တစ္ခါတုန္းက က်ီးကန္းတစ္ေကာင္ဟာ အိမ္တစ္အိမ္မွ ဒိန္ခဲတစ္တံုးကို ခုိးယူၿပီး သစ္ပင္ တစ္ပင္ေပၚသို႔ နားေနတယ္။

ဒိန္ခဲနံ႔ရေသာ ေျမေခြး တစ္ေကာင္ဟာ က်ီးကန္းနားသို႔ နီးကပ္စြာ လာေလ၏ ။ ထိုအခါ ေျမေခြးဟာ အဲဒီ ဒိန္ခဲတံုးကို ဘယ္လို ႀကံလွ်င္ ပိုင္ဆိုင္ရမည္ဟု ေတြးေတာ ေနပါေတာ့တယ္ ။

ေျမေခြးလည္း " မဂၤလာ နံနက္ခင္းေလးပါ မေရႊက်ီး ၊ ေနေကာင္း က်န္းမာေတာ္ မူရဲ႕လား ။ အေမြးအေတာင္ေတြ လွပသလို မေရႊက်ီးရဲ႕ အသံကလည္း သာယာမွာပဲေနာ္ " ဟု က်ီးကန္းကို ေျပာၾကားလိုက္၏ ။

ထုိအခါ က်ီးကန္းဟာ ေျမေခြးရဲ႕ အသံကို ၾကားသည္ႏွင့္ တစ္ၿပိဳင္နက္ ခ်က္ခ်င္း ဆိုသလိုပဲ သူ႔အသံကို ၾကြားလိုက္မိ၏ ။ထိုအခါ မိမိ ဒိန္ခဲေအာက္သို႔က် ျပီးေျမေခြးစာ ျဖစ္ရ ရွာေတာ့တယ္ ။

အတုအေယာင္တို႔ရဲ႕စကားတိုင္းမွာကုိယ္က မသာယာဖို႔ လိုအပ္ပါတယ္ ။
အကယ္၍ သာယာခဲ့မိလွ်င္ကုိယ္ဆီက တစ္ခုခုေပးရတတ္၏ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဘုန္း ဓာတု FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

 တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကို ခိုးယူပြီး သစ်ပင် တစ်ပင်ပေါ်သို့ နားနေတယ်။

ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ။ ထိုအခါ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ဘယ်လို ကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတော နေပါတော့တယ် ။

မြေခွေးလည်း " မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။ အမွေးအတောင်တွေ လှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော် " ဟု ကျီးကန်းကို ပြောကြားလိုက်၏ ။

ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။ထိုအခါ မိမိ ဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ ဖြစ်ရ ရှာတော့တယ် ။

အတုအယောင်တို့ရဲ့စကားတိုင်းမှာကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။
အကယ်၍ သာယာခဲ့မိလျှင်ကိုယ်ဆီက တစ်ခုခုပေးရတတ်၏ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဘုန်း ဓာတု FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top