အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ခ်စ္သူေလးကို ရထားလို႔ စိတ္ခ်မ္းသာေနတာ ေလးႏွစ္ေလာက္ရွိပါျပီ ဆုိတဲ့ အဆိုေတာ္ႏုိင္းဝမ္းရဲ႕ အခုလတ္တေလာ အႏုပညာလႈပ္ရွားမႈနဲ႔ သူ႔အႏုပညာအေပၚဘယ္လို သေဘာထားတယ္ ပရိသတ္ၾကီး သိေအာင္ေျပာျပေပးခ်င္ပါတယ္။

အဓိကကေတာ့ ကၽြန္ေတာ္ရတဲ့ အႏုပညာေၾကးေလးနဲ႔ တီးလံုးတီးဖို႔ေတြ၊ စတူဒီယို ဖိုးေလးေတြ ျပန္ျပီး သံုးရတာေပါ့။ သီခ်င္းေတြက ကိုယ့္ဘာသာကိုေရးတာဆိုေတာ့ တျခားအဆိုေတာ္ေတြေလာက္ ကၽြန္ေတာ္က ကုန္က်စရိတ္မရွိဘူး။

အခ်ိန္တစ္ခုပဲ အခက္အခဲရွိတာပါ။ ထုတ္ဖုိ႔အပိုင္းကလည္း ကိုယ့္ပိုက္ဆံနဲ႔ကို ထုတ္မွာပါ။ အခုေနာက္ပိုင္းက တျခားကိုမူပိုင္ေပးထုတ္ရင္ စကားအမ်ားၾကီးေျပာရလို႔။ ရုပ္ရွင္မွာ သီခ်င္းထည့္ရင္လည္း သူပိုင္တယ္ ကိုယ္ပိုင္တယ္။

သီခ်င္းတစ္ပုဒ္ကို Live လႊင့္မယ္ဆိုလည္္း သူပိုင္ကိုယ္ပိုင္ေတြ ျငင္းေနရတာ မျငင္းခ်င္လို႔ ကိုယ္တတ္ႏုိင္တာေလး ကိုယ္ပိုက္ဆံနဲ႔ကို မူပိုင္ခြင့္ယူထုတ္မယ္လို႔ စဥ္းစားထားပါတယ္။

ပရိသတ္ကို ကိုုယ့္သီခ်င္းနားေထာင္ေစခ်င္တာဆိုေတာ့ ရႈံးလည္း အရံႈးခံျပီး ထုတ္မယ္။ သီခ်င္းကို ပရိသတ္ေတြလက္ခံသြားျပီ ခံစားခ်က္ခ်င္းတူသြားျပီဆိုေတာ့မွ Stage Show ေတြနဲ႔ပဲ အျမတ္အစြန္းကို ျပန္ရွာခ်င္ပါတယ္။



 ျဖစ္ႏုိင္ရင္ သီခ်င္းစထုတ္ထဲက Alblum လိုက္ အလကားအကုန္ေပးလိုက္ခ်င္ပါတယ္။ အခုက ကၽြန္ေတာ့္ဘဝရဲ႕ မွတ္တုိင္ေလးတစ္ခုျဖစ္ခ်င္လို႔ ထုတ္မွာပါ။ တခါမွလည္း တကိုယ္ေတာ္ အေခြမထုတ္ဘူးေတာ့ေလ။ အျမတ္အစြန္းေတြ ေခါင္းထဲသိမ့္မထည့္ထားပါဘူး။

စိတ္ဆင္းရဲစရာ မရွိတာကေတာ့ ကၽြန္ေတာ္ ၃.၄ႏွစ္ရွိေနျပီ။ ကိုယ္သြားခ်င္တဲ့ခရီးေတြသြားေနရလို႔ စိတ္ခ်မ္းသာပါတယ္။ အဓိကကေတာ့ အရမ္းလိမ္မာတဲ့ခ်စ္သူေလးရထားေတာ့ သူ႔ေၾကာင့္ စိတ္ဆင္းရဲစရာ မရွိတာေၾကာင့္ အဓိကက်ပါတယ္။

ကၽြန္ေတာ္ဆိုးခဲ့တာေတြကအမ်ားၾကီးပဲဗ်။ သူပဲ ဒူေပတာေပခံခဲ့ရတာပါ။ အဓိကကေတာ့ နားလည္မႈနဲ႔ပဲ တည္ေဆာက္ထားရတာေပါ့။ ေနာက္ပိုင္းက်ေတာ့ သူ႔အတြက္ပဲ ကၽြန္ေတာ္ၾကည့္ျဖစ္ေတာ့တယ္။

ကိုယ့္အတၱကိုယ္ျဖစ္ခ်င္တာထက္ သူ႔ကိုပဲ ဦးစားေပးေတာ့တယ္။ သူကိုယ္ စိတ္ဆင္းရဲေအာင္ မလုပ္ဘူးလို႔ စိတ္ထဲ ထည့္ထားလိုက္တယ္။

ဘဝလက္တြဲေဖာ္ဆိုတာကို ကၽြန္ေတာ္က ဘယ္သူဘယ္ဝါရယ္လို႔ မရွိပါဘူး။ အဓိကေတာ့ ကၽြန္ေတာ့နားမွာ ကၽြန္ေတာ့္စိတ္ကို နားလည္ေပးရင္ အဆင္ေျပပါျပီ။ ေသတဲ့အခ်ိန္ထိ တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမတဲ့သူကိုပဲ ေရြးပါတယ္။
 

ေလာကမွာ ေၾကာက္ဖို႔အေကာင္းဆံုးကကိုယ္ကိုယ္တုိင္ပဲ။ ကိုယ္ကိုကိုယ္မထိန္းႏုိင္တဲ့အခ်ိန္သူ႔ကို ထိခို္က္မွာပဲစိုးတာပါ။ က်န္တာေတာ့ နားလည္ေပးရလြယ္ပါတယ္။ သူကေတာ့ အျမဲသည္းခံေပးတဲ့အတြက္ ကၽြန္ေတာ့အတြက္ တကယ့္ လက္တြဲေဖာ္အစစ္ပါ။

သီခ်င္းေတြလည္း ေရးျဖစ္ပါတယ္။ သူကလည္း ေလယာဥ္မယ္၊ သားသားရဲ႕ေကာင္မေလးကလည္း ေလယာဥ္မယ္ဆိုေတာ့သူနဲ႔ႏွစ္ေယာက္ေပါင္းျပီး ေလယာဥ္တစ္ေယာက္ကို ဘယ္လိုခ်စ္ရလည္းဆိုတာေလးေရးျဖစ္ပါတယ္။

 ေလယာဥ္မယ္တစ္ေယာက္ကို ခ်စ္ရတာ ဘယ္ေလာက္စိတ္ပူရတယ္။ ေျမျပင္ေပၚကို ျပန္မေရာက္မခ်င္း၊ မိုးရြာေနရင္ ဘယ္ေလာက္စိတ္ပူေနရလဲ၊ ေလေတြတိုက္ေနရင္ဘယ္ေလာက္စိတ္ပူရလဲကိုယ္ပဲသိတယ္လို႔ ခ်စ္သူေလးကို စိတ္ပူေနတဲ့အေၾကာင္ေလးေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

အရမ်းချစ်ဖို့ကောင်းတဲ့ ချစ်သူလေးကို ရထားလို့ စိတ်ချမ်းသာနေတာ လေးနှစ်လောက်ရှိပါပြီ ဆိုတဲ့ အဆိုတော်နိုင်းဝမ်းရဲ့ အခုလတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သူ့အနုပညာအပေါ်ဘယ်လို သဘောထားတယ် ပရိသတ်ကြီး သိအောင်ပြောပြပေးချင်ပါတယ်။

အဓိကကတော့ ကျွန်တော်ရတဲ့ အနုပညာကြေးလေးနဲ့ တီးလုံးတီးဖို့တွေ၊ စတူဒီယို ဖိုးလေးတွေ ပြန်ပြီး သုံးရတာပေါ့။ သီချင်းတွေက ကိုယ့်ဘာသာကိုရေးတာဆိုတော့ တခြားအဆိုတော်တွေလောက် ကျွန်တော်က ကုန်ကျစရိတ်မရှိဘူး။

အချိန်တစ်ခုပဲ အခက်အခဲရှိတာပါ။ ထုတ်ဖို့အပိုင်းကလည်း ကိုယ့်ပိုက်ဆံနဲ့ကို ထုတ်မှာပါ။ အခုနောက်ပိုင်းက တခြားကိုမူပိုင်ပေးထုတ်ရင် စကားအများကြီးပြောရလို့။ ရုပ်ရှင်မှာ သီချင်းထည့်ရင်လည်း သူပိုင်တယ် ကိုယ်ပိုင်တယ်။

သီချင်းတစ်ပုဒ်ကို Live လွှင့်မယ်ဆိုလည်း သူပိုင်ကိုယ်ပိုင်တွေ ငြင်းနေရတာ မငြင်းချင်လို့ ကိုယ်တတ်နိုင်တာလေး ကိုယ်ပိုက်ဆံနဲ့ကို မူပိုင်ခွင့်ယူထုတ်မယ်လို့ စဉ်းစားထားပါတယ်။

ပရိသတ်ကို ကိုယ့်သီချင်းနားထောင်စေချင်တာဆိုတော့ ရှုံးလည်း အရှုံးခံပြီး ထုတ်မယ်။ သီချင်းကို ပရိသတ်တွေလက်ခံသွားပြီ ခံစားချက်ချင်းတူသွားပြီဆိုတော့မှ Stage Show တွေနဲ့ပဲ အမြတ်အစွန်းကို ပြန်ရှာချင်ပါတယ်။

 ဖြစ်နိုင်ရင် သီချင်းစထုတ်ထဲက Alblum လိုက် အလကားအကုန်ပေးလိုက်ချင်ပါတယ်။ အခုက ကျွန်တော့်ဘဝရဲ့ မှတ်တိုင်လေးတစ်ခုဖြစ်ချင်လို့ ထုတ်မှာပါ။ တခါမှလည်း တကိုယ်တော် အခွေမထုတ်ဘူးတော့လေ။ အမြတ်အစွန်းတွေ ခေါင်းထဲသိမ့်မထည့်ထားပါဘူး။

စိတ်ဆင်းရဲစရာ မရှိတာကတော့ ကျွန်တော် ၃.၄နှစ်ရှိနေပြီ။ ကိုယ်သွားချင်တဲ့ခရီးတွေသွားနေရလို့ စိတ်ချမ်းသာပါတယ်။ အဓိကကတော့ အရမ်းလိမ်မာတဲ့ချစ်သူလေးရထားတော့ သူ့ကြောင့် စိတ်ဆင်းရဲစရာ မရှိတာကြောင့် အဓိကကျပါတယ်။

ကျွန်တော်ဆိုးခဲ့တာတွေကအများကြီးပဲဗျ။ သူပဲ ဒူပေတာပေခံခဲ့ရတာပါ။ အဓိကကတော့ နားလည်မှုနဲ့ပဲ တည်ဆောက်ထားရတာပေါ့။ နောက်ပိုင်းကျတော့ သူ့အတွက်ပဲ ကျွန်တော်ကြည့်ဖြစ်တော့တယ်။

ကိုယ့်အတ္တကိုယ်ဖြစ်ချင်တာထက် သူ့ကိုပဲ ဦးစားပေးတော့တယ်။ သူကိုယ် စိတ်ဆင်းရဲအောင် မလုပ်ဘူးလို့ စိတ်ထဲ ထည့်ထားလိုက်တယ်။

ဘဝလက်တွဲဖော်ဆိုတာကို ကျွန်တော်က ဘယ်သူဘယ်ဝါရယ်လို့ မရှိပါဘူး။ အဓိကတော့ ကျွန်တော့နားမှာ ကျွန်တော့်စိတ်ကို နားလည်ပေးရင် အဆင်ပြေပါပြီ။ သေတဲ့အချိန်ထိ တစ်ယောက်နဲ့တစ်ယောက် ဖေးမတဲ့သူကိုပဲ ရွေးပါတယ်။ ေ

လာကမှာ ကြောက်ဖို့အကောင်းဆုံးကကိုယ်ကိုယ်တိုင်ပဲ။ ကိုယ်ကိုကိုယ်မထိန်းနိုင်တဲ့အချိန်သူ့ကို ထိခိုက်မှာပဲစိုးတာပါ။ ကျန်တာတော့ နားလည်ပေးရလွယ်ပါတယ်။ သူကတော့ အမြဲသည်းခံပေးတဲ့အတွက် ကျွန်တော့အတွက် တကယ့် လက်တွဲဖော်အစစ်ပါ။

သီချင်းတွေလည်း ရေးဖြစ်ပါတယ်။ သူကလည်း လေယာဉ်မယ်၊ သားသားရဲ့ကောင်မလေးကလည်း လေယာဉ်မယ်ဆိုတော့သူနဲ့နှစ်ယောက်ပေါင်းပြီး လေယာဉ်တစ်ယောက်ကို ဘယ်လိုချစ်ရလည်းဆိုတာလေးရေးဖြစ်ပါတယ်။

 လေယာဉ်မယ်တစ်ယောက်ကို ချစ်ရတာ ဘယ်လောက်စိတ်ပူရတယ်။ မြေပြင်ပေါ်ကို ပြန်မရောက်မချင်း၊ မိုးရွာနေရင် ဘယ်လောက်စိတ်ပူနေရလဲ၊ လေတွေတိုက်နေရင်ဘယ်လောက်စိတ်ပူရလဲကိုယ်ပဲသိတယ်လို့ ချစ်သူလေးကို စိတ်ပူနေတဲ့အကြောင်လေးပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top