ေစတနာ သည္ လူတိုင္း နဲ႔ မတန္ တဲ့။ ဒီစကားေလး ၾကားရတိုင္း ေခါင္းထဲမွာ ေတြးစရာ ေလး ေတြ ေရာက္ လာ တယ္ ။ တစ္ပါးသူ အက်ဳိး ကို လိုလားျပီး အျမင္ မ ေတာ္ လုိ႔ ေျပာဆို ကူညီ ေပး တယ္ ဆို တာ ေစတနာပါ ။

YBS ေပၚ မွာ ခံု ေနရာ ဖယ္ ေပး တယ္ ၊ မ နိုင္ မ နင္း ပစၥည္း သယ္လာ သူေတြ႕ ရင္ ကူေပးတယ္ ။ ကိုယ္ခ်င္းစာစိတ္ နဲ႔ ယဥ္တြဲျပီး တစ္ဖက္သား အက်ဳိး သယ္ပိုးရြက္ေဆာင္ ေပးတာ မွန္ ရင္ ေစတနာပါပဲ ။

ဘယ္အလုပ္မွာ မဆို ေစ့ေဆာ္ တိုက္တြန္းမႈ ဆိုတဲ့ ေစတနာ ဓာတ္ေလး အရင္းခံ သင့္ တယ္ လုိ႔ ဗုဒၶ စာေပ မွာ ေတာ့ ေဖာ္ျပ ထား ပါ တယ္ ။ ေစတနာေကာင္းရင္ ကံေကာင္းျပီး ေစတနာဆိုးရင္ ကံဆိုးမယ္ ဆို တာ ကို လည္း လူတိုင္းနီးပါး လက္ခံ ယံုၾကည္ပါ တယ္ ။

ေစတနာ ထားျပီး လုပ္ေပး လိုက္ တဲ့ အလုပ္ေလး တစ္လုပ္ က ေဝဒနာ မျဖစ္ သြားေအာင္ ကာယကံရွင္ရဲ့ ေျပာဆိုေဆာင္ရြက္ခ်က္က အ ေရး ပါ ပါတယ္ ။ ေစတနာ ေကာင္း ေပ မဲ့ အ ေျပာ မတတ္ရင္ တစ္ဖက္သား နစ္နာတတ္ပါတယ္။

ကိုယ္ကူညီနိုင္တဲ့ အရာတစ္ခုကို အကူအညီ ေတာင္း လာ ရင္ ေတာ့ ေပးလိုက္ပါတယ္ ။ ဒါေပမဲ့ ကိုယ္ ျပဳလိုက္တဲ့ ေစတနာ အ ေျပာ နဲ႔ အလုပ္သည္ အ က်ဳိး မ ေမွ်ာ္ ကိုးေသာ စစ္မွန္တဲ့ အရာပဲ ျဖစ္သင့္ပါတယ္။

ေလာကမွာ စစ္မွန္တဲ့ ေစတနာေတြ ေဝငွ ေနသူေတြလည္း ရွိပါတယ္။ ကိုယ့္ဘက္က ေစတနာထားေပမဲ့ တံု့ျပန္မႈဆိုး ျပန္ရတဲ့အခါ စိတ္က ေလး က အခ်ဥ္ ေပါက္ လာ ပါ တယ္။ ေစတနာေတြ ေခါင္းပါး သြားတယ္ဆိုတာ မထိုက္တန္သူေတြ ေပါမ်ား လာ လို့ပါပဲ။

မိန္း က ေလး တစ္ေယာက္ကို ခံုေနရာ ဖယ္ေပးတဲ့ ေယာက်ာ္းေလးကို နွာဗူးပါလို့ ေျပာတာမ်ဳိး ၊ ေစတနာကို အထြန့္တက္ျပီး ေရာင့္တက္လာတာ မ်ဳိး ေတြ က အျမင္ကတ္စရာေကာင္းလွပါတယ္။

လူေတြရဲ့ ေစတနာ ရွားပါးလာတာကို ၾကည့္ျပီး ျပစ္တင္စကား ဆိုဖြယ္ရာလည္း မရွိ ပါ ဘူး။ ေစတနာကို ခုတံုးလုပ္ျပီး အခြင့္ အ ေရး ယူသူ ေတြ နဲ့ ေစတနာထားမွန္း နားမလည္သူေတြ မ်ားျပား လာ တာ က အဓိ က အ ေၾကာင္းရင္းခံ ပါပဲ ။

ဒီေတာ့ ကၽြန္မတို့ ေစတနာေတြ ကို လည္း အကန့္အသတ္သာ အသံုးခ်ရင္း မတန္သူေတြကို ေပးမဲ့ အစား ထိုက္တန္သူေတြအတြက္သာ အတိုးခ်သံုးရ ေအာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Alice May
# Unicode Version # ျဖင့္ ဖတ္ပါ #

စေတနာ သည် လူတိုင်း နဲ့ မတန် တဲ့ ။ ဒီ စကားလေး ကြား ရ တိုင်း ခေါင်းထဲမှာ တွေး စရာ လေး တွေ ရောက် လာ တယ် ။ တစ်ပါးသူ အကျိုး ကို လိုလားပြီး အမြင် မ တော် လို့ ပြောဆို ကူညီ ပေး တယ် ဆို တာ စေတနာပါ ။

YBS ပေါ် မှာ ခုံ နေရာ ဖယ် ပေး တယ် ၊ မ နိုင် မ နင်း ပစ္စည်း သယ်လာ သူတွေ့ ရင် ကူပေးတယ် ။ ကိုယ်ချင်းစာစိတ် နဲ့ ယဉ်တွဲပြီး တစ်ဖက်သား အကျိုး သယ်ပိုးရွက်ဆောင် ပေးတာ မှန် ရင် စေတနာပါပဲ ။

ဘယ်အလုပ်မှာ မဆို စေ့ဆော် တိုက်တွန်းမှု ဆိုတဲ့ စေတနာ ဓာတ်လေး အရင်းခံ သင့် တယ် လို့ ဗုဒ္ဓ စာပေ မှာ တော့ ဖော်ပြ ထား ပါ တယ် ။ စေတနာကောင်းရင် ကံကောင်းပြီး စေတနာဆိုးရင် ကံဆိုးမယ် ဆို တာ ကို လည်း လူတိုင်းနီးပါး လက်ခံ ယုံကြည်ပါ တယ် ။

စေတနာ ထားပြီး လုပ်ပေး လိုက် တဲ့ အလုပ်လေး တစ်လုပ် က ဝေဒနာ မဖြစ် သွားအောင် ကာယကံရှင်ရဲ့ ပြောဆိုဆောင်ရွက်ချက်က အ ရေး ပါ ပါတယ် ။ စေတနာ ကောင်း ပေ မဲ့ အ ပြော မတတ်ရင် တစ်ဖက်သား နစ်နာတတ်ပါတယ်။

ကိုယ်ကူညီနိုင်တဲ့ အရာတစ်ခုကို အကူအညီ တောင်း လာ ရင် တော့ ပေးလိုက်ပါတယ် ။ ဒါပေမဲ့ ကိုယ် ပြုလိုက်တဲ့ စေတနာ အ ပြော နဲ့ အလုပ်သည် အ ကျိုး မ မျှော် ကိုးသော စစ်မှန်တဲ့ အရာပဲ ဖြစ်သင့်ပါတယ်။

လောကမှာ စစ်မှန်တဲ့ စေတနာတွေ ဝေငှ နေသူတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်က စေတနာထားပေမဲ့ တုံ့ပြန်မှုဆိုး ပြန်ရတဲ့အခါ စိတ်က လေး က အချဉ် ပေါက် လာ ပါ တယ်။ စေတနာတွေ ခေါင်းပါး သွားတယ်ဆိုတာ မထိုက်တန်သူတွေ ပေါများ လာ လို့ပါပဲ။

မိန်း က လေး တစ်ယောက်ကို ခုံနေရာ ဖယ်ပေးတဲ့ ယောကျာ်းလေးကို နှာဗူးပါလို့ ပြောတာမျိုး ၊ စေတနာကို အထွန့်တက်ပြီး ရောင့်တက်လာတာ မျိုး တွေ က အမြင်ကတ်စရာကောင်းလှပါတယ်။

လူတွေရဲ့ စေတနာ ရှားပါးလာတာကို ကြည့်ပြီး ပြစ်တင်စကား ဆိုဖွယ်ရာလည်း မရှိ ပါ ဘူး။ စေတနာကို ခုတုံးလုပ်ပြီး အခွင့် အ ရေး ယူသူ တွေ နဲ့ စေတနာထားမှန်း နားမလည်သူတွေ များပြား လာ တာ က အဓိ က အ ကြောင်းရင်းခံ ပါပဲ ။

ဒီတော့ ကျွန်မတို့ စေတနာတွေ ကို လည်း အကန့်အသတ်သာ အသုံးချရင်း မတန်သူတွေကို ပေးမဲ့ အစား ထိုက်တန်သူတွေအတွက်သာ အတိုးချသုံးရ အောင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Alice May
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top