ရန္ကုန္လွ်ပ္စစ္ဓာတ္အား အလွည့္က်ဝန္ေလ်ာ့ျခင္းအျပင္ အေရးေပၚထပ္ေလွ်ာ့မည္ဟု YESC အသိေပး
ကမ္းလြန္ဓါတ္ေငြ႕ Compressor မ်ား ရပ္တန႔္ခဲ့သည့္အတြက္ ရန္ကုန္လွ်ပ္စစ္ဓါတ္အား အလွည့္က်ဝန္ေလ်ာ့ျခင္း အျပင္ အေရးေပၚထပ္ေလွ်ာ့မည္ဟု ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) က ေမ ၁၄ရက္တြင္ အမ်ားျပည္သူသို႔ အသိေပးထုတ္ျပန္သည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းသို႔ လွ်ပ္စစ္ဓာတ္အားေပးလ်က္ရွိေသာ ရတနာကမ္းလြန္ဓာတ္ေငြ႕ျဖင့္ အသုံးျပဳေမာင္းႏွင္ေနေသာ GT စက္မ်ား offshore တြင္ Compressor (၂)လုံး အေရးေပၚ Shut Down ျဖစ္ေပၚခဲ့သည္။
ထို႔ေၾကာင့္ ေမ ၁၄ရက္ (ယေန႔) နံနက္ပိုင္းအခ်ိန္တြင္ ေ႐ႊေတာင္(15)MW၊ အလုံ (42)MW ၊ ႐ြာမ E-guard (60)MW ၊သီလဝါ (25)MW ၊ေလွာ္ကား (35)MW စက္မ်ား ထြက္သြားခဲ့ၿပီး MW 200 ခန႔္ေလ်ာ့နည္းသြားခဲ့ပါသည္။ထို႔ျပင္ ေနာက္ထပ္စက္(၃)လုံး 200MW ခန႔္ထပ္ထြက္ႏိုင္ပါသျဖင့္ ဓာတ္အားထုတ္လုပ္မႈ 400MW ခန႔္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အေရးေပၚ သဘာဝဓာတ္ေငြ႕ Compressor စက္မ်ားရပ္တန႔္မႈေၾကာင့္ ရန္ကုန္တိုင္းအတြင္း လက္ရွိေပးေနေသာ လွ်ပ္စစ္မီး အလွည့္ဝန္အားေလ်ာ့ျခင္းအျပင္ လွ်ပ္စစ္မီး ထပ္မံျပတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar times
# Unicode Version # ျဖင့္ ဖတ္ပါ #
ကမ်းလွန်ဓါတ်ငွေ့ Compressor များ ရပ်တန့်ခဲ့သည့်အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အား အလှည့်ကျဝန်လျော့ခြင်း အပြင် အရေးပေါ်ထပ်လျှော့မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က မေ ၁၄ရက်တွင် အများပြည်သူသို့ အသိပေးထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လျှပ်စစ်ဓာတ်အားပေးလျက်ရှိသော ရတနာကမ်းလွန်ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေသော GT စက်များ offshore တွင် Compressor (၂)လုံး အရေးပေါ် Shut Down ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် မေ ၁၄ရက် (ယနေ့) နံနက်ပိုင်းအချိန်တွင် ရွှေတောင်(15)MW၊ အလုံ (42)MW ၊ ရွာမ E-guard (60)MW ၊သီလဝါ (25)MW ၊လှော်ကား (35)MW စက်များ ထွက်သွားခဲ့ပြီး MW 200 ခန့်လျော့နည်းသွားခဲ့ပါသည်။ထို့ပြင် နောက်ထပ်စက်(၃)လုံး 200MW ခန့်ထပ်ထွက်နိုင်ပါသဖြင့် ဓာတ်အားထုတ်လုပ်မှု 400MW ခန့် လျော့နည်းခဲ့ကြောင်း သိရသည်။
ထိုသို့ အရေးပေါ် သဘာဝဓာတ်ငွေ့ Compressor စက်များရပ်တန့်မှုကြောင့် ရန်ကုန်တိုင်းအတွင်း လက်ရှိပေးနေသော လျှပ်စစ်မီး အလှည့်ဝန်အားလျော့ခြင်းအပြင် လျှပ်စစ်မီး ထပ်မံပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar times