ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥ နဲ႔ စီပီ ၾကက္ဥတုိ႔ အေၾကာင္း
ေတာၾကက္ဥ မျမင္ဖူးသူေတြအတြက္ ေတာၾကက္ဥ အိမ္ၾကက္ဥ CP ၾကက္ဥယွဥ္ျပထားတာပါ….ေရာင္းရန္မဟုတ္ပါ…..ေနာက္အလ်ွင္းသင့္လ်ွင္ ေရၾကက္ဥ၊ ေရဘဲဥ၊ ဒင္က်ီးဥႏွင့္ ဟသၤာဥမ်ား ႐ွာေဖြတင္ျပေပးပါမည္။
ေတာၾကက္ဥ…….ေတာစပ္ တြင္ေတြ႔ရေလ့႐ွိသည္။ အပင္ခပ္လတ္လတ္ကိုင္းျခံဳ ဆူးျခံဳမ်ား႐ွိ အသိုက္မ်ားတြင္ ေတြ႔ရသည္။ တစ္လံုးမွစ၍ အမ်ားဆံုး ၅လံုးခန္႔အထိသာ ေတြ႔ရတတ္သည္။ ႐ွားပါး၍ေဆးဖက္ဝင္သည္ဟုဆိုၾက၍ တ႐ုတ္သမားေတာ္ မ်ားအဝယ္မ်ားသည္။ ယခင္ကေပါမ်ားေသာ္လည္း လက္႐ွိ၌ ႐ွားပါးေနၿပီျဖစ္သည္။
တစ္လံုးလ်ွင္ ၂၅၀၀ က်ပ္ခန္႔အထိေပါက္ေစ်း ႐ွိသည္။ ေတာၾကက္ဥကို ဆန္အရက္ျဖင့္ ေဖ်ာ္ေသာက္ပါက အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆံုးကိုင္ျခင္း ကိုယ္ဝန္ဆိပ္တက္ျခင္းမ်ားသက္သာေပ်ာက္ကင္းေစသည္။ တ႐ုတ္႐ိုးရာအားတိုးေဆးမ်ားတြင္ ထည့္သြင္းေဖာ္စပ္ၾကသည္။
အိမ္ၾကက္ဥ………သဘာဝအတိုင္းလႊတ္ေက်ာင္း ေမြးျမဴထားသည္ ့ၾကက္မမ်ားမွ ဥေသာအေကာင့္ေပါက္မည့္ဥ ျဖစ္သည္။မဒမ္းမ်ားမွ ဥေသာေလဥသည္ တန္ဖိုးမ႐ွိ ေဆးဖက္မဝင္ပါ။ အိမ္ၾကက္ဥသည္ ေထြေထြထူးထူး ေျပာစရာမ႐ွိေအာင္ ျမန္မာ တို႔ႏွင့္ရင္းႏွီးၿပီးသားပင္ ျဖစ္သည္။ အိမ္ၾကက္ဥတြင္ စစ္တေကာင္းၾကက္ဥ၊ ေညာင္ကန္ၾကက္၊ တိုက္ၾကက္ဥ ႏွင့္ တိန္ညင္ၾကက္ဥ ဟူ၍ အမ်ိဳးအစားကြဲျပားသည္။ တစ္လံုးလ်ွင္ ၅၀၀ က်ပ္ခန္႔အထိေပါက္ေစ်း႐ွိသည္။ အရက္နာက်သူေတြအတြက္ အိမ္ၾကက္ဥ ႏွင့္သံပုရာသီးေဖ်ာ္ေသာက္ျခင္း၊ အမ်ိဳးသားမ်ားအတြက္ အိမ္ၾကက္ဥ၊ ဖီးၾကမ္းႏွင့္ ပ်ားရည္ေခါက္စားျခင္း စသည္ တို႔ျဖင့္လက္႐ွိ၌အသံုးျပဳၾကသည္။
ေမြးျမဴေရးၾကက္ဥ အေၾကာင္းကေတာ့ မေျပာေတာ့ပါဘူး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:baganthar
# Unicode Version # ျဖင့္ ဖတ္ပါ #
တောကြက်ဥ မမြင်ဖူးသူတွေအတွက် တောကြက်ဥ အိမ်ကြက်ဥ CP ကြက်ဥယှဉ်ပြထားတာပါ….ရောင်းရန်မဟုတ်ပါ…..နောက်အလျှင်းသင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥနှင့် ဟင်္သာဥများ ရှာဖွေတင်ပြပေးပါမည်။
တောကြက်ဥ…….တောစပ် တွင်တွေ့ရလေ့ရှိသည်။ အပင်ခပ်လတ်လတ်ကိုင်းခြုံ ဆူးခြုံများရှိ အသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍ အများဆုံး ၅လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ဆေးဖက်ဝင်သည်ဟုဆိုကြ၍ တရုတ်သမားတော် များအဝယ်များသည်။ ယခင်ကပေါများသော်လည်း လက်ရှိ၌ ရှားပါးနေပြီဖြစ်သည်။
တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်အထိပေါက်ဈေး ရှိသည်။ တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း ကိုယ်ဝန်ဆိပ်တက်ခြင်းများသက်သာပျောက်ကင်းစေသည်။ တရုတ်ရိုးရာအားတိုးဆေးများတွင် ထည့်သွင်းဖော်စပ်ကြသည်။
အိမ်ကြက်ဥ………သဘာဝအတိုင်းလွှတ်ကျောင်း မွေးမြူထားသည့်ကြက်မများမှ ဥသောအကောင့်ပေါက်မည့်ဥ ဖြစ်သည်။မဒမ်းများမှ ဥသောလေဥသည် တန်ဖိုးမရှိ ဆေးဖက်မဝင်ပါ။ အိမ်ကြက်ဥသည် ထွေထွေထူးထူး ပြောစရာမရှိအောင် မြန်မာ တို့နှင့်ရင်းနှီးပြီးသားပင် ဖြစ်သည်။ အိမ်ကြက်ဥတွင် စစ်တကောင်းကြက်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥ နှင့် တိန်ညင်ကြက်ဥ ဟူ၍ အမျိုးအစားကွဲပြားသည်။ တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိပေါက်ဈေးရှိသည်။ အရက်နာကျသူတွေအတွက် အိမ်ကြက်ဥ နှင့်သံပုရာသီးဖျော်သောက်ခြင်း၊ အမျိုးသားများအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည်ခေါက်စားခြင်း စသည် တို့ဖြင့်လက်ရှိ၌အသုံးပြုကြသည်။
မွေးမြူရေးကြက်ဥ အကြောင်းကတော့ မပြောတော့ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit:baganthar