










Credit:bahututaa
# Unicode Version # ဖြင့် ဖတ်ပါ #

ပရိသတ်တွေ ချစ်ကြတဲ့ ကောင်မလေး နှစ်ယောက်ဖြစ်တဲ့ မေတိုးခိုင်နဲ့ နော်ဖော်အယ်ထားတို့ကတော့ အနုပညာ လုပ်ငန်းတွေကို အတူတူ တွဲဖက်ပြီး လုပ်ကိုင်သလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့သူတွေ ဖြစ်ပါတယ် ။

အမြဲတမ်း သွားအတူ ၊ စားအတူနဲ့ ရှိတဲ့ သူမတို့ နှစ်ဦးကို ပရိသတ်တွေလည်း သတိထားမိကြပြီး ချစ်ကြတာ ဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ မေတိုးခိုင်နဲ့ နော်ဖော်အယ်ထားတို့ သူငယ်ချင်း နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ BFF Goal ပုံလေးတွေကို ရိုက်ကူးခဲ့ကြပါတယ် ။

မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ သူငယ်ချင်း နှစ်ယောက်အတွက် BFF Goal ပုံလေးတွေကို Life Photography မှ ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ် ။ ပုံလေးတွေက အရမ်းကိုလှသလို မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ကလည်း ပိုစ့်တွေ အမျိုးမျိုးပေးထားတော့ အရမ်းကို ပုံထွက်ကောင်းနေတာပဲ ဖြစ်ပါတယ် ။

နော်ဖော်အယ်ထားနဲ့ မေတိုးခိုင်တို့ကို အနုပညာ လုပ်ငန်းတွေမှာ အတူတူ တွဲဖက်ပြီးလည်း အများကြီး တွေ့ရသလို အပြင်မှာလည်း အရမ်းချစ်ကြတဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေအဖြစ် ပရိသတ်တွေက ချစ်ကြတာပဲ ဖြစ်ပါတယ် ။

မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့က ကြော်ငြာဓာတ်ပုံတွေ အတူတူ ရိုက်ကူးကြသလို အခုဆိုရင် ရုပ်ရှင် ၊ ဗီဒီယို ဇာတ်ကားတွေမှာပါ အသီးသီး သရုပ်ဆောင်နေကြပြီပဲ ဖြစ်ပါတယ် ။

နော်ဖောအယ်ထားနဲ့ မေတိုးခိုင်တို့ သူငယ်ချင်း နှစ်ယောက်ကတော့ ဘယ်အချိန်ကြည့်ကြည့် ပျော်နေကြတာပဲနော် ။ သူမတို့ နှစ်ယောက်စလုံးကလည်း Single လေးတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး အချိန်ပေးပြီး တွေ့နိုင်ကြတာ ဖြစ်ပါတယ် ။

မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ရဲ့ ပုံလေးတွေက ချစ်စရာလေးတွေပဲနော် ။ ပရိသတ်ကြီးလည်း မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top