တစ္ခါကသားအဖနွစ္ေယာက္ အလြန္စည္ကားေသာ  ေစ်းျကီးတစ္ေစ်းအတြင္းသို႔ ေရာက္ရွိလာေသာအခါ  အသက္ ၁၀နွစ္ ခန္႔ရွိ သားငယ္မွ အေဖျဖစ္သူအား ဗိုက္ဆာတယ္အေဖ ေရွ႕မွာယုန္ကင္ေတြေရာင္းေနတယ္ သားကိုဝယ္ေက်ြးပါတဲ႔

သား… တစ္ေကာင္ဘယ္ေလာက္လဲ သြားေမးလိုက္လို႔ အေဖကေျပာလိုက္ပါတယ္ အဲ႔ဒါနဲ႔သားျဖစ္သူလည္း ယုန္ကင္သည္ ကိုသြားေမးေတာ႔ ယုန္တစ္ေကာင္ငါးက်ပ္လို႔ ေစ်းသည္ကျပန္ေျပာပါတယ္  သားျဖစ္သူလည္း အေဖတစ္ေကာင္ ငါးက်ပ္ တဲ႔ဗ် သားကိုဝယ္ေကြ်းေနာ္ဆိုေတာ႔ အေဖက  သူ၏လက္ထဲက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ႔ တစ္ဆယ္တန္ေလး တစ္ရြက္ကိုၾကည့္ရင္း အံကိုျကိတ္ျပီး သားျဖစ္သူကိုေျပာလိုက္ပါတယ္  ယုန္တစ္ေကာင္ကိုငါးက်ပ္တဲ႔လား ? မစားပါနဲ႔အံုး သားရယ္  လာသြားရေအာင္ သား ဗိုက္ဆာေနရင္ အေဖတျခားဟာ ဝယ္ေက်ြးပါ႔မယ္လို႔ေျပာျပီး သားျဖစ္သူရဲ႕ လက္ကို ဆြဲျပီး အဲ႔ဒီေနရာကေန ထြက္လာခဲ႔တယ္ ျပီးေတာ႔မွ ဘိန္းမုန္႔၂ခုတစ္က်ပ္ဖိုး သားျဖစ္သူဗိုက္ျပည့္ေစဖို႔ ဝယ္ေက်ြးခဲ႔ပါတယ္။

ဒီလိုနဲ႔ ေနာင္ ၁၅ နွစ္ေလာက္ၾကာတဲ႔အခါ အဲဒီေစ်းျကီးထဲကိုပဲ  သားအဖနွစ္ေယာက္ျပန္ေရာက္လာတဲ႔အခါ သားျဖစ္သူက ပူဆာျပန္ပါတယ္ အေဖ ဟိုမွာယုန္ကင္သည္ရွိေသးတယ္ဗ် သားကို ယုန္ကင္တစ္ေကာင္ေလာက္ဝယ္ေကြ်းပါဆိုေတာ႔  အေဖက သားတစ္ေကာင္ဘယ္ေလာက္လဲ ? သြားေမးခ်ည္ဆိုေတာ႔ လြန္ခဲ႔တဲ႔ ၁၅နွစ္ေလာက္က  တစ္ေကာင္ငါးက်ပ္သာ ရွိတဲ႔ ယုန္ကင္ဟာ  အခု တစ္ေကာင္ငါးဆယ္ျဖစ္ေနပါျပီ။

ဟာ… အေဖေစ်းျကီးလိုက္တာ တစ္ေကာင္ငါးဆယ္တဲ႔ဗ်  ဒီမွာသား ငါးဆယ္မကလို႔ငါးေထာင္ျဖစ္ေနပါေစ အခုအခ်ိန္မွာ ငါ႔သားစားခ်င္ရင္ တစ္ေကာင္မဟုတ္ဘူး ႏွစ္ေကာင္စားလို႔ အေဖကေျပာတဲ႔အခါ သားျဖစ္သူက အံ႔ၾသတဲ႔မ်က္နွာနဲ႔  ဟင္! ဟိုတခါ သားစားခ်င္တယ္ဆိုေတာ႔  အေဖ သားကိုဝယ္မေကြ်းပဲ အခုၾက နွစ္ေကာင္ေတာင္ ဝယ္ေကြ်းေနပါ႔လားအေဖရ… ဆိုေတာ႔  ဒီမွာသား ဟိုတခါ အေဖဝယ္မေကြ်းခဲ႔တာ အဲဒီတုန္းက သားအဖနွစ္ေယာက္ဆင္းဆင္းရဲရဲနဲ႔ ဘဝကိုျဖတ္သန္းေန တဲ႔ အခ်ိန္မွာ အေဖ႔လက္ထဲ တစ္ဆယ္တန္ေလးတစ္ရြက္ပဲရွိတယ္ငါ႔သား

အဲဒီအခ်ိန္တုန္းက ယုန္တစ္ေကာင္ငါးက်ပ္ အေဖဝယ္ေကြ်းရင္ရနိုင္ေပမဲ႔  အေဖ႔လက္ထဲမွာ က်န္ခဲ႔မယ့္ ငါးက်ပ္တန္ တစ္ရြက္က  အေဖတို႔သားအဖနွစ္ေယာက္ မနက္ျဖန္အတြက္  တကယ္လိုအပ္မဲ႔ ဆန္၊ ဆီ၊ ဆား စတာေတြကို ဝယ္ဖို႔ မလံုေလာက္ဘူးသား အဲ႔ဒါေျကာင္႔ သားကိုဝယ္ေကြ်းခ်င္တဲ႔ဆႏၵကိုခ်ဳိးနွိမ္ျပီး  ဘိန္းမုန္႔၂ခု တစ္က်ပ္ဖိုးသာ အေဖဝယ္ေကြ်း ခဲ႔ တာပါ 

အခုအေဖတို႔က အရင္တုန္းကလိုမဟုတ္ေတာ႔ဘူးေလ အခုအေဖတို႔ခ်မ္းသာေနျပီ ငါ႔သားစားခ်င္တာ လုပ္ခ်င္ တာ မွန္သမ်ွကို  အခုအခ်ိန္မွာ အေဖအကုန္လုပ္ေပးနိုင္တယ္ငါ႔သားတဲ႔  ပံုျပင္ေလးကေတာ႔ဒါပါပဲ…

ကြ်န္ေတာ္တို႔တစ္ေတြလည္း ဘဝကို ကိုယ္႔အားကိုယ္ကိုးျဖတ္သန္းေနျကတဲ႔အခ်ိန္မွာ လိုခ်င္တာ. လုပ္ခ်င္တာ. ဝတ္ခ်င္တာ. စားခ်င္တာ မွန္သမွ်ကို  ပံုျပင္ထဲက အေဖျဖစ္သူလို ဆႏၵကို ခ်ဳိးနွိမ္ထားရပါမယ္ ကိုယ္႔ဘဝရပ္တည္ဖို႔ ခက္ခဲေနတဲ႔အခ်ိန္မွာ ပိုက္ဆံရွိခ်မ္းသာေနတဲ႔သူေတြနဲ႔ လိုက္ျပီး တန္းမညွိသင္႔ပါဘူး.…

ဥပမာတစ္ခုေျပာရရင္  အခုလက္ရွိ ပိုက္ဆံခ်မ္းသာတဲ႔သူတစ္ေယာက္ဟာ ထမင္းတစ္ပြဲ ၁၀,၀၀၀ေပးျပီးစားနိုင္ပါတယ္ အကၤ် ီတစ္ထည္ ၅၀,၀၀၀ေပးျပီးဝတ္နိုင္ပါတယ္။ အဲ႔ဒီလိုပဲ က်ြန္ေတာ္တို႔ခင္ဗ်ားတို႔တစ္ေတြဟာ အျမဲတမ္းမဟုတ္ေပမဲ႔ အခါအားေလ်ွာ္စြာ သူေဌးေတြလို ထမင္းတစ္ပြဲ ၁၀,၀၀၀ေပးျပီးစားနိုင္သလို အကၤ် ီတစ္ထည္ ၅၀,၀၀၀ေပးျပီး လိုက္ဝတ္နိုင္ပါတယ္.. 

ဒါေပမ႔ဲ တန္ဘိုးခ်င္းတူေပမဲ႔ ေပးဆပ္ရပုံခ်င္း မတူပါဘူး …  ပိုက္ဆံခ်မ္းသာတဲ႔ သူေဌး တစ္ေယာက္ရဲ႕ လုပ္အားနဲ႔ရတဲ႔ေငြတစ္သိန္းဟာ မိနစ္ပိုင္းေလးနဲ႔ျဖစ္နိုင္ေပမဲ႔  ကြ်န္ေတာ္တို႔ေတြရဲ႕ လုပ္အားနဲ႔ရတဲ႔ ေငြတစ္သိန္းကေတာ႔  မိနစ္ပိုင္းေလးနဲ႔မျဖစ္နိုင္လို႔ပါပဲ  ေနာက္ဆံုးစကားအေနနဲ႔  ယုန္တစ္ေကာင္ငါးက်ပ္ မစားနဲ႔ ငါးဆယ္ျဖစ္မွစား..  လို႔ေျပာလိုက္ပါရေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါကသားအဖနှစ်ယောက် အလွန်စည်ကားသော  ဈေးကြီးတစ်ဈေးအတွင်းသို့ ရောက်ရှိလာသောအခါ  အသက် ၁၀နှစ် ခန့်ရှိ သားငယ်မှ အဖေဖြစ်သူအား ဗိုက်ဆာတယ်အဖေ ရှေ့မှာယုန်ကင်တွေရောင်းနေတယ် သားကိုဝယ်ကျွေးပါတဲ့

သား… တစ်ကောင်ဘယ်လောက်လဲ သွားမေးလိုက်လို့ အဖေကပြောလိုက်ပါတယ် အဲ့ဒါနဲ့သားဖြစ်သူလည်း ယုန်ကင်သည် ကိုသွားမေးတော့ ယုန်တစ်ကောင်ငါးကျပ်လို့ ဈေးသည်ကပြန်ပြောပါတယ်  သားဖြစ်သူလည်း အဖေတစ်ကောင် ငါးကျပ် တဲ့ဗျ သားကိုဝယ်ကျွေးနော်ဆိုတော့ အဖေက  သူ၏လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်တန်လေး တစ်ရွက်ကိုကြည့်ရင်း အံကိုကြိတ်ပြီး သားဖြစ်သူကိုပြောလိုက်ပါတယ်  ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား ? မစားပါနဲ့အုံး သားရယ်  လာသွားရအောင် သား ဗိုက်ဆာနေရင် အဖေတခြားဟာ ဝယ်ကျွေးပါ့မယ်လို့ပြောပြီး သားဖြစ်သူရဲ့ လက်ကို ဆွဲပြီး အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ် ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး သားဖြစ်သူဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။

ဒီလိုနဲ့ နောင် ၁၅ နှစ်လောက်ကြာတဲ့အခါ အဲဒီဈေးကြီးထဲကိုပဲ  သားအဖနှစ်ယောက်ပြန်ရောက်လာတဲ့အခါ သားဖြစ်သူက ပူဆာပြန်ပါတယ် အဖေ ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ သားကို ယုန်ကင်တစ်ကောင်လောက်ဝယ်ကျွေးပါဆိုတော့  အဖေက သားတစ်ကောင်ဘယ်လောက်လဲ ? သွားမေးချည်ဆိုတော့ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က  တစ်ကောင်ငါးကျပ်သာ ရှိတဲ့ ယုန်ကင်ဟာ  အခု တစ်ကောင်ငါးဆယ်ဖြစ်နေပါပြီ။

ဟာ… အဖေဈေးကြီးလိုက်တာ တစ်ကောင်ငါးဆယ်တဲ့ဗျ  ဒီမှာသား ငါးဆယ်မကလို့ငါးထောင်ဖြစ်နေပါစေ အခုအချိန်မှာ ငါ့သားစားချင်ရင် တစ်ကောင်မဟုတ်ဘူး နှစ်ကောင်စားလို့ အဖေကပြောတဲ့အခါ သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့  ဟင်! ဟိုတခါ သားစားချင်တယ်ဆိုတော့  အဖေ သားကိုဝယ်မကျွေးပဲ အခုကြ နှစ်ကောင်တောင် ဝယ်ကျွေးနေပါ့လားအဖေရ… ဆိုတော့  ဒီမှာသား ဟိုတခါ အဖေဝယ်မကျွေးခဲ့တာ အဲဒီတုန်းက သားအဖနှစ်ယောက်ဆင်းဆင်းရဲရဲနဲ့ ဘဝကိုဖြတ်သန်းနေ တဲ့ အချိန်မှာ အဖေ့လက်ထဲ တစ်ဆယ်တန်လေးတစ်ရွက်ပဲရှိတယ်ငါ့သား

အဲဒီအချိန်တုန်းက ယုန်တစ်ကောင်ငါးကျပ် အဖေဝယ်ကျွေးရင်ရနိုင်ပေမဲ့  အဖေ့လက်ထဲမှာ ကျန်ခဲ့မယ့် ငါးကျပ်တန် တစ်ရွက်က  အဖေတို့သားအဖနှစ်ယောက် မနက်ဖြန်အတွက်  တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကို ဝယ်ဖို့ မလုံလောက်ဘူးသား အဲ့ဒါကြောင့် သားကိုဝယ်ကျွေးချင်တဲ့ဆန္ဒကိုချိုးနှိမ်ပြီး  ဘိန်းမုန့်၂ခု တစ်ကျပ်ဖိုးသာ အဖေဝယ်ကျွေး ခဲ့ တာပါ 

အခုအဖေတို့က အရင်တုန်းကလိုမဟုတ်တော့ဘူးလေ အခုအဖေတို့ချမ်းသာနေပြီ ငါ့သားစားချင်တာ လုပ်ချင် တာ မှန်သမျှကို  အခုအချိန်မှာ အဖေအကုန်လုပ်ပေးနိုင်တယ်ငါ့သားတဲ့  ပုံပြင်လေးကတော့ဒါပါပဲ…

ကျွန်တော်တို့တစ်တွေလည်း ဘဝကို ကိုယ့်အားကိုယ်ကိုးဖြတ်သန်းနေကြတဲ့အချိန်မှာ လိုချင်တာ. လုပ်ချင်တာ. ဝတ်ချင်တာ. စားချင်တာ မှန်သမျှကို  ပုံပြင်ထဲက အဖေဖြစ်သူလို ဆန္ဒကို ချိုးနှိမ်ထားရပါမယ် ကိုယ့်ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံရှိချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီး တန်းမညှိသင့်ပါဘူး.…

ဥပမာတစ်ခုပြောရရင်  အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့သူတစ်ယောက်ဟာ ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်ပါတယ် အင်္ကျ ီတစ်ထည် ၅၀,၀၀၀ပေးပြီးဝတ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ခင်ဗျားတို့တစ်တွေဟာ အမြဲတမ်းမဟုတ်ပေမဲ့ အခါအားလျှော်စွာ သူဌေးတွေလို ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်သလို အင်္ကျ ီတစ်ထည် ၅၀,၀၀၀ပေးပြီး လိုက်ဝတ်နိုင်ပါတယ်.. 

ဒါပေမဲ့ တန်ဘိုးချင်းတူပေမဲ့ ပေးဆပ်ရပုံချင်း မတူပါဘူး …  ပိုက်ဆံချမ်းသာတဲ့ သူဌေး တစ်ယောက်ရဲ့ လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းဟာ မိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပေမဲ့  ကျွန်တော်တို့တွေရဲ့ လုပ်အားနဲ့ရတဲ့ ငွေတစ်သိန်းကတော့  မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါပဲ  နောက်ဆုံးစကားအနေနဲ့  ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ ငါးဆယ်ဖြစ်မှစား..  လို့ပြောလိုက်ပါရစေ

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top