










မတော်တဆ လမ်းခွဲ ခဲ့ရရင်ပဲ ဖြစ်ဖြစ်… မမျှော်လင့်ပဲ ပြတ်သွား ခဲ့ရရင်ပဲ ဖြစ်ဖြစ်… မျက်ရည်နဲ့ မျက်ခွက် အသဲကွဲ ကျန်ခဲ့တာထက် ပက်ပက်စက်စက် လှပြီး ကျန်နေခဲ့တာပဲ ဖြစ်ပါစေလေ။

Credit:bahututaa
# Unicode Version # ဖြင့် ဖတ်ပါ #

Active now ပြနေပါလျက်နဲ့ မင်းဆီကို စာတစ်စောင်မှ ရောက်မလာ ဘူးပေါ့… အပင်ပန်း ခံပြီး သိတတ်ဖို့ သွားပြော မနေပါနဲ့။

ခြေသည်း လက်သည်းလေးတွေ ညှပ်ပီး High light ဖောက်ပေးလိုက်… ချစ်စရာ သိပ်ကောင်း လာလိမ့်မယ်။

တနေကုန်လို့ ဖုန်းတစ်ကော ယောင်လို့တောင် ဝင် မလာဘူးပေါ့… ပစ်ထားရက် တယ်နော်လို့ ပြောပြီး သွားငိုပြ မနေနဲ့။

ရေးနွေးဖျော့ဖျော့နဲ့ စပ်ထားတဲ့ ရေချိုးကန်ထဲ တစ်နာရီလောက် ဝင်စိမ်နေပေးလိုက်… Skin care တွေ မတရားကြီး လှလာလိမ့်မယ်။

24 – 7 Busy ဖြစ်နေပီး မင်းအတွက် တစ်စက်ကလေးမှ အချိန် မပေးဘူးပေါ့… မျက်ရည်လေးဝဲ သနားစရာရုပ်လေး သွားလုပ်ပြမနေနဲ့။

ရှားစောင်း လက်ပတ် ပါးပါးလေး လှီးပြီး မျက်နှာမှာကပ် ပေါင်းတင် ထားပေးလိုက်… ဆားဝက်ခြံ အဆီကျိတ်တွေ ရွှိဆို ပျောက်သွားလိမ့်မယ်။

မွေးနေ့ Anni နေ့တွေမှာတောင် ပျော်စရာ တစ်ခုမှ မရခဲ့ဘူးပေါ့… အလိုက်သိပေးဖို့ သွားတောင်းဆို မနေပါနဲ့။

ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက် အိပ်ယာ ဝင်ခါနီး ပုံမှန် သောက်ပေးလိုက်… Body Structure ဂျလန်းကြီးကို ပိုင်ဆိုင် လာလိမ့်မယ်။

ဘော်ဒါ Family တွေလောက် ကိုယ့်ကို လူရာမသွင်း တန်ဖိုး မထားဘူးပေါ့… ဂရုစိုက်မှု လေးတွေ ပေးဖို့ အောက်ကျခံ သွားပြောမနေနဲ့။

15 mins လောက် ဖြစ်ဖြစ် တရားထိုင် ယောဂကျင့် နေပေးလိုက်… အေးချမ်း နှစ်လိုဖွယ် မျက်နှာလေး ရလာလိမ့်မယ်။

နောင်တစ်ချိန် Only one ဖြတ်သန်းရမယ့် န့ရက်တွေ အတွက် ခုကတည်းက ပြင်ဆင်ထားပါ။

မတော်တဆ လမ်းခွဲ ခဲ့ရရင်ပဲ ဖြစ်ဖြစ်… မမျှော်လင့်ပဲ ပြတ်သွား ခဲ့ရရင်ပဲ ဖြစ်ဖြစ်… မျက်ရည်နဲ့ မျက်ခွက် အသဲကွဲ ကျန်ခဲ့တာထက် ပက်ပက်စက်စက် လှပြီး ကျျန်နေခဲ့တာပဲ ဖြစ်ပါစေလေ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top