အင္းစိန္ၿမိဳ႕နယ္၊ ဘီအိုစီမွတ္တိုင္တြင္ ေမ ၁၃ ရက္ မြန္းလြဲပိုင္းက YBS (၂၁) ခရီးသည္တင္ယာဥ္တစ္စီးမွာ ဘရိတ္ေပါက္ၿပီး အရွိန္မထိန္းႏိုင္ျဖစ္ရာမွ စည္းကမ္းမဲ့ယာဥ္ဖမ္းဆီးေရးအဖြဲ႔လိုက္ပါလာေသာယာဥ္ကို ဝင္တိုက္မိသျဖင့္ ရဲတပ္ဖြဲ႔ဝင္ ေျခာက္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။

YBS (၂၁) ယာဥ္မွာ အင္းစိန္လမ္းအတိုင္း ဘီအိုစီဘက္မွ သမိုင္းလမ္းဆံုဘက္သို႔ ေမာင္းႏွင္လာစဥ္ ဘီအိုစီမွတ္တိုင္အေရာက္ ဘရိတ္ေပါက္ၿပီး အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းေဘးတြင္ရပ္ထားသည့္ စည္းကမ္းမဲ့ယာဥ္ ဖမ္းဆီးေရးအဖြဲ႔ဝင္မ်ား လိုက္ပါလာေသာ ေတာင္းေအ့စ္ယာဥ္ကို ဝင္တိုက္မိခဲ့သည္။

ယာဥ္တိုက္ခံရသည့္အရွိန္ျဖင့္ ေတာင္းေအ့စ္ယာဥ္မွ Caldina အမ်ိဳးအစား ယာဥ္သံုးစီးႏွင့္ Rosa အမ်ိဳးအစား ယာဥ္တစ္စီးတို႔ကို ထပ္မံတိုက္မိခဲ့ၿပီး ေတာင္းေအ့စ္ ယာဥ္ေပၚပါ ရဲအုပ္သိန္းလိႈင္အပါအဝင္ တပ္ဖြဲ႔ဝင္ေျခာက္ဦး ဖူးေရာင္နာက်င္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ အင္းစိန္ေဆး႐ံုသို႔ တင္ပို႔ခဲ့ရေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ယာဥ္တိုက္မႈက်ဴးလြန္ခဲ့သည့္ YBS (၂၁) ခရီးသည္တင္ယာဥ္မွ ယာဥ္ေမာင္းျဖစ္သူမွာ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ ၎ကို အင္းစိန္ၿမိဳ႕မရဲစခန္းက ယာဥ္ (ပ) ၄၈/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ျဖင့္ အမႈဖြင့္၍ ဖမ္းဆီးအေရးယူႏိုင္ရန္ စံုစမ္းေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
အင်းစိန်မြို့နယ်၊ ဘီအိုစီမှတ်တိုင်တွင် မေ ၁၃ ရက် မွန်းလွဲပိုင်းက YBS (၂၁) ခရီးသည်တင်ယာဉ်တစ်စီးမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ရာမှ စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေးအဖွဲ့လိုက်ပါလာသောယာဉ်ကို ဝင်တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

YBS (၂၁) ယာဉ်မှာ အင်းစိန်လမ်းအတိုင်း ဘီအိုစီဘက်မှ သမိုင်းလမ်းဆုံဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီမှတ်တိုင်အရောက် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးတွင်ရပ်ထားသည့် စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့ဝင်များ လိုက်ပါလာသော တောင်းအေ့စ်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်ခံရသည့်အရှိန်ဖြင့် တောင်းအေ့စ်ယာဉ်မှ Caldina အမျိုးအစား ယာဉ်သုံးစီးနှင့် Rosa အမျိုးအစား ယာဉ်တစ်စီးတို့ကို ထပ်မံတိုက်မိခဲ့ပြီး တောင်းအေ့စ် ယာဉ်ပေါ်ပါ ရဲအုပ်သိန်းလှိုင်အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦး ဖူးရောင်နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် YBS (၂၁) ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်းကို အင်းစိန်မြို့မရဲစခန်းက ယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top