ခရီးသည္မ်ား အဆင္ေျပေစရန္ YBS ယာဥ္လိုင္းမ်ားကို ည၁၀နာရီအထိ ေျပးဆြဲႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ (YRTA) မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္ကေျပာသည္။

အဆိုပါ YBS ယာဥ္လိုင္းမ်ားအေနႏွင့္ ယခုလက္ရွိတြင္ ည ၉ နာရီအထိ သာေျပးဆြဲလ်က္ရွိၿပီး ယဥ္လိုင္းအခ်ိဳ႕ျဖစ္သည့္ YBS (၂၀)၊ (၈၃)၊ (၉၈)၊ (၉၉) ႏွင့္ YBS YBS Airport Shuttle (ေလဆိပ္မွ ဆူးေလ) ယာဥ္လမ္းေၾကာင္းကို ၂၄ နာရီ ဝန္ေဆာင္မႈျဖင့္ ေျပးဆြဲေနေၾကာင္း YRTA ထံမွ သိရသည္။

“YBS နဲ႔ ပတ္သက္ၿပီး ည ၁၀ နာရီအထိေျပးဆြဲဖို႔ လုပ္ထားေပမယ့္ ဒါကိုမလိုက္နာႏိုင္တဲ့အတြက္ ယာဥ္အားလံုး ထိန္းသိမ္းရတာ အားနည္းေနေသးတယ္။ ကၽြန္ေတာ့္ဘက္ကေတာ့ ၁၀ နာရီတိုးေရး ဆက္လက္ႀကိဳးပမ္းသြားမယ္။ မီနီဘတ္စ္လိုင္းေတြကို ေနာက္ပိုင္း ကားႀကီးေတြကို ေျပာင္းမယ္။ ၁၀ နာရီအထိ သတ္မွတ္ခ်က္ အတိုင္းေျပးႏိုင္ေအာင္လုပ္ေနတယ္။ အဲဒီထက္တိုးျမႇင့္ၿပီး ၁၁နာရီ ၁၂ နာရီ အထိေတာ့ မလုပ္ႏိုင္ေသးပါဘူး”ဟု ဦးလွေအာင္က ဆိုသည္။

ယခုလက္ရွိတြင္ ည ၈ နာရီေနာက္ပိုင္းတြင္ ၾကားကား (ေအာက္ဆိုဒ္) မ်ား ေျပးဆြဲလ်က္ရွိၿပီး ယင္းၾကားကားမ်ားမွာ ဆူးေလမွ သာေကတ၊ ဆူးေလမွ ေျမာက္ဥကၠလာပ၊ ဆူးေလမွေ႐ႊျပည္သာ၊ ဆူးေလမွ အင္းစိန္၊ ဆူးေလမွ ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း၊ တာေမြေဈးမွ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္း၊ တာေမြေဈးမွ သန္လ်င္ႏွင့္ မဂၤလာေဈးမွ သာေကတလမ္းေၾကာင္းမ်ားတြင္ ည ၈ နာရီမွ ည ၁၂ ေက်ာ္အထိ က်ပ္ ၅၀၀ မွ က်ပ္ ၁၀၀၀ ေဈးႏႈန္းျဖင့္ ေျပးဆြဲလ်က္ရွိေၾကာင္း ယင္းၾကားကားကို အသံုးျပဳေနရသည့္ ခရီးသြားမ်ားက ေျပာၾကားသည္။

၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာ ၁၉ ရက္က စတင္ကာ Omni Focus Transport Service ၏ ယာဥ္လိုင္းခြဲမ်ားျဖစ္ေသာ YBS (၂၀) လိႈင္သာယာမွ ၾကယ္ငါးပြင့္၊ (၈၃) လိႈင္သာယာမွ ေတာင္ဒဂံု၊ (၉၈) ဒဂံုဧရာအေဝးေျပးမွ လမ္း ၅၀၊ (၉၉) ဒဂံုဧရာအေဝးေျပးမွ ေျမာက္ဒဂံု ယာဥ္လိုင္းမ်ား ၂၄ နာရီ ေျပးဆြဲလ်က္ရွိၿပီး ယင္းအျပင္ YBS Airport Shuttle (ေလဆိပ္မွ ဆူးေလ) ယာဥ္လမ္းေၾကာင္းကို ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာ ၁၅ ရက္စ၍ ၂၄ နာရီ ဝန္ေဆာင္မႈျဖင့္ ေျပးဆြဲေနသည္။

ယင္း ၂၄ နာရီ ေျပးဆြဲေပးေနသည့္ YBS ယာဥ္လိုင္းမ်ားအေနႏွင့္ ညအခ်ိန္ ေျပးဆြဲရာတြင္ တရားမဝင္ ၾကားကားမ်ား၏ ရန္ရွာမႈ၊ ၿခိမ္းေျခာက္မႈႏွင့္ ေႏွာင့္ယွက္မႈကို ခံေနရေၾကာင္း ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

ယခုအခါ ရန္ကုန္တိုင္းေဒသႀကီးတြင္ YBS ယာဥ္လိုင္း ၁၀၀ မွ ယာဥ္လမ္းေၾကာင္း ၁၂၃ ေၾကာင္းျဖင့္ တစ္ေန႔လွ်င္ ယာဥ္အစီးေရ ၄၃၀၀ ေက်ာ္ ေျပးဆြဲလ်က္ရွိၿပီး ေန႔စဥ္ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းကို ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း YRTA မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Daily
# Unicode Version # ျဖင့္ ဖတ္ပါ #

ခရီးသည်များ အဆင်ပြေစေရန် YBS ယာဉ်လိုင်းများကို ည၁၀နာရီအထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

အဆိုပါ YBS ယာဉ်လိုင်းများအနေနှင့် ယခုလက်ရှိတွင် ည ၉ နာရီအထိ သာပြေးဆွဲလျက်ရှိပြီး ယဉ်လိုင်းအချို့ဖြစ်သည့် YBS (၂၀)၊ (၈၃)၊ (၉၈)၊ (၉၉) နှင့် YBS YBS Airport Shuttle (လေဆိပ်မှ ဆူးလေ) ယာဉ်လမ်းကြောင်းကို ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲနေကြောင်း YRTA ထံမှ သိရသည်။

“YBS နဲ့ ပတ်သက်ပြီး ည ၁၀ နာရီအထိပြေးဆွဲဖို့ လုပ်ထားပေမယ့် ဒါကိုမလိုက်နာနိုင်တဲ့အတွက် ယာဉ်အားလုံး ထိန်းသိမ်းရတာ အားနည်းနေသေးတယ်။ ကျွန်တော့်ဘက်ကတော့ ၁၀ နာရီတိုးရေး ဆက်လက်ကြိုးပမ်းသွားမယ်။ မီနီဘတ်စ်လိုင်းတွေကို နောက်ပိုင်း ကားကြီးတွေကို ပြောင်းမယ်။ ၁၀ နာရီအထိ သတ်မှတ်ချက် အတိုင်းပြေးနိုင်အောင်လုပ်နေတယ်။ အဲဒီထက်တိုးမြှင့်ပြီး ၁၁နာရီ ၁၂ နာရီ အထိတော့ မလုပ်နိုင်သေးပါဘူး”ဟု ဦးလှအောင်က ဆိုသည်။

ယခုလက်ရှိတွင် ည ၈ နာရီနောက်ပိုင်းတွင် ကြားကား (အောက်ဆိုဒ်) များ ပြေးဆွဲလျက်ရှိပြီး ယင်းကြားကားများမှာ ဆူးလေမှ သာကေတ၊ ဆူးလေမှ မြောက်ဥက္ကလာပ၊ ဆူးလေမှရွှေပြည်သာ၊ ဆူးလေမှ အင်းစိန်၊ ဆူးလေမှ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တာမွေဈေးမှ ဒဂုံမြို့သစ်တောင်ပိုင်း၊ တာမွေဈေးမှ သန်လျင်နှင့် မင်္ဂလာဈေးမှ သာကေတလမ်းကြောင်းများတွင် ည ၈ နာရီမှ ည ၁၂ ကျော်အထိ ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ဈေးနှုန်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း ယင်းကြားကားကို အသုံးပြုနေရသည့် ခရီးသွားများက ပြောကြားသည်။

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ Omni Focus Transport Service ၏ ယာဉ်လိုင်းခွဲများဖြစ်သော YBS (၂၀) လှိုင်သာယာမှ ကြယ်ငါးပွင့်၊ (၈၃) လှိုင်သာယာမှ တောင်ဒဂုံ၊ (၉၈) ဒဂုံဧရာအဝေးပြေးမှ လမ်း ၅၀၊ (၉၉) ဒဂုံဧရာအဝေးပြေးမှ မြောက်ဒဂုံ ယာဉ်လိုင်းများ ၂၄ နာရီ ပြေးဆွဲလျက်ရှိပြီး ယင်းအပြင် YBS Airport Shuttle (လေဆိပ်မှ ဆူးလေ) ယာဉ်လမ်းကြောင်းကို ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၅ ရက်စ၍ ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲနေသည်။

ယင်း ၂၄ နာရီ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းများအနေနှင့် ညအချိန် ပြေးဆွဲရာတွင် တရားမဝင် ကြားကားများ၏ ရန်ရှာမှု၊ ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုကို ခံနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် YBS ယာဉ်လိုင်း ၁၀၀ မှ ယာဉ်လမ်းကြောင်း ၁၂၃ ကြောင်းဖြင့် တစ်နေ့လျှင် ယာဉ်အစီးရေ ၄၃၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း YRTA မှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top