ဘတ္စ္ကားစီး ခရီးသြားျပည္သူေတြကို ကိုယ့္ရဲ့လက္ေအာက္ငယ္သားေတြလို ဟိန္းေဟာက္ႀကိမ္းေမာင္း ေျပာဆိုခဲ့တဲ့ (မ.ထ.သ.)ေခတ္ကို ျပည္သူကတင္ေျမႇာက္တဲ့ အစိုးရလက္ထက္မွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ရဲ့ ဦးေဆာင္လမ္းညႊန္မွုေအာက္မွာ YBS စနစ္အျဖစ္ ေျပာင္းလဲနိုင္ခဲ့ပါတယ္။

စနစ္သာေျပာင္းလဲနိုင္ခဲ့ေပမယ့္ ဝန္ေဆာင္မွုနဲ႔ YBS ဝန္ထမ္းေတြရဲ့ စိတ္ဓါတ္ခံယူခ်က္ေတြကိုေတာ့ ယေန႔ထိ အလုံးစုံေအာင္ျမင္ေအာင္ မေျပာင္းလဲနိုင္ေသးတာေတြ႕ရပါတယ္။
ေမလ ၆ ရက္ေန႔က ျဖစ္ပ်က္ခဲ့ၿပီး အြန္လိုင္းေပၚမွာ ခ်က္ျခင္းဆိုသလို ပ်ံ႕ႏွံ့ခဲ့တဲ့ ႐ုပ္သံဖိုင္မွာ YBS 36 ယာဥ္ေမာင္းက ကားကို တရၾကမ္းေမာင္းၿပီး ခရီးသည္ပါတဲ့ မွတ္တိုင္မွာ ရပ္ဖို႔ ဘဲလ္တီးေပမယ့္ ဘဲလ္ကို ႀကိဳမတီးလို႔ဆိုၿပီး ကားကို လမ္းေဘးထိုးရပ္ကာ တံခါးလည္းမဖြင့္ေပးပဲ ခရီးသည္ဆီကိုလာၿပီး လက္ညိဳးေငါက္ေငါက္ထိုးကာ ရန္ေတြ႕သလို ေျပာဆိုတဲ့ အမူအယာဟာ လုံးဝ လက္ခံနိုင္စရာမေကာင္းခဲ့ပါဘူး။

ဝန္ေဆာင္မွုေပးတဲ့ လုပ္ငန္းေတြမွာ စားသုံးသူကို ေျပေျပလည္လည္ဆက္ဆံရမယ့္အစား အခုလို လူမိုက္ဆန္ဆန္ တုံ႔ျပန္တာကေတာ့ ကုမၸဏီရဲ့ ဝန္ထမ္းေတြကို ေလ့က်င့္သင္ၾကားေပးမွု လိုအပ္ခ်က္လား၊ ကာယကံရွင္ရဲ့ ပင္ကိုယ္အမူအက်င့္လားဆိုတာကိုေတာ့ မသိနိုင္ပါဘူး။


ရန္ေတြ႕ခံခဲ့ရတဲ့ ခရီးသည္က ျဖစ္စဥ္ အစ/ဆုံးကို ေအာက္ပါအတိုင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

YBS 36 (5N/4394)
ယေန႔ နံနက္ ၇ နာရီခန႔္တြင္ ေျမာက္ဥကၠလာ ၂ ေစ်း မွတ္တိုင္တြင္ ကၽြန္မတို႔ ဆင္းဖို႔ကို မွတ္တိုင္နီးမွ ဘဲလ္တီးလို႔ဆိုၿပီး ကားသမားက ရပ္မေပးပဲ ဆက္ေမာင္းသြားပါတယ္ ...
ကၽြန္မတို႔က ၂ေစ်းမွတ္တိုင္ပါတယ္ေနာ္လို႔ ေအာ္ေျပာေတာ့ သူက ကားကိုရပ္ၿပီး (ကားတံခါးကိုမဖြင့္ပါ) ေမာင္းတဲ့ေနရာမွ ဆင္းလာၿပီး ကၽြန္မတို႔ကို လက္ညိဳးေငါက္ေငါက္ထိုးၿပီး ရန္လိုတဲ့ အျပဳအမူနဲ႔ ခရီးသည္ကို ေအာ္ဟစ္ေျပာဆိုပါတယ္ (Video File တြင္ၾကည့္ပါ)
ကားတံခါးကို လုံးဝမဖြင့္ဘဲ ခရီးသည္ကို သူက ျပန္ေအာ္ေနတာပါ
ကၽြန္မ ကမၻာေအးစာတိုက္မွတ္တိုင္က စတက္ကတည္းက သူ အေလာသုံးဆယ္ ေမာင္းေနတာပါ ...ခရီးသည္ေတာင္ မတက္ရေသးဘူး ဘီးကလိမ့္ေနလို႔ မနည္း ေျပးတက္ရပါတယ္
လမ္းတစ္ေလၽွာက္မွတ္တိုင္ေတြလဲ ဆင္းမည့္သူမရွိေတာ့ပဲ လုံးဝ မရပ္ပဲ တက္မည့္ ခရီးသည္ကို မတင္ပဲ ေတာက္ေလၽွာက္ေမာင္းပါတယ္ ... ၂ ေစ်းမွတ္တိုင္ေရာက္ေတာ့လဲ ကားအရွိန္က မ်ားေနေတာ့ ဘဲလ္တီးတာကို မရပ္ေတာ့ပဲဆက္ေမာင္းတာပါ ... သူသာ ကားကို ပုံမွန္ေမာင္းေနရင္ မွတ္တိုင္နားနီးမွ ဘဲလ္တီးတီး သူ ရပ္ေပးလို႔ ရပါတယ္။
ခရီးသည္က ဆင္းဖို႔ ဘဲလ္တီးတယ္ဆိုရင္ သူ ဘယ္လိုပဲ ျဖစ္ျဖစ္ ရပ္ေပးရပါမယ္ ... သူတို႔က ခရီးသည္ကို ဝန္ေဆာင္မွု ေပးရမွာပါ။
ခုက ဝန္ေဆာင္မွု မေပးတဲ့အျပင္ ေမာင္းတဲ့ေနရာက ထလာၿပီး လူကိုေတာင္ ရန္လိုၿပီး လက္ပါမယ့္ အျပဳအမူေတြပါ
ထို ကားသမားကို တိုင္ၾကားလိုပါတယ္ရွင့္ ... ဘယ္ေနရာကို တိုင္ၾကားနိုင္မလဲ ေျပာျပေပးပါ ...

ထိထိေရာက္ေရာက္ အေရးယူမယ့္ေနရာကိုပဲ တိုင္ခ်င္ပါတယ္ .... တိုင္ၿပီး ဘာမွ အေရးမယူတဲ့ေနရာမ်ိဳးကို အခ်ိန္ကုန္ခံၿပီး မတိုင္ခ်င္ပါဘူး။
မနက္အေစာႀကီးဆို ေျမာက္ဥကၠလာ ျပန္တယ့္ YBS 36 ေတြ ကားကို မရပ္ေပးပဲ အေပၚေၾကာကေန ေမာင္းၾကတာမ်ားတယ္ ... ႐ုံးခ်ိန္အမွီ ၿမိဳ႕ထဲ ျပန္တက္ခ်င္ေတာ့ အသည္းအသန္ေတြ ေမာင္းၾကပါတယ္ ... တခါတေလ ခရီးသည္က တားေနတာေတာင္ မရပ္ေပးၾကပါဘူး
YRTA မွ တာဝန္ရွိ လူႀကီးမင္းမ်ား YBS ကို တစ္ခ်က္ေလာက္လွည့္ၾကည့္ပါဦးရွင့္
အရင္ မထသ လို ျဖစ္ေနပါၿပီ .... ခရီးသည္ကို ရိုင္းရိုင္းစိုင္းစိုင္း ျပဳမူဆက္ဆံေနၾကပါတယ္။
 
ဖိုးသူေတာ္(www.phothutaw.com)
Credit:သတင္း႐ုပ္သံ - WintPhyu
popolay

#Unicode Version#
 ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေကို ကိုယ့်ရဲ့လက်အောက်ငယ်သားတွေလို ဟိန်းဟောက်ကြိမ်းမောင်း ပြောဆိုခဲ့တဲ့ (မ.ထ.သ.)ခေတ်ကို ပြည်သူကတင်မြှောက်တဲ့ အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ YBS စနစ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

စနစ်သာပြောင်းလဲနိုင်ခဲ့ပေမယ့် ဝန်ဆောင်မှုနဲ့ YBS ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ခံယူချက်တွေကိုတော့ ယနေ့ထိ အလုံးစုံအောင်မြင်အောင် မပြောင်းလဲနိုင်သေးတာတွေ့ရပါတယ်။
မေလ ၆ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ချက်ခြင်းဆိုသလို ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်မှာ YBS 36 ယာဉ်မောင်းက ကားကို တရကြမ်းမောင်းပြီး ခရီးသည်ပါတဲ့ မှတ်တိုင်မှာ ရပ်ဖို့ ဘဲလ်တီးပေမယ့် ဘဲလ်ကို ကြိုမတီးလို့ဆိုပြီး ကားကို လမ်းဘေးထိုးရပ်ကာ တံခါးလည်းမဖွင့်ပေးပဲ ခရီးသည်ဆီကိုလာပြီး လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့သလို ပြောဆိုတဲ့ အမူအယာဟာ လုံးဝ လက်ခံနိုင်စရာမကောင်းခဲ့ပါဘူး။

ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ စားသုံးသူကို ပြေပြေလည်လည်ဆက်ဆံရမယ့်အစား အခုလို လူမိုက်ဆန်ဆန် တုံ့ပြန်တာကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးမှု လိုအပ်ချက်လား၊ ကာယကံရှင်ရဲ့ ပင်ကိုယ်အမူအကျင့်လားဆိုတာကိုတော့ မသိနိုင်ပါဘူး။


ရန်တွေ့ခံခဲ့ရတဲ့ ခရီးသည်က ဖြစ်စဉ် အစ/ဆုံးကို အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။

YBS 36 (5N/4394)
ယနေ့ နံနက် ၇ နာရီခန့်တွင် မြောက်ဥက္ကလာ ၂ ဈေး မှတ်တိုင်တွင် ကျွန်မတို့ ဆင်းဖို့ကို မှတ်တိုင်နီးမှ ဘဲလ်တီးလို့ဆိုပြီး ကားသမားက ရပ်မပေးပဲ ဆက်မောင်းသွားပါတယ် ...
ကျွန်မတို့က ၂ဈေးမှတ်တိုင်ပါတယ်နော်လို့ အော်ပြောတော့ သူက ကားကိုရပ်ပြီး (ကားတံခါးကိုမဖွင့်ပါ) မောင်းတဲ့နေရာမှ ဆင်းလာပြီး ကျွန်မတို့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်လိုတဲ့ အပြုအမူနဲ့ ခရီးသည်ကို အော်ဟစ်ပြောဆိုပါတယ် (Video File တွင်ကြည့်ပါ)
ကားတံခါးကို လုံးဝမဖွင့်ဘဲ ခရီးသည်ကို သူက ပြန်အော်နေတာပါ
ကျွန်မ ကမ္ဘာအေးစာတိုက်မှတ်တိုင်က စတက်ကတည်းက သူ အလောသုံးဆယ် မောင်းနေတာပါ ...ခရီးသည်တောင် မတက်ရသေးဘူး ဘီးကလိမ့်နေလို့ မနည်း ပြေးတက်ရပါတယ်
လမ်းတစ်လျှောက်မှတ်တိုင်တွေလဲ ဆင်းမည့်သူမရှိတော့ပဲ လုံးဝ မရပ်ပဲ တက်မည့် ခရီးသည်ကို မတင်ပဲ တောက်လျှောက်မောင်းပါတယ် ... ၂ ဈေးမှတ်တိုင်ရောက်တော့လဲ ကားအရှိန်က များနေတော့ ဘဲလ်တီးတာကို မရပ်တော့ပဲဆက်မောင်းတာပါ ... သူသာ ကားကို ပုံမှန်မောင်းနေရင် မှတ်တိုင်နားနီးမှ ဘဲလ်တီးတီး သူ ရပ်ပေးလို့ ရပါတယ်။
ခရီးသည်က ဆင်းဖို့ ဘဲလ်တီးတယ်ဆိုရင် သူ ဘယ်လိုပဲ ဖြစ်ဖြစ် ရပ်ပေးရပါမယ် ... သူတို့က ခရီးသည်ကို ဝန်ဆောင်မှု ပေးရမှာပါ။
ခုက ဝန်ဆောင်မှု မပေးတဲ့အပြင် မောင်းတဲ့နေရာက ထလာပြီး လူကိုတောင် ရန်လိုပြီး လက်ပါမယ့် အပြုအမူတွေပါ
ထို ကားသမားကို တိုင်ကြားလိုပါတယ်ရှင့် ... ဘယ်နေရာကို တိုင်ကြားနိုင်မလဲ ပြောပြပေးပါ ...

ထိထိရောက်ရောက် အရေးယူမယ့်နေရာကိုပဲ တိုင်ချင်ပါတယ် .... တိုင်ပြီး ဘာမှ အရေးမယူတဲ့နေရာမျိုးကို အချိန်ကုန်ခံပြီး မတိုင်ချင်ပါဘူး။
မနက်အစောကြီးဆို မြောက်ဥက္ကလာ ပြန်တယ့် YBS 36 တွေ ကားကို မရပ်ပေးပဲ အပေါ်ကြောကနေ မောင်းကြတာများတယ် ... ရုံးချိန်အမှီ မြို့ထဲ ပြန်တက်ချင်တော့ အသည်းအသန်တွေ မောင်းကြပါတယ် ... တခါတလေ ခရီးသည်က တားနေတာတောင် မရပ်ပေးကြပါဘူး
YRTA မှ တာဝန်ရှိ လူကြီးမင်းများ YBS ကို တစ်ချက်လောက်လှည့်ကြည့်ပါဦးရှင့်
အရင် မထသ လို ဖြစ်နေပါပြီ .... ခရီးသည်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံနေကြပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:သတင်းရုပ်သံ - WintPhyu
popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top