တြယ္တာမႈေတြ မရိွေအာင္ ကိုယ့္ကိုယ္ကိုဆင္ျခင္သံုးသပ္ဖို႔ စိတ္ဓာတ္အေနအထားေတြ ခိုင္မာဖို႔ဆိုျပီးေတာ့ ကိုယ့္စိတ္ကိုဘာနဲ႔ ေလ့က်င့္ရမလဲဆိုျပီး ျမတ္စြာဘုရားကရာဟုလာကိုေျပာတယ္။

“ရာဟုလာ တဲ့၊ မင္းရဲ႕ စိတ္ကေလးကို ေျမၾကီး နဲ႔ အလားတူေအာင္၊ ေျမၾကီးကဲ့သို႔ ခိုင္မာရင့္က်က္ေအာင္ စိတ္ကေလးကိုေလ့က်င့္ပါ” တဲ့။

ေျမၾကီးက ဘာလုိ႔လဲဆိုရင္ ဘုန္းၾကီးတို႔တစ္ေတြ ေျမၾကီးေပၚမွာ ေကာင္းတာလည္းခ်ၾကတယ္၊ မေကာင္းတာလည္း ခ်တယ္၊ သန္႔ရွင္းတာလည္း ခ်တယ္၊ ရြံစရာေတြလည္းခ်တယ္။

သန္႔ရွင္းတာပဲလာလာ ရြံစရာပဲလာလာ ေျမၾကီးက ေျပာင္းလဲမႈမရိွဘူး၊ တည္ျငိမ္တယ္ေပါ့။ ထို႔အတူပဲ မင္းရဲ႕စိတ္ကေလးကို တည္ျငိမ္ေအာင္ လုပ္လို႔ေျပာတာ။

မ်က္စိက အဆင္းအာ႐ုံကို ျမင္တဲ့အခါမွာ ေကာင္းတာေလးေတြ႔ရင္ ၾကိဳက္လိုက္တာ၊ မေကာင္းတာေလးေတြ႔ရင္ မုန္းလုိက္တာဆိုေတာ့ မျဖစ္ေစရဘူးလို႔ ဒီလိုေျပာတယ္။ အဲဒီလိုမျဖစ္ဘူးဆိုရင္ စိတ္က တည္ျငိမ္သြားတယ္။

ေကာင္းမေကာင္း ၾကိဳက္မၾကိဳက္ အေပၚမွာ ေလာဘလည္းမျဖစ္နဲ႔၊ ေဒါသလဲ မျဖစ္နဲ႔၊ ေျမၾကီးလို စိတ္ဓာတ္ ၾကံ့ခိုင္ေအာင္ ၾကိဳးစားအားထုတ္ရမယ္၊ ေဟာ ဒါ ေလ့က်င့္မႈတစ္ခု ျမတ္စြာဘုရားေပးတာ။

ေနာက္တစ္ခုက ဘာတုန္းဆိုရင္

ေရ နဲ႔ အလားတူေအာင္ ကိုယ့္စိတ္ကိုလည္းပဲ ေလ့က်င့္ေပးတဲ့။

ေရဆိုတာ အညစ္အေၾကးေတြးလည္း ေဆးေၾကာတာပဲ၊ စိန္တို႔ ေက်ာက္တုိ႔လည္း ေဆးတာပဲ၊ အေကာင္းလည္း ေဆးတာပဲ၊ လွပတဲ့ပန္းကေလးေတြလည္း ေရနဲ႔ေဆးတာပဲ။

ေရက အညစ္အေၾကးေတြ ေဆးရလို႔ သူက စိတ္ပ်က္တာ မရိွဘူး၊ အေကာင္းေဆးရလို႔လဲ ၀မ္းမသာနဲ႔၊ မေကာင္းတာေတြ႔လို႔လည္း ၀မ္းမနည္းနဲ႔၊ ေလာဘမျဖစ္နဲ႔၊ ေဒါသမျဖစ္နဲ႔။

ေလာဘ ေဒါသ မျဖစ္ေအာင္ ေရလို အလားတူခိုင္မာသြားေအာင္ စိတ္ကိုေလ့က်င့္ေပးပါတဲ့။

ေနာက္တစ္ခုက ဘာတုန္းဆိုရင္

မီး၊ မီးဆိုတာလည္း အတူတူပဲ၊ ေကာင္းတာလည္း ေလာင္လိုက္တာပဲ၊ မေကာင္းတာလည္း ေလာင္တာပဲ။ ေကာင္းတာက်ေတာ့ ေလာင္ခ်င္တယ္၊ မေကာင္းတာက်ေတာ့ မေလာင္ခ်င္ဘူးလို႔ မီးက ေခ်းမ်ားတာ မရိွဘူး။

အဲဒါလိုပဲ ကိုယ့္စိတ္ကေလးကို မီးနဲ႔အလားသ႑ာန္တူေအာင္ ၾကံ့ခိုင္ေအာင္ေလ့က်င့္ပါတဲ့။

အာ႐ုံေတြ ေတြ႔လာတဲ့အခါမွာ ႏွစ္သက္စရာေတြ႔လုိ႔လညး္ ေလာဘမျဖစ္နဲ႔၊ မႏွစ္သက္စရာအာ႐ုံ ေတြ႔လို႔လညး္ ေဒါသမျဖစ္နဲ႔၊ စိတ္ကေလးကို မီးကဲ့သို႔ တည္ျငိမ္မႈရေအာင္၊ ေတေဇာဓာတ္ကဲ့သို႔ တည္ျငိမ္မႈရေအာင္ ၾကိဳးစားအားထုတ္ပါတဲ့။

ေနာက္တစ္ခုက်ေတာ့

ေလ လို တည္ျငိမ္ေအာင္ ၾကိဳးစား၊ ေလက ဘယ္လို တည္ျငိမ္တာတုန္းဆိုရင္ ေလဟာလည္းပဲ ေကာင္းတာကိုလည္း တိုက္ခတ္တယ္၊ မေကာင္းတာကိုလည္း တိုက္ခတ္တယ္။

ဘယ္ဟာလဲျဖစ္ျဖစ္ ေလဟာ မေကာင္းတဲ့အနံ႔ကိုလည္း သယ္လာတာပဲ၊ ေကာင္းတာကိုလည္း သယ္တာပဲ၊ ဟာ အပုပ္နံ႔ၾကီး ငါမတိုက္ခ်င္ဘူး ေလကမျငင္းဘူး၊ ပန္းနံ႔ကေလးက်ေတာ့ ငါေမႊးလို႔ ငါတိုက္ခ်င္တယ္လို႔လည္း မေျပာဘူးတဲ့။

ေလရဲ႕ သေဘာဟာ အဆိုးအေကာင္းမေရြးဘူးတဲ့၊ တည္ျငိမ္မႈရိွတယ္၊ အဲဒီလို ကိုယ့္စိတ္ေလးဟာ ေကာင္းတာနဲ႔ေတြ႔ရင္ ႏွစ္သက္တယ္၊ မေကာင္းတာနဲ႔ေတြ႔ရင္ မုန္းတီးတယ္ ရြံရွာတယ္ ဆိုတာမ်ိဳး မျဖစ္ေစနဲ႔တဲ့။

စိတ္ကိုတည္ျငိမ္ေအာင္ ေလ့က်င့္ရမယ္ ေဟာဒီလိုေဟာတာ။

ေနာက္တစ္ခုက ကိုယ့္စိတ္ကေလးကို အာကာသဟင္းလင္းျပင္ လို ျဖစ္ေအာင္ ေလ့က်င့္ရမယ္။

အာကာသဟင္းလင္းျပင္ ဆိုတာ ဘယ္အရာကိုမွ အမီွျပဳေနတာမ်ိဳးမရိွဘူး။ အာကာသဆိုတာ ဘာမွမရိွတဲ့ ကြက္လပ္ေလးေတြကို ေျပာတာေနာ္။

အဲဒီ ကြက္လပ္ေလးေတြထဲမွာ အေကာင္းအဆိုးဆိုတာ ေျပာလို႔မရသလုိပဲ ကိုယ့္စိတ္ထဲမွာလည္းပဲ ေကာင္းတာေတြ႔ရင္ ေလာဘမျဖစ္ဖို႔၊

မေကာင္းတာ ေတြ႔ရင္လည္း ေဒါသမျဖစ္ဖို႔ စိတ္ဓာတ္ကေလးကို တည္ျငိမ္ေအာင္ ၾကိဳးစားအားထုတ္ရမယ္လို႔ ျမတ္စြာဘုရားက ရာဟုလာကို ဒီလိုေဟာတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာ အ႐ွင္နႏၵမာလာဘိဝံသ
# Unicode Version # ျဖင့္ ဖတ္ပါ #

တွယ်တာမှုတွေ မရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားကရာဟုလာကိုပြောတယ်။

“ရာဟုလာ တဲ့၊ မင်းရဲ့ စိတ်ကလေးကို မြေကြီး နဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့ ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ” တဲ့။

မြေကြီးက ဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေ မြေကြီးပေါ်မှာ ကောင်းတာလည်းချကြတယ်၊ မကောင်းတာလည်း ချတယ်၊ သန့်ရှင်းတာလည်း ချတယ်၊ ရွံစရာတွေလည်းချတယ်။

သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ မြေကြီးက ပြောင်းလဲမှုမရှိဘူး၊ တည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို တည်ငြိမ်အောင် လုပ်လို့ပြောတာ။

မျက်စိက အဆင်းအာရုံကို မြင်တဲ့အခါမှာ ကောင်းတာလေးတွေ့ရင် ကြိုက်လိုက်တာ၊ မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့ မဖြစ်စေရဘူးလို့ ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်က တည်ငြိမ်သွားတယ်။

ကောင်းမကောင်း ကြိုက်မကြိုက် အပေါ်မှာ လောဘလည်းမဖြစ်နဲ့၊ ဒေါသလဲ မဖြစ်နဲ့၊ မြေကြီးလို စိတ်ဓာတ် ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်၊ ဟော ဒါ လေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။

နောက်တစ်ခုက ဘာတုန်းဆိုရင်

ရေ နဲ့ အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲ လေ့ကျင့်ပေးတဲ့။

ရေဆိုတာ အညစ်အကြေးတွေးလည်း ဆေးကြောတာပဲ၊ စိန်တို့ ကျောက်တို့လည်း ဆေးတာပဲ၊ အကောင်းလည်း ဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။

ရေက အညစ်အကြေးတွေ ဆေးရလို့ သူက စိတ်ပျက်တာ မရှိဘူး၊ အကောင်းဆေးရလို့လဲ ဝမ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်း ဝမ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။

လောဘ ဒေါသ မဖြစ်အောင် ရေလို အလားတူခိုင်မာသွားအောင် စိတ်ကိုလေ့ကျင့်ပေးပါတဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင်

မီး၊ မီးဆိုတာလည်း အတူတူပဲ၊ ကောင်းတာလည်း လောင်လိုက်တာပဲ၊ မကောင်းတာလည်း လောင်တာပဲ။ ကောင်းတာကျတော့ လောင်ချင်တယ်၊ မကောင်းတာကျတော့ မလောင်ချင်ဘူးလို့ မီးက ချေးများတာ မရှိဘူး။

အဲဒါလိုပဲ ကိုယ့်စိတ်ကလေးကို မီးနဲ့အလားသဏ္ဍာန်တူအောင် ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။

အာရုံတွေ တွေ့လာတဲ့အခါမှာ နှစ်သက်စရာတွေ့လို့လည်း လောဘမဖြစ်နဲ့၊ မနှစ်သက်စရာအာရုံ တွေ့လို့လည်း ဒေါသမဖြစ်နဲ့၊ စိတ်ကလေးကို မီးကဲ့သို့ တည်ငြိမ်မှုရအောင်၊ တေဇောဓာတ်ကဲ့သို့ တည်ငြိမ်မှုရအောင် ကြိုးစားအားထုတ်ပါတဲ့။

နောက်တစ်ခုကျတော့

လေ လို တည်ငြိမ်အောင် ကြိုးစား၊ လေက ဘယ်လို တည်ငြိမ်တာတုန်းဆိုရင် လေဟာလည်းပဲ ကောင်းတာကိုလည်း တိုက်ခတ်တယ်၊ မကောင်းတာကိုလည်း တိုက်ခတ်တယ်။

ဘယ်ဟာလဲဖြစ်ဖြစ် လေဟာ မကောင်းတဲ့အနံ့ကိုလည်း သယ်လာတာပဲ၊ ကောင်းတာကိုလည်း သယ်တာပဲ၊ ဟာ အပုပ်နံ့ကြီး ငါမတိုက်ချင်ဘူး လေကမငြင်းဘူး၊ ပန်းနံ့ကလေးကျတော့ ငါမွှေးလို့ ငါတိုက်ချင်တယ်လို့လည်း မပြောဘူးတဲ့။

လေရဲ့ သဘောဟာ အဆိုးအကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊ အဲဒီလို ကိုယ့်စိတ်လေးဟာ ကောင်းတာနဲ့တွေ့ရင် နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင် မုန်းတီးတယ် ရွံရှာတယ် ဆိုတာမျိုး မဖြစ်စေနဲ့တဲ့။

စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ရမယ် ဟောဒီလိုဟောတာ။

နောက်တစ်ခုက ကိုယ့်စိတ်ကလေးကို အာကာသဟင်းလင်းပြင် လို ဖြစ်အောင် လေ့ကျင့်ရမယ်။

အာကာသဟင်းလင်းပြင် ဆိုတာ ဘယ်အရာကိုမှ အမှီပြုနေတာမျိုးမရှိဘူး။ အာကာသဆိုတာ ဘာမှမရှိတဲ့ ကွက်လပ်လေးတွေကို ပြောတာနော်။

အဲဒီ ကွက်လပ်လေးတွေထဲမှာ အကောင်းအဆိုးဆိုတာ ပြောလို့မရသလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲ ကောင်းတာတွေ့ရင် လောဘမဖြစ်ဖို့၊

မကောင်းတာ တွေ့ရင်လည်း ဒေါသမဖြစ်ဖို့ စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင် ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ရာဟုလာကို ဒီလိုဟောတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top