ႏွာေစး၊ႏွာပိတ္ျခင္းေၾကာင့္ နားမၾကားတဲ့အထိ ၊ ဆြံ႔အတဲ့အထိျဖစ္ႏိုင္တယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူး။ တကယ္လည္း နားမၾကားျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္ျဖစ္သလဲဆိုရင္နားကေန လည္ေခ်ာင္းေနာက္ပိုင္းကို ဆက္သြယ္ထားတဲ့ႁပြန္(Eustachin tube)ပိတ္တဲ့အတြက္ေၾကာင့္ပါ။

နားမွာ အျပင္နား၊ အလယ္နား၊ အတြင္းနား ဆိုၿပီး သံုးပိုင္းရိွပါတယ္။ အျပင္နားနဲ႔ အလယ္နားၾကားမွာ နားစည္ရိွပါတယ္။ အလယ္နားအဆံုးကေန လည္ေခ်ာင္းေနာက္ပိုင္းထဲကို သြားတဲ့ႁပြန္(Eustachin tube or Auditory tube or Pharygotympanic tube) ဆိုတာ ရိွပါတယ္။

အဲ့ဒီႁပြန္ေလးက အလယ္နားထဲက ေလဖိအားႏွင့္ အျပင္က ေလဖိအားကို ညီမွ်ေအာင္ ထိန္းခ်ဳပ္ေပးရတာပါ။ ထိန္းခ်ဳပ္ေပးရတဲ့အတြက္ ပိုေနလိုေနတဲ့ဖိအားကိုေရာ၊ မလိုအပ္တဲ့နားထဲက အရည္ေတြကိုေရာ လည္ေခ်ာင္းရဲ႕ေနာက္ပိုင္း၊ တနည္း ႏွာေခါင္းရဲ႕ေနာက္ပိုင္းကို ထုတ္ပစ္ေလ့ရိွပါတယ္။

အဲ့ဒါမွ အလယ္နားထဲမွာ ဘာမွမရိွဘဲ ေလဖိအားၿငိမ္ေနတဲ့အတြက္ အျပင္က ဝင္လာတဲ့အသံလိႈင္းေတြကို ဖမ္းမိၿပီး နားက ပီပီသသၾကားရတာပါ။ အိုးစည္တစ္လံုးနဲ႔ သေဘာသဘာဝတူတယ္ေျပာပါေတာ့။ တကယ္လို႔ အေၾကာင္းတစ္ခုခုေၾကာင့္ အဲ့ဒီႁပြန္ေလးပိတ္သြားရင္ အတြင္းထဲမွာ ေလဖိအားမ်ားၿပီး နားစည္ေပါက္ပါတယ္။

နားစည္က ပထမအႀကိမ္ေပါက္ၿပီး သံုးရက္အတြင္း သူ႔အလိုလိုျပန္ေကာင္းသြားေပမယ့္ ခမၾကာခဏထပ္ထပ္ျဖစ္ရင္ေတာ့ နားစည္လံုးဝပ်က္စီးၿပီး နားမၾကားတဲ့အေျခအေနထိေရာက္သြား တတ္ပါတယ္။ ဒါေၾကာင့္ အဲ့ဒီႁပြန္ေလးမပိတ္ဖို႔က အဓိကပါ။

ယူစေတး႐ွင္းႁပြန္(Eustachin Tube)ပိတ္ေစတဲ့အေၾကာင္းမ်ားစြာရိွတဲ့အထဲက အျဖစ္မ်ားဆံုးကေတာ့ ႏွာေစးၿပီး ႏွာပိတ္ျခင္းပါပဲ။ ႏွာေစးႏွာပိတ္တဲ့အခါ နွာေခါင္းေနာက္ပိုင္းမွာစုၿပီး အျပင္လည္း ညႇစ္လို႔မထြက္၊ လည္ေခ်ာင္းထဲလည္း က်မသြားဘဲ ယူစေတး႐ွင္းႁပြန္ကို သြားပိတ္ပါတယ္။

မၾကာခဏပိတ္ရင္ နားစည္ေပါက္ပါတယ္။ နားကိုက္၊ နားေရာင္ၿပီး နားျပည္ထြက္ပါတယ္။ ေနာက္ဆံုး နားမၾကားရတဲ့အထိျဖစ္ၿပီး ကေလးမ်ားဆိုရင္ ဆြံ႔အတဲ့အထိ ဆိုးလာပါတယ္။ ဒါက ႏွာေစးႏွာပိတ္ျခင္းေၾကာင့္ ေနာက္ဆက္တြဲျပႆနာျဖစ္တာပါ။

ႏွာပိတ္တာက အဲ့ေလာက္ထိ ဆိုးဝါးတတ္တယ္ဆိုတာ လူအမ်ား မသိၾကပါဘူး။ မသိေတာ့ ဂ႐ုမစိုက္မိပါဘူး။ ႏွာေစးႏွာပိတ္တာကို ဂ႐ုစိုက္ဖို႔လို႔ပါတယ္။

ဘယ္လိုဂ႐ုစိုက္ၾကမလဲအေအးမိ၊ႏွာေစး၊ေခ်ာင္းဆိုးမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။
အေအးမိႏွာေစးေခ်ာင္းဆိုးတာက ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္တာမ်ားတာမို႔ တကိုယ္ေရသန္႔႐ွင္းပါေစ။ ကိုယ္ခံအားေကာင္းပါေစ။

တကယ္လို႔ ႏွာေစးႏွာပိတ္ရင္ စနစ္တက်ညႇစ္တတ္ဖို႔ လိုပါတယ္။ ႏွာေခါင္းႏွစ္ဖက္စလံုးကို ပိတ္ၿပီး မညႇစ္ရပါဘူး။ ညႇစ္မိရင္ ႏွပ္ေတြက အကုန္မထြက္ဘဲ ႏွာေခါင္းေနာက္ေပါင္းထဲ တိုးဝင္ၿပီး ႁပြန္ပိုပိတ္တတ္ပါတယ္။

ႏွာေခါင္းတစ္ဖက္ကိုသာ ပိတ္ၿပီး ညႇစ္ခ်ပါ။ ပြင့္သြားရင္ တျခားတစ္ဖက္ကို ပိတ္ၿပီး ညႇစ္ပါ။
အဲ့လိုညႇစ္လို႔မွ မထြက္ရင္ ႏွာေခါင္းႏွစ္ဖက္လံုးပိတ္ၿပီး ေရေသာက္ခ်လိုက္ပါ။ ေသာက္လိုက္တဲ့ေရနဲ႔အတူ ႏွပ္ေတြ ဝမ္းထဲကို က်သြားတယ္။ ဝမ္းတဲ့ေရာက္သြားတဲ့ႏွပ္ေတြက အႏၱရာယ္မျဖစ္ပါ။

ကေလးေတြ ႏွာပိတ္ရင္ေတာ့ အထက္ပါ နည္းေတြက အဆင္မေျပပါ။ ႏွာပိတ္ေနတဲ့ကေလးရဲ႕ႏွာေခါင္းထဲကို ဆားေရၾကည္ခ်ေပးတာလုပ္ေပးလို႔ရပါတယ္။ ေနာက္တစ္ခု ႏွာေခါင္ထဲကို ပိတ္စ၊ ဒါမွမဟုတ္ ဂြမ္းကို က်စ္ၿပီး ထည့္ပါ။ ဂြမ္းစိုလာရင္ အသစ္ထပ္လုပ္ပါ။ ႏွပ္ေတြ ေျပာင္သြားတတ္ပါတယ္။

ႏွာပိတ္ေနတဲ့ကေလးကို ပက္လက္မသိပ္ပါနဲ႔။ ေခါင္းေထာင္ၿပီး သိပ္ပါ။ ဒါဆိုရင္အအဆင္ေျပသြား ပါလိမ့္မယ္။ ႏွာေစးႏွာပိတ္တာဟာ ဆြံ႔အနားမၾကားတဲ့အထိျဖစ္တတ္တယ္ဆိုတာဆြံ႔အနားမၾကား တဲ့အထိျဖစ္တတ္တယ္ဆိုတာာ အသိနည္းၾကေသးလို ႏွာေစးႏွာပိတ္တာကို ေပါ့ေပါ့ဆ ဆေတြးေနၾကေသးတဲ့လူေတြ ရိွေနေသးရင္ ဒီစာကို ဖတ္ၿပီး အက်ိဳးရႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

 နှာစေး၊နှာပိတ်ခြင်းကြောင့် နားမကြားတဲ့အထိ ၊ ဆွံ့အတဲ့အထိဖြစ်နိုင်တယ်ဆိုတာ တော်တော်များများ မသိကြပါဘူး။ တကယ်လည်း နားမကြားဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုရင်နားကနေ လည်ချောင်းနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ပြွန်(Eustachin tube)ပိတ်တဲ့အတွက်ကြောင့်ပါ။

နားမှာ အပြင်နား၊ အလယ်နား၊ အတွင်းနား ဆိုပြီး သုံးပိုင်းရှိပါတယ်။ အပြင်နားနဲ့ အလယ်နားကြားမှာ နားစည်ရှိပါတယ်။ အလယ်နားအဆုံးကနေ လည်ချောင်းနောက်ပိုင်းထဲကို သွားတဲ့ပြွန်(Eustachin tube or Auditory tube or Pharygotympanic tube) ဆိုတာ ရှိပါတယ်။

အဲ့ဒီပြွန်လေးက အလယ်နားထဲက လေဖိအားနှင့် အပြင်က လေဖိအားကို ညီမျှအောင် ထိန်းချုပ်ပေးရတာပါ။ ထိန်းချုပ်ပေးရတဲ့အတွက် ပိုနေလိုနေတဲ့ဖိအားကိုရော၊ မလိုအပ်တဲ့နားထဲက အရည်တွေကိုရော လည်ချောင်းရဲ့နောက်ပိုင်း၊ တနည်း နှာခေါင်းရဲ့နောက်ပိုင်းကို ထုတ်ပစ်လေ့ရှိပါတယ်။

အဲ့ဒါမှ အလယ်နားထဲမှာ ဘာမှမရှိဘဲ လေဖိအားငြိမ်နေတဲ့အတွက် အပြင်က ဝင်လာတဲ့အသံလှိုင်းတွေကို ဖမ်းမိပြီး နားက ပီပီသသကြားရတာပါ။ အိုးစည်တစ်လုံးနဲ့ သဘောသဘာဝတူတယ်ပြောပါတော့။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် အဲ့ဒီပြွန်လေးပိတ်သွားရင် အတွင်းထဲမှာ လေဖိအားများပြီး နားစည်ပေါက်ပါတယ်။

နားစည်က ပထမအကြိမ်ပေါက်ပြီး သုံးရက်အတွင်း သူ့အလိုလိုပြန်ကောင်းသွားပေမယ့် ခမကြာခဏထပ်ထပ်ဖြစ်ရင်တော့ နားစည်လုံးဝပျက်စီးပြီး နားမကြားတဲ့အခြေအနေထိရောက်သွား တတ်ပါတယ်။ ဒါကြောင့် အဲ့ဒီပြွန်လေးမပိတ်ဖို့က အဓိကပါ။

ယူစတေးရှင်းပြွန်(Eustachin Tube)ပိတ်စေတဲ့အကြောင်းများစွာရှိတဲ့အထဲက အဖြစ်များဆုံးကတော့ နှာစေးပြီး နှာပိတ်ခြင်းပါပဲ။ နှာစေးနှာပိတ်တဲ့အခါ နှာခေါင်းနောက်ပိုင်းမှာစုပြီး အပြင်လည်း ညှစ်လို့မထွက်၊ လည်ချောင်းထဲလည်း ကျမသွားဘဲ ယူစတေးရှင်းပြွန်ကို သွားပိတ်ပါတယ်။

မကြာခဏပိတ်ရင် နားစည်ပေါက်ပါတယ်။ နားကိုက်၊ နားရောင်ပြီး နားပြည်ထွက်ပါတယ်။ နောက်ဆုံး နားမကြားရတဲ့အထိဖြစ်ပြီး ကလေးများဆိုရင် ဆွံ့အတဲ့အထိ ဆိုးလာပါတယ်။ ဒါက နှာစေးနှာပိတ်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာဖြစ်တာပါ။

နှာပိတ်တာက အဲ့လောက်ထိ ဆိုးဝါးတတ်တယ်ဆိုတာ လူအများ မသိကြပါဘူး။ မသိတော့ ဂရုမစိုက်မိပါဘူး။ နှာစေးနှာပိတ်တာကို ဂရုစိုက်ဖို့လို့ပါတယ်။

ဘယ်လိုဂရုစိုက်ကြမလဲအအေးမိ၊နှာစေး၊ချောင်းဆိုးမဖြစ်အောင် ဂရုစိုက်ပါ။
အအေးမိနှာစေးချောင်းဆိုးတာက ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာများတာမို့ တကိုယ်ရေသန့်ရှင်းပါစေ။ ကိုယ်ခံအားကောင်းပါစေ။

တကယ်လို့ နှာစေးနှာပိတ်ရင် စနစ်တကျညှစ်တတ်ဖို့ လိုပါတယ်။ နှာခေါင်းနှစ်ဖက်စလုံးကို ပိတ်ပြီး မညှစ်ရပါဘူး။ ညှစ်မိရင် နှပ်တွေက အကုန်မထွက်ဘဲ နှာခေါင်းနောက်ပေါင်းထဲ တိုးဝင်ပြီး ပြွန်ပိုပိတ်တတ်ပါတယ်။

နှာခေါင်းတစ်ဖက်ကိုသာ ပိတ်ပြီး ညှစ်ချပါ။ ပွင့်သွားရင် တခြားတစ်ဖက်ကို ပိတ်ပြီး ညှစ်ပါ။
အဲ့လိုညှစ်လို့မှ မထွက်ရင် နှာခေါင်းနှစ်ဖက်လုံးပိတ်ပြီး ရေသောက်ချလိုက်ပါ။ သောက်လိုက်တဲ့ရေနဲ့အတူ နှပ်တွေ ဝမ်းထဲကို ကျသွားတယ်။ ဝမ်းတဲ့ရောက်သွားတဲ့နှပ်တွေက အန္တရာယ်မဖြစ်ပါ။

ကလေးတွေ နှာပိတ်ရင်တော့ အထက်ပါ နည်းတွေက အဆင်မပြေပါ။ နှာပိတ်နေတဲ့ကလေးရဲ့နှာခေါင်းထဲကို ဆားရေကြည်ချပေးတာလုပ်ပေးလို့ရပါတယ်။ နောက်တစ်ခု နှာခေါင်ထဲကို ပိတ်စ၊ ဒါမှမဟုတ် ဂွမ်းကို ကျစ်ပြီး ထည့်ပါ။ ဂွမ်းစိုလာရင် အသစ်ထပ်လုပ်ပါ။ နှပ်တွေ ပြောင်သွားတတ်ပါတယ်။

နှာပိတ်နေတဲ့ကလေးကို ပက်လက်မသိပ်ပါနဲ့။ ခေါင်းထောင်ပြီး သိပ်ပါ။ ဒါဆိုရင်အအဆင်ပြေသွား ပါလိမ့်မယ်။ နှာစေးနှာပိတ်တာဟာ ဆွံ့အနားမကြားတဲ့အထိဖြစ်တတ်တယ်ဆိုတာဆွံ့အနားမကြား တဲ့အထိဖြစ်တတ်တယ်ဆိုတာာ အသိနည်းကြသေးလို နှာစေးနှာပိတ်တာကို ပေါ့ပေါ့ဆ ဆတွေးနေကြသေးတဲ့လူတွေ ရှိနေသေးရင် ဒီစာကို ဖတ်ပြီး အကျိုးရနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top