
#Unicode Version# ဖြင့်ဖတ်ပါ ။
ဒီနေ့ YBS 35 ပေါ်မှာကြုံလာရတဲ့ပြသနာပါ…..မိန်းခလေးတိုင်းဖတ်ကြည့်ပေးပါရှင်….မိန်းခလေးတွေကိုနောက်ကနေမဖွယ်မရာလိုက်လုပ်နေတာပါ….
အခုခံရတဲ့ညီမလေးတွေကိုဒီလိုလုပ်နေလို့နေရာတွေလဲပေးတာတောင် သူကအဲ့ညီမလေးနေရာပြောင်းတဲ့နေရာထိနောက်နေအဲ့လိုလိုက်လုပ်နေတာပါ….
ခံရတဲ့ညီမလေးတွေကတိုင်းရင်းသူလေးတွေပါ….အလုပ်ကိစ္စကြောင့်ရန်ကုန်လာတဲ့သူတွေပါ…အဲ့လိုလုပ်ခံနေရရင်ရှက်ကြကြောက်ကြပါတယ်…..
ကြောက်ပေမဲ့လုံးဝမရှက်ပါနဲ့…..ဘေးလူကိုပြောပြပါ….ညီမအခု ညီမရှေ့မှာပထမဆုံးကြုံဖူးတာပါ….ကိုယ်တိုင်ဒေါသထွက်ပြီးထသောင်းကျန်းချင်တာပါ….
ဒါပေမဲ့ လူအများပါလို့ လူတိုင်းလဲသူဒီလုပ်လုပ်တာမြင်နေရပါတယ်…..ညီမ 199 ကိုဖုန်းဆက်ပြီး ဖြစ်တဲ့ပြသနာ ကားနံပါတ်ကားသွားတဲ့လမ်းကြောင်းအကုန်ပြောလိုက်ပါတယ်….
သူတို့ဘက်ကချက်ချင်းသက်ဆိုင်ရာနယ်မြေရဲစခန်းအကြောင်းကြားပြီး ရဲလိုက်ခိုင်းပါတယ်…..အခုဒီလူကို လမ်းဝမှတ်တိုင်မှာရဲစောင့်နေပြီးတခါထဲလက်ထိပ်ခတ်ပြီးခေါ်သွားပါတယ်….
ကာယကံရှင်တွေရောညီမတို့ကားပေါ်ကအမတွေရောရဲစခန်းထိလိုက်သွားပြီး သူလုပ်နေတဲ့သက်သေတွေပါပြလိုက်ပါတယ်….နယ်ကလာပြီးဘုန်ကြီးကျောင်းမှာနေတယ်ပြောပါတယ် အရက်တွေမူးရူနေတာပါ….
သူတို့ကိုမထိဘူး …..ကားမှားစီးလာတာပြောပါတယ်….အမှုဖွင့်မလားမေးပေမဲ့ ညီမတို့မဖွင့်ခဲ့ပါဘူး…..ဒီလိုထပ်မလုပ်နိုင်အောင်တခြားထိရောက်တဲ့အရေးယူမှုတခုပြုလုပ်ဖို့ပဲပြောခဲ့ပါတယ်(အချုပ်၇ရက်ချပေးပါမယ်ကျေနပ်မှုရှိလားမေးပါတယ်ညီမတို့လက်ခံခဲ့ပါတယ်)
လုံးဝမရှက်ပါနဲ့ဘေးလူကိုပြောပါ …..ဘယ်ဖုန်းဆက်ရမှန်းမသိမဖြစ်ပါနဲ့ …..199 ကိုဆက်ပါမရှက်တမ်းပြောပြပေးပါ…..နောက်လုံးဝဆင်းမပြေးပါနဲ့ ….ဆင်းလိုက်လာပြီး လူကိုဒုက္ခပေးနိုင်ပါတယ် …..
အားလုံးပဲဂရုစိုက်ပေးကြပါ….ဘေးကင်းနိုင်ပါစေရှင်……
ဖိုးသူတော် (www.phothutaw.com)
Credit:Zin Thu Thu Khine