20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

YBS ယာဥ္လိုင္းမ်ားမွ ဘတ္စ္ကားအမ်ားစုအေနျဖင့္ အဲယားကြန္းမဖြင့္ဘဲ မွန္ဖြင့္ကာ ေမာင္းႏွင္မႈမ်ားရွိေနေသာေၾကာင့္ အဲယားမဖြင့္သည့္ YBS ဘတ္စ္ကားမ်ားကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ (YRTA) မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

အဆိုပါ YBS ယာဥ္အမ်ားစုမွာ ယာဥ္ေဟာင္းမ်ားျဖစ္သည့္အတြက္ ရာသီဥတုပူျပင္းကာ အဲယားကြန္းပ်က္ျခင္း စသည့္ ျပႆနာမ်ားရွိေသာေၾကာင့္ ယင္း ယာဥ္မ်ားကို ျပဳျပင္ခိုင္းထားၿပီး ခရီးသည္မ်ား အဲယားကြန္းဘတ္စ္ကားမ်ားျဖင့္ သြားလာႏိုင္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ကၽြန္ေတာ့္အပိုင္းကေတာ့ အဲယားကြန္းဖြင့္ေအာင္ နံပါတ္တစ္ တိုက္တြန္းရမယ္။ သူတို႔ရဲ႕ အေၾကာင္းျပခ်က္က CNG ကို အေၾကာင္းျပတယ္။ ရာသီဥတုကို အေၾကာင္းျပတယ္။ အခ်ိဳ႕ယာဥ္လိုင္းဆို အရင္တုန္းက လိုက္ကာခ်ထားတယ္။ အဲယားကြန္းေအးတယ္။ အခုက်ေတာ့ ကၽြန္ေတာ္တို႔က လိုက္ကာျဖဳတ္ခိုင္းလို႔ အဲယားကြန္းမေအးလို႔ မဖြင့္ႏိုင္တာပါလို႔ ေျပာတာရွိတယ္”ဟု ဦးလွေအာင္က ရွင္းျပသည္။

ယခုလက္ရွိတြင္ YBS ယာဥ္လိုင္း ၁၀၀ ေက်ာ္မွ လမ္းေၾကာင္းေပါင္း ၁၀၀ ေက်ာ္ကို ယာဥ္အစီးေရ ၆၃၀၀ ေက်ာ္ျဖင့္ ေျပးဆြဲေပးလ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔ (YRTA) ထံမွ သိရသည္။

လက္ရွိ ေျပးဆြဲေနသည့္ ယာဥ္အစီးေရ ၆၀၀၀ ေက်ာ္တြင္ YBS ယာဥ္ အစီးေရ ၃၀၀၀ ေက်ာ္မွာ ကားေဟာင္းမ်ားျဖစ္ေသာေၾကာင့္ ေႏြရာသီတြင္ အဲယားကြန္းဖြင့္လွ်င္ မေအးသျဖင့္ မွန္ဖြင့္ ေမာင္းႏွင္ေနရေၾကာင္း YBS ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

ယင္းကိစၥမ်ားႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔ YRTA က သတင္းစာရွင္းလင္းပြဲကို ေမလ ၁၅ ရက္ေန႔တြင္ တာေမြၿမိဳ႕နယ္ရွိ YRTA ႐ံုး (ယခင္ မထသ႐ံုးေဟာင္း) တြင္ က်င္းပျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thevoicemyanmar

#Unicode Version#
YBS ယာဉ်လိုင်းများမှ ဘတ်စ်ကားအများစုအနေဖြင့် အဲယားကွန်းမဖွင့်ဘဲ မှန်ဖွင့်ကာ မောင်းနှင်မှုများရှိနေသောကြောင့် အဲယားမဖွင့်သည့် YBS ဘတ်စ်ကားများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

အဆိုပါ YBS ယာဉ်အများစုမှာ ယာဉ်ဟောင်းများဖြစ်သည့်အတွက် ရာသီဥတုပူပြင်းကာ အဲယားကွန်းပျက်ခြင်း စသည့် ပြဿနာများရှိသောကြောင့် ယင်း ယာဉ်များကို ပြုပြင်ခိုင်းထားပြီး ခရီးသည်များ အဲယားကွန်းဘတ်စ်ကားများဖြင့် သွားလာနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်အပိုင်းကတော့ အဲယားကွန်းဖွင့်အောင် နံပါတ်တစ် တိုက်တွန်းရမယ်။ သူတို့ရဲ့ အကြောင်းပြချက်က CNG ကို အကြောင်းပြတယ်။ ရာသီဥတုကို အကြောင်းပြတယ်။ အချို့ယာဉ်လိုင်းဆို အရင်တုန်းက လိုက်ကာချထားတယ်။ အဲယားကွန်းအေးတယ်။ အခုကျတော့ ကျွန်တော်တို့က လိုက်ကာဖြုတ်ခိုင်းလို့ အဲယားကွန်းမအေးလို့ မဖွင့်နိုင်တာပါလို့ ပြောတာရှိတယ်”ဟု ဦးလှအောင်က ရှင်းပြသည်။

ယခုလက်ရှိတွင် YBS ယာဉ်လိုင်း ၁၀၀ ကျော်မှ လမ်းကြောင်းပေါင်း ၁၀၀ ကျော်ကို ယာဉ်အစီးရေ ၆၃၀၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

လက်ရှိ ပြေးဆွဲနေသည့် ယာဉ်အစီးရေ ၆၀၀၀ ကျော်တွင် YBS ယာဉ် အစီးရေ ၃၀၀၀ ကျော်မှာ ကားဟောင်းများဖြစ်သောကြောင့် နွေရာသီတွင် အဲယားကွန်းဖွင့်လျှင် မအေးသဖြင့် မှန်ဖွင့် မောင်းနှင်နေရကြောင်း YBS ယာဉ်မောင်းများထံမှ သိရသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA က သတင်းစာရှင်းလင်းပွဲကို မေလ ၁၅ ရက်နေ့တွင် တာမွေမြို့နယ်ရှိ YRTA ရုံး (ယခင် မထသရုံးဟောင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖိုးသူတော်(www.phothutaw.com)
Credit:thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top