲ သူငယ္ခ်င္းတစ္ေယာက္ဆီက ေငြတိုးနဲ႕ ပိုက္ဆံေခ်းပီး ကိုယ္ပိုင္ေဆးခန္းေသးေသးေလးလဲ ဖြင့္တယ္ … ဒါေပမယ့္ သူရသမ်ွ ေဆးခန္းဝင္ေငြကလဲ တစ္အိမ္လံုးကို ေထာက္ပံ႔ရရံုေလာက္ပဲရွိတာ … ျကီးပြားမလာပါဘူး …

ဒါနဲ႕ ထပ္ပီး အားတဲ႔ခ်ိန္ အျပင္ေဆးရံုမွာပါ ထပ္လုပ္တယ္ …ရသမ်ွ duty relieving သူယူတယ္… ေန႕မအိပ္ ညမအိပ္ျကိုးစားတယ္ေပါ့ … လခေလးေတြစုမိလာတယ္ … ရတဲ႔လခနဲ႕ အေျကြးျပန္ဆပ္ပီး နွစ္အနည္းငယ္ျကာေတာ့ သူပိုက္ဆံေတာ္ေတာ္စုမိလာတယ္ …

စုထားသမ်ွ ပိုက္ဆံေတြနဲ႕ သူ အလုပ္တစ္ခုမွာ ရွယ္ယာ ဝင္တယ္ … တျဖည္းျဖည္းနဲ႕ သူရွယ္ယာဝင္ထားတဲ႔ အလုပ္ဟာ ေအာင္ျမင္လာပီး သူလဲ ခ်မ္းသာသြားတယ္ …. သူ႕မိသားစုလဲ ျပံဳးလို႕ေပ်ာ္လို႔ေပါ့ ….

အဲ႔လို မထင္ပါနဲ႕ … ဘဝဟာ ျမန္မာကားမဟုတ္ပါဘူး …အမွန္ေတာ့ သူ ရွယ္ယာဝင္ထားတဲ႔အလုပ္ဟာ ခြပ္ခြပ္လန္ေအာင္ ရႈံးပါတယ္ … သူလဲရုန္းကန္ရျမဲ သူ႕မိသားစုလဲ ဆင္းရျမဲပါပဲ … စုထားသမ်ွ ပိုက္ဆံ ပလံုသြားတယ္ … ဒါေပမယ့္ က်ေတာ့္ သူငယ္ခ်င္းဟာ အရံႈးမေပးပါဘူး …မဆုတ္မနစ္ဇြဲနဲ႕ ဆက္ျကိုးစားပါတယ္ …

စီးပြါးေရးလုပ္ဖို႕ကို လက္တြန္႕သြားခဲ႔ေပမယ့္ “ပညာေရးမွာ ထပ္ျကိုးစားမယ္ အထူးကုျဖစ္ေအာင္ လုပ္မယ္ …ငါ့ ပညာနဲ႕ငါ့မိသားစုကို ရွာေကြ်းမယ္ကြ” ဆိုပီး အစိုးရလက္ေထာက္ဆရာဝန္ရာထူး posting ဝင္ပါတယ္ … အစိုးရဝန္ထမ္း လက္ေထာက္ဆရာဝန္ ့ျဖစ္သြားတာမို႕အျပင္ေဆးရံုမွာထက္ လခ ထက္ဝက္ေက်ာ္ နည္းေပမယ့္ အထူးကု ျဖစ္ဖို႕ အခြင့္အေရးကလဲ ဒီတခုပဲရွိတာကိုး … ရတဲ႔အခ်ိန္ ေဆးခန္း relieving ေလးေတြလဲ ပတ္ထိုင္ပါေသးတယ္ …

အဲ႔ေလာက္ျကိုးစားတဲ႔ က်ေတာ့္ သူငယ္ခ်င္းဟာ msc entrance (အထူးကုဝင္ခြင့္) ဝင္ေျဖတဲ႔အခါမွာေတာ့ပထမတျကိမ္တည္းနဲ႕ပဲ .. မေအာင္ပါဘူး … ဟုတ္ကဲ႔ဲ ျမန္မာကားမဟုတ္တဲ႔အတြက္ msc entrance လဲ တခါတည္းနဲ႕ ေအာင္ဖို႕ မလြယ္ပါဘူးခင္ဗ် … ဒါေပမယ့္ သူ အရံႈးမေပးပါဘူး … ထပ္ျကိုးစားတယ္ …ေနာက္တနွစ္ … မေအာင္ဘူး … ေနာက္တခါ ထပ္ေျဖတယ္ … မေအာင္ဘူး … ဘာသာ ေျပာင္းေျဖတယ္ … မေအာင္ဘူး … ထပ္ေျဖတယ္ … မေအာင္ဘူး …

အဲ႔လို မဆုတ္မႏွစ္ဇြဲနဲ႕ ျကိုးျကိုးစားစား အျကိမ္ျကိမ္ေျဖပီး ေနာက္ဆံုးမွာေတာ့ က်ေတာ့္ သူငယ္ခ်င္းဟာ … တေန႕မွာေတာ့ က်ေတာ့္ဆီကို ဝမ္းသာအားရ ဖုန္းဆက္လာပါတယ္ …

“ဟေရာင္ … ငါ … ငါေလ .. ငါ ငါ …” “ဟမ္ ဘာလဲဟ ..မင္း စာေမးပြဲေအာင္ပီလား .. ဝမ္းသာတာကြာ ” လို႕ က်ေတာ္ေျပာလိုက္ေတာ့ … “ဟိုေလ … ငါ… ငါ… ငါေလ ..” “သားျကီး စိတ္ေအးေအးထားပီး ေအးေဆးေျပာပါဟ .. ဘာျဖစ္လို႕လဲဟ… ငါပါရင္တုန္လာပီ… ” “ငါ ငါ … ငါ သိန္း ၅ေထာင္ ထီေပါက္တယ္ဟ…. သိန္း ၅ ေထာင္ေတာင္ဟ … သိန္းငါးေထာင္ ” . .”ဟာ .. ဝမ္းသာတာကြာ ..တကယ္ျကီးလား ” “တကယ္ဟ တကယ္ …” အဲ႔လိုနဲ႕ သူ တကယ္ကို သိန္း ၅ေထာင္ ထီဆု ေပါက္ခဲ႔တယ္ ..

ေနာက္တစ္လေလာက္ေနေတာ့ သူ လက္ေထာက္ဆရာဝန္ အလုပ္လဲ ထြက္လိုက္တယ္ … ထီေပါက္တဲ႔ ပိုက္ဆံနဲ႕ အိမ္ေတြ ကားေတြဝယ္တယ္ … ေဆးဆိုင္န႔ဲေဆးခန္းေလး ဖြင့္ထားတယ္ … အလွဴေလး ဘာေလး လုပ္တယ္ေပါ့… သူ႕မိသားစုလဲ သူနဲ႕တူတူ အဲ႔အိမ္ျကီးမွာ အားလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေအးေအးခ်မ္းခ်မ္း ေနေနျကတယ္ … က်ေတာ့္သူငယ္ခ်င္းလဲ တသက္လံုးျကိုးစားလာလိုက္တာ ထီေပါက္မွပဲ သူ႕ဘဝ အဆင္ေျပသြားေတာ့တယ္ ..

ေျပာခ်င္တာကေတာ့ ခင္ဗ်ားဘယ္ေလာက္ျကိုးစားျကိုးစား ဘယ္ေလာက္ ရုန္းကန္ ရုန္းကန္ ေစာက္ကံမပါရင္ ဘာမွျဖစ္မလာဘူးဆိုတာပါပဲ ….သိဘို႕ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Doc Yan

#Unicode Version# ျဖင့္ဖတ္ပါ ။

“ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်” ဆိုတဲ့စကားလေး ကြားတော့ ကျတော့် ငယ်သူငယ်ချင်းတစ်ယောက်ကိုပြေးမြင်မိတယ် …

သူ့မိသားစုက ချို့တဲ့တယ် … မိဘတွေကလဲ ပညာမတတ်ဘူး .. ဒီအတွက်ကြောင့်လဲ သူက ပိုပီး ကြိုးစားတယ်ထင်ပါရဲ့ … ငယ်ငယ်ကတည်းက စာတော်တယ် … သူများတွေအိပ်ချိန် သူမအိပ်ဘူး .. စာကြည့်တယ် … သူများတွေ အားလပ်ချိန်ကစားနေရင် သူက အိမ်ဆိုင်လေးကို ဈေးကူရောင်းပေးရတယ် … ဒါတောင်မှ သူက အတန်းထဲမှာ အမြဲ အဆင့် တစ် နှစ် သုံး ဝင်တယ် …

ဒီလိုနဲ့ ဆယ်တန်းအောင်တော့ သူ့ အမှတ်က ဆေးကျောင်းဝင်တယ် …ဆေးကျောင်းတက်ဖို့ကို အိမ်က ဆိုင်ကယ်လေးကို ရောင်းခဲ့ရသေးတယ် … ဆေးကျောင်း ပထမနှစ်မှာပဲ သူ့ အဖေ ဆုံးတယ် … အမေအို နဲ့ သူ့ ညီ ညီမ တွေပဲ ကျန်တယ် .. မောင်နှမ ၄ ယောက်ထဲ သူက အကြီးဆုံး … ဒါပေမယ့် သူ့ဘဝသူ ဘယ်တော့မှ အလျှော့မပေးဘူး .. “အကိုကြီးတော့ အဖရာ” ဆိုတဲ့စိတ်ဓါတ်နဲ့ ကြိုးစားတယ် … သူ့မှာ ဆေးကျောင်း တစ်ဘက် … အိမ်အတွက် တစ်ဘက် နဲ့ သူ့ညီ ညီမတွေ ကျောင်းစရိတ်ဖိုးကိုပါ ဆယ်တန်းတွေကို ကျူရှင်ပြန်သင်ရင်း ရှာရပြန်တယ် … ည တွေထိ guide လိုက်သင် မနက်ဆို စောစောထ စာကြည့် နဲ့ ရုန်းကန်ခဲ့တယ် … ဒါလဲ မိသားစု စားရရုံလောက်ပဲ ရရှာတာပါ …

သူ ဆေးကျောင်းမှာ ဂုဏ်ထူး မပါပေမယ့် တစ်နှစ်တစ်တန်းတော့ ပုံမှန်အောင်တယ် … ဆေးကျောင်းပီး အလုပ်သင်ဆင်း .. ဘွဲ့ရပီးတာနဲ့ နောက်ရက်ပဲ သူငယ်ချင်းတစ်ယောက်ဆီက ငွေတိုးနဲ့ ပိုက်ဆံချေးပီး ကိုယ်ပိုင်ဆေးခန်းသေးသေးလေးလဲ ဖွင့်တယ် … ဒါပေမယ့် သူရသမျှ ဆေးခန်းဝင်ငွေကလဲ တစ်အိမ်လုံးကို ထောက်ပံ့ရရုံလောက်ပဲရှိတာ … ကြီးပွားမလာပါဘူး …

ဒါနဲ့ ထပ်ပီး အားတဲ့ချိန် အပြင်ဆေးရုံမှာပါ ထပ်လုပ်တယ် …ရသမျှ duty relieving သူယူတယ်… နေ့မအိပ် ညမအိပ်ကြိုးစားတယ်ပေါ့ … လခလေးတွေစုမိလာတယ် … ရတဲ့လခနဲ့ အကြွေးပြန်ဆပ်ပီး နှစ်အနည်းငယ်ကြာတော့ သူပိုက်ဆံတော်တော်စုမိလာတယ် …

စုထားသမျှ ပိုက်ဆံတွေနဲ့ သူ အလုပ်တစ်ခုမှာ ရှယ်ယာ ဝင်တယ် … တဖြည်းဖြည်းနဲ့ သူရှယ်ယာဝင်ထားတဲ့ အလုပ်ဟာ အောင်မြင်လာပီး သူလဲ ချမ်းသာသွားတယ် …. သူ့မိသားစုလဲ ပြုံးလို့ပျော်လို့ပေါ့ ….

အဲ့လို မထင်ပါနဲ့ … ဘဝဟာ မြန်မာကားမဟုတ်ပါဘူး …အမှန်တော့ သူ ရှယ်ယာဝင်ထားတဲ့အလုပ်ဟာ ခွပ်ခွပ်လန်အောင် ရှုံးပါတယ် … သူလဲရုန်းကန်ရမြဲ သူ့မိသားစုလဲ ဆင်းရမြဲပါပဲ … စုထားသမျှ ပိုက်ဆံ ပလုံသွားတယ် … ဒါပေမယ့် ကျတော့် သူငယ်ချင်းဟာ အရှုံးမပေးပါဘူး …မဆုတ်မနစ်ဇွဲနဲ့ ဆက်ကြိုးစားပါတယ် …

စီးပွါးရေးလုပ်ဖို့ကို လက်တွန့်သွားခဲ့ပေမယ့် “ပညာရေးမှာ ထပ်ကြိုးစားမယ် အထူးကုဖြစ်အောင် လုပ်မယ် …ငါ့ ပညာနဲ့ငါ့မိသားစုကို ရှာကျွေးမယ်ကွ” ဆိုပီး အစိုးရလက်ထောက်ဆရာဝန်ရာထူး posting ဝင်ပါတယ် … အစိုးရဝန်ထမ်း လက်ထောက်ဆရာဝန့်ဖြစ်သွားတာမို့အပြင်ဆေးရုံမှာထက် လခ ထက်ဝက်ကျော် နည်းပေမယ့် အထူးကု ဖြစ်ဖို့ အခွင့်အရေးကလဲ ဒီတခုပဲရှိတာကိုး … ရတဲ့အချိန် ဆေးခန်း relieving လေးတွေလဲ ပတ်ထိုင်ပါသေးတယ် …

အဲ့လောက်ကြိုးစားတဲ့ ကျတော့် သူငယ်ချင်းဟာ msc entrance (အထူးကုဝင်ခွင့်) ဝင်ဖြေတဲ့အခါမှာတော့ပထမတကြိမ်တည်းနဲ့ပဲ .. မအောင်ပါဘူး … ဟုတ်ကဲ့ဲ မြန်မာကားမဟုတ်တဲ့အတွက် msc entrance လဲ တခါတည်းနဲ့ အောင်ဖို့ မလွယ်ပါဘူးခင်ဗျ … ဒါပေမယ့် သူ အရှုံးမပေးပါဘူး … ထပ်ကြိုးစားတယ် …နောက်တနှစ် … မအောင်ဘူး … နောက်တခါ ထပ်ဖြေတယ် … မအောင်ဘူး … ဘာသာ ပြောင်းဖြေတယ် … မအောင်ဘူး … ထပ်ဖြေတယ် … မအောင်ဘူး …

အဲ့လို မဆုတ်မနှစ်ဇွဲနဲ့ ကြိုးကြိုးစားစား အကြိမ်ကြိမ်ဖြေပီး နောက်ဆုံးမှာတော့ ကျတော့် သူငယ်ချင်းဟာ … တနေ့မှာတော့ ကျတော့်ဆီကို ဝမ်းသာအားရ ဖုန်းဆက်လာပါတယ် …

“ဟရောင် … ငါ … ငါလေ .. ငါ ငါ …” “ဟမ် ဘာလဲဟ ..မင်း စာမေးပွဲအောင်ပီလား .. ဝမ်းသာတာကွာ ” လို့ ကျတော်ပြောလိုက်တော့ … “ဟိုလေ … ငါ… ငါ… ငါလေ ..” “သားကြီး စိတ်အေးအေးထားပီး အေးဆေးပြောပါဟ .. ဘာဖြစ်လို့လဲဟ… ငါပါရင်တုန်လာပီ… ” “ငါ ငါ … ငါ သိန်း ၅ထောင် ထီပေါက်တယ်ဟ…. သိန်း ၅ ထောင်တောင်ဟ … သိန်းငါးထောင် ” . .”ဟာ .. ဝမ်းသာတာကွာ ..တကယ်ကြီးလား ” “တကယ်ဟ တကယ် …” အဲ့လိုနဲ့ သူ တကယ်ကို သိန်း ၅ထောင် ထီဆု ပေါက်ခဲ့တယ် ..

နောက်တစ်လလောက်နေတော့ သူ လက်ထောက်ဆရာဝန် အလုပ်လဲ ထွက်လိုက်တယ် … ထီပေါက်တဲ့ ပိုက်ဆံနဲ့ အိမ်တွေ ကားတွေဝယ်တယ် … ဆေးဆိုင်နဲ့ဆေးခန်းလေး ဖွင့်ထားတယ် … အလှူလေး ဘာလေး လုပ်တယ်ပေါ့… သူ့မိသားစုလဲ သူနဲ့တူတူ အဲ့အိမ်ကြီးမှာ အားလုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေနေကြတယ် … ကျတော့်သူငယ်ချင်းလဲ တသက်လုံးကြိုးစားလာလိုက်တာ ထီပေါက်မှပဲ သူ့ဘဝ အဆင်ပြေသွားတော့တယ် ..

ပြောချင်တာကတော့ ခင်ဗျားဘယ်လောက်ကြိုးစားကြိုးစား ဘယ်လောက် ရုန်းကန် ရုန်းကန် စောက်ကံမပါရင် ဘာမှဖြစ်မလာဘူးဆိုတာပါပဲ ….သိဘို့ …

ဖိုးသူတော် (www.phothutaw.com)
Credit: Doc Yan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top