ခိုးေျပးလို႔ လက္ထပ္ရတဲ့ မိန္းကေလး တေယာက္ တန္ဖိုးနဲ႕ တင့္ေတာင္းတင့္တယ္ လူႀကီးစံုရာနဲ႔ တင္ေတာင္းခံရတဲ့ မိန္းကေလး တေယာက္တန္ဖိုး ဘယ္လိုမွ မတူႏိုင္ဘူး ။

ပစၥည္းေတာင္မွ သူ႕တန္ဖိုး အေလ်ာက္ ေစ်းႀကီးေပးဝယ္တာနဲ႕ ခိုးၿပီး အလကားရတဲ့ ခိုးရာပစၥည္း တန္ဖိုး အသီးသီး ရွိတာပဲ ။

ေနာက္တခ်က္ ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္ဘက္က သူနဲ႔ စည္းမေက်ာ္ထားဘူးဆို မိန္းကေလးဘက္က ကိုယ့္မိဘ မ်က္ႏွာ မငယ္ရဘူး ။

ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္ ေယာက်ာ္းေလး ဘက္က ဘာေျပာေျပာ ကိုယ့္မိဘေတြ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္ ။ ကိုယ့္သမီးက စည္းေက်ာ္ၿပီးၿပီကိုး ။ သူ႔သားက ေလွကား သံုးထစ္ဆင္း လူပ်ဳိျပန္ျဖစ္ႏိုင္ေပမယ့္ ကိုယ့္သမီးက အပ်ဳိ ျပန္မျဖစ္ႏိုင္ေတာ့သလို ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစခ်င္ေတာ့ ကိုယ္ပဲ ေခါင္းငံု႕ ခံရတာေပါ့ ။

ၿပီးေတာ့ ေနာက္တခ်က္ တသက္လံုး ေကြ်းေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညႈိးထိုး ခံရမယ့္ အလုပ္မ်ဳိး ဘယ္ေတာ့မွ မလုပ္ဘူး ။

အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခ်စ္ပါေစ မိဘကို ဆန္႕က်င္ၿပီး ခိုးေျပးမယ့္ အလုပ္မ်ဳိး မလုပ္ဘဲ မိဘ သေဘာတူေအာင္ ႀကိဳးစားသင့္တယ္ ။

ေနာက္တခု ေျပာရရင္ အခုေခတ္မွာ living together ေတြ မ်ားလာတယ္ ။ ရည္းစား ဆိုတာနဲ႕ အဆင့္ေက်ာ္ၾကတယ္ ။ တကယ္ေတာ့ အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြ ကိုယ္ေနတာက ျမန္မာျပည္ ။ ျမန္မာမိန္းကေလး တေယာက္ အေနနဲ႕ အရွက္သိကၡာကို ထိန္းသိမ္းသင့္တယ္ ။

Living together ေနၿပီး RS goals လို႔ ထင္ေနတဲ့ သူေတြေရာ ေနလိုက္ပါၿပီရဲ႕ ။ အာ့ တေယာက္နဲ႕ လက္မထပ္ျဖစ္ရင္ေရာ ေနာက္တေယာက္နဲ႕လား ။

အဲ့ဒါဆိုရင္ ဖာသည္မေတြနဲ႕ ဘာထူးေတာ့မလဲ ။ ဖာသည္မေတြေတာင္ ဘဝေပး အေျခအေန အရ လုပ္ေနရလို႕ ေျပာရရင္ သူတို႕ကေတာင္ ပိုသာပါတယ္ ။

မိန္းကေလးေတြ အေနနဲ႕ ဘယ္ေလာက္ ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ ။ အရမ္းခ်စ္လို႕ ဘဝေပးၿပီး ခ်စ္တယ္ ဆိုတာ မလုပ္မိပါေစနဲ႕ ။

ကဲ ကိုယ္ ဘဝေပးခ်စ္ေတာ့ေရာ ကိုယ့္ကို တန္ဖိုးထားမယ္ ထင္သလား ။ No ပါ ။ ေယာက်ာ္း ဆိုတာမ်ဳိးက 10 မွာ 9 ေယာက္က မရခင္သာ လိုခ်င္တာ လက္တည့္ စမ္းခ်င္တာ ။ ရလို႕ ရိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြခ်ည္းပဲ ။ ေယာက်ာ္း အကုန္လံုးေတာ့ မဟုတ္ပါဘူး ။ ဒါေပမယ့္ ေကာင္းတဲ့ တေယာက္နဲ႕ ေတြ႕ႏိုင္မယ္ ထင္သလား ။ ကိုယ့္ကံ အာ့ေလာက္ေကာင္းမယ္လို႕ ယံုၾကည္ႏိုင္သလား ။ ကိုယ့္ စိတ္ေတာင္ အမ်ဳိးမ်ဳိးေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႕ မျဖစ္ႏိုင္ပါဘူးေလ ။

ၿပီးေတာ့ ေယာက်ာ္းဆိုတာ ကိုယ္ကသာ လူပ်ဳိ စစ္ခ်င္မွ စစ္မယ္ ။ ကိုယ္ယူမယ့္ မိန္းကေလး ဆိုတာ အပ်ဳိစင္ ပဲ လိုခ်င္ၾကတာ ။ ငါ မပါဘူးလို႕ ေျပာမယ့္ ေယာက်ာ္းေတြ ရွိမွာပဲ ။ ဒါေပမယ့္ သူတို႕ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာ ျဖစ္ခ်င္ျဖစ္မယ္ ။ ျဖစ္ႏိုင္ရင္ ကိုယ္လက္ထပ္မယ့္သူ အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကတာပါ ။

ဟိုးအရင္ထဲက မိဘ ပံုစံခြက္ထဲ ႀကီးျပင္းလာတဲ့ ကြ်န္မ မိဘေတြကို ေက်းဇူးတင္တယ္ ။ တန္ဖိုးရွိတဲ့ အသိေတြ ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္ေအာင္ သင္ေပးခဲ့တဲ့ အတြက္ လက္မထပ္ခင္ ဘယ္ေတာ့မွ စည္းမေက်ာ္ရဘူး ဆိုတဲ့ အသိေတြ အရွက္ဆိုတာ အသက္ထက္ ပို တန္ဖိုးထား တတ္ေအာင္ သင္ေပးခဲ့တဲ့ အသိေတြ ကိုယ့္ကိုယ္ကိုေတာင္ တန္ဖိုးမထားရင္ ဘယ္သူမွ တန္ဖိုးထားမွ မဟုတ္ဘူးဆိုတာ ရင္ထဲစြဲေနေအာင္ ရိုက္သြင္းထားတယ္ ။

အပ်ဳိစင္ဘဝ ဆိုတာ ကိုယ့္ကို တန္ဖိုး ထားၿပီး တဘဝလံုး ေစာင့္ေရွာက္ေပးမယ့္ ကိုယ့္ကို လက္ထပ္ယူမယ့္ ေယာက်ာ္းတေယာက္အတြက္ ေပးရမယ့္ အရာတစ္ခုပါ ။ ပထမဆံုး အႀကိမ္ အတားအဆီးမရွိ ရလာမယ့္ ကေလးေလးကိုလဲ ႀကိဳဆိုေပးပါ ။ ေပ်ာ္႐ႊင္တဲ့ သိကၡာရွိတဲ့ မိသားစုေလး တခု ဖန္တီးေပးပါ ။

ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း ကြ်န္မ အပါအဝင္ ကြ်န္မ ပတ္ဝန္းက်င္မွာ အာ့လို မိန္းကေလး အမ်ားႀကီး ရွိေနတာ ဂုဏ္ယူမိတယ္ ။

ကြ်န္မ post ေလးျမင္ၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြ တေယာက္ေလာက္ ရွိမယ္ ဆိုရင္ေတာင္ ေက်နပ္မိတယ္ ။ စာအရွည္ႀကီး ဖတ္ေပးလို႕ ေက်းဇူးပါလို႕ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့ တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး ။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိတာပဲ ။

နောက်တချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။ ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး ။ သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ ။

ပြီးတော့ နောက်တချက် တသက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ် ။

နောက်တခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ် ။ ရည်းစား ဆိုတာနဲ့ အဆင့်ကျော်ကြတယ် ။ တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ ကိုယ်နေတာက မြန်မာပြည် ။ မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ် ။

Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ ။ အာ့ တယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တယောက်နဲ့လား ။

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ ။ ဖာသည်မတွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ် ။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့ ။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား ။ No ပါ ။ ယောကျာ်း ဆိုတာမျိုးက 10 မှာ 9 ယောက်က မရခင်သာ လိုချင်တာ လက်တည့် စမ်းချင်တာ ။ ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ ။ ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကောင်းတဲ့ တယောက်နဲ့ တွေ့နိုင်မယ် ထင်သလား ။ ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ။ ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ ။

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ် ။ ကိုယ်ယူမယ့် မိန်းကလေး ဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ ။ ငါ မပါဘူးလို့ ပြောမယ့် ယောကျာ်းတွေ ရှိမှာပဲ ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ် ။ ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ ။

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ် ။ တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ် ။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုး ထားပြီး တဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့် ယောကျာ်းတယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ ။ ပထမဆုံး အကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ ။ ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တခု ဖန်တီးပေးပါ ။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လို မိန်းကလေး အများကြီး ရှိနေတာ ဂုဏ်ယူမိတယ် ။

ကျွန်မ post လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တယောက်လောက် ရှိမယ် ဆိုရင်တောင် ကျေနပ်မိတယ် ။ စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့ ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top