လူ တိုင္း ေနာက္ေက်ာ တစ္ေနရာရာ မွာ နာက်င္ တတ္ပါတယ္ ။

နာက်င္တယ္ ဆိုတာ မရွိတဲ့ သူေတြဟာ တစ္မူ ထူးျခားတဲ့ သူေတြပဲလို႔ ဝါရွင္တန္ တကၠသိုလ္မွ နာက်င္မႈကို သုေတသန ျပဳတဲ့ အဖြဲ႕မွာ ပါတဲ့ စိတ္ပညာ ဆရာ ဒင္းနစ္တပ္ ကဆိုတယ္ ။ အခ်ိဳ႕အတတ္ပညာ ဆိုင္ရာ အသက္ေမြး လမ္းေၾကာင္း အလုပ္သည္ လုပ္ငန္း ခြင္၌ လႈပ္ရွားမႈမ်ားေၾကာင့္ ေက်ာနာျခင္းအႏွံ႔အျပား ျဖစ္ေပၚ ေစတယ္လို႔ စက္မႈ လုပ္ငန္းႏွင့္ ဆိုင္ေသာ ေဆးပညာဂ်ာနယ္ အရ သိရသည္ ။

ေဆာက္လုပ္ေရး သမားေတြ ၊ လက္သမား ဆရာေတြ ၊ ထရပ္ကား ေမာင္းသူေတြ ၊ လယ္သမားေတြ ၊ သူနာျပဳေတြ ၊ အိမ္ေဖာ္ေတြ ၊ သန႔္ရွင္းေရး သမားေတြ ၊ ဆံသ သမားေတြနဲ႔ ဆံပင္ အလွျပင္သူေတြဟာ ေနာက္ေက်ာနာ ၊ ခါးနာ ျဖစ္တတ္ ၾကတယ္လို႔ ဆိုတယ္ ။ သမာ႐ိုးက် ကုသနည္း တစ္ခု ဒါမွမဟုတ္ ႏွစ္ခုနဲ႔ လူအမ်ားစုဟာ သက္သာသြား ၾကပါတယ္ ။ ကုသနည္း ရွစ္မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္ ။ စမ္းၾကည့္သင့္ပါတယ္ ။
မိမိကိုယ္ကို ျပဳစုေစာင့္ေရွာက္ျခင္း

ေလးတဲ့ ပစၥည္းကို မတင္လိုက္တဲ့ အခါမွာ သင့္ေနာက္ေက်ာက နာက်င္လာရင္ ဆရာဝန္ေတြက ဒီစူးရွတဲ့ နာက်င္မႈကို သက္သာေအာင္ အက္စပရင္လို နာက်င္ ကိုက္ခဲ သက္သာတဲ့ ေဆးေတြေပးတယ္ ။ ဒီနာက်င္မႈဟာ ျပန္ျပန္ၿပီး ျဖစ္ေနရင္ ဆရာဝန္ေတြက နာတဲ့ ေနရာမွာ ေရခဲ တင္ရမယ္လို႔ အႀကံျပဳတယ္ ။

တစ္ခါတင္ရင္ ၁၅ မိန စ္၊ တစ္ေန႔မွာ သုံးႀကိမ္မွ ငါးႀကိမ္ထိ တင္ဖို႔ ေျပာပါတယ္ ။ နာက်င္မႈဟာ ရက္အနည္းငယ္ ၾကာလာရင္ ေရခဲအစား ေရေႏြးအိတ္ ကပ္ေပးပါ ။ လုပ္ေနက် လႈပ္ရွားမႈ ေတြကို တတ္ႏိုင္ သေလာက္ ဆက္လုပ္ပါ ။

ေနာက္ထပ္ ျဖစ္လာမွာကို ကာကြယ္တဲ့ အေနနဲ႔ ခိုင္မာတဲ့ ေမြ႕ရာေပၚမွာ နံေဘး ေစာင္းၿပီး ေခြအိပ္ပါ ။ ဒူးႏွစ္ဘက္ၾကား ေခါင္းအုံးရွည္ထားပါ ။
စာေရးသူရဲ႕ ကိုယ္ေတြ႕

ခါးနာ တတ္တဲ့ ကြၽန္မ အိပ္ရာေပၚမွာ ပက္လက္အိပ္တာထက္ အထက္ပါအတိုင္း အိပ္တာ သက္သာ တယ္လို႔ ကိုယ္ေတြ႕ ခံစားရတယ္ ။ ကိုယ့္ခါးကို ေထာက္ပင့္တဲ့ ကုလားထိုင္မ်ိဳးကို ေ႐ြးခ်ယ္ပါ။ ေဝဒနာကို ပိုဆိုးေစတဲ့ အျပဳအမူ ေတြကို ျပန္စဥ္းစားပါ။ အၾကာႀကီး ထိုင္ျခင္း ၊ ေလးတဲ့ ပစၥည္းမျခင္းနဲ႔ ကိုယ့္ကိုယ္ကို ပူပင္ ေသာကမ်ားေစျခင္း တို႔ဟာ ခါးနာျခင္းကို ျဖစ္ေစတယ္လို႔ သိရတယ္ ။

ကာယ ေလ့က်င့္ခန္း

အိပ္ရာထဲမွာ လွဲေနရင္ ေကာင္းမယ္လို႔ သင္ခံစား မိေပမဲ့ မွန္မွန္ ကာယေလ့က်င့္ခန္းက ခါးနာမႈအတြက္ အေကာင္းဆုံး နည္းျဖစ္တယ္ ။ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းကို သင္ေရွာင္သင့္တဲ့အခ်ိန္ဟာ စူးရွတဲ့ နာက်င္မႈကို ျဖစ္တဲ့ ပထမေန႔ရက္ တခ်ိဳ႕ျဖစ္တယ္ ။

တတ္ႏိုင္သမွ် လႈပ္ရွားရတဲ့အလုပ္ကို လုပ္တဲ့ သူေတြဟာ အေကာင္းဆုံး ျပန္ေကာင္းတယ္ ဆိုတာကို ေလ့လာေရးေတြက ေတြ႕ရွိတယ္။ ေအ႐ိုးဗစ္ေလ့က်င့္ခန္းကို လွ်င္ျမန္တက္ႂကြစြာ လမ္းေလွ်ာက္ျခင္းနဲ႔ သင့္ေနာက္ေၾကာနဲ႔ ဝမ္းဗိုက္ႂကြက္သားေတြကို အားျဖည့္ဖို႔ ေနာက္ေၾကာဆန႔္တဲ့ ေလ့က်င့္ခန္းကို လုပ္ဖို႔ ကြၽမ္းက်င္သူေတြက ဆိုတယ္။

သက္ေတာင့္ သက္သာေနျခင္း နည္းနိႆယ

စိတ္ဖိစီးမႈက သင့္ခႏၶာကိုယ္ကို ေတာင့္တင္းေစၿပီး ခါးနာျခင္းကို ပိုဆိုးဝါးေစတယ္လို႔ ဝါရွင္တန္တကၠသိုလ္မွ အထူးကု ဆရာဝန္ရစ္ခ်တ္ဒီယိုက ဆိုတယ္။ သက္ေတာင့္သက္သာေနျခင္း နည္းနိႆယေတြက နာက်င္မႈကို ျဖစ္ေစတဲ့ ဖိစီးမႈေတြကို ေပ်ာက္သြားေအာင္ ကူညီေပးႏိုင္တယ္။

ကမၼာဌာန္းထိုင္ျခင္းနဲ႔ အိပ္ေမြ႕ခ်ျခင္းကဲ့သို႔ေသာ နည္းလမ္းမ်ားက ျပင္းထန္တဲ့ နာက်င္မႈကို သက္သာေစတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုတယ္။ ဒီနည္းေတြက သင့္ရဲ႕နာဗ္ေၾကာစနစ္ကို သက္ေတာင့္သက္သာျဖစ္ေစပုံရေၾကာင္း သိပၸံပညာရွင္ေတြကဆိုတယ္။ သက္ေတာင့္သက္ သာျဖစ္ေစတဲ့ နည္းနာအခ်ိဳ႕ျဖစ္တဲ့ ေယာဂက်င့္စဥ္နဲ႔ တိုက္ခ်ိတို႔ကလည္း အက်ိဳးရွိတဲ့ ေလ့က်င့္ခန္းမ်ားျဖစ္တယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

လူ တိုင်း နောက်ကျော တစ်နေရာရာ မှာ နာကျင် တတ်ပါတယ် ။

နာကျင်တယ် ဆိုတာ မရှိတဲ့ သူတွေဟာ တစ်မူ ထူးခြားတဲ့ သူတွေပဲလို့ ဝါရှင်တန် တက္ကသိုလ်မှ နာကျင်မှုကို သုတေသန ပြုတဲ့ အဖွဲ့မှာ ပါတဲ့ စိတ်ပညာ ဆရာ ဒင်းနစ်တပ် ကဆိုတယ် ။ အချို့အတတ်ပညာ ဆိုင်ရာ အသက်မွေး လမ်းကြောင်း အလုပ်သည် လုပ်ငန်း ခွင်၌ လှုပ်ရှားမှုများကြောင့် ကျောနာခြင်းအနှံ့အပြား ဖြစ်ပေါ် စေတယ်လို့ စက်မှု လုပ်ငန်းနှင့် ဆိုင်သော ဆေးပညာဂျာနယ် အရ သိရသည် ။

ဆောက်လုပ်ရေး သမားတွေ ၊ လက်သမား ဆရာတွေ ၊ ထရပ်ကား မောင်းသူတွေ ၊ လယ်သမားတွေ ၊ သူနာပြုတွေ ၊ အိမ်ဖော်တွေ ၊ သန့်ရှင်းရေး သမားတွေ ၊ ဆံသ သမားတွေနဲ့ ဆံပင် အလှပြင်သူတွေဟာ နောက်ကျောနာ ၊ ခါးနာ ဖြစ်တတ် ကြတယ်လို့ ဆိုတယ် ။ သမာရိုးကျ ကုသနည်း တစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့ လူအများစုဟာ သက်သာသွား ကြပါတယ် ။ ကုသနည်း ရှစ်မျိုးကို ဖော်ပြလိုက်ပါတယ် ။ စမ်းကြည့်သင့်ပါတယ် ။
မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း

လေးတဲ့ ပစ္စည်းကို မတင်လိုက်တဲ့ အခါမှာ သင့်နောက်ကျောက နာကျင်လာရင် ဆရာဝန်တွေက ဒီစူးရှတဲ့ နာကျင်မှုကို သက်သာအောင် အက်စပရင်လို နာကျင် ကိုက်ခဲ သက်သာတဲ့ ဆေးတွေပေးတယ် ။ ဒီနာကျင်မှုဟာ ပြန်ပြန်ပြီး ဖြစ်နေရင် ဆရာဝန်တွေက နာတဲ့ နေရာမှာ ရေခဲ တင်ရမယ်လို့ အကြံပြုတယ် ။

တစ်ခါတင်ရင် ၁၅ မိန စ်၊ တစ်နေ့မှာ သုံးကြိမ်မှ ငါးကြိမ်ထိ တင်ဖို့ ပြောပါတယ် ။ နာကျင်မှုဟာ ရက်အနည်းငယ် ကြာလာရင် ရေခဲအစား ရေနွေးအိတ် ကပ်ပေးပါ ။ လုပ်နေကျ လှုပ်ရှားမှု တွေကို တတ်နိုင် သလောက် ဆက်လုပ်ပါ ။

နောက်ထပ် ဖြစ်လာမှာကို ကာကွယ်တဲ့ အနေနဲ့ ခိုင်မာတဲ့ မွေ့ရာပေါ်မှာ နံဘေး စောင်းပြီး ခွေအိပ်ပါ ။ ဒူးနှစ်ဘက်ကြား ခေါင်းအုံးရှည်ထားပါ ။
စာရေးသူရဲ့ ကိုယ်တွေ့

ခါးနာ တတ်တဲ့ ကျွန်မ အိပ်ရာပေါ်မှာ ပက်လက်အိပ်တာထက် အထက်ပါအတိုင်း အိပ်တာ သက်သာ တယ်လို့ ကိုယ်တွေ့ ခံစားရတယ် ။ ကိုယ့်ခါးကို ထောက်ပင့်တဲ့ ကုလားထိုင်မျိုးကို ရွေးချယ်ပါ။ ဝေဒနာကို ပိုဆိုးစေတဲ့ အပြုအမူ တွေကို ပြန်စဉ်းစားပါ။ အကြာကြီး ထိုင်ခြင်း ၊ လေးတဲ့ ပစ္စည်းမခြင်းနဲ့ ကိုယ့်ကိုယ်ကို ပူပင် သောကများစေခြင်း တို့ဟာ ခါးနာခြင်းကို ဖြစ်စေတယ်လို့ သိရတယ် ။

ကာယ လေ့ကျင့်ခန်း

အိပ်ရာထဲမှာ လှဲနေရင် ကောင်းမယ်လို့ သင်ခံစား မိပေမဲ့ မှန်မှန် ကာယလေ့ကျင့်ခန်းက ခါးနာမှုအတွက် အကောင်းဆုံး နည်းဖြစ်တယ် ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းကို သင်ရှောင်သင့်တဲ့အချိန်ဟာ စူးရှတဲ့ နာကျင်မှုကို ဖြစ်တဲ့ ပထမနေ့ရက် တချို့ဖြစ်တယ် ။

တတ်နိုင်သမျှ လှုပ်ရှားရတဲ့အလုပ်ကို လုပ်တဲ့ သူတွေဟာ အကောင်းဆုံး ပြန်ကောင်းတယ် ဆိုတာကို လေ့လာရေးတွေက တွေ့ရှိတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းကို လျှင်မြန်တက်ကြွစွာ လမ်းလျှောက်ခြင်းနဲ့ သင့်နောက်ကြောနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အားဖြည့်ဖို့ နောက်ကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖို့ ကျွမ်းကျင်သူတွေက ဆိုတယ်။

သက်တောင့် သက်သာနေခြင်း နည်းနိဿယ

စိတ်ဖိစီးမှုက သင့်ခန္ဓာကိုယ်ကို တောင့်တင်းစေပြီး ခါးနာခြင်းကို ပိုဆိုးဝါးစေတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ အထူးကု ဆရာဝန်ရစ်ချတ်ဒီယိုက ဆိုတယ်။ သက်တောင့်သက်သာနေခြင်း နည်းနိဿယတွေက နာကျင်မှုကို ဖြစ်စေတဲ့ ဖိစီးမှုတွေကို ပျောက်သွားအောင် ကူညီပေးနိုင်တယ်။

ကမ္မာဌာန်းထိုင်ခြင်းနဲ့ အိပ်မွေ့ချခြင်းကဲ့သို့သော နည်းလမ်းများက ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုတယ်။ ဒီနည်းတွေက သင့်ရဲ့နာဗ်ကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပုံရကြောင်း သိပ္ပံပညာရှင်တွေကဆိုတယ်။ သက်တောင့်သက် သာဖြစ်စေတဲ့ နည်းနာအချို့ဖြစ်တဲ့ ယောဂကျင့်စဉ်နဲ့ တိုက်ချိတို့ကလည်း အကျိုးရှိတဲ့ လေ့ကျင့်ခန်းများဖြစ်တယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top