မွန္ရာကုိ သစၥာဆုိပါမည္
ဦးမဲလံုး ေဒါသထြက္ေနတယ္။ သူ႔သား ေျခာက္ေယာက္စလံုးကုိ တန္းစီခိုင္းထားျပီး စစ္ေမးေနတယ္… …
“အိမ္သာကုိ တြန္းလွဲပစ္တာ ဘယ္သူလဲ” ဘယ္သူမွ ျပန္မေျဖဘူး ထပ္ေမးတယ္… …
“အိမ္သာကုိ တြန္းလွဲပစ္တာ ဘယ္သူလဲ”ဒါလည္း ဘယ္သူမွ ျပန္မေျဖဘူး။ ဆိုေတာ့ ဦးမဲလံုးက ဆက္ေျပာတယ္…
“မင္းတို႔ကုိ ဟိုဘက္အိမ္က ေမာင္ေက်းညိဳေလးအေၾကာင္း ေျပာျပမယ္၊ တခါက အဲဒီေမာင္ေက်းညိဳေလးဟာ သူ႔အိမ္ေရွ႕ က တမာပင္ကုိ ဓားနဲ႔ခုတ္လွဲပစ္တယ္၊ သူ႔အေဖက ဘယ္သူခုတ္တာလဲလို႔ေမးေတာ့ ေမာင္ေက်းညိဳေလးက သူခုတ္တာ ပါလို႔ အမွန္အတိုင္း ေျဖလုိက္တယ္၊ အဲဒီလို အမွန္ေျပာေတာ့ သူ႔အေဖက မရိုက္ဘူးကြ”
ျပီးတာနဲ႔ ခုနေမးခြန္းကုိ ျပန္ေမးတယ္…
“အိမ္သာကုိ တြန္းလွဲပစ္တာ ဘယ္သူလဲ”အဲဒီမွာ တတိယ အငယ္ဆံုးသားက ျပန္ေျဖတယ္.. …
“က်ေနာ္ တြန္းလွဲတာပါ”…ဆိုေတာ့ ဦးမဲလံုးက အဲဒီသားကုိ ဆြဲထုတ္ျပီး ရုိက္ပါေလေရာ။ သားေလးက ငိုရင္းနဲ႔ ေမးတယ္
“ေက်းညိဳအျပစ္လုပ္တယ္၊ အမွန္ကုိ သူဝန္ခံတယ္၊ သူ႔အေဖ မရိုက္ဘူး၊ က်ေနာ္အျပစ္လုပ္တယ္၊ အမွန္ကုိဝန္ခံတယ္၊ က်ေနာ့္ကုိ အေဖရုိက္တယ္”
ဒီေတာ့ ဦးမဲလံုးက ျပန္ေျပာတယ္… …
“ေက်းညိဳ တမာပင္ ခုတ္လွဲတုန္းက သူ႔အေဖက တမာပင္ေပၚမွာ ငုတ္တုတ္ထိုင္မေနဘူးကြ”… တ့ဲ
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thanlay Ko
# Unicode Version # ျဖင့္ ဖတ္ပါ #
ဦးမဲလုံး ဒေါသထွက်နေတယ်။ သူ့သား ခြောက်ယောက်စလုံးကို တန်းစီခိုင်းထားပြီး စစ်မေးနေတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ” ဘယ်သူမှ ပြန်မဖြေဘူး ထပ်မေးတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး။ ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်…
“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့ က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊ သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာ ပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”
ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်…
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.. …
“ကျနော် တွန်းလှဲတာပါ”…ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော။ သားလေးက ငိုရင်းနဲ့ မေးတယ်
“ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”
ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်… …
“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့
ဖိုးသူတော် (www.phothutaw.com)
Credit:Thanlay Ko